၅၁၂ ဘုရားနှုတ်ကပတ်တော်ကို အခြေခံ၍သာ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းရမည်
၁
သမ္မာတရား နောက်လိုက်မှသာ သင်သည်
စိတ်သဘောထား ပြောင်းလဲမှု ရရှိနိုင်။
ထိုအချက်ကို သင် အပြည့်အဝ နားလည်ရမည်။
သမ္မာတရားကို ကောင်းစွာ နားမလည်ရင်
လွယ်လွယ်နဲ့ လမ်းလွဲ၍ လမ်းမှားလိမ့်မည်။
အသက်တာ ရင့်ကျက်ဖို့ အရာရာ၌ သမ္မာတရား ရှာဖွေပါ။
သင် ပြုသမျှ၏ တန်ဖိုးကို တွက်ဆပါ။
အဓိပ္ပာယ်ရှိတဲ့အရာတွေကို လုပ်ပါ၊
အဓိပ္ပာယ်မဲ့တဲ့အရာတွေ မလုပ်နဲ့။
ရွေးချယ်ခွင့်ရှိတဲ့နေရာမှာ စွန့်လွတ်နိုင်တာတွေ စွန့်လွတ်ပါ။
အမှုအရာများ အချိန်တခုကြာအောင် သင်လုပ်ဆောင်ခဲ့ပြီးနောက်
စွန့်လွတ်သင့်ကြောင်း သိရင် အမြန်စွန့်လွတ်ပါ။
လုပ်သမျှမှာ ထိုစည်းမျဉ်းကို လိုက်နာသင့်သည်။
ဝင်ရောက်ရန် ကြိုးစားနေစဉ် ကိစ္စရပ်တိုင်း စူးစမ်းပါ။
သမ္မာတရားနှင့် နှုတ်ကပတ်တော်နှင့်အညီ သေချာစွာ သုံးသပ်ပါ။
ဘယ်လုပ်ဆောင်ချက်များ ဘုရားအလိုတော်နဲ့
အပြည့်အဝကိုက်ညီသည်ကို သင်သိလာမည်။
၂
ထိုအခါ မိမိဆန္ဒမှ ဖြစ်လာသော အရာကို ဖယ်ရှားနိုင်မည်။
ဘုရားအလိုတော်နဲ့အညီ ဘယ်လိုလုပ်ရမည်ကို သိပြီး
သွား၍ အမှုအရာများကို ထိုသို့ သင်ပြုလိမ့်မည်။
အရာအားလုံး သူ့အလိုလို ဖြစ်ပျက်သကဲ့သို့ ခံစားရလိမ့်မည်၊
အရာရာဟာ လုံးဝ အရင်လို မဟုတ်တော့ဘဲ လွယ်ကူပုံရမည်။
သမ္မာတရားရှိသူများ အမှုအရာများကို ထိုသို့ လုပ်ဆောင်။
သင်၏ စိတ်သဘောထား ပြောင်းလဲသည်ကို
အခြားသူများအား သင်ပြသနိုင်သည်။
သင်ဟာ ကောင်းမှုများ သေချာစွာ ပြုခဲ့သည်၊
နိယာမနှင့် အသက်ရှင်သည်၊
အမှုအရာများ မှန်ကန်စွာ လုပ်ဆောင်သည်ကို မြင်ကြလိမ့်မည်။
သင် သမ္မာတရားကို သိပြီး သင်၌ လူသားပုံသဏ္ဌာန်ရှိသည်။
ဟုတ်ပါတယ်၊ လူတို့ဆီက ရလဒ်တို့ကို
ဘုရားနှုတ်ကပတ်တော်ရိတ်သိမ်း။
ဝင်ရောက်ရန် ကြိုးစားနေစဉ် ကိစ္စရပ်တိုင်း စူးစမ်းပါ။
သမ္မာတရားနှင့် နှုတ်ကပတ်တော်နှင့်အညီ သေချာစွာ သုံးသပ်ပါ။
ဘယ်လုပ်ဆောင်ချက်များ ဘုရားအလိုတော်နဲ့
အပြည့်အဝကိုက်ညီသည်ကို သင်သိလာမည်။
ဘယ်လိုကိစ္စ ဖြစ်ပေါ်ပါစေ
သမ္မာတရားကို နာခံလျက် ရင်ဆိုင်ရန် ကြိုးစားပါ။
သင့်ရင်ထဲမှာ သမ္မာတရားနဲ့
ဆန့်ကျင်ဘက် တခြားဘာများရှိလဲ ကြည့်ပါ။
“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်