ဘုရားသခင်ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေခြင်း
အပိုဒ် ၁
ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ် မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်၊
ဆုတောင်းပြီး ကိုယ်တော့်ထံ ကျွန်ုပ်၏ စိတ်နှလုံးကို ဖွင့်ဟသည်။
ရိုးရှင်းစွာနှင့် ရိုးသားစွာ ကျွန်ုပ်ဖွင့်ပြလျက်၊
နှလုံးသားထဲမှ စကားပြောသည်။
ကျွန်ုပ်၏ အခက်အခဲများနှင့် အားနည်းချက်များကို ဘုရားသခင်ထံ အပ်နှံပြီး
ကိုယ်တော်ကို အားကိုးမျှော်လင့်သည်။
ကိုယ်တော်၏ အလိုတော်ကို နားလည်ဖို့ ဘုရားသခင် ကျွန်ုပ်ကို
ဉာဏ်ပွင့်စေပြီး ဖွင့်ပြတော်မူပါစေ။
စစ်မှန်သော ရှာဖွေခြင်းမှတစ်ဆင့်
ကျွန်ုပ်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို ရရှိသည်။
သမ္မာတရားကို နားလည်လျက်
ပိုင်းခြားသိမြင်မှုကို ကျွန်ုပ်ရပြီး
လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိပေသည်။
ဘုရား၏ လမ်းပြမှုနှင့်အတူ အလင်းထဲ၌ ကျွန်ုပ်အသက်ရှင်ကာ၊
ကျွန်ုပ်၏ စိတ်နှလုံးမှာ ဝမ်းမြောက်မှုနှင့် ချိုမြိန်မှုဖြင့် ပြည့်နေသည်။
ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ် မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်။
အပိုဒ် ၂
ဘုရားသခင်ရှေ့၌ ငြိမ်သက်ကာ၊
သူ၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်ဆင်ခြင်သည်။
လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို၊
လူသားပုံသဏ္ဌာန်အလုံးစုံအား ကျွန်ုပ်တို့ ပျောက်ဆုံးသွားပုံကို ကျွန်ုပ်မြင်ရ။
ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထုတ်ဖော်ခြင်းများနှင့် တရားစီရင်မှုတို့နှင့်အတူ
မိမိကိုယ်ကိုယ် ကျွန်ုပ် ဆင်ခြင်သုံးသပ်သည်-
ကျွန်ုပ်၏ စကားများ နောက်ကွယ်တွင် ရည်ရွယ်ချက်များ ခိုအောင်းနေ၊
ကျွန်ုပ် အလွန်တရာ လိမ်ညာပေသည်။
ကျွန်ုပ်၏ တာဝန်တွင်၊
သမ္မာတရားကျင့်ဝတ်တို့ ကျွန်ုပ်တွင်မရှိ၊
ကျွန်ုပ်၏ လုပ်ရပ်များတွင် စည်းကမ်းများကို ကျွန်ုပ်စောင့်ထိန်းသည်။
ညီအစ်ကို မောင်နှမများအပေါ်တွင် ကျွန်ုပ် ချစ်ခြင်းမေတ္တာကင်းမဲ့သည်။
ကျွန်ုပ်သည် မာနထောင်လွှားပြီး တစ်ကိုယ်ကောင်းဆန်ပေသည်။
ဘုရားသခင်၏ တရားစီရင်မှု၊ စမ်းသပ်မှုများနှင့်
သန့်စင်ပေးခြင်းတို့ကို ကျွန်ုပ် ပို၍ လက်ခံရန် လိုအပ်ဆဲပင်။
ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ် မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်။
အပိုဒ် ၃
ဘုရားသခင် ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေလျက်နှင့်
သမ္မာတရားကို ရှာဖွေလျက်ဖြင့်
အသက်တာတွင် ကျွန်ုပ် တဖြည်းဖြည်း ကြီးထွားသည်။
ဘုရားသခင် ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေလျက်နှင့်
မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လျက်ဖြင့်
စစ်မှန်သောနောင်တကို ကျွန်ုပ်ရရှိသည်။
ဘုရားသခင်ရှေ့တွင် ကျွန်ုပ် မကြာခဏ မိမိကိုယ်ကိုယ် ငြိမ်သက်စေကာ
သူနှင့် အမှန်တကယ် ရင်းနှီးစွာဆက်ဆံသည်။
ယင်းက ကျွန်ုပ်အား ဘုရားသခင်ကို ကြောက်ရွံရိုသေကာ မကောင်းသောအကျင့်ကို ရှောင်စေပြီး
သူ၏ ရှေ့တော်၌ အသက်ရှင်စေသည်။
အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံစမ်းစစ်ဆေးမှုကို ကျွန်ုပ်လက်ခံသည်။
အလင်းထဲ၌ ကျွန်ုပ်အသက်ရှင်သည်။
ကျွန်ုပ်၌ သန့်စင်ပေးခြင်းဖြစ်ပေါ်ကာ
စစ်မှန်သော အသက်တာကို ကျွန်ုပ်အသက်ရှင်နေထိုင်ပေသည်။
ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ် မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်။
အပိုဒ် ၄
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မကြာခဏ စဉ်းစားဆင်ခြင်လျက်
ကြီးမြတ်သော သီးနှံအထွက်ကို ကျွန်ုပ် ရိတ်သိမ်းပေပြီ။
သမ္မာတရားများအား ပို၍ပင် နားလည်ဖို့ သန့်ရှင်းသောဝိညာဉ်တော်က
ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြပြီ။
ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းလျက်၊
ကျွန်ုပ်သည် စိတ်သက်သာရာရကာ ပျော်မွေ့မှုကို တွေ့ရှိပေသည်။
ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးလျက်၊
သူ၏ ကောင်းချီးများနှင့် ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ရရှိသည်။