၁။ ဘုရားသခင့်နှုတ်ကပတ်တော် အမှု၏ အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ သုတ်သင်ဖယ်ရှားခံရပြီး၊ စမ်းသပ်ခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ၊ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့်၊ လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ၊ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌၊ လူသည် ထူးခြားစွာ ကောင်းချီးခံစားရပြီး ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မခံစားရသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှု သက်သက်ကိုသာ မွေ့လျော်ခံစားရလေသည်။ လူသည် ကျိုးကြောင်းမမြင်ဘဲ၊ ထွက်ရှာခြင်း သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ ခရီးဆက်သွားခြင်း မလိုအပ်ဘဲ၊ သူ၏ သက်သောင့်သက်သာ ဖြစ်ခြင်းအလယ်မှ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ဖြင့် စကားပြောဆိုသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသော အရာကို လက်ခံရရှိပြီး၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သူ၏ အမှု လုပ်ဆောင်နေသည်ကို စောင့်ကြည့်ရလေသည်။ ဤသည်တို့မှာ အတိတ်က လူတို့ မမွေ့လျော် မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံး၀ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်ဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးအဆင့်သည် ဘုရားသခင်၏ အမှုကို စုံလင်သော အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး ယင်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ ယွင်းမှားပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

အမှု၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် စွမ်းဆောင်ရရှိပေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် နက်နဲမှုများစွာနှင့် အတိတ် မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတို့ကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ လုံးဝ မဖြေရှင်းဖူးသည့် နက်နဲမှုများအပြင်၊ အတိတ်အချိန်ကာလများမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် ၎င်းတို့အလုပ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရားများကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားအပြင် လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူကိုယ်တိုင်၏ အနှစ်သာရကို သိနားလည်လာသည်။ အမှု၏ ဤအဆင့်များမှတစ်ဆင့်၊ ပြီးလျှင် ပြောကြားခဲ့သော နှုတ်ကပတ်တော်များအားလုံးမှတစ်ဆင့်၊ လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ လုပ်ဆောင်သည့် အမှုနှင့် ထို့ထက်ပင်သာ၍ သူ၏ အလုံးစုံသော စိတ်သဘောထားကို သိလာသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိပေသည်။ သင်၏ ယခင်က အယူအဆများနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ သင်၏ အောင်မြင်မှုနှင့်ဆိုင်သော အသိပညာသည်လည်း နှုတ်ကပတ်တော် မှတစ်ဆင့် ကြိုးပမ်းရရှိခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင်၊ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့သော်လည်း၊ ဤအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် ထုတ်ဖော်မပြသည်နှင့်ဆိုင်သည့် သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့ကြသော အလုပ်ကို ကျော်လွန်သည်။ ပရောဖက်များ ပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ဖူးပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ကြွလာပြီး ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ရှုထောင့်မှ၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ဦး၏ရှုထောင့်မှ စကားပြောသည်။ သူသည် အချိန်ကာလ တစ်ခုအတွက် နည်းလမ်းတစ်ခုကို အသုံးပြုရင်း၊ မတူကွဲပြားသော နည်းလမ်းများဖြင့် စကားပြောဆိုကာ၊ လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲက မရေရာသော ဘုရားသခင်၏ ပုံရိပ်ကို ဖယ်ရှားရန် စကားပြောခြင်း နည်းစနစ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင်သည် မကျန်းမာသူများကို အနာငြိမ်းစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ နိမိတ်လက္ခဏာများပြသဖို့နှင့် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို အပ်နှင်းရန် ကြွလာပြီးဖြစ်သည်ဟု လူသားက ယုံကြည်သောကြောင့်၊ လူသားက ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်ခြင်းနှင့် လူသားက သိနိုင်ဖို့အလို့ငှာနှင့် သူ၏ နှလုံးသားမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးနိုင်ရန်အလို့ငှာ၊ ထိုအမှုအရာများကို လူသား၏ အယူအဆများမှ ဖယ်ရှားဖို့၊ ဘုရားသခင်သည် အမှု၏ဤအဆင့်ကို- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို- ဆောင်ရွက်လေသည်။ လူသား၏အတွင်းရှိ ဘုရားသခင်၏ ပုံရိပ်သည် ဟောင်းလာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ရုပ်တုဆင်းတုတစ်ခု ဖြစ်လာလေသည်။ ယေရှုသည် ကြွလာခဲ့ပြီး အမှု၏ အဆင့်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပေ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို ပြသခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့ပြီး နောက်ဆုံးတွင် ကားစင်တင်ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘဲ၊ ယင်းထက် ဘုရားသခင်၏ အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး၊ အလွန် အံ့ဖွယ်ဖြစ်ကာ သူသည် သိနားလည်၍ မရနိုင်သောကြောင့် ဖြစ်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင်သည် သူ၏ အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ- ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူသည် မိမိကိုယ်ကိုယ် မည်သို့ နှိမ့်ချစွာ ကွယ်ဝှက်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။ ဤအချိန်အတောအတွင်း ဘုရားသခင်၏ အမှုအများစုသည် လူသားကို ပံ့ပိုးပေးခြင်း၊ ထုတ်ဖော်ပြခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ ဖြစ်ပေပြီ။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် မကျိန်ဆဲသကဲ့သို့၊ သူကျိန်ဆဲသည့်အခါတွင်ပင် ၎င်းတို့ကို သူ ကျိန်ဆဲသည်မှာ နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်၌၊ ဘုရားသခင်က မကျန်းမာသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို တစ်ဖန် နှင်ထုတ်ခြင်းကို မြင်ရဖို့ မကြိုးစားကြနှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအား ရပ်တန့်လော့- အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို မစုံလင်စေနိုင်ပေ။ ရှင်းရှင်းပြောရလျှင်- လူ့ဇာတိရှိသော ဘုရားသခင် ကိုယ်တိုင်စင်စစ်သည် မဆောင်ရွက်ပေ။ သူသည် စကားသာ ပြောဆိုလေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အမှုပြုရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ လက်တွေ့အရှိတရားကို သင့်အား သိစေဖို့ အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုလေသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤပုံစံကို သင် သိမြင်နိုင်စွမ်းရှိပါက၊ အပျက်သဘောဆောင်ဖို့ ခက်ခဲပေသည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား အပြုသဘောဆောင်သော အရာများအပေါ်၌သာ သင်တို့ အာရုံစိုက်သင့်သည်- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး၊ ဤသည်မှာ နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်ကာ၊ ထို့ထက်ပင်သာ၍ ယင်းသည် ငြင်း၍မရနိုင်သော အချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံးသော သက်သေအထောက်အထားဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်စေနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း မဟုတ်သည်နှင့်အမျှ၊ ထိုအရာအားလုံးကို လူ၏ ကယ်တင်ခြင်းအတွက်သာ မြွက်ဆိုထားခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် လူသားကား အလင်းထဲတွင် အသက်ရှင်စေသည်၊ အလင်းတည်ရှိသည်ကို သိစေသည်၊ အလင်း တန်ဖိုးရှိသည်ကို သိစေပြီး၊ ထို့ထက်ပင်မက ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ မည်သို့ အကျိုးပြုသည်ကို သိရှိစေသည့်အပြင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို သိစေသည်။ ငါသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များစွာကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ ထိုအရာများက ကိုယ်စားပြုသည့်အရာကို သင်တို့ထံ ဧကန်အမှန် မလုပ်ဆောင်ရသေးပေ။ ငါသည် ငါ၏အမှုကို လုပ်ဆောင်ရန်နှင့် ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုရန် ကြွလာပြီဖြစ်သည်၊ ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ယင်းတို့ကို သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် သင်တို့၏ ပုန်ကန်မှုတို့ကို တရားစီရင်ရာတွင် ပြောဆိုထားခြင်းဖြစ်၏။ ဤအရာကို ငါ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် စာတန်၏ အုပ်စိုးမှုမှ လူကို ကယ်တင်ရန်ဖြစ်နေဆဲ ဖြစ်သည်။ ငါသည် လူကို ကယ်တင်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ငါ၏ရည်ရွယ်ချက်မှာ လူကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက် နစ်နာစေရန် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏အမှု၌ ရလဒ်များ ရရှိဖို့အလို့ငှာ ခက်ထန်ပေသည်။ ထိုသို့သော အမှုမှတစ်ဆင့်သာ လူသည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပြီး ၎င်းတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ လွတ်မြောက်နိုင်ပေသည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့ကို သမ္မာတရားအား နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်ခွင့်ပေးခြင်း၊ ၎င်းတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိခွင့်ပေးခြင်းနှင့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိခွင့်ပေးခြင်းတို့ ဖြစ်သည်။ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းအားဖြင့် အမှုကို လုပ်ဆောင်ခြင်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်သွယ်မှုကို ဖြစ်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာ သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နှုတ်ကပတ်တော်များ၏ မိန့်မြွက်ချက်မှလွဲ၍ အခြားမည်သည့်နည်းစနစ်ကမျှ သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့်ပတ်သက်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို လူတို့ကို ပေးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ့အမှု၏ နောက်ဆုံးအဆင့်တွင် လူတို့ကို ဘုရားသခင်ထံမှ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ရရှိခွင့်ပေးလျက်၊ ထိုသို့ဖြင့် သူ၏ အလိုကို ဖြည့်ဆည်းရင်း၊ ဘုရားသခင်သည် ၎င်းတို့ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူကို စကားပြောဆိုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်- လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

အရှေ့သို့- ၅။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို သိခြင်းမှာ ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် အဆိုရှိသနည်း။

နောက်တစ်ခုသို့- ၂။ ဘုရားသခင်၏သိမ်းပိုက်ခြင်း အမှု၏ အရေးပါမှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။