၁၆၅ ထာဝရ အမှတ်အသား

၁ အိပ်မက်ဆိုးမှနိုးထလျက်၊ ကျွန်ုပ်၏ နာကျင်ဖွယ် အတိတ်၏ ခြောက်လှန့်ခြင်းခံရလျက်၊ ပြန်အိပ်စက်ဖို့ ကျွန်ုပ် ရုန်းကန်ခဲ့ရ။ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်မှုအတွက် ကျွန်ုပ်သည် အဖမ်းခံခဲ့ရပြီး ညှဉ်းဆဲခံခဲ့ရလေပြီ- အသက်အတွက် အလိုကြီးကာ သေခြင်းကို ကြောက်ရွံ့လျက်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ ကျွန်ုပ် ထိုးဆင်းသည်။ စာတန်၏ ရှေ့မှောက်တွင်၊ ဘုရားသခင်ကို ကျွန်ုပ် ငြင်းပယ်ခဲ့၊ ယင်းက မည်သည့်အခါမျှ တိုက်ချွတ်ဆေးကြေားကာ သန့်ရှင်းမရနိုင်မည့် အစွန်းအထင်းတစ်ခုဖြင့် ကျွန်ုပ်ကို စွန်းထင်းစေခဲ့။ ကျွန်ုပ် စိတ်နှလုံးရှိ ဝရုန်းသုန်းကား အခြေအနေသည် သေခြင်းထက် သာ၍ ဆိုးရွားပေ။ ဘုရားသခင်နှင့် ဆုံတွေ့ရန် ကျွန်ုပ် အလွန် အရှက်ရမိခဲ့ကာ နေ့စဉ် မျက်ရည်များ ကျွန်ုပ်၏ မျက်နှာတွင် စီးဆင်းခဲ့။ အားလုံးကို စွန့်လွှတ်ကာ ဘုရားသခင်နောက် အစဉ်ထာဝရ လိုက်ရန် တစ်ချိန်က ကျွန်ုပ် တည်ကြည်လေးနက်သော သစ္စာတစ်ခုကို ပြုလုပ်ခဲ့ပြီး အခက်အခဲ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်အတွက် ကျွန်ုပ်၏ ချစ်ခြင်း မည်သည့်အခါတွင်မျှ ပြောင်းလဲမည်မဟုတ်ဟု ကျွန်ုပ် ဆုံးဖြတ်ခဲ့။ ယနေ့တွင်၊ ကျွန်ုပ်၏ ကျမ်းသစ္စာမှာ မုသားတစ်ခု ဖြစ်လာခဲ့။ ကျွန်ုပ်သည် ကျွန်ုပ်၏ ယုံကြည်ခြင်းကို ကျောခိုင်းကာ ဘုရားသခင်၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲစေကာ ဖြောင့်မတ်ခြင်းတရားကို စွန့်ပစ်ခဲ့။ ဘုရားသခင်၏ မျက်မှောက်တော်ကို ကျွန်ုပ် ဆုံးရှုံးခဲ့ပြီဖြစ်ကာ ကျန်ရှိသမျှမှာ အကန့်အသတ်မဲ့ ထိတ်လန့်ခြင်းနှင့် အမှောင်ဖြစ်ခဲ့ပေ။

၂ ဘုရားသခင်၌ ကျွန်ုပ်၏ နှစ်များစွာတွင်၊ သမ္မာတရားကို ကျွန်ုပ် မည်သည့်အခါတွင်မျှ မလိုက်စားခဲ့သကဲ့သို့ စစ်မှန်သော သက်သေခံချက်ကို လုံးဝ သက်သေမခံခဲ့။ နောက်ဆုံးသော ကာလအတောအတွင်း သေခြင်းမရှိသည့် အဆုံးသတ်တစ်ခုအတွက် အတုံ့အလှယ်အနေဖြင့် ဘုရားသခင်အတွက် အစေခံမှုပြုခြင်းဖြင့် ကျွန်ုပ် ကျေနပ်ရုံမျှ ကျေနပ်ခဲ့။ ဘုရားသခင်အတွက် ကြောက်ရွံ့မှု ကျွန်ုပ် မရှိခဲ့သလို၊ အသက်ရှင်ခြင်းနှင့် သေခြင်းကို ဘုရားသခင် အုပ်စိုးမှန်း သာ၍ ကျွန်ုပ် အသိအမှတ်မပြုခဲ့။ အခက်အခဲ ရင်ဆိုင်ရာတွင်၊ ကျွန်ုပ်၏ ကိုယ်ပိုင် အသက်ကို ကျွန်ုပ် ချစ်ခင်မြတ်နိုးခဲ့ပြီး၊ စစ်ဆေးခံခဲ့ရချိန် ကျွန်ုပ်၏ သက်သေခံချက် ပျောက်ဆုံးခဲ့။ ကျွန်ုပ်၏ ကိုယ်ပိုင် အသက်ကို ကာကွယ်ရန်၊ ဘုရားသခင်ကို ကျွန်ုပ် ကျောခိုင်းခဲ့ကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့- ရှက်ဖွယ် အပြစ်တစ်ခု၊ ကျွန်ုပ်၏ စိတ်နှလုံးအတွင်းရှိ နက်ရှိုင်းသော ထာဝရ တံဆိပ်တစ်ခု ဖြစ်ပေ။ အချိန်ကို ကျွန်ုပ် နောက်ပြန်လှည့်နိုင်မည်ဆိုပါက၊ ကျွန်ုပ်၏ အသက် ဆုံးရှုံးလျှင်ပင်၊ ထိုသို့သော ယုတ်ညံ့သည့် တည်ရှိမှုတစ်ခုကို အချိန်ဆွဲမည် မဟုတ်ပါ။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဓားဖြင့်ထိုးသွင်းခံရသည့်အလား နောင်တဖြင့် တစ်စစ်စစ်ကိုက်ကာ ဘုရားသခင်၏ သနားကြင်နာမှုကို နောက်တစ်ဖန် ရရှိရန် ကျွန်ုပ် တောင့်တ။

၃ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းသည် ကျွန်ုပ် စိတ်နှလုံ၏ နက်ရှိုင်းသော နေရာများကို ထိုးဖောက်သည်။ ကျွန်ုပ်၏ သဘာဝမှ သစ္စာဖောက်သော သဘာဝတစ်ခုဖြစ်သည်ကို မြင်ခဲ့ရ။ ကျရှုံးပြီးနောက၊ ကျရှုံးပြီးနောက်၊ နောက်ဆုံးတွင် ကျွန်ုပ် နိုးထခဲ့ကာ သမ္မာတရားကို ရရှိခြင်းထက် မည်သည့်အရာမျှ သာ၍ တန်ဖိုးမရှိသည်ကို ကျွန်ုပ် နားလည်ခဲ့။ အလွန်များလှသော အချိန်ကို ဖြုန်းတီးခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့။ ဘုရားသခင်ကို စိတ်ပျက်စေခြင်းအတွက် ကျွန်ုပ် ပြင်ဆင်ချက် မပြုနိုင်ခဲ့။ ယင်းမှာ ဖယ်ရှားမရနိုင်သည့် အမှတ်အသားတစ်ခု၊ ကျွန်ုပ်၏ စိတ်နှလုံးထဲပ ထာဝရ မချိတင်ကဲဝေဒနာ အရင်းအမြစ်တစ်ခု ဖြစ်လာသည့် အရာတစ်ခု ဖြစ်ခဲ့ပေ။ ကျွန်ုပ်၏ အပြစ်အတွက် ထေမိစေရန် သမ္မာတရားကို လိုက်စားဖို့၊ သမာဓိနှင့် ဂုဏ်သိက္ခာ အနည်းငယ် အသက်ရှင်နေထိုင်ဖို့၊ ဘုရားသခင်၏ စစ်မှန်သော အဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ရန်သာ ကျွန်ုပ် ကြိုးစားပေ။ မည်သည့် ခရီးပန်းတိုင်မျှ ကျွန်ုပ်ကို မစောင့်ဆိုင်းလျှင်ပင် အစေခံမှုကို ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မည်။ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ၊ ကျွန်ုပ်၏ အသက်တာတစ်ခုလုံး တကယ့် အဆုံးထိ ဘုရားသခင်နောက် ကျွန်ုပ် လိုက်မည်။ ဘုရားသခင်သာ ကျွန်ုပ်ကို ကယ်တင်နိုင်သည်။

အရှေ့သို့- ၁၆၄ ဒုက္ခဘေးဆိုးမှတဆင့် ဘုရားသခင်အတွက် ကျွန်ုပ်၏ချစ်ခြင်းမေတ္တာ အားကောင်းလာသည်

နောက်တစ်ခုသို့- ၁၆၆ ဘုရားချစ်ဖွယ်ကောင်းတာကို ကျွန်ုပ်တို့ သိပါစေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။