၅၀၄ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ဒုက္ခဆင်းရဲခံရခြင်းမှာ အဓိပ္ပာယ်အရှိဆုံးဖြစ်၏

၁ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင်တို့အား ထုတ်ဖော်ပြခဲ့ပြီးဖြစ်ရာ သင်တို့၏ နောက်ထပ်ခြေလှမ်းမှာ ၎င်းတို့ကို အမှန်တကယ် လက်တွေ့ကျင့်သုံးရန်သာ ဖြစ်၏။ ယင်းနှုတ်ကပတ်တော်များကို သင်လက်တွေ့ကျင့်သုံးနေစဉ် ဘုရားသခင်သည် အသိဉာဏ်ဖွင့်မှုနှင့် လမ်းညွှန်ပြသမှုကို လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရမည့် ပုံပင်တည်း။ အဓိကအကျဆုံးမှာ သင်တို့၏ပန်းတိုင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အထဲ၌ သက်ရောက်စေရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့ ကျင့်သုံးရာ၌၊ ထိုနှုတ်ကပတ်တော်ကို မှန်ကန်စွာ နားလည်မှုရှိရန် ဖြစ်သည်။ သင်တို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်နိုင်စွမ်းသည် အားနည်းကောင်း အားနည်းနေနိုင်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့ကျင့်သုံးသောအခါ ကိုယ်တော်သည် ဤအပြစ်အနာအဆာကို ပြုပြင်ပေးနိုင်သည်ဖြစ်ရာ၊ သင်သည် သမ္မာတရားများစွာကို သိရုံတင်မက ၎င်းတို့ကို လက်တွေ့လည်း ကျင့်သုံးရမည်။ ဤသည်မှာ လျစ်လျူရှု၍ မရနိုင်သော အကြီးမားဆုံး အချက်အချာဖြစ်သည်။

၂ ယေရှုသည် သူ၏ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ခွဲတွင် အရှက်ကွဲခြင်းမှုများနှင့် များစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ခြင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို ပြုလုပ်ခဲ့ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကိုသာ အမှုထားခဲ့ခြင်းကြောင့်ပင် အလွန်တရာ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။ ယင်းမှာ အကယ်၍ ကိုယ်တော်သည် လက်တွေ့ ကျင့်သုံးမှုမရှိဘဲ သမ္မာတရားကို သိခဲ့လျှင် ခံစားခဲ့ရမည် မဟုတ်သော ဆင်းရဲဒုက္ခဖြစ်၏။ အကယ်၍ ယေရှုသည် ယုဒလူမျိုးတို့၏ သွန်သင်ချက်များ နောက်ကို လိုက်လျှောက်ခဲ့ပြီး ဖာရိရှဲတို့၏ နောက်ကို လိုက်လျှောက်ခဲ့လျှင် ကိုယ်တော်သည် ဒုက္ခဆင်းရဲ ခံစားခဲ့ရမည် မဟုတ်ပေ။ လူတို့အပေါ် ဘုရားသခင်၏ အမှုတော်၏ သက်ရောက်မှုသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုမှ လာကြောင်းကို သင်သည် ယေရှု၏ လုပ်ဆောင်ချက်များမှ သင်ယူနိုင်သည်။ ဤသည်မှာ သင်တို့သိထားရမည့် အရာပင်တည်း။ အကယ်၍ ကိုယ်တော်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးခဲ့လျှင် ယေရှုသည် ဤသို့ဤပုံ လက်ဝါးကပ်တိုင်တွင် ခံစားခဲ့ရမည်လော။ အကယ်၍ ကိုယ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း မပြုမူခဲ့ပါက ဤမျှ ဝမ်းနည်းစရာကောင်းသော ဆုတောင်းပတ္ထနာကို ပြုနိုင်ခဲ့မည်လော။ ထို့ကြောင့် သင်တို့သည် သမ္မာတရား လက်တွေ့ ကျင့်သုံးမှုအတွက်ကြောင့် ဆင်းရဲဒုက္ခ ခံစားသင့်သည်၊ ဤသည်မှာ လူတစ်ဦးခံရမည့် ဆင်းရဲဒုက္ခ အမျိုးအစားပင်တည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၀၃ ဘုရား၏နှစ်လိုဖွယ်ကောင်းခြင်းကို မြင်ရရန် ဇာတိပကတိကို ပစ်ပယ်လော့ကျူး

နောက်တစ်ခုသို့- ၅၀၅ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအတွက် ဒုက္ခခံစားရခြင်းက ဘုရား၏လက်ခံမှုကို ရရှိ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။