၃၆၇ ငရဲရှိအသက်တာမှ လူကို ဘုရားကယ်တင်လို၏ကျူး

၁ တရုတ်လူမျိုးတို့သည် နှစ်ထောင်ပေါင်းများစွာ ကျွန်ဘဝတွင် နေထိုင်ကြပြီးဖြစ်ကာ၊ ဤအရာက ၎င်းတို့၏ အတွေးများ၊ အယူအဆများ၊ ဘဝ၊ ဘာသာစကား၊ အပြုအမူနှင့် လုပ်ရပ်များကို ဘောင်ခတ်သည်မှာ ၎င်းတို့သည် လွတ်လပ်မှု စိုးစဉ်းမျှ မကျန်ရစ်ပေ။ နှစ်ထောင်ပေါင်း များစွာသော သမိုင်းသည် ဝိညာဉ်ပိုင်ဆိုင်သည့် အရေးပါသော လူများကိုယူကာ ဝိညာဉ်ကင်းမဲ့သော အလောင်းကောင်များနှင့် ဆင်ဆင်တူသော တစ်စုံတစ်ရာအဖြစ်သို့ ချုံးကျသွားစေပြီး ဖြစ်သည်။ စာတန်၏ သားခုတ်ဓားအောက်တွင် အသက်ရှင်သူ များစွာရှိသည်၊ သားရဲတွင်းများနှင့်တူသည့် အိမ်များတွင် နေထိုင်သူ များစွာရှိ၏၊ နွားထီးများ သို့မဟုတ် မြင်းများကဲ့သို့ အလားတူ အစားအစာကို စားသူ များစွာရှိကာ၊ “မြေအောက်ကမ္ဘာ”တွင် သတိလစ်ကာ ဖရိုဖရဲဖြစ်လျက် လှဲလျောင်းနေသူ များစွာရှိ၏။ အပြင်ပန်းသဏ္ဌာန်တွင်၊ လူတို့သည် ရှေးဦးလူသားနှင့် မကွာခြားပေ၊ ၎င်းတို့၏ အနားယူရာနေရာသည် ငရဲတစ်ခုကဲ့သို့ဖြစ်ကာ အဖော်များအဖြစ် ၎င်းတို့သည် ညစ်ပေနေသည့် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးမျိုးစုံတို့၏ ဝိုင်းရံခြင်းခံရ၏။

၂ အပြင်ပန်းအားဖြင့် လူတို့သည် သာ၍မြင့်မားသော “တိရစ္ဆာန်များ” ဖြစ်ပုံရကြ၏၊ အမှန်တွင်၊ ၎င်းတို့သည် ညစ်ပေသော နတ်ဆိုးများနှင့်အတူ အသက်ရှင်ကာ နေထိုင်ကြ၏။ ၎င်းတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိဘဲ၊ လွတ်မြောက်ဖို့လမ်းမရှိဘဲနှင့် စာတန်၏ကျော့ကွင်းများတွင်မိလျက် စာတန်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအတွင်း နေထိုင်ကြ၏။ ၎င်းတို့သည် ပျော်ရွှင်ပြီး ကျေနပ်ဖွယ်ကောင်းသော ဘဝများတွင် အသက်ရှင်လျက်၊ သက်သောင့်သက်သာရှိသော အိမ်များတွင် ၎င်းတို့ချစ်သောသူများနှင့်အတူ စုရုံးကြသည် ပြောခြင်းထက်၊ လူသားတို့သည် မရဏာနိုင်ငံတွင် မကောင်းဆိုးဝါးများနှင့် ဆက်ဆံကာ နတ်ဆိုးတို့နှင့် ပေါင်းသင်းလျက် အသက်ရှင်ကြသည်ဟု ပြောသင့်သည်။ အမှန်တွင်၊ လူတို့သည် စာတန်၏ ချည်နှောင်ခြင်းကို ခံနေရဆဲဖြစ်သည်၊ ၎င်းတို့သည် ညစ်ပေသော နတ်ဆိုးများ စုရုံးရာနေရာတွင် အသက်ရှင်ကြကာ၊ ၎င်းတို့သည် ဤညစ်ပေသော နတ်ဆိုးများ၏ခြယ်လှယ်ခြင်းကို ခံကြရကြသည်။ လူသားသည် ဤမြေအောက်ကမ္ဘာတွင် နေထိုင်နေခဲ့သည်မှာ ဆယ်စုနှစ်အချို့၊ ရာစုနှစ်အချို့ သို့မဟုတ် ထောင်စုနှစ်အချို့ပင် ရှိပြီဖြစ်သည်။ လူတို့သည် မရဏနိုင်ငံနှင့် ငရဲတို့တွင် နေထိုင်သောဘဝမှ လွတ်မြောက်နိုင်ရေးအတွက် ဘုရားသခင်သည် လူတို့ကို ပြောင်းလဲလို၏၊ ကယ်တင်လိုကာ သေခြင်း၏ဂူသင်္ချိုင်းမှ ကယ်ဆယ်လို၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၆၆ ဘုရားအမှုကို အမီမလိုက်နိုင်သော သူတို့သည် ပယ်ရှင်းခြင်းခံရလိမ့်မည်ကျူး

နောက်တစ်ခုသို့- ၃၆၈ ခေတ်ချို့ အမုန်းတရားကို မေ့လျော့သွားပြီလောကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။