၆၁၁ ဘုရားကို အစေခံရန် သင့်စိတ်နှလုံးကို သူ့အားပေးသင့်သည်ကျူး

၁ ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။

၂ အကယ်၍ သင်တို့သည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက၊ ယေရှုကဲ့သို့ ဘုရားသခင်၏ အလိုတော်တစ်ခုလုံးကို အရေးမစိုက်ပါက၊ ဘုရားသခင်က သင့်တို့အပေါ် ယုံကြည်စိတ်ချနိုင်မည် မဟုတ်ဘဲ အဆုံး၌ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို အစေခံရာတွင် သင်၌ ဘုရားသခင်ကို လှည့်ဖြားရန် ရည်ရွယ်ချက် အစဉ်အမြဲ သိုထားကောင်းသိုထားနိုင်ပြီး သူ့ကို ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် အမြဲတစေ ဆက်ဆံကောင်း ဆက်ဆံနိုင်သည်။ အတိုချုံး၍ဆိုရသော် အခြားအရာများ မည်သို့ပင်ဖြစ်စေကာမူ သင်သည် ဘုရားသခင်ကို လိမ်လည်ပါက၊ ကြမ်းကြုတ်သော တရားစီရင်မှုသည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ သင်တို့သည် မည်သူ့ကို သစ္စာခံရမည်ကို ဒွိဟမဖြစ်ဘဲ၊ သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား ဦးစွာပေးရန်၊ ဘုရားသခင်အား မှန်ကန်သော အစေခံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ကောင်းစွာအသုံးချသင့်သည်။ သင်သည် ဘုရားသခင်၏ ရှေ့တွင်ရှိသည်ဖြစ်စေ၊ အခြားလူတို့၏ ရှေ့တွင်ရှိသည်ဖြစ်စေ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ် မျက်နှာမူသင့်ပြီး ယေရှုနည်းတူ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ချထားသင့်သည်။ ဤနည်းလမ်းဖြင့် သင်သည် ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံဖြစ်လာစေရန် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။

၃ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဧကန်အမှန်ခံရလိုပြီး သင်၏အစေခံခြင်းကို ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်စေလိုပါက၊ သင်သည် သာ၍များပြားသော စုံလင်ခြင်းခံရဖို့အလို့ငှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်၌ ယခင်ကရှိသော အမြင်များကို ပြောင်းလဲသင့်ပြီး ဘုရားသခင်အား သင်အစေခံနေကျ ပုံစံဟောင်းကို ပြောင်းလဲသင့်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် သင့်ကို ပစ်ပယ်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်သောသူများထဲတွင် ထိပ်ဆုံး၌ ရှိနေမည် ဖြစ်သည်။ သင်သည် နောင်တမရဘဲ ဆက်ရှိနေပါက၊ ယုဒကဲ့သို့ပင် နိဂုံးချုပ်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံး ဤအချက်ကို နားလည်သင့်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၁၀ သခင် ယေရှုကို အတုယူကြစေ

နောက်တစ်ခုသို့- ၆၁၂ ဘုရားသခင်ကို အစေခံသူတစ်ဦးဖြစ်ရန် လိုအပ်သည့်အရာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။