၅၁၃ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေလော့

၁ ဘုရားသခင်ထံမှ လက်ခံမှုသည် သင် ပထမဦးဆုံး စဉ်းစားသင့်ကာ ယင်းအတွက် အလုပ်လုပ်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ 

၂ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။

၃ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်းရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည်မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၁၂ ဘုရားနှုတ်ကပတ်တော်ကို အခြေခံ၍သာ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းရမည်

နောက်တစ်ခုသို့- ၅၁၄ သမ္မာတရားကို ရှာဖွေခြင်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။