၂၃၅ လူသား၏ တွေးခေါ်မှု ရှေးဆန်လွန်းသည်
၁
ဘုရား၏ အမှု အစဉ်ရှေ့ဆက်
သူ့ရည်ရွယ်ချက် လုံးဝ မပြောင်းလဲလည်း
သူ့ အမှုပြုပုံ အမြဲပြောင်းလဲ၍
သူ့နောက်လိုက်သူများလည်း ပြောင်းလဲ
ဘုရား အမှုပြုလေ၊ သူ့အား လူသား သေချာသိလေ
ဘုရား၏အမှုမှတစ်ဆင့် လူ့စိတ်သဘောထားလည်း ပြောင်းလဲ
ဘုရား၏အမှု မပြတ်ပြောင်းလဲသည့်အတွက်
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူ
သတိမမူမိကြသူများနှင့်
သမ္မာတရားကို မသိသော အဓိပ္ပာယ်မဲ့သူများ
ဘုရားကို စတင်ခုခံ
သူ့အမှုသည် လူ့အယူအဆကို ဖီဆန်
သူ့အမှု အမြဲသစ်လွင်ကာ ဘယ်တော့မှ အိုဟောင်းမသွား
သူ၏အမှုဟောင်းကို ဘုရား ထပ်မလုပ်ဘဲ
အမြဲ တစ်ဟုန်ထိုးသာ ရှေ့ဆက်
အတိတ်က သူပြုခဲ့သောအမှုအားဖြင့်
သူ၏လက်ရှိအမှုကို လူသား ဆုံးဖြတ်
ခေတ်သစ်ထဲ၌ အမှုအဆင့်တစ်ခုစီကို ဆောင်ရွက်ရန်
ဘုရားအတွက် သာ၍ ခက်ခဲလာလေပြီ
လူ၌ ပြဿနာများလွန်းသည်
သူ၏တွေးခေါ်မှု ရှေးဆန်လွန်း
ဘယ်သူမှ စစ်မှန်စွာ မသိပေမယ့်
ဘုရားအမှုကို အားလုံးက ဘောင်ခတ်
၂
လူသား ဘုရားကို စွန့်ခွာသည့်အခါ
အသက်နှင့် သမ္မာတရား ဆုံးရှုံး
ဘုရားကောင်းချီးများ ရုပ်သိမ်းခံရ
ဘုရား ပေးသော ဤအရာအားလုံးကို လူသား ငြင်းပယ်
ပညတ်တော်အောက်က ဘုရားနှင့်
လူသားအတွက် ကားတိုင်ပေါ်
သံမှိုရိုက်နှက်ခံရသော ဘုရားသခင်သာ
ဘုရားဖြစ်နိုင်ဟု လူတို့ ယူဆကြသည်
သမ္မာကျမ်းကို မကျော်နိုင်၊ မကျော်လွန်သင့်ဟု
သူတို့ တွေးထင်နေလို့
စည်းမျဉ်းသေများဖြင့် ခိုင်မာစွာ ချုပ်နှောင်ခံရလျက်
ပညတ်တော်ဟောင်း၏ ချည်နှောင်ခြင်းကို ခံကြရ
ဘုရားအမှုသစ် မည်သည့်အရာ ဖြစ်နေပါစေ
ဗျာဒိတ်များဖြင့် အတည်ပြုရမည်ဟု
ယုံကြည်သူများပင် ရှိသေး၏
အမှုသစ်၏ အဆင့်တိုင်းတွင်
“စစ်မှန်သော” နှလုံးသားနှင့် သူ့နောက်လိုက်သူအားလုံး
ဗျာဒိတ်များ မြင်ရမည်
သို့မဟုတ်လျှင် ဘုရားအမှု မဖြစ်နိုင်ဟု ယုံကြည်ကြသည်
၃
လူ့အတွက် ဘုရားကို သိဖို့ ခက်သည်
ထို့အပြင် အဓိပ္ပာယ်မဲ့နှလုံးသားနဲ့
လူ၏ စိတ်ကြီးဝင်ခြင်းသည်
ဘုရား အမှုသစ်ကို လက်ခံရန် သာ၍ ခက်ခဲစေ
လူသားသည် နက်နဲစွာ မဆင်ခြင်သကဲ့သို့
နိမ့်ချစွာ လက်ခံခြင်းလည်း မပြုဘဲ
အထင်သေးသည့် သဘောနှင့်သာ သူရှုမြင်သည်
ဘုရားထံမှ လမ်းပြမှုနှင့် ဗျာဒိတ်များကို စောင့်ဆိုင်းနေ
ဒါ ပုန်ကန်သူများ၏ အပြုအမူ မဟုတ်လား။
သူတို့ ဘုရား၏ လက်ခံခြင်းကို ဘယ်လိုရရှိနိုင်မလဲ
သူ၏အမှုဟောင်းကို ဘုရား ထပ်မလုပ်ဘဲ
အမြဲ တစ်ဟုန်ထိုးသာ ရှေ့ဆက်
အတိတ်က သူပြုခဲ့သောအမှုအားဖြင့်
သူ၏လက်ရှိအမှုကို လူသား ဆုံးဖြတ်
ခေတ်သစ်ထဲ၌ အမှုအဆင့်တစ်ခုစီကို ဆောင်ရွက်ရန်
ဘုရားအတွက် သာ၍ ခက်ခဲလာလေပြီ
လူ၌ ပြဿနာများလွန်းသည်
သူ၏တွေးခေါ်မှု ရှေးဆန်လွန်း
ဘယ်သူမှ စစ်မှန်စွာ မသိပေမယ့်
ဘုရားအမှုကို အားလုံးက ဘောင်ခတ်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်