၆၉ သိမ်းပိုက်ခြင်းအလုပ်၏ အနှစ်သာရ

၁ သိမ်းပိုက်ခြင်းအမှုသည် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်း၊ ပြီးလျှင် လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ယင်း၏အကျိုးတရားကို စွမ်းဆောင်ရရှိသည်။ ယင်းကို လူသားနှင့် အပေးအယူတစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ကို ပေးခြင်းဖြင့် စွမ်းဆောင်ရရှိသည်မဟုတ်ဘဲ၊ ယင်းထက် လူသားအား ၎င်း၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှားခြင်းနှင့် သူ၏အလားအလာများကို အမြစ်ဖြတ်ခြင်းမှ သူ၏သစ္စာ စောင့်သိမှုကို ထုတ်ဖော်ပြခြင်းအားဖြင့် ရရှိပေသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။

၂ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။ သို့ရာတွင် အဖန်ဆင်းခံများ အားလုံးအပေါ် ဘုရားသခင်၏ သဘောထားတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်သည် မဟုတ်ဘဲ၊ အတိအကျ ဆိုရပါက သူ၏ ဘုန်းအသရေအတွက် လူသားကို ရရှိဖို့နှင့် လူသား၏ အစ၊ မူလ ပုံသဏ္ဌာန်ကို ပြန်ရရန်အလို့ငှာ သိမ်းပိုက်ခြင်းဖြစ်၏။ လူသားကို သိမ်းပိုက်ပြီးနောက် သူ့ကိုရယူခြင်းနှင့် အံ့ဩဖွယ်ရာပန်းတိုင်သို့ လူသား၏ နောက်ဆုံး ရောက်ရှိခြင်းတို့သည်သာ ကယ်တင်ခြင်းအမှုတစ်ခုလုံး၏ အချက်အချာတွင် ရှိကာ၊ ဤအရာကသာ လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်အား ရရှိနိုင်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၈ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်ပန်းတိုင်

နောက်တစ်ခုသို့- ၇၀ သိမ်းပိုက်ခြင်းအမှုအားဖြင့် လူတို့သည် အမျိုးအစား သတ်မှတ်ခြင်းခံရကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။