သောမ၏ဇာတ်လမ်းသည် နှောင်းလူများအတွက် သတိပေးချက်တည်းကျူး
၁ သခင်ယေရှုသည် သောမရှေ့၌ ပေါ်လာသောအချိန်မှာ သူစကားပြောခြင်းကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသော ဤစကားတို့သည် ကျေးဇူးတော်ခေတ်မှာရှိသော လူတို့အားလုံးအတွက် အလွန်ပင် အထောက်အကူဖြစ်သည်။ သောမရှေ့မှာ ပေါ်ထွက်လာခြင်းနှင့် သူ့ကိုပြောခဲ့သော စကားတို့သည် အနာဂတ်မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ထာဝရတည်ရှိနေမည့် အဓိပ္ပာယ်ပါဝင်ပါသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ သူတို့မှာ သံသယဝင်တတ်သော အကျင့်စရိုက်၊ ထိခိုက်မှုပြုတတ်သော နှလုံးသားရှိပြီး ဖောက်ပြန်တတ်သည်။ ဘုရားသခင်ပြီးမြောက်စေနိုင်သောအရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အဆုံးအစမရှိသော ဘုန်းတန်ခိုးနှင့် သူ၏ အုပ်ချုပ်မှုကို မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူတို့ကို အထိနာသွားစေသည်။ ဤအချက်က သူတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ သူတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်၊ သူတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုတို့ကို သိမြင်ရန်ကိုလည်း ထောက်ပံ့ပေးသောကြောင့် သခင်ယေရှု၏တည်ရှိမှုနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို အမှန်တကယ် ယုံကြည်သွားစေပါသည်။
၂ သောမ၏ အဖြစ်အပျက်သည် နောက်ပိုင်းမျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာတစ်ခုဖြစ်ခဲ့ပြီး လူတို့သည် သောမကဲ့သို့ သံသယမဝင်ရန်အတွက် သူတို့ကိုယ်သူတို့ ပိုပြီး သတိပေးနိုင်ရန်အတွက် ဖြစ်ခဲ့ပါသည်။ သံသယဝင်ခဲ့လျှင် သူတို့သည် မှောင်မိုက်ထဲ၌ နှစ်မြုပ်သွားပါလိမ့်မည်။ သင်သည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ သေချာစေရန်၊ သုံးသပ်ရန်အတွက် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေလျှင် ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်စေလိုပေ။ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်းမျိုးမဖြစ်စေလိုဘဲ သန့်စင်သော၊ ရိုးသားသော သူတစ်ယောက်ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယတို့ မွေးမြူမထားဘဲ သူ့ကိုယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုပါသည်။ ဤကဲ့သို့လူမျိုးသည် ကောင်းကြီးခံစားရသည်။ ၎င်းက လူတို့အတွက် သခင်ယေရှု၏ အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ့နောက်လိုက်တို့အတွက် သတိပေးချက်တစ်ခုဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။