၅၃၉ စာတန်၏ စွမ်းအားကို သမ္မာတရား လိုက်စားခြင်း မရှိဘဲ မစွန့်ပစ်နိုင်

၁ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ကိုယ်တော်၏ အလျှံပယ်ရှိခြင်းကို မွေ့လျော်နိုင်ကြဖို့နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ ဤနည်းဖြင့်၊ လူတို့သည် သူ၏အလင်းတွင် အသက်ရှင်ကြပေမည်။ ယနေ့တွင်၊ ဘုရားသခင်ကို မချစ်နိုင်ကြသူများ၊ သူ၏ဝန်ထုပ်များကို အာရုံမစိုက်သူများ၊ မိမိတို့၏ စိတ်နှလုံးများကို သူ့အား အပြည့်အဝ မပေးနိုင်ကြသူများ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ လက်မခံနိုင်သူများနှင့် သူ၏ ဝန်ထုပ်များကို မိမိတို့၏ ကိုယ်ပိုင်ဝန်ထုပ်များအဖြစ် မသယ်ပိုး နိုင်သူများ- ဘုရားသခင်၏ အလင်းသည် ထိုသို့သော လူတစ်ဦး တစ်လေမျှအပေါ် အလင်းမပေးပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုကို လုံးလုံးဆန့်ကျင်သော လမ်းကြောင်းပေါ်တွင် ရှိကြပြီး၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား အနည်းငယ်မျှမရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ ဒုစရိုက်နွံထဲတွင် မွေ့လျော်နေထိုင်နေကြ၏။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်၏ အမှုကို လက်မခံနိုင်သောသူများ သို့မဟုတ် ဘုရားသခင်၏အမှုကို လက်ခံသော်လည်း၊ သူ၏တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သူများ အားလုံးသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်သောသူတို့သာ သူ့ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သာလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ကြလိမ့်မည်။

၂ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၃၈ လူသည် စာတန်၏ လွှမ်းမိုးမှုအား ဖယ်ရှားပစ် သည့်အခါ ကယ်တင်ခြင်းရရှိ၏

နောက်တစ်ခုသို့- ၅၄၀ ဘုရား၏ရယူခြင်းကို ခံရရန် အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားလော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။