၆၂၇ ဘာသာရေးအယူအဆများကို ကိုင်ဆွဲထားခြင်းသည် သင့်ကို ဖျက်ဆီးခြင်းသာပြုလိမ့်မည်ကျူး

၁ ယနေ့မှ စ၍၊ ဘုရားသခင်သည် ဘာသာရေးအယူအဆများ လုံးဝမရှိသူများ၊ မိမိတို့၏ ဇာတိဟောင်းကို ဘေးဖယ်ထားရန် လိုလားနေသူများနှင့် ရိုးသားပွင့်လင်းသည့်နည်းလမ်းဖြင့် ဘုရားသခင်ကို နာခံသောသူများအား စနစ်တကျ စုံလင်စေမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တောင့်တသူများကို သူ စုံလင်စေလိမ့်မည်။ ဤလူများသည် ထရပ်ကာ ဘုရားသခင်အား အစေခံသင့်ကြသည်။ ဘုရားသခင်၌ မဆုံးနိုင်သော ကြွယ်ဝမှုနှင့် အကန့်သတ်မဲ့ ဉာဏ်ပညာရှိ၏။ သူ၏ အံ့သြဖွယ်သော အမှုနှင့် အဖိုးတန်သော နှုတ်ကပတ်တော်များသည် သာ၍ပင် များပြားသော လူများ၏ မွေ့လျော်ခြင်းကို ခံရရန် အသင့်ကြိုလင့်နေပေသည်။ လက်ရှိအခြေအနေအရ၊ ဘာသာရေးအယူအဆများ ရှိသည့်သူများ၊ သက်ကြီးဝါကြီးများနှင့်၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်မထားနိုင်သူများသည် ဤအသစ်သောအရာများကို လက်ခံရန် ခက်ခဲသည်ကို တွေ့ရှိရကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤလူများကို စုံလင်စေရန် အခွင့်အရေး လုံးဝမရှိပေ။

၂ အကယ်၍ လူတစ်ဦးသည် နာခံဖို့ သန္နိဋ္ဌာန်မချရသေးသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ခြင်း မရှိပါက၊ ၎င်းတို့သည် ဤအသစ်သော အရာများကို လက်ခံရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် တကယ့်ကို သာ၍ သာ၍ ပုန်ကန်တတ်လာကြကာ၊ သာ၍ သာ၍ ပါးနပ်ကောက်ကျစ်လာကြပြီး၊ ထိုသို့ဖြင့် မှားယွင်းသည့် လမ်းကြောင်း ပေါ်တွင်သာ အဆုံးသတ်ရလိမ့်မည်။ သူ၏ အမှုကို ယခု လုပ်ဆောင်ရာတွင်၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်ကာ အသစ်သော အလင်းကို လက်ခံနိုင်သော သူများအား ချီးမြှောက် လိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ဝါရင့်မှုကြောင့် ရောင့်တက်တတ်သော ဘာသာရေး အရာရှိများကို ဘုရားသခင်သည် လုံးဝဖြတ်ချလိမ့်မည်။ ပြောင်းလဲမှုကို ခေါင်းမာစွာ ငြင်းဆန်သောသူများထဲမှ မည်သူ့ကိုမျှ ဘုရားသခင် အလိုမရှိပေ။ သင်သည် သင်၏ အစေခံခြင်းကို သင်ကိုယ်တိုင်၏ အကြိုက်များအတိုင်း ဆောင်ရွက်ပါသလော၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့် အရာကို သင် လုပ်ဆောင်သလော။ သင်သည် ဘာသာရေး အရာရှိတစ်ဦးလော၊ သို့မဟုတ် ဘုရားသခင် စုံလင်စေသော မွေးကင်းစ ကလေးငယ်တစ်ဦးလော။

၃ ဘာသာရေး အယူအဆဟောင်းများသည် လူတစ်ဦး၏ဘဝကို အဆုံးခံရစေနိုင်သည်။ လူတစ်ဦး ရရှိသည့် အတွေ့အကြုံသည် ဘုရားသခင်ထံမှ ၎င်းကို သွေဖည်စေနိုင်ပြီး အမှုအရာများကို မိမိကိုယ်တိုင်၏ နည်းလမ်းဖြင့် လုပ်ဆောင်စေနိုင်သည်။ ထိုသို့သောအရာများကို သင် ဘေးဖယ်မထားနိုင်ပါက၊ ယင်းအရာများသည် သင့်အသက်တာ ကြီးထွားမှုအဖို့ ခလုတ်တံသင်းများ ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် သူ့ကို အစေခံသောသူများကို အမြဲ စုံလင်စေပြီး၊ ၎င်းတို့ကို ပေါ့ပေါ့တန်တန် မစွန့်ပစ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံပါက၊ သင်၏ ဘာသာရေး ကျင့်ကြံမှုအဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို ဘေးဖယ်ထားနိုင်ကာ ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို အကဲဖြတ်သည့်အရာအဖြစ် ဘာသာရေး အယူအဆဟောင်းများကို အသုံးပြုခြင်းအား ရပ်တန့်နိုင်ပါက၊ ထိုအခါမှသာ သင့်အတွက် အနာဂတ်တစ်ခု ရှိလိမ့်မည်။ သို့သော် ဟောင်းသောအရာများကို သင် ဖက်တွယ်ပါက၊ ယင်းအရာများကို သင် တန်ဖိုးထားဆဲဖြစ်ပါက၊ သင်သည် ကယ်တင်ခံရဖို့ နည်းလမ်းမရှိပေ။ ထိုသို့သော လူများကို ဘုရားသခင်သည် အရေးမထားပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၂၆ လူ့သဘာဝမရှိသူများသည် ဘုရားကို အစေခံရန်မထိုက်တန်ကြကျူး

နောက်တစ်ခုသို့- ၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။