၅၁၉ လူသားကို ကယ်တင်ဖို့ ဘုရားရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ဘယ်သူမှ နားမလည်
၁
ဘုရားသည် ဤလူ့လောကကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရား၏ ကြိုတင်ပြဋ္ဌာန်းမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်မှာ ဘုရား၏ ဇီဝအသက်ဖြစ်၏။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရား၏ စောင့်ရှောက်မှုအောက်၌ တည်ရှိနေပြီး ကြီးပြင်းနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် မိဘများ၏ ကျွေးမွေးစောင့်ရှောက်ခြင်း ကျေးဇူးတရားအောက်တွင် ကြီးပြင်းလာပြီး၊ သူ၏ကြီးပြင်းမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်၏ လာရာအရပ်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။
၂
လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူ့အသက်၏ တည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်ကြောင်းသာ သိရှိကြသည်။ ဘုရား၏ ကျေးဇူးတော်နှင့် ပံ့ပိုးမှုတို့ကို လူသားသည် လုံးဝ သတိမမူမိပေ၊ ပြီးလျှင် သူ့အပေါ် ဘုရား အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်မှာ ဤနည်းဖြင့်ဖြစ်လေသည်။... ဘုရားက နေ့ရောညပါ စောင့်ရှောက်သည့်သူ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသည် မျှော်လင့်ချက်မထားရှိသော လူသားအပေါ် ကိုယ်တော်စီစဉ်ထားသည့်အတိုင်း ဆက်လက်၍သာ လုပ်ဆောင်လျက်ရှိသည်။ ကိုယ်တော် ထိုသို့ပြုရခြင်းမှာ တစ်နေ့တွင် လူသည် သူ၏အိပ်မက်မှ နိုးထလာပြီး အသက်၏ တန်ဖိုးနှင့် အနက်အဓိပ္ပာယ်ကို၊ သူ့အား ကိုယ်တော် ပေးခဲ့သော အရာအားလုံးအတွက် ဘုရား ပေးဆပ်ခဲ့ရသည့် အဖိုးအခကို၊ လူသည် ကိုယ်တော့်ထံ ပြန်လှည့်လာရန် ဘုရားသခင် ပြင်းပြစွာ တောင့်တသည်ကိုရုတ်တရက် နားလည်လာမည်ဟူသော မျှော်လင့်ချက်ဖြင့်ပေတည်း။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် မှ