အခန်း ၇၁

ငါ၏အရာအားလုံးကို သင်တို့အားလုံးထံ ငါ ထင်ရှားစေပြီးဖြစ်သော်လည်း အဘယ်ကြောင့် သင်တို့သည် ငါ၏စကားများကို စိတ်ဝိညာဉ် အလုံးစုံဖြင့် မတွေးဆနိုင်ကြသနည်း။ အဘယ်ကြောင့် ငါ၏စကားများကို အမှိုက်အဖြစ် သင်တို့ သဘောထားကြသနည်း။ ငါပြောသောအရာသည် မမှန်ကန်သလော။ ငါ့စကားများသည် သင်တို့၏ အားနည်းချက်များကို ထိမိလေပြီလော။ သင်သည် ထပ်လဲလဲ နှောင့်နှေးကာ တုံ့ဆိုင်းနေကြသည်။ အဘယ်ကြောင့် သင်တို့သည် ဤသို့ပြုမူကြသနည်း။ ငါသည် ရှင်းလင်းစွာ မပြောဆိုပြီလော။ ငါ့စကားများကို သေချာစွာ တွေးဆသင့်ပြီး၊ ယင်းတို့ကို သင်တို့ သေချာ အာရုံစိုက်သင့်သည်ဟု ကြိမ်ဖန်များစွာ ငါ ပြောလေပြီ။ သင်တို့ထဲမှ တစ်ဦးတစ်လေသည် နာခံကာ ကျိုးနွံနာခံသော ကလေးများ ဖြစ်သလော။ ငါ၏ စကားများသည် အချည်းအနှီး ဖြစ်ပြီလော။ ယင်းတို့သည် လုံးဝ ထိရောက်မှု မရှိလေပြီလော။ သင်သည် ငါ၏အလိုနှင့် အဘယ်မျှ ကိုက်ညီနိုင်သနည်း။ တစ်ဒင်္ဂအတွက်ပင် သင်သည် စကားပြောဆိုခြင်းမခံရဘဲရှိပါက၊ သင်သည် အကျင့်ပျက်လာလိမ့်မည်ဖြစ်ပြီး အထိန်းအကွပ်မဲ့လာလိမ့်မည်။ မည်သို့ပြုမူကာ ပြောဆို ရမည်ကို ငါသည်ရှင်းလင်းစွာ မဖော်ပြပါက၊ စိတ်ထဲတွင် သင်သည် လုံးဝ မသိဘဲရှိနိုင်မည်လော။ သင်ကို ငါပြောပြပါရစေ။ ဆုံးရှုံးမှုများကို ခံစားရသူသည် နာမခံသောသူ၊ ကျိုးနွံနာခံခြင်း မရှိသောသူနှင့် မိုက်မဲစွာ ယုံကြည်သောသူ ဖြစ်သည်။ ငါပြောသည့်အရာကို အာရုံမစိုက်သကဲ့သို့ အသေးစိတ်များကို သဘောမပေါက်နိုင်သော လူတို့သည် ငါ၏ရည်ရွယ်ချက်များကို နားလည်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ ငါ့ကို အစေခံနိုင်မည်လည်း မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တရားစီရင်ခြင်းကို တွေ့ကြုံရလိမ့်မည်။ အသေးစိတ်အချက်များကို နားမလည်ခြင်းမှာ အလွန့်အလွန် မလေးစားခြင်းဖြစ်သည့်အပြင် တဇွတ်ထိုး မဆင်မခြင်ပြုလုပ်ခြင်း ဖြစ်သည်။ ထိုကြောင့် ထိုသို့သော လူများကို ငါမုန်းပြီး၊ ၎င်းတို့အပေါ် ငါလျော့ပေါ့မည် မဟုတ်။ ငါသည် ၎င်းတို့အား သက်ညှာမှု ပြမည် မဟုတ်။ ၎င်းတို့အား ငါ၏ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းကိုသာ ငါ ပြမည်။ ထိုနောက် သင်သည် ငါကို လှည်းဖြားဝံ့သေးခြင်း ရှိမရှိဆိုသည်ကို ကြည့်လော။ ငါသည် လူသား စိတ်နှလုံး၏ အတွင်းကျကျ နက်ရှိုင်းသောနေရာများကို ဆန်းစစ်သော ဘုရားသခင် ဖြစ်သည်။ ဤအချက်သည် အယောက်တိုင်းအဖို့ ထင်ရှားမြင်သာသင့်ပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် ၎င်းတို့၏ အလုပ်ကို သာမန်ကာလျှံကာဖြစ်သော ပုံစံဖြင့်သာ လုပ်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံကြလိမ့်မည်။ ဤသည်မှာ လူအချို့တို့သည် အမှတ်တမဲ့ ငါ၏ဒဏ်ခတ်ခြင်းခံရသည့် အကြောင်းရင်း ဖြစ်သည်။ ငါသည် မည်သူကိုမျှ မတော်မတရား ဆက်ဆံခြင်းမရှိ၊ ငါသည် မှားယွင်းသော အရာကိုမပြုသကဲ့သို့ ငါ၏ လုပ်ရပ်အားလုံးကို ငါ့လက်၏ အမျှော်အမြင်ရှိသော အစီအစဉ်များဖြင့် လုပ်ဆောင်သည်ဟု ငါ ပြောပြီး ဖြစ်သည်။

ငါ၏တရားစီရင်ခြင်းသည် ငါ့ကို အမှန်တကယ် မချစ်သောလူအားလုံးအပေါ် ကျရောက်လေပြီ။ မည်သူတို့ကို ငါ၏ကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်ထားပြီးဖြစ်သည်ဆိုသည်နှင့် မည်သူတို့သည် ပယ်ထုတ်ခံရမည်ဆိုသည်တို့က သိသာရှင်းလင်းလာသည်မှာ ဤအချိန်တွင် အတိအကျ ဖြစ်ပေသည်။ ဤအရာများအားလုံးသည် တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြခံရလိမ့်မည်ဖြစ်ပြီး မည်သည့်အရာမျှ ကွယ်ဝှက်လျက် ကျန်ရှိလိမ့်မည် မဟုတ်။ လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အမှုအရာအားလုံးတို့သည် ငါ့စကားများကို ပြည့်စုံခြင်းသို့ ဆောင်ကြဉ်းဖို့ ရပ်တည်ကာ တည်ရှိကြပြီး အားလုံးသည် ငါ၏ နှုတ်မှ မိန့်မြွက်သော စကားများကို အမှန်တကယ်ဖြစ်စေရင်း အလုပ်များနေကြ၏။ စင်္ကြာဝဠာနှင့် ကမ္ဘာမြေ၏ အစွန်းနေရာများကို ငါ တစ်ဦးတည်းက ထိန်းချုပ်သည်။ ငါ၏စကားများကို နာမခံဝံ့သူ သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် ငြင်းပယ်သောသူ မည်သူမဆိုကို ထိုလူအား မရဏာနိုင်ငံသို့ နှစ်မြှုပ်စေကာ မတည်ရှိစေတော့ဘဲလျက် ငါရိုက်နှက်မည်။ ငါ့စကားအားလုံးသည် သင့်တော်ပြီး မှန်ကန်ကာ မစင်ကြယ်မှု လုံးဝ မရှိချေ။ သင်တို့၏ စကားပြောဆိုပုံသည် ငါ၏ စကားပြောပုံနှင့် ဆင်နိုင်သလော။ သင်တို့သည် အလွန် စကားကြောရှည်ကြ၏။ သင်တို့သည် အဓိပ္ပါယ်မဲ့ပြီး မိမိတို့ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း မရှင်းပြပေ- သို့သော် သင်တို့သည် အချို့သောအရာများကို ရယူပြီးဖြစ်ကာ ယင်းကို သင်တို့ ရရှိလုနီးပါး ဖြစ်ပြီဟု တွေးထင်ကြသည်။ သင့်ကို ငါ ပြောပါရစေ။ လူတို့သည် မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်လေ၊ ငါ၏ စံနှုန်းများကို ပြည့်မီခြင်းမှ ၎င်းတို့ ဝေးလေလေ ဖြစ်သည်။ ၎င်းတို့သည် ငါ၏အလိုကို အရေးထားမှု မပြကြသကဲ့သို့ ငါ့ကို လိမ်လည်လှည့်စားကာ ငါ၏နာမကို အပြင်းထန်ဆုံး အရှက်ရစေကြ၏။ အရှက်မဲ့လိုက်လေစွ။ သင်သည် မိမိကိုယ်တိုင် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသည်ကို မကြည့်ပေ။ မိုက်မဲကာ မသိနားမလည်လိုက်လေစွတကား။

ငါ၏ နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ်နှင့် သွင်ပြင်လက္ခဏာ အားလုံးဖြင့် အမှုအရာများကို ထောက်ပြနေသည်။ သင် နားမလည်နိုင်သေးသည်များ ဖြစ်နိုင်သလော။ သင်တို့ နားမလည်ကြသေးသလော။ သင်၏ ရည်ရွယ်ချက်သည် ငါ့ကိုစိတ်ပျက်စေရန် ဖြစ်သလော။ သင်တို့၏ စိတ်ဓာတ်များကို ပြန်ကောက်ကာ သင်တို့၏သတ္တိကို အားတင်းကြလော့။ ငါ့ကိုချစ်သော လူတစ်ဦးကိုမျှ ငါသည် မကောင်းတရောင်း မဆက်ဆံပေ။ ငါသည် လူသား စိတ်နှလုံး၏ အတွင်းကျကျ နက်ရှိုင်းသော နေရာများကို ဆန်းစစ်ပြီး လူတို့၏ စိတ်နှလုံးများထဲတွင် တည်ရှိသည့်အရာတိုင်းကို ငါသိသည်။ ဤအရာအားလုံး ထုတ်ဖော်ပြခံရလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့အားလုံးသည် ငါ၏ ဆန်းစစ်ခြင်းကို ခံကြရလိမ့်မည်။ ငါ့ကို အမှန်တကယ်ချစ်သော သူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ငါလုံးဝ လျစ်လျူရှုလိမ့်မည်မဟုတ်။ ၎င်းတို့အားလုံးသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသောသူများဖြစ်ပြီး၊ ဘုရင်များအဖြစ် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီးဖြစ်သော သားဦးများ အုပ်စု ဖြစ်သည်။ ငါ့ကို အမှန်တကယ်မချစ်သောသူများအတွက်မူ၊ ၎င်းတို့၏ မိမိတို့၏ ကိုယ်ပိုင် လှည့်ကွက်များ၏ ပစ်မှတ်များဖြစ်ကြပြီး ကံအကြောင်းမလှသည့် ဖြစ်ရပ်ကို ခံစားကြရလိမ့်မည်။ ဤအရာကိုလည်း ငါကြိုတင်ခွဲခန့်မှတ်သားခြင်း ဖြစ်သည်။ မစိုးရိမ်နှင့်။ ၎င်းတို့ကို ငါ တစ်ဦးပြီးတစ်ဦး ထုတ်ဖော်ပြမည်။ ငါသည် ဤအမှုကို ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ ယင်းကို စတင်လုပ်ဆောင်နှင့်ပြီး ဖြစ်သည်။ ထိုအရာအားလုံးကို စနစ်တကျ ပုံစံတစ်ခုဖြင့် လုပ်ဆောင်လျက် ရှိ၏။ အဘယ်သူသည် ရွေးချယ်ခြင်းခံရပြီး အဘယ်သူသည် ပယ်ထုတ်ခြင်း ခံရမည်ကို ငါဆုံးဖြတ်နှင့်ပြီး ဖြစ်သည်။ တစ်ဦးပြီးတစ်ဦး ၎င်းတို့သည် သင်တို့ တွေ့မြင်ဖို့အတွက် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအချိန်များအတွင်းတွင် ငါ၏လက်က အဘယ်အရာလုပ်ဆောင်နေသည်ကို သင်တို့မြင်ရကြလိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်သည် တစ်ဦးတစ်လေထံမှ မည်သည့် ပုန်ကန်ပြစ်မှားမှု သို့မဟုတ် ခုခံမှုကိုမျှ ခွင့်မပြုသကဲ့သို့ ပုန်ကန်ပြစ်မှားသူ မည်သူမဆို ပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မည်ကို လူအားလုံး တွေ့မြင်လိမ့်မည်။

ငါသည် အယောက်တိုင်း၏ စိတ်နှလုံး အတွင်းကျကျ နက်ရှိုင်းသော နေရာများကို စဉ်ဆက်မပြတ် စိစစ်သောသူ ဖြစ်သည်။ ငါ့ကို အပြင်ဘက်မှသာ မကြည့်နှင့်။ မျက်စိကန်းသောလူတို့။ ငါအလွန်ရှင်းလင်းစွာ ပြောဆိုပြီးဖြစ်သည့် စကားများကို သင်တို့ နားမထောင်ကြသကဲ့သို့၊ ငါ့ကို- ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တိုင်ကို- သက်သက် မယုံကြည်ကြပေ။ ငါ့ကို နားပူ နားဆာလုပ်ဝံ့သူ သို့မဟုတ် ငါ့ထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ဝံ့သူ မည်သူဆိုကို ငါ သေချာပေါက် သည်းခံလိမ့်မည်မဟုတ်။

ငါ၏ မိန့်မြွက်ချက် အသီးသီးကို သင်တို့ မှတ်မိကြသလော။ “ငါ့ကိုမြင်ခြင်းသည် ကမ္ဘာအဆက်ဆက် ဖုံးကွယ်ထားသော နက်နဲမှုတစ်ခုစီတိုင်းကို မြင်ခြင်းနှင့် တူ၏။” ဤထုတ်ပြန်ချက်ကို သေချာစွာ သင် တွေးဆဖူးသလော။ ငါသည် ဘုရားသခင်ဖြစ်ပြီး၊ ငါ၏ နက်နဲမှုများများကို သင်တို့အတွက် ပြသပြီး ဖြစ်သည်။ ယင်းတို့ကို သင်တို့ မမြင်ပြီလော။ အဘယ်ကြောင့် သင်တို့သည် ငါ့ကို အာရုံမစိုက်ကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင့်စိတ်၌ရှိသည့် ထိုမရေရာသော ဘုရားကို သင် အလွန်ကိုးကွယ်သနည်း။ စစ်မှန်သည့် တပါးတည်းသောဘုရားသခင်- ငါသည် တစ်ခုတစ်လေကို အဘယ်သို့ မှားနိုင်မည်နည်း။ ယင်းနှင့်သက်ဆိုင်၍ သေချာကြလော့။ ငါ၏ စကားတိုင်းနှင့် လုပ်ရပ်တိုင်း၊ ငါ၏ လုပ်ဆောင်ချက်တိုင်းနှင့် လှုပ်ရှားမှုတိုင်း၊ ငါ၏ပြုံးရယ်ခြင်း၊ ငါ၏စားသောက်ခြင်း၊ ငါ၏ဝတ်ဆင်ခြင်း၊ ငါ၏အရာရာတိုင်းကို ဘုရားသခင် ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြစ်သည်။ သင်တို့သည် ငါ့ကို ဝေဖန်ကြသည်- ငါ၏ ရောက်ရှိလာခြင်းမတိုင်မီ သင်တို့သည် ဘုရားကိုမြင်နှင့်ကြပြီးသည်များ ဖြစ်နိုင်မည်လော။ သို့မဟုတ်ပါက သင်တို့သည် အဘယ်ကြောင့် ငါနှင့် သင်တို့၏ ဘုရားသခင်ကြား စိတ်နှင့်ဆိုင်သော နှိုင်းယဉ်ချက်များ အမြဲ ပြုနေကြသနည်း။ ယင်းသည် လုံးဝ လူသား အယူအဆများ၏ ရလဒ်တစ်ခု ဖြစ်၏။ ငါ၏ လုပ်ရပ်များနှင့် အပြုအမူများသည် သင်၏ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီမှုမရှိပေ၊ ဟုတ်ပါသလော။ ငါ၏လုပ်ရပ်များနှင့် အပြုအမူများ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ထင်မြင်ချက်ပေးရန် မည်သည့်လူကိုမျှ ငါခွင့်မပြုပေ။ ငါသည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်ပြီး ဤသည်မှာ ပြောင်းလဲ၍မရနိုင်သည့်၊ မငြင်းနိုင်သော အမှန်တရား ဖြစ်သည်။ မိမိကိုယ်တိုင်၏ လှည့်ကွက်များ လှည်းစားခြင်းကို မခံကြနှင့်။ ငါ၏ နှုတ်ကပတ်တော်များက ဤအရာကို အကြွင်းမဲ့ ရှင်းလင်းပြတ်သားမှုဖြင့် ထောက်ပြပြီး ဖြစ်သည်။ ငါ၌ လူ့သဘာဝ တစ်စက်မျှ မရှိပေ။ ငါ၏အရာအားလုံးသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်၏၊ အမှုအရာ တစ်ခုမျှ ကွယ်ဝှက်ခြင်းမရှိဘဲ အပြည့်အဝ သင်တို့ထံ သိသာထင်ရှားစေပြီး ဖြစ်သည်။

အရှေ့သို့- အခန်း ၇၀

နောက်တစ်ခုသို့- အခန်း ၇၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။