၂၈ ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားကြ၏
၁
နေ့ရက်တို့ အဆုံးသတ်လိမ့်မည်။
ကမ္ဘာကြီး အချည်းနှီးဖြစ်လာလိမ့်မည်
အရာအားလုံး အသစ်ဖြစ်လိမ့်မည်။ ဒါကို မမေ့ပါနဲ့။
ယုံမှားသံသယ မရှိနိုင်ပါ။
အို...ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း
ဘုရား၏ စကား အစဉ်တည်မည်
ထို့ကြောင့် သူ တဖန် သင်တို့ ကို တိုက်တွန်းနှိုးဆော်
အကျိုးမဲ့ မပြေးလေနှင့်။ ထ၍ နောင်တရလော့။
ကယ်တင်ခြင်း ရောက်လုနီးပြီ။
သင်တို့အကြား ဘုရား ပေါ်ထွန်းနှင့်ပြီ။
ဟုတ်တယ်၊ ဘုရားရဲ့ အသံတော် ပေါ်ထွက်ခဲ့ပြီ။
အသင်းတော်များထံ ဝိညာဉ်တော်စကားပြောသည်။
သင် နားရှိလျှင် နားထောင်သင့်သည်။
အသက်ရှိ သူအားလုံး လက်ခံသင့်သည်။
သူ့၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊
သံသယမရှိလေနှင့်။
သူ့စကားကို နာခံသတိပြု သူများ
ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။
၂
ဟုတ်တယ်၊ ဘုရား၏ အသံတော် ပေါ်ထွက်ခဲ့ပြီ။
နေ့တိုင်း လန်းဆန်းကာ အသစ်ဖြစ်သည်။
သင်သည် ဘုရားကို မြင်၊ ဘုရားသည် သင့်ကို မြင်
သင်တို့ကို သူ မပြတ်စကားပြောသည်။
သို့သော် သူ့ကို သင်တို့ ငြင်းပယ်၊ သူ့အား မသိကြ။
ဘုရား၏ သိုးများ သူ့အသံကို ကြား၏၊
သို့သော် သင်တို့ တွန့်ဆုတ်နေ
စာတန် သင့်မျက်စိ စိတ်နှလုံး ကွယ်စေ
သင့်စိတ်နှလုံး အကြင်နာမဲ့၏
ဘုရား၏ ဘုန်းကြီးသော မျက်နှာတော်ကို သင်တို့ မမြင်နိုင်။
ဘယ်လောက် သနားစရာလဲ။ မစောင့်ပါနဲ့တော့။
ဘုရား၏ သိုးများ သူ့အသံကို ကြားရသည်
ဘုရားပလ္လင်တော်ရှေ့ က ဝိညာဉ်တော်ခုနစ်ပါးကို
ကမ္ဘာမြေ၏ နေရာအနှံ့ စေလွှတ်သည်
ဘုရားသည် သူ့ တမန်တော်ကို
အသင်းတော်များသို့ စကားပြောရန် စေလွှတ်မည်။
ဘုရားသည် ဖြောင့်မတ်ကာ သစ္စာရှိသည်။
သူဟာ လူ့စိတ်နှလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းကို
စစ်ဆေးသော ဘုရားဖြစ်သည်
အသင်းတော်များထံ ဝိညာဉ်တော်စကားပြောသည်။
သင် နားရှိလျှင် နားထောင်သင့်သည်။
အသက်ရှိသူ အားလုံး လက်ခံသင့်သည်။
သူ့၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊
သံသယမရှိလေနှင့်။
သူ့စကားကို နာခံသတိပြုသူများ
ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။
၃
ဘုရား မျက်နှာတော် စစ်မှန်စွာ ရှာ လျှင်
အလင်းသစ်နှင့် ထိုးထွင်းသိမြင်နိုင်စွမ်းရလိမ့်မည်
သူ့စကား သင့်ထံ ရောက်လာကာ
သင့်ဝိညာဉ်မျက်စိ ဖွင့်ပေးလိမ့်မည်
ဝိညာဉ်လောကနက်နဲမှုနှင့်
နိုင်ငံတော်သည် လူတို့အလယ် တည်ရှိကြောင်း
သင် မြင်တွေ့လိမ့်မည်။
ခိုလှုံရာသို့ ဝင်ရောက်လော့။
ကျေးဇူးတော်အလုံးစုံ သင့်အပေါ် ကျရောက်လိမ့်မည်။
အစာခေါင်းပါးခြင်း၊ ကပ်ရောဂါနှင့် တောရိုင်းတိရစ္ဆာန်များ
သင့်အား ထိခိုက်စေမည် မဟုတ်။
ဘုရားနှင့်သင်အတူ သွားကာ အတူ လျှောက်လှမ်း၊
ဘုန်းတော်ကို သင်သည်အတူ ဝင်စားလိမ့်မည်။
အသင်းတော်များထံ ဝိညာဉ်တော်စကားပြောသည်။
သင် နားရှိလျှင် နားထောင်သင့်သည်။
အသက်ရှိသူ အားလုံး လက်ခံသင့်သည်။
သူ့၏နှုတ်ကပတ်တော်ကို စားသောက်ခြင်းသာ ပြုလော့၊
သံသယမရှိလေနှင့်။
သူ့စကားကို နာခံသတိပြုသူများ
ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်။
ကြီးမားသော ကောင်းချီးမင်္ဂလာများ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်