ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ကိုယ်တော့်ကို မည်ကဲ့သို့ အတိအကျ အစေခံသင့်သနည်း။ ဘုရားသခင်ကို အစေခံသူများက မည်သည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းသင့်ပြီး မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ ပြီးလျှင် သင်တို့သည် သင်တို့၏အစေခံမှုတွင် မည်သည့်နေရာ၌ သွေဖည်နေနိုင်သနည်း။ ဤအရာအားလုံး၏ အဖြေများကို သင်တို့သိသင့်ပေသည်။ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ရှေ့ဆောင်ညွှန်ပြသောလမ်းကြောင်းပေါ်၌ သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို သင်တို့ အဘယ်သို့ ကျိုးနွံနာခံသည်ကို ၎င်းကိစ္စရပ်များက ထည့်သွင်းစဉ်းစားသည့်အတွက်၊ သင်တို့၌ ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို သင်တို့အား နားလည်သိမြင်စေသည်။ ထိုအဆင့်သို့ သင်တို့ရောက်သောအခါ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတရှိစွာ လုပ်ဆောင်ရန် အဘယ်အရာကို သင်တို့ပြုသင့်သည်ကို သင်တို့သဘောပေါက်လိမ့်မည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်သည်၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်ဘဲ၊ သင်တို့သည် အကဲဖြတ်ခြင်း သို့မဟုတ် စိစစ်ခြင်းများကို ပြုလုပ်လိမ့်မည် မဟုတ်သလို၊ ဘုရားသခင်၏အမှုတော်ကို စနစ်တကျ စုံစမ်းလေ့လာခြင်းလည်း များစွာ နည်းပါးလိမ့်မည်။ ထိုသို့ဖြစ်သဖြင့် သင်တို့အားလုံးသည် ၁၉၉၀ ခုနှစ်ဝန်းကျင်၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ၊ ကားတိုင်ပေါ်၌ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်ရန်၊ သင်တို့သည် ဘုရားသခင်အား သင်တို့ကို ထိန်းကျောင်းရန်နှင့် သင်တို့ကို သိုးသဖွယ် အသေသတ်ရန် အခွင့်ပေးကာ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ သို့မှသာလျှင် သင်တို့သည် ၁၉၉၀ဝန်းကျင်၏ ပေတရုများအဖြစ် အသက်ရှင်နိုင်မည် ဖြစ်သည်။

သန္နိဌာန်ချထားသူတိုင်းသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို အစွမ်းကုန် ဂရုစိုက်သူများနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သူများသာလျှင် ဘုရားသခင်ကို အစေခံရန် အရည်အချင်းမီပြီး အခွင့်ရှိရမည်။ ဧဝံဂေလိတရားများကို ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ ဝေငှပြီး ဘုရားသခင်အတွက် ခရီးနှင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်း၊ စသည်ဖြင့်တို့ ပြုလုပ်သရွေ့၊ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်ဟု လူများစွာတို့က ယုံကြည်ကြသည်ကို သင်တို့အလယ်တွင် ငါ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ပို၍ပင် ဘာသာရေးကိုင်းရှိုင်းသူများက ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ၎င်းတို့၏ လက်များထဲတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ဖြင့် ဟိုဟိုသည်သည် ပြေးလွှားခြင်း၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများကို ဖြန့်ခြင်းနှင့် လူတို့ကို နောင်တရစေပြီး အပြစ်ဝန်ချစေခြင်းအားဖြင့် ကယ်တင်ခြင်းဟု ယုံကြည်ကြသည်။ အဆင့်မြင့် လေ့လာမှုများကို လေ့လာလိုက်စားကာ ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်ပြီးနောက် ဘုရားရှိခိုးကျောင်းတွင် တရားဟောခြင်းနှင့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို ဖတ်၍ လူတို့ကို သင်ကြားခြင်းတို့သည် ဘုရားသခင်ကို အစေခံခြင်း၌ ပါဝင်သည်ဟုထင်သော ဘာသာရေးအမှုဆောင်များစွာလည်း ရှိသည်။ ထို့အပြင် ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ နာမကျန်းသူများကို ကုသခြင်းနှင့် ညီအစ်ကို မောင်နှမများအကြား နတ်ဆိုးများကို နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့အတွက် ဆုတောင်းပေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို အစေခံခြင်းဟု ယုံကြည်ကြသော ဆင်းရဲနွမ်းပါးသော ဒေသများမှ လူများလည်းရှိသည်။ ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်း၊ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းအပြင် နေရာတိုင်းရှိ ဘုရားကျောင်းများထံ အလည်အပတ်သွားပြီး အမှုပြုခြင်းဟု ယုံကြည်သူ အများအပြား သင်တို့အထဲတွင် ရှိသည်။ ဘုရားသခင်ကို အစေခံခြင်း ဆိုသည်မှာ မည်သည့်အခါမှ အိမ်ထောင်မပြုဘဲ သို့မဟုတ် မိသားစုကို ကျွေးမွေးသုတ်သင်ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်အတွက် ဆက်ကပ်ခြင်းဟု ယုံကြည်သည့် အခြားသောညီအစ်ကို မောင်နှမများလည်း ရှိသည်။ သို့ရာတွင် ဘုရားသခင်ကို အစေခံခြင်းဆိုသည်မှာ စင်စစ်အားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း လူအနည်းငယ်ကသာ သိကြ၏။ မိုးကောင်းကင်ရှိ ကြယ်များရှိသကဲ့သို့ ဘုရားသခင်ကို အစေခံသူများ အများအပြား ရှိသော်လည်း၊ တိုက်ရိုက် အစေခံနိုင်သူနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံနိုင်သူ အရေအတွက်မှာ နည်းပါးလှသည်၊ မပြောပလောက်အောင် နည်းပါးသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ ဤသို့ ငါပြောခြင်းမှာ သင်တို့သည် “ဘုရားသခင်ကို အစေခံခြင်း” ဟူသော စကားစု၏ အနှစ်သာရကို နားမလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့အစေခံရသည်ကို အလွန်နည်းပါးစွာ နားလည်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်အား မည်သို့သောအစေခံခြင်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် သဟဇာတဖြစ်နိုင်သည်ကို လူများ အတိအကျ နားလည်သဘောပေါက်ရန် အရေးတကြီး လိုအပ်ချက်တစ်ခုရှိနေသည်။

အကယ်၍ သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အစေခံလိုပါက၊ မည်ကဲ့သို့သောလူမျိုးက ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး မည်ကဲ့သို့သော လူမျိုးကို ဘုရားသခင်က ရွံမုန်းသည်၊ မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင်က စုံလင်စေသည်၊ ပြီးလျှင် မည်ကဲ့သို့သော လူမျိုးက ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီသည်ကို သင်တို့ ဦးစွာ နားလည်ထားရမည်။ အနည်းဆုံးအနေဖြင့် သင်တို့၌ ဤအသိပညာဖြင့် ပြင်ဆင်ထားရှိရမည်။ ထို့ပြင် သင်တို့သည် ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ပစ္စုပ္ပန်ကာလတွင် ဘုရားသခင်လုပ်ဆောင်အံ့သောအမှုကို သိရှိထားသင့်သည်။ ယင်းကို သိရှိနားလည်ပြီးနောက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတစ်ဆင့် သင်တို့သည် ဦးစွာအနေဖြင့် ဝင်ရောက်မှုရှိကာ ဦးစွာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံ ရရှိသင့်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဧကန်အမှန် တွေ့ကြုံခံစားပြီးသောအခါနှင့် ဘုရားသခင်၏ အမှုတော်ကို အမှန်စင်စစ် သိရှိသောအခါ၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်တို့သည် ကိုယ်တော့်ကို အစေခံသောအခါ၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးကာ သင်တို့အား သူ၏အမှုတော်နှင့်သက်ဆိုင်သည့် သာ၍ ကြီးစွာသော နားလည်မှုတစ်ခုကို ရရှိစေပြီး ပိုမိုရှင်းလင်းစွာ သိမြင်စေမည် ဖြစ်သည်။ ဤလက်တွေ့အရှိတရားသို့ သင်ဝင်ရောက်သည့်အခါ၊ သင်၏ အတွေ့အကြုံများသည် ပို၍ နက်ရှိုင်းပြီး စစ်မှန်မည် ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ အားနည်းချက်များအတွက် ထေမိစေဖို့ရာ အချင်းချင်း၏ အားသာချက်ကို အသုံးပြုနိုင်ပြီး သင်တို့၏ဝိညာဉ်များတွင် ပိုမိုကြွယ်ဝသော အသိကို ရရှိရန်အတွက်၊ ထိုကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့ပြီးသော သင်တို့အားလုံးသည် အသင်းတော်များအကြား လျှောက်လှမ်းနိုင်ကာ သင်တို့၏ ညီအစ်ကိုမောင်နှမများကို ကူညီထောက်ပံ့မှုများ ပေးနိုင်မည်ဖြစ်သည်။ ၎င်းအကျိုးတရားကို ရရှိပြီးမှသာလျှင် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့် အညီ အစေခံနိုင်မည် ဖြစ်ပြီး အစေခံစဉ်ကာလအတွင်း ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရမည်ဖြစ်သည်။

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။ ယေရှု၏သာဓကနှင့် နှိုင်းယှဉ်ပါက၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နေသည်ဟု အရဲစွန့်၍ဆိုဝံ့သလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ အစေခံနေသည်ဟု အရဲစွန့်၍ပြောရဲသလော။ ယနေ့ ဘုရားသခင်အား အဘယ်သို့ အစေခံရမည်ကို သင်နားမလည်ပါ၊ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု အရဲစွန့်၍ပြောရဲသလော။ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ပြောပါက၊ သူ့ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤအရာကို စဉ်းစားကြည့်လော့- သင်သည် ဘုရားသခင်ကို အစေခံနေသလော၊ သို့တည်းမဟုတ် သင့်ကိုယ်သင် အစေခံနေသလော။ သင်သည် စာတန်ကို အစေခံသော်ငြားလည်း၊ ဘုရားသခင်ကို အစေခံနေပါသည်ဟု ခေါင်းမာစွာ သင်ပြောသည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်သလော။ ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံမည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်စွာ အစေခံရန်အတွက် မည်သည့်အခြေအနေများကို ဖြည့်ဆည်းရမည်ကို သင်တို့သိရှိနိုင်စေရန် ငါသည် ဤအရာကိုပြောခြင်း ဖြစ်သည်။ အကယ်၍ သင်တို့သည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက၊ ယေရှုကဲ့သို့ ဘုရားသခင်၏ အလိုတော်တစ်ခုလုံးကို အရေးမစိုက်ပါက၊ ဘုရားသခင်က သင့်တို့အပေါ် ယုံကြည်စိတ်ချနိုင်မည် မဟုတ်ဘဲ အဆုံး၌ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို အစေခံရာတွင် သင်၌ ဘုရားသခင်ကို လှည့်ဖြားရန် ရည်ရွယ်ချက် အစဉ်အမြဲ သိုထားကောင်းသိုထားနိုင်ပြီး သူ့ကို ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် အမြဲတစေ ဆက်ဆံကောင်း ဆက်ဆံနိုင်သည်။ အတိုချုံး၍ဆိုရသော် အခြားအရာများ မည်သို့ပင်ဖြစ်စေကာမူ သင်သည် ဘုရားသခင်ကို လိမ်လည်ပါက၊ ကြမ်းကြုတ်သော တရားစီရင်မှုသည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ သင်တို့သည် မည်သူ့ကို သစ္စာခံရမည်ကို ဒွိဟမဖြစ်ဘဲ၊ သင်တို့၏စိတ်နှလုံးကို ဘုရားသခင်အား ဦးစွာပေးရန်၊ ဘုရားသခင်အား မှန်ကန်သော အစေခံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ကောင်းစွာအသုံးချသင့်သည်။ သင်သည် ဘုရားသခင်၏ ရှေ့တွင်ရှိသည်ဖြစ်စေ၊ အခြားလူတို့၏ ရှေ့တွင်ရှိသည်ဖြစ်စေ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ် မျက်နှာမူသင့်ပြီး ယေရှုနည်းတူ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ချထားသင့်သည်။ ဤနည်းလမ်းဖြင့် သင်သည် ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံဖြစ်လာစေရန် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဧကန်အမှန်ခံရလိုပြီး သင်၏အစေခံခြင်းကို ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်စေလိုပါက၊ သင်သည် သာ၍များပြားသော စုံလင်ခြင်းခံရဖို့အလို့ငှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်၌ ယခင်ကရှိသော အမြင်များကို ပြောင်းလဲသင့်ပြီး ဘုရားသခင်အား သင်အစေခံနေကျ ပုံစံဟောင်းကို ပြောင်းလဲသင့်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် သင့်ကို ပစ်ပယ်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်သောသူများထဲတွင် ထိပ်ဆုံး၌ ရှိနေမည် ဖြစ်သည်။ သင်သည် နောင်တမရဘဲ ဆက်ရှိနေပါက၊ ယုဒကဲ့သို့ပင် နိဂုံးချုပ်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံး ဤအချက်ကို နားလည်သင့်ပေသည်။

အရှေ့သို့- ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

နောက်တစ်ခုသို့- လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။