၆၆၁ ဘုရားနောက် ဧကန်လိုက်သူတို့သည် စမ်းသပ်မှုများအတွင်း မြဲမြံစွာ ရပ်တည်နိုင်၏ကျူး

၁ နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။

၂ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က နှိပ်စက်မည် မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၆၀ အောင်နိုင်သူတို့၏သီချင်း

နောက်တစ်ခုသို့- ၆၆၂ စမ်းသပ်မှုများအတွင်း လူက ကိုင်စွဲထားသင့်သောအရာကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။