၄၂၈ ဘုရားမျက်မှောက်၌ ငြိမ်ဝပ်စွာနေနည်းကျူး
အရာဝတ္ထုနှင့် လူတွေနဲ့အဝေးမှာ
သင့်ကိုယ်ပိုင်ကိုးကွယ်မှုတွက် အချိန်ယူပါ
သင့်စိတ်နှလုံးသားငြိမ်သက်စေမယ့်အရပ်မှာ
ကိုယ်ကို ဘုရားရှေ့မှောက်ငြိမ်ဝပ်စေ
နှုတ်ကပတ်တော်၌ နားလည်သည့်အရာနှင့်
သင့်အား သူဘယ်လိုလှုံ့ဆော်သည်ကို မှတ်ထားပါ
၎င်းသည် အတိမ်အနက်ဘယ်လိုပင်ဖြစ်ဖြစ်
သူ့ရှေ့မှောက် ငြိမ်ဝပ်ရန်ကြိုးစားပါ
၁
နေ့ရက်တိုင်း စစ်မှန်တဲ့ဝိညာဉ်ရေးအတွက်
အချိန်အနည်းငယ်ပေးဆပ်ပါ
ထိုနေ့၌ သင့်ဘဝကြွယ်ဝပြီး
သင့်စိတ်နှလုံး ရှင်းလင်းပြီး ကြည်လင်နေမယ်
ဘုရားထံသို့ သင့်စိတ်နှလုံးပေးလိမ့်မယ်
ပိုကောင်းတဲ့အခြေအနေမှာသင့်ဝိညာဉ်ခိုင်ခံ့မယ်
သန့်ရှင်းသောဝိညာဉ်တော်လမ်းခရီးမှာ သင်လျှောက်ကာ
သင့်အား ဘုရားကောင်းချီးများစွာ ပေးမှာ
ဒီခရီးရဲ့အစပိုင်းမှာ အကောင်းဆုံးရလဒ် သင်မရရှိနိုင်ပေမယ့်
သင်အားလျော့ပြီး နောက်မဆုတ်စေနှင့်
ကြိုးစားပြီး ဆက်သာလျှောက်ထား
ဘုရားရှေ့မှောက် သင့်စိတ်နှလုံးငြိမ်ဝပ်စေဖို့
အသိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပါ၊ ပူးပေါင်းဆောင်ရွက်ပါ။
၂
ဝိညာဉ်ရေးမှာ သင်အသက်ရှင်လေလေ
သင့်စိတ်နှလုံး ဘုရားနှုတ်ကပတ်တော်နဲ့ပြည့်လေ
ဒီအကြောင်းကိုသင်အမြဲဆင်ခြင်ပြီး
ဒီဝန်ထုပ်ကိုသင်အမြဲထမ်းရွက်ပါ
သင့်ကိုယ်ပိုင်ဝိညာဉ်အသက်တာ
သင့်စိတ်နှလုံးမှ ဘုရားကို သင်စကားပြောသင့်
သင်တွေးတော လုပ်ဆောင်လိုတဲ့အရာ၊
နှုတ်ကပတ်တော်အပေါ် သင့်အမြင်၊
နားလည်မှုအား သူ့ကိုပြောပြပါ
သူ့ထံမှ ဘယ်အရာမှ မသိုသိပ်ထားနှင့်
သင့်စိတ်နှလုံးမှ ဘုရားကို ကြိုးစားပြောဆိုပါ
သင့်ခံစားမှုအမှန်ကို ဖွင့်ဟပြီး
သင့်စိတ်ထဲရှိတဲ့အတိုင်း လွတ်လပ်စွာပြောဆိုပါ
၃
ဒီလိုပြုလေ သူ၏ချစ်ဖွယ်ကောင်းမှုကို သင်ခံစားပြီး
စိတ်နှလုံး ဘုရားနှင့်ပိုနီးကာ
ဘုရားဟာ သင်အချစ်ဆုံးလို့ သင်ခံစားပြီး
ဘာပဲဖြစ်ဖြစ် သင် သူ့ကို စွန့်ခွာမှာမဟုတ်
ဒီနည်းအတိုင်း နေ့တိုင်းကျင့်သုံးပါ
သင့်စိတ်ထဲမှ မထုတ်ပယ်ပါနှင့်
ဘဝပေးတာဝန်အဖြစ် သင်မှတ်ယူထားပါ
ဒီလိုဆို သင့်စိတ်နှလုံး၌ ဘုရားနှုတ်ကပတ်တော်ပြည့်ဝမှာ
ဒါဟာ သင့်စိတ်၌ သင်ချစ်သည့်အရာအစဉ်ရှိသည့်အတိုင်းပင်
ဒါကို ဘယ်သူမှ သင့်ထံမှမနှုတ်ယူနိုင်ပါ
သင့်အထဲမှာ ဘုရားအမှန်တကယ်အသက်ရှင်ပြီး
သင့်စိတ်နှလုံးသားမှာ နေရာကျမယ်
ဘုရားရှေ့မှောက် သင့်စိတ်နှလုံးငြိမ်ဝပ်စေဖို့
အသိရှိရှိ နဲ့ ပူးပေါင်းဆောင်ရွက်ပါ
ဘုရားရှေ့မှောက် သင့်စိတ်နှလုံးငြိမ်ဝပ်စေဖို့
အသိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပါ၊ ပူးပေါင်းဆောင်ရွက်ပါ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်