၅၀၅ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအတွက် ဒုက္ခခံစားရခြင်းက ဘုရား၏လက်ခံမှုကို ရရှိ၏ကျူး
၁
လူတို့ သမ္မာတရား လက်တွေ့ကျင့်သုံးချိန်၊ စုံစမ်းခြင်းခံရချိန်တိုင်း၊
ဘုရားအမှု ရောက်လာချိန်တိုင်း
ပြင်းထန်စွာ နာကျင်မှု ခံကြရတယ်။
အချိန်တိုင်း သူတို့အတွက် စမ်းသပ်မှုတစ်ခုမို့
အတွင်းထဲမှာ တိုက်ပွဲရှိတယ်။
ဒါ သူတို့ပေးရမယ့် စစ်မှန်တဲ့ အဖိုးအခပဲ။
ဘုရား၏နှုတ်ကပတ်တော် ပိုမိုဖတ်ရှု၊
သွားလာရင်း အဖိုးအခပေးကြတယ်။
ဒါ လူတို့ လုပ်ဆောင်သင့်တဲ့အရာ၊ ဖြည့်ဆည်းရမယ့် တာဝန်ပဲ
ဒါပေမယ့် ကိုယ့်အတွင်းထဲကရှိတဲ့ ကိုယ့် ကိုယ်ပိုင်စိတ်ကူး၊
အကြံအစည်တွေ၊ ကိုယ့်အယူအဆနဲ့ရည်ရွယ်ချက်တွေကို
ဖယ်ရှားတတ်ဖို့လူတို့သင်ယူရမယ်
မဖယ်ရှားရင် သူတို့ ဘယ်လိုခံစားရပါစေ၊
ဘယ်လောက်လုပ်ဆောင်ကြပါစေ၊
အကြောင်းမှာ အားလုံး အချည်းနှီးဖြစ်လိမ့်မယ်။
သင်ပေးထားတဲ့ အဖိုးအခကို ဘုရားလက်ခံ၊ မလက်ခံခြင်းက
သင့်အထဲ၌ ပြောင်းလဲခြင်း ရှိ၊ မရှိနဲ့
သမ္မာတရားကို လက်တွေ့လုပ်၊ မလုပ်နဲ့ တိုင်းတာတယ်
ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့၊
ကိုယ်တော်ကို သိကျွမ်းဖို့နဲ့ ဘုရားကို သစ္စာစောင့်သိဖို့
ကိုယ့်အယူအဆနဲ့ရည်ရွယ်ချက်တွေကို ဆန့်ကျင်တွန်းလှန်ရင်းလေ။
၂
သင့်အထဲက ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတွေကသာ
သင်ခံရတဲ့ ဆင်းရဲဒုက္ခကို တန်ဖိုးရှိ၊ မရှိ ဆုံးဖြတ်ပေးနိုင်တာ
သင့်စိတ်သဘောထား ပြောင်းလဲပြီး
သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့အခါ
သင်ခံစားရတဲ့ ဒုက္ခအားလုံးကို ဘုရားအသိအမှတ်ပြုလိမ့်မယ်။
ဒါပေမဲ့သင့်အတွင်းထဲကစိတ်သဘောထား မပြောင်းလဲရင်
အပြင်ပန်းအားဖြင့် ဘယ်လောက်ပဲ အလုပ်များနေပါစေ၊
ဆင်းရဲဒုက္ခ ဘယ်လောက်ထိ ကြံ့ကြံ့ခံခဲ့ဖူးပါစေ
ဘုရားသခင် လက်မခံရင် အချည်းနှီးပဲ။
သင်ပေးထားတဲ့ အဖိုးအခကို ဘုရားလက်ခံ၊ မလက်ခံခြင်းက
သင့်အထဲ၌ ပြောင်းလဲခြင်း ရှိ၊ မရှိနဲ့
သမ္မာတရားကို လက်တွေ့လုပ်၊ မလုပ်နဲ့ တိုင်းတာတယ်
ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့၊
ကိုယ်တော်ကို သိကျွမ်းဖို့နဲ့ ဘုရားကို သစ္စာစောင့်သိဖို့
ကိုယ့်အယူအဆနဲ့ရည်ရွယ်ချက်တွေကို ဆန့်ကျင်တွန်းလှန်ရင်းလေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်