၈၃၃ စုံလင်စေခြင်းကို ခံရရန် ပြည့်မီရမည့် သတ်မှတ်ချက်များကျူး

၁ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘော ဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ လူရှေ့သူရှေ့၌ ဖြစ်စေ သို့မဟုတ် တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ သင်၏အပြုအမူအားလုံးသည် ဘုရားသခင်အတွက် ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အရေးစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။

၂ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ချင့်တွက်ရန် သို့မဟုတ် အကဲဖြတ်ရန် ဝံ့ရဲခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်နာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်- အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်လော့။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူစိစစ်ဖို့ရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၃၂ ဤလူစုကို စုံလင်စေရန် ဘုရားသခင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်

နောက်တစ်ခုသို့- ၈၃၄ သူ့ကို အမှန်တကယ် ချစ်သောသူတို့ကို ဘုရားသခင် စုံလင်စေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။