လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။ အဖန်ဆင်းခံတစ်ဦး အနေဖြင့် လူသားသည် အဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်- လူသားသည် ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်နောက်လိုက်သင့်၏၊ သင်တို့သည် ငါပြောသမျှနည်းလမ်းအတိုင်း ဆက်လက် ဆောင်ရွက်သင့်သည်၊ သင်သည် မိမိကိုယ်ကိုယ်အတွက် အမှုအရာများကို စီမံနိုင်ခြင်းမရှိကဲ့သို့၊ မိမိကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ၊ အရာအားလုံးကို ဘုရားသခင်ထံ ဝကွက်အပ်ရမည်ဖြစ်ပြီး၊ အရာရာတိုင်းသည် သူ့လက်အတွင်း၌ ထိန်းချုပ်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို မျှော်မှန်းချိန်ထက်စော၍ ရလဒ်တစ်ခု၊ နှစ်သက်ပျော်ရွှင်ဖွယ် ပန်းတိုင်တစ်ခုပေးပြီး၊ ဘုရားသခင်သည် လူသားကိုသွေးဆောင်ရန်နှင့် လူသားကို သူ့နောက်သို့ လိုက်စေရန် ဤအရာကို အသုံးပြုပါက- သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက- ဤသည်မှာ သိမ်းပိုက်ခြင်းဖြစ်မည် မဟုတ်သကဲ့သို့၊ လူသား၏အသက်တာကို အမှုပြုဖို့လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ထိန်းချုပ်ပြီး၊ လူသား၏နှလုံးသားကို ရယူရန် လူသား၏ နိဂုံးကို အသုံးပြုမည်ဆိုပါက၊ ဤတွင် သူသည် လူသားကို စုံလင်နေစေခြင်း မဟုတ်သကဲ့သို့၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ၊ ယင်းအစား သူ့ကို ထိန်းချုပ်ရန် ပန်းတိုင်ကို အသုံးပြုနေခြင်းဖြစ်ပေမည်။ လူသားသည် အနာဂတ်နိဂုံး၊ နောက်ဆုံးခရီးပန်းတိုင်နှင့် မျှော်လင့်ရန် ကောင်းသောအရာတစ်ခုခု ရှိ မရှိတို့ထက် သာ၍ မည်သည့်အရာကိုမျှ အရေးမထားပေ။ သိမ်းပိုက်သည့်အမှုအတွင်းတွင် လူကို လှပသည့် မျှော်လင့်ချက်တစ်ရပ် ပေးခဲ့မည်ဆိုပါက၊ ပြီးလျှင် လူသားကို သိမ်းပိုက်ခြင်းမတိုင်မီတွင်၊ လိုက်စားရှာဖွေရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခုကို သူ့အားပေးခဲ့ပါက၊ လူသားကို သိမ်းပိုက်ခြင်းသည် ယင်း၏ အကျိုးတရားကို ရရှိမည် မဟုတ်သည်သာမက၊ သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုသည်လည်း လွှမ်းမိုးခံရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သိမ်းပိုက်ခြင်းအမှုသည် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်း၊ ပြီးလျှင် လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ယင်း၏အကျိုးတရားကို စွမ်းဆောင်ရရှိသည်ဟုဆိုရပေမည်။ ယင်းကို လူသားနှင့် အပေးအယူတစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ကို ပေးခြင်းဖြင့် စွမ်းဆောင်ရရှိသည်မဟုတ်ဘဲ၊ ယင်းထက် လူသားအား ၎င်း၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှားခြင်းနှင့် သူ၏အလားအလာများကို အမြစ်ဖြတ်ခြင်းမှ သူ၏သစ္စာ စောင့်သိမှုကို ထုတ်ဖော်ပြခြင်းအားဖြင့် ရရှိပေသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ တကယ့်အစအဦးတွင် လူသားကို နှစ်သက်ဖွယ်ကောင်းသော မျှော်လင့်ချက်ပေးခဲ့ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင် လုပ်ဆောင်ပါက၊ လူသားသည် အလားအလာများရှိခဲ့သည့် အခြေခံအကြောင်းရင်းအရ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းရှင်ကို သူ၏အဖန်ဆင်းခံများအားလုံးက အကြွင်းမဲ့နာခံခြင်းနှင့် ကိုးကွယ်ခြင်းတို့အား ရရှိမည်မဟုတ်ပေ။ ကျိုးကြောင်းမမြင်သည့် မသိနားမလည်သော နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ကျိုးကြောင်းမမြင်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုမှုများ ပြုမည်ဖြစ်သကဲ့သို့၊ လူသား၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ထိုသို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိဖို့ ဖြစ်နိုင်မည် ဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အဖို့ သက်သေခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့သော အဖန်ဆင်းခံများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် အပေးအယူများသာ လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်း ဖြစ်မည်မဟုတ်ဘဲ၊ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာသာ ဖြစ်ပေမည်။ လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။ သို့ရာတွင် အဖန်ဆင်းခံများ အားလုံးအပေါ် ဘုရားသခင်၏ သဘောထားတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်သည် မဟုတ်ဘဲ၊ အတိအကျ ဆိုရပါက သူ၏ ဘုန်းအသရေအတွက် လူသားကို ရရှိဖို့နှင့် လူသား၏ အစ၊ မူလ ပုံသဏ္ဌာန်ကို ပြန်ရရန်အလို့ငှာ သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းအတွက်သာ သိမ်းပိုက်မည်ဆိုပါက၊ သိမ်းပိုက်ခြင်း အမှု၏ အရေးပါမှုမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ ဆိုလိုသည်မှာ လူသားကို သိမ်းပိုက်ပြီးနောက်၊ ဘုရားသခင်သည် လူသားနှင့် မပတ်သက်တော့သကဲ့သို့၊ လူသား၏သေခြင်း၊ ရှင်ခြင်းကို အရေးမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်း အတွက် ဖြစ်လိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ လူသားကို သိမ်းပိုက်ပြီးနောက် သူ့ကိုရယူခြင်းနှင့် အံ့ဩဖွယ်ရာပန်းတိုင်သို့ လူသား၏ နောက်ဆုံး ရောက်ရှိခြင်းတို့သည်သာ ကယ်တင်ခြင်းအမှုတစ်ခုလုံး၏ အချက်အချာတွင် ရှိကာ၊ ဤအရာကသာ လူသား၏ကယ်တင်ခြင်း ရည်မှန်းချက်အား ရရှိနိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လှပသည့် ပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် ငြိမ်သက်ခြင်းချမ်းသာထဲသို့ သူ၏ ဝင်ရောက်ခြင်းသည်သာ အဖန်ဆင်းခံအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်အနေဖြင့် လုပ်ဆောင်သင့်သည့် အမှု ဖြစ်သည်။ အကယ်၍ လူသားသည် ဤအမှုကို လုပ်ဆောင်ရမည်ဆိုပါက၊ အလွန်အကန့်အသတ်ရှိပေမည်- ယင်းသည် လူသားကို အခြေအနေ တစ်ခုထိ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း၊ လူသားကို ထာဝရ ပန်းတိုင်သို့ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို မဆုံးဖြတ်နိုင်သကဲ့သို့၊ ထို့အပြင် လူသား၏ အလားအလာများနှင့် အနာဂတ် ပန်းတိုင်ကိုလည်း မသေချာစေနိုင်ပေ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကို လူသားအား သူ၏ အလားအလာများမှ သန့်စင်စေခြင်းဖြင့် ရရှိသော်လည်း၊ လူသားသည် နောက်ဆုံးတွင် ၎င်းအတွက် ဘုရားသခင် ပြင်ဆင်ထားသည့် သင့်တော်သော ပန်းတိုင်ထဲသို့ ခေါ်ဆောင်ခံရမည် ဖြစ်သည်။ လူသားသည် ပန်းတိုင်တစ်ခုရှိပြီး သူ၏ ကံကြမ္မာ သေချာသည်မှာ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုပြုသောကြောင့် ဖြစ်ပေသည်။ ဤနေရာတွင် ရည်ညွှန်းထားသည့် သင့်တော်သော ပန်းတိုင်မှာ လူသား၏ အတိတ်က သန့်စင်ခံရသော မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပေ။ ထိုနှစ်ခုမှာ ကွဲပြားခြားနား၏။ လူသားက မျှော်လင့်ပြီး လိုက်စားသည့် အရာများသည် လူသားနှင့်လျော်ကန်သော ပန်းတိုင်ဆိုသည်ထက်၊ ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို သူ၏လိုက်စားမှုမှ ထွက်ပေါ်သော တမ်းတမှုများ ဖြစ်သည်။ ထိုစဉ်အတောအတွင်း လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသည့်အရာများမှာ၊ လူသားကို ဖြူစင်စေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းနှင့် ထိုက်သင့်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်ပေသည်၊ ယင်းတို့မှာ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့ပြီး လူသား၏ ရွေးချယ်မှုများ၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် မစွန်းထင်းပေ။ ဤပန်းတိုင်ကို သီးခြားလူတစ်ဦးအတွက် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ပန်းတိုင်ဖြစ်၏။

ဖန်ဆင်းရှင်သည် ဖန်ဆင်းခြင်း၏ သက်ရှိအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်ဆောင်သည့်အရာ မည်သည့်အရာကိုမျှ သင်သည် မစွန့်ပစ်ရ သို့မဟုတ် မနာခံရမည်မဟုတ်သကဲ့သို့၊ သူ့အပေါ် ပုန်လည်းမပုန်ကန်သင့်ပေ။ သူလုပ်ဆောင်သည့်အမှုသည် အဆုံးတွင် သူ၏ ရည်မှန်းချက်များကို ဖြစ်မြောက်စေသောအခါ၊ ဤအရာ၌ သူသည် ဘုန်းအသရေ ရရှိလိမ့်မည်။ ယနေ့တွင်၊ သင်သည် မောဘ၏ သားစဉ်မြေးဆက်ဖြစ်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်သည်ကို အဘယ်ကြောင့် မပြောထားပါသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ၊ အဖန်ဆင်းခံ သတ္တဝါများအကြောင်းသာ ပြောသနည်း။ အဖန်ဆင်းခံ သတ္တဝါ- ဤသည်မှာ လူ၏နဂိုမူလ အမည်နာမဖြစ်ပြီး၊ သူ၏မွေးရာပါ ပင်ကိုလက္ခဏာမှာ ဤအရာ ဖြစ်သည်။ အမှု၏ ခေတ်များနှင့် အချိန်ကာလများ ကွဲပြားသောကြောင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အမှန်တွင်၊ လူသည် သာမန်အဖန်ဆင်းခံတစ်ဦးသာ ဖြစ်၏။ အဖောက်ပြန်အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ အဖန်ဆင်းခံများ အားလုံးသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရ မည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြုလျက် သင့်ကို မထိန်းချုပ်ပေ။ ဤနည်းဖြင့် အလုပ်လုပ်ရန် အမှန်တကယ် မလိုအပ်ပေ။ သိမ်းပိုက်ခြင်း အမှု၏ ရည်မှန်းချက်မှာ လူအား အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို ပြုပြီးမှသာ သူသည် နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

သိမ်းပိုက်ခြင်းအမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ လူသည် လှပသော ကမ္ဘာလောကတစ်ခုထဲသို့ ခေါ်ဆောင်ခံရလိမ့်မည်။ ဟုတ်ပေ၏၊ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်လိမ့်မည် ဖြစ်သော်လည်း၊ ယနေ့ လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံး သိမ်းပိုက်ခံရပြီးနောက်၊ လူသားမျိုးနွယ် ရှိမည့် အသက်တာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ လူသားအတွက် အသစ်စတင်ခြင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် ထိုသို့သော အသက်တာတစ်ခု ရှိရန်မှာ လူသားမျိုးနွယ်သည် သစ်လွင်ပြီး လှပသော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သည့် သက်သေ ဖြစ်လိမ့်မည်။ ယင်းသည် ကမ္ဘာမြေပေါ်တွင် လူနှင့် ဘုရားသခင်၏ ဘဝ စတင်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့သော လှပသည့် အသက်တာ၏ အကြောင်းပြချက်မှာ လူသည် သန့်စင်ခံရကာ သိမ်းပိုက်ခံရပြီးနောက်တွင်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် သူ ကျိုးနွံနာခံခြင်းကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့်၊ သိမ်းပိုက်ခြင်း အမှုသည် လူသားမျိုးနွယ်က နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မဝင်ရောက်မီ ဘုရားသခင်၏ အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထိုသို့သော အသက်တာတစ်ခုသည် ကမ္ဘာမြေပေါ်က လူ၏အနာဂတ် အသက်တာဖြစ်၏၊ ကမ္ဘာပေါ်က အလှပဆုံးသော အသက်တာဖြစ်၏၊ လူသား တောင့်တသော အသက်တာမျိုးဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသော အသက်တာမျိုး ဖြစ်၏။ ယင်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် အတမ်းတဆုံးသောအရာဖြစ်ပြီး လူသားထံ ဘုရားသခင်၏ ကတိလည်း ဖြစ်သည်။ သို့ရာတွင် ဤကတိသည် ချက်ချင်းဖြစ်မလာနိုင်ပေ။ နောက်ဆုံးသော ကာလ၏ အမှု ပြီးဆုံးပြီး လူသည် လုံးဝသိမ်းပိုက်ခံရပြီးမှသာ၊ ဆိုလိုသည်မှာ စာတန် လုံးဝ ရှုံးနိမ့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် လူသည် အနာဂတ် ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်လိမ့်မည်။ လူသည် စစ်ဆေးခံရပြီးနောက်တွင်၊ အပြစ်ရှိသော သဘာဝမရှိဘဲ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်း ရှိမည်မဟုတ်သကဲ့သို့၊ လူ၏ ဇာတိပကတိကို တိုက်ခိုက်နိုင်သည့် ရန်လိုသည့် အင်အားစုများ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူသည် လွတ်လပ်ကာ သန့်ရှင်းလိမ့်မည်- သူသည် ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်အင်အားစုများကို ကျေးကျွန်ဘဝတွင် ထိန်းချုပ်ထားမှသာ လူသည် သွားလေရာရာ၌ လွတ်လပ်လိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သူသည် ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိမည်မဟုတ်ပေ။ စာတန်သည် ကျေးကျွန်ဘဝတွင် ထိန်းချုပ်ခံရဖို့သာရှိပြီး၊ လူနှင့်ပတ်သက်၍ အားလုံး အဆင်ပြေလိမ့်မည်။ ကမ္ဘာမြေပေါ်က နေရာတိုင်းတွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ မရောက်ရှိသေးသောကြောင့် လတ်တလော အခြေအနေ တည်ရှိခြင်း ဖြစ်သည်။ စာတန် ကျရှုံးသည်နှင့် တစ်ပြိုင်နက်၊ လူသည် လုံးဝလွတ်မြောက်လိမ့်မည်ဖြစ်သည်။ လူသည် ဘုရားသခင်ကိုရရှိပြီး စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ၊ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေမင်းကို ရှုမြင်ရလိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်သင့်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး သိမြင်နိုင်စွမ်းနှင့် မိမိကိုယ်ကိုယ် မည်သို့စားပြီး ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်း၊ ပြီးလျှင် ပုံမှန်နေထိုင်နိုင်စွမ်း စသည့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်သင့်သည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရပါက၊ လူသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက်၊ ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်ပေသည်။ သူသည် စားသောက်၊ ဝတ်ဆင်ကာ ကမ္ဘာမြေပေါ်တွင် ပုံမှန် လူသားဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသည် အကျင့်ပျက်ပြား လာပြီးနောက်တွင်၊ ဤဘဝသည် မရနိုင်သည့် စိတ်၏ လှည့်စားမှုတစ်ခု ဖြစ်လာခဲ့ပြီး၊ ယနေ့တွင်ပင် လူသည် ထိုသို့သောအရာများကို စိတ်မကူးဝံ့ပေ။ အမှန်တွင်၊ လူသားတောင့်တသည့် ဤလှပသောဘဝသည် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်၏၊ အကယ်၍ လူသည် ထိုသို့သော ခရီးပန်းတိုင်တစ်ခု မရှိခဲ့ပါက၊ ကမ္ဘာမြေကြီးပေါ်က ၎င်း၏ အကျင့်ပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်တန့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လှပသည့် ဘဝသာ မရှိခဲ့ပါက၊ စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန် တန်ခိုးအာဏာ စွဲကိုင်သည့် ခေတ်သည် အဆုံးသတ် ရှိလိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင် အင်အားများ လက်လှမ်းမမီနိုင်သည့် နယ်ပယ်တစ်ခုသို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါတွင်၊ ဤအရာက စာတန် ရှုံးနိမ့်ပြီးဖြစ်သည်ကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင် ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲကာ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ စာတန်သည် အမှန်တကယ် ရှုံးနိမ့်ပြီးလိမ့်မည်။ ယနေ့ လူ၏ဘဝသည် များသောအားဖြင့် ညစ်ညမ်းသည့်ဘဝ ဖြစ်သည်။ ယင်းသည် ဆင်းရဲဒုက္ခခံစားခြင်းနှင့် ဝေဒနာနှင့်ဆိုင်သော ဘဝ ဖြစ်နေဆဲဖြစ်သည်။ ဤသည်ကို စာတန်၏ ရှုံးနိမ့်ခြင်းဟု ခေါ်ဆို၍မရနိုင်ပေ။ လူသားသည် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန် လိုသေးသည်၊ လူ့ဘဝ၏ အခက်အခဲ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လိုသေးသကဲ့သို့၊ သူသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အလွန့်အလွန်တိုတောင်းသော အသိပညာတစ်ခုသာ ရှိဆဲ ဖြစ်သည်။ လူ၏အခက်အခဲအားလုံးကို စာတန်က ဖန်တီးခဲ့ခြင်းဖြစ်၏။ လူသား၏ဘဝထဲသို့ ဆင်းရဲဒုက္ခကို ယူဆောင်ခဲ့သူမှာ စာတန်ဖြစ်ပြီး၊ စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိသည့်နောက်တွင်သာ လူသည် ဒုက္ခပင်လယ်မှ လုံးဝ လွတ်မြောက်နိုင်လိမ့်မည်ဖြစ်သည်။ သို့ရာတွင် စာတန်၏ ကျေးကျွန်ဘဝကို လူ၏ စိတ်နှလုံးအား သိမ်းပိုက်ခြင်းနှင့် ရယူခြင်း၊ လူကို စာတန်နှင့် တိုက်ပွဲ၏ တိုက်၍ရသောပစ္စည်း ဖြစ်စေခြင်းအားဖြင့် စွမ်းဆောင်ရရှိပေသည်။

ယနေ့တွင်၊ အောင်မြင်သောသူတစ်ဦးဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းနှင့် သက်ဆိုင်သည့် လူသား၏ လိုက်စားမှုသည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ မရှိမီ သူ လိုက်စားသည့် အရာများဖြစ်ပြီး၊ ထိုအရာများသည် စာတန်ကို ကျေးကျွန်ဘဝတွင်မရှိစေမီ လူက ရှာဖွေသော ရည်မှန်းချက်များ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းကို ခံရခြင်း သို့မဟုတ် ကြီးမားစွာ အသုံးပြုခံရခြင်း နှင့်သက်ဆိုင်သည့် လူ၏ လိုက်စားရှာဖွေမှုသည် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်ဖြစ်၏။ လူ၏လိုက်စားရှာဖွေမှုသည် အောင်မြင်သောသူတစ်ဦး ဖြစ်လာရန် ဖြစ်သော်လည်း၊ နောက်ဆုံးရလဒ်မှာ စာတန်၏လွှမ်းမိုးမှုမှ သူ၏ လွတ်မြောက်ခြင်း ဖြစ်လိမ့်မည်။ စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအားဖြင့်သာ လူသည် ကမ္ဘာမြေပေါ်တွင်‌ ပုံမှန်လူသားဘဝ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် ဘဝကို နေထိုင်နိုင်ပေသည်။ ယနေ့တွင်၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်းနှင့် စုံလင်စေခြင်းကို ခံရခြင်းနှင့် သက်ဆိုင်သည့် လူ၏ လိုက်စားရှာဖွေမှုသည် ကမ္ဘာမြေပေါ်တွင် လူက ပုံမှန် လူသားဘဝမရှိမီ လိုက်စားရှာဖွေခဲ့သော အရာများဖြစ်၏။ ယင်းတို့ကို သန့်စင်ခံရခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက်၊ ပြီးလျှင် ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်အလို့ငှာ အဓိက လိုက်စားရှာဖွေခြင်း ဖြစ်၏။ လူသည် ကမ္ဘာမြေပေါ်တွင် ပုံမှန် လူသားဘဝ၊ အခက်အခဲ သို့မဟုတ် ဒုက္ခဝေဒနာ မရှိသည့်ဘဝတစ်ခုကို ပိုင်ဆိုင်ပါက၊ လူသည် အောင်မြင်သောသူ တစ်ဦးဖြစ်လာခြင်းနှင့်ဆိုင်သည့် လိုက်စားရှာဖွေမှုတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။ “အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်း” နှင့် “စုံလင်စေခြင်း ခံရခြင်း” တို့သည် ဘုရားသခင်က လူကို လိုက်စားရှာဖွေရန် ပေးသည့် ရည်မှန်းချက်များဖြစ်ပြီး၊ ဤရည်မှန်းချက်များကို လိုက်စားရှာဖွေခြင်းမှတစ်ဆင့် သူသည် လူသားအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အဓိပ္ပာယ်ရှိသည့်ဘဝကို အသက်ရှင်ဖို့ ဖြစ်စေသည်။ ရည်မှန်းချက်မှာ လူကို ပြည့်စုံစေရန်နှင့် သူ့ကို ရယူရန်ဖြစ်ပြီး၊ အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းနှင့်သက်ဆိုင်သော လိုက်စားရှာဖွေမှုသည် နည်းလမ်းတစ်ခုမျှသာ ဖြစ်၏။ အကယ်၍ အနာဂတ်တွင် လူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ ဝင်ရောက်ပါက၊ အောင်မြင်သောသူ တစ်ဦးဖြစ်လာခြင်းနှင့် စုံလင်စေခြင်း ခံရခြင်းအဖို့ ရည်ညွှန်းပြောဆိုချက် ရှိလိမ့်မည် မဟုတ်ပေ။ အဖန်ဆင်းခံ အသီးသီးက မိမိတို့၏တာဝန်ကို ဆောင်ရွက်ခြင်းသာ ရှိလိမ့်မည် ဖြစ်သည်။ ယနေ့တွင်၊ လူ၏ လိုက်စားရှာဖွေမှုသည် သာ၍ ရည်မှန်းခံရကာ လက်တွေ့ကျနိုင်ဖို့အလို့ငှာ၊ လူသားအတွက် နယ်ပယ်တစ်ခု သတ်မှတ်ရန်သက်သက်သာ ဤအရာများကို လူအား လိုက်စားစေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက၊ လူသည် မရေရာသော စိတ်ကူးသက်သက်ဖြစ်ခြင်း အလယ်တွင် အသက်ရှင်ကာ ထာဝရ အသက်ထဲသို့ ဝင်ရောက်မှုကို အားထုတ်မိမည် ဖြစ်ပြီး၊ ဤသို့သာဖြစ်ပါက၊ လူသည် သာ၍ပင် သနားဖွယ် ဖြစ်မည်မဟုတ်လော။ ရည်မှန်းချက်များ သို့မဟုတ် အခြေခံ သဘောတရားများမရှိဘဲ၊ ဤနည်းဖြင့် လိုက်စားရှာဖွေရန်မှာ- ယင်းသည် မိမိကိုယ်ကိုယ်လှည့်ဖြားခြင်း ဖြစ်သည် မဟုတ်လော။ နောက်ဆုံးတွင် ဤလိုက်စားရှာဖွေမှုသည် အလိုအလျောက် အချည်းနှီးဖြစ်ပေမည်။ အဆုံးတွင် လူသည် စာတန်၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ဦးမည်ဖြစ်ပြီး ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်စွမ်းရှိမည် မဟုတ်ပေ။ အဘယ်ကြောင့် မိမိကိုယ်ကိုယ် ထိုသို့သော ခြေဦးတည့်ရာ လိုက်စားရှာဖွေမှု ပြုစေသနည်း။ လူသည် ထာဝရခရီးပန်းတိုင်ထဲသို့ ဝင်ရောက်သည့်အခါ၊ ဖန်ဆင်းရှင်ကို ကိုးကွယ်လိမ့်မည် ဖြစ်ပြီး၊ လူသည် ကယ်တင်ခြင်းရရှိပြီးဖြစ်ကာ ထာဝရကာလထဲသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့်၊ လူသည် မည်သည့် ရည်မှန်းချက်များကိုမျှ လိုက်စားရှာဖွေလိမ့်မည် မဟုတ်သည့်အပြင်၊ သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုအပ်မည်မဟုတ်ပေ။ ဤအချိန်တွင်၊ လူသည် သူ၏နေရာကို သိလိမ့်မည်ဖြစ်ပြီး၊ သူ၏ တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်း မခံကြရလျှင်ပင်၊ လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ လူသားသည် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းနှစ်ခုလုံးတွင် အဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူအသီးသီးသည် မတူကွဲပြားသည့် လုပ်ငန်းတာဝန်တစ်ခုကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသည် လူသားမျိုးနွယ်အတွက် စနစ်ကျပြီး သင့်တော်သော ခရီးပန်းတိုင်တစ်ခုတွင် အသက်ရှင်လိမ့်ဦးမည်ဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ခြင်းအတွက် လူသည် သူ၏တာဝန်ကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထာဝရကာလနှင့်သက်ဆိုင်သော လူသားမျိုးနွယ်ဖြစ်လာမည်မှာ ဤလူသားမျိုးနွယ် ဖြစ်ပေသည်။ ထိုအချိန်တွင် လူသည် ဘုရားသခင်၏ အလင်းပေးခံရသည့် အသက်တာတစ်ခု၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်မှုအောက်တွင် ရှိသည့် အသက်တာတစ်ခု၊ ဘုရားသခင်နှင့် အတူရှိသည့် အသက်တာတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်ဘဝတစ်ခုကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှုနောက်ပိုင်း လူသား၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ပြည့်စုံပြီးဖြစ်လိမ့်မည်။ အစအဦး၌ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရမီ ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်သည် ပုံမှန်ဘဝတစ်ခုကို နေထိုင်ခဲ့၏။ နောက်ပိုင်းတွင်၊ လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီးနောက်တွင် ဤပုံမှန်ဘဝကို ဆုံးရှုံးခဲ့ကာ၊ ထိုကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် လူ၏ပုံမှန် ဘဝကို ပြန်လည်ရရှိရန် စာတန်နှင့် တိုက်ပွဲတို့သည် စတင်ခဲ့၏။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှု အဆုံးသတ်သို့ရောက်လာသည့်အခါမှသာ၊ လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေပေါ်တွင် တရားဝင်စတင်လိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ လူသည် နှစ်သက်ဖွယ်ကောင်းသည့် ဘဝတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်အပြင်၊ လူသား၏ နဂိုမူလပုံသဏ္ဌာန်တို့ကို ပြန်လည်ရရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ပုံမှန်ဘဝကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ လူသည် သန့်ရှင်းလိမ့်မည်ဖြစ်သည့်အတွက် အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်း သို့မဟုတ် စုံလင်စေခြင်းခံရခြင်းအား လိုက်စားရှာဖွေမည်မဟုတ်ပေ။ လူတို့ပြောဆိုသည့် “အောင်မြင်သူများ” နှင့် “စုံလင်စေခြင်းခံရခြင်း” တို့သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲကာလအတွင်း လိုက်စားရှာဖွေရန် လူသားကို ပေးထားသည့် ရည်မှန်းချက်များ ဖြစ်ကာ၊ လူသားအနေဖြင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသောကြောင့်သာ ၎င်းတို့ရှိနေခြင်း ဖြစ်သည်။ စာတန် ရှုံးနိမ့်လိမ့်မည်မှာ၊ သင့်ကို ရည်မှန်းချက်တစ်ခုပေးခြင်းနှင့် ဤရည်မှန်းချက်ကို သင့်အား လိုက်စားစေခြင်းအားဖြင့် ဖြစ်ပေသည်။ သင့်ကို အောင်မြင်သောသူ တစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ရန်၊ သို့မဟုတ် အသုံးပြုခြင်းခံစေရန် တောင်းဆိုခြင်းသည် စာတန်ကို အရှက်ရစေဖို့အလို့ငှာ သင် သက်သေခံသည်ကို လိုအပ်ပေသည်။ အဆုံးတွင်၊ လူသည် ကမ္ဘာမြေပေါ်တွင် ပုံမှန်လူသားဘဝကို နေထိုင်လိမ့်မည်ဖြစ်ပြီး၊ လူသည် သန့်ရှင်းလိမ့်မည် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအခါတွင်၊ လူတို့သည် အောင်မြင်သောသူများ ဖြစ်ရန် ကြိုးစားကြလိမ့်ဦးမည်လော။ ၎င်းတို့အားလုံးသည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ကြသည် မဟုတ်လော။ အောင်မြင်သောသူတစ်ဦး ဖြစ်ခြင်းနှင့် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ခြင်းနှင့်စပ်လျဉ်း၍၊ ဤစကားလုံးများသည် စာတန်အား ရည်ညွှန်းခြင်း ဖြစ်ပြီး၊ လူသား၏ညစ်ညမ်းမှုတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤ စကားလုံး “အောင်မြင်သောသူ” မှာ စာတန်နှင့် ရန်လိုသည့်အင်အားစုများအပေါ် အောင်နိုင်ခြင်းကို ရည်ညွှန်းထားခြင်း မဟုတ်လော။ သင်စုံလင်စေခြင်း ခံရပြီဟု သင် ဆိုသည့်အခါတွင် သင့်အတွင်းရှိ မည်သည့်အရာသည် စုံလင်စေခြင်း ခံရပြီးဖြစ်ပါသနည်း။ ယင်းမှာ သင့်အနေဖြင့် ဘုရားသခင်အား အထွတ်အထိပ်ချစ်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သောအရာများကို လူသားအတွင်းရှိ ညစ်ညမ်းသောအရာများ နှင့်ပတ်သက်၍၊ ပြီးလျှင် စာတန်နှင့် ပတ်သက်၍ ပြောဆိုရပေသည်။ ယင်းတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ မပြောဆိုရပေ။

ယခု သင်သည် အောင်မြင်သောသူတစ်ဦး ဖြစ်လာခြင်း သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ခြင်းကို မလိုက်စားပါက၊ အနာဂတ်တွင် လူသားမျိုးနွယ်က ကမ္ဘာမြေပေါ်၌ ပုံမှန်ဘဝကို နေထိုင်သည့်အခါ၊ ထိုသို့သော လိုက်စားမှုအတွက် အခွင့်အရေးရှိလိမ့်မည်မဟုတ်ပါ။ ထိုအချိန်တွင် လူအမျိုးအစားတိုင်း၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရပြီး ဖြစ်လိမ့်မည်။ ထိုအချိန်တွင် သင် မည်သည်အရာမျိုးဖြစ်သည်မှာ ရှင်းလင်းလိမ့်မည်ဖြစ်ပြီး၊ သင်သည် အောင်မြင်သောသူတစ်ဦး ဖြစ်လိုပါက၊ သို့မဟုတ် စုံလင်စေခြင်း ခံရသူတစ်ဦး ဖြစ်လိုပါက ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူသားသည် ၎င်း၏ ပုန်ကန်မှုကြောင့် ထုတ်ဖော်ပြခံရပြီးနောက်တွင် အပြစ်ပေးခံရလိမ့်မည်သာ ဖြစ်သည်။ ထိုအချိန်တွင်၊ လူ၏ လိုက်စားမှုသည် အခြားသူများထက် သာ၍ မြင့်မားလိမ့်မည်မဟုတ်၊ အချို့သူများအတွက် အောင်နိုင်သူများဖြစ်ရန်ဖြစ်ပြီး၊ အခြားသူများအတွက် စုံလင်စေခြင်းခံရသူများဖြစ်ရန်ဖြစ်သည်၊ သို့မဟုတ် အချို့အတွက် ဘုရားသခင်၏သားဦးများဖြစ်ရန်ဖြစ်ပြီး၊ အခြားသူများအတွက် ဘုရားသခင်၏ သားများဖြစ်ရန်ဖြစ်သည်၊ ၎င်းတို့သည် ဤအရာများကို လိုက်စားရှာဖွေလိမ့်မည် မဟုတ်ပေ။ အားလုံးသည် ဘုရားသခင်၏ အဖန်ဆင်းခံများ ဖြစ်ကြလိမ့်မည်၊ အားလုံးသည် ကမ္ဘာမြေပေါ် အသက်ရှင်ကြလိမ့်မည်ဖြစ်ပြီး အားလုံးသည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။ ယခုသည် ဘုရားသခင်နှင့် စာတန်တို့ကြားက တိုက်ပွဲအချိန်ဖြစ်၏၊ ယင်းသည် ဤတိုက်ပွဲ အဆုံးမသတ်သေးသည့်အချိန်၊ လူသည် လုံးဝ ရယူခြင်းမခံရသေးသည့် အချိန်တစ်ခု ဖြစ်သည်။ ယင်းသည် အကူးအပြောင်းကာလတစ်ခု ဖြစ်၏။ ထို့ကြောင့် လူသားသည် အောင်မြင်သောသူတစ်ဦးဖြစ်စေ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်စေ ဖြစ်လာခြင်းကို လိုက်စားဖို့ လိုအပ်ပေသည်။ ယနေ့တွင်၊ အဆင့်အတန်း၌ ကွာခြားမှုများရှိသော်လည်း၊ အချိန်ကျသည့် အခါတွင် ထို့သို့သောကွဲပြားမှုများ ရှိလိမ့်မည် မဟုတ်ပေ။ အောင်နိုင်ပြီး ဖြစ်သူများ အားလုံး၏ အဆင့်အတန်းသည် တူညီလိမ့်မည်၊ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ်၏ အရည်အချင်းပြည့်မီသည့် မျိုးနွယ်ဝင်များဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် တန်းတူအသက်ရှင်ကြလိမ့်မည်ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် အရည်အချင်းပြည့်မီသော အဖန်ဆင်းခံ သတ္တဝါများဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ အားလုံးကို အလားတူ ပေးထားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှု၏ခေတ်များသည် ကွဲပြားပြီး သူ့အမှု၏ ရည်မှန်းချက်များ ကွဲပြားသောကြောင့်၊ ဤအမှုကို သင်တို့အထဲတွင် လုပ်ဆောင်ပါက၊ သင်တို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်မြင်သောသူများ ဖြစ်လာရန် သင့်လျော်ကြလိမ့်မည်။ ယင်းကို ပြည်ပတွင် လုပ်ဆောင်မည် ဆိုပါက၊ ထိုနေရာက လူတို့သည် သိမ်းပိုက်ခံရမည့် ပထမဦးဆုံးသော လူစုနှင့် စုံလင်စေခြင်းခံရမည့် ပထမဦးဆုံးသော လူစုဖြစ်လာဖို့ သင့်လျော်ကြမည် ဖြစ်သည်။ ယနေ့တွင်၊ ဤအမှုကို ပြည်ပတွင် မလုပ်ဆောင်ထားပေ၊ ထို့ကြောင့် အခြားနိုင်ငံများမှ လူတို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်မြင်သောသူများ ဖြစ်လာရန် မသင့်လျော်ကြသကဲ့သို့၊ ပထမအုပ်စုဖြစ်လာရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဘုရားသခင်၏ အမှု၏ ရည်မှန်းချက်သည် ကွဲပြားသောကြောင့် ဘုရားအမှု၏ ခေတ်သည် ကွဲပြားကာ၊ ၎င်း၏ နယ်ပယ်သည် ကွဲပြား၏၊ ပထမအုပ်စုရှိ၏၊ ဆိုလိုသည်မှာ အောင်မြင်သောသူများရှိ၏၊ ထို့ကြောင့် စုံလင်စေခြင်းခံရသည့် ဒုတိယအုပ်စုသည်လည်း ရှိလိမ့်မည်။ စုံလင်စေခြင်းခံရပြီးသည့် ပထမအုပ်စု ရှိသည်နှင့်တစ်ပြိုင်နက်၊ နမူနာနှင့် ပုံစံ တစ်ခု ရှိလိမ့်မည်ဖြစ်သောကြောင့်၊ အနာဂတ်တွင် စုံလင်စေခြင်းခံရသည့် ဒုတိယနှင့် တတိယအုပ်စုများရှိကြလိမ့်မည်ဖြစ်သည်၊ သို့ရာတွင် ထာဝရကာလတွင် ၎င်းအားလုံး တူညီကြလိမ့်မည်ဖြစ်ကာ၊ အဆင့်အတန်း ခွဲခြားခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ကွဲပြားသောအချိန်များတွင် စုံလင်စေခြင်း ခံရရုံမျှ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အဆင့်အတန်းတွင် ကွာခြားမှုများ ရှိလိမ့်မည် မဟုတ်ပေ။ အယောက်တိုင်း စုံလင်စေခြင်း ခံရပြီးသည့် အချိန်ရောက်လာပြီး စကြဝဠာတစ်ခုလုံး၏ အမှု ပြီးဆုံးသည့်အချိန် ရောက်လာသည့်အခါတွင်၊ အဆင့်အတန်းတွင် ကွဲပြားမှုများ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အားလုံး တန်းတူ အဆင့်အတန်း ရှိကြလိမ့်မည်ဖြစ်သည်။ ယနေ့တွင်၊ သင်တို့သည် အောင်မြင်သောသူများ ဖြစ်လာရန်အလို့ငှာ ဤအမှုကို သင်တို့အကြားတွင် လုပ်ဆောင်လေသည်။ ယင်းကို ဗြိတိန်တွင် လုပ်ဆောင်ခဲ့မည်ဆိုပါက၊ သင်တို့ ပထမအုပ်စု ဖြစ်မည့်နည်းတူ ဗြိတိန်တွင် ပထမအုပ်စုရှိလိမ့်မည်။ ယနေ့ သင်တို့အထဲတွင် ထိုအမှုကို လုပ်ဆောင်နေသည့်နည်းလမ်းဖြင့် သင်တို့သည် အထူးသဖြင့် ကျေးဇူးတော်နှင့် အထူးသဖြင့် ကောင်းကြီးပေးခံကြရပြီး ဖြစ်ရုံမျှဖြစ်ပြီး၊ ဤအမှုကို သင်တို့အထဲတွင် မလုပ်ဆောင်ခဲ့ပါက၊ သင်တို့သည် ဒုတိယအုပ်စု၊ သို့မဟုတ် တတိယ၊ သို့မဟုတ် စတုတ္ထ၊ သို့မဟုတ် ပဉ္စမအုပ်စု ဖြစ်လိမ့်မည်။ ဤသည်မှာ အမှု၏ အစီအစဉ်တွင် ကွဲပြားမှုကြောင့်မျှ ဖြစ်ပေသည်။ ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့သည် တစ်ခုမှ အခြားတစ်ခုထက် ပိုမြင့်သည်၊ ပိုနိမ့်သည်ဟု မဆိုလိုပေ၊ ဤလူတို့ကို စုံလင်စေသည့် အစီအစဉ်အထားအသိုကိုသာ ဆိုလိုပေသည်။ ယနေ့တွင် ဤနှုတ်ကပတ်တော်များကို သင်တို့ထံ ပြောပြထားသော်လည်း၊ သင်တို့သည် အဘယ်ကြောင့် စောစော အသိပေးမခံခဲ့ကြရသနည်း။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ်တစ်ရပ် မရှိဘဲ၊ လူတို့သည် အစွန်းရောက်တတ်ကြသောကြောင့် ဖြစ်၏။ ဥပမာအားဖြင့်၊ ယေရှုက သူ၏ အချိန်ကာလတွင်၊ “ငါသည် ထွက်ခွာခဲ့သည့်အတိုင်း ရောက်ရှိလာလိမ့်မည်” ဟု ပြောခဲ့သည်။ ယနေ့တွင်၊ များစွာသောသူတို့သည် ဤနှုတ်ကပတ်တော်များကို အရူးအမူးစွဲလမ်းကြပြီး၊ ဝတ်ရုံအဖြူများကို ဝတ်ဆင်ပြီး ကောင်းကင်ဘုံသို့ ၎င်းတို့၏ချီဆောင်ခြင်းကိုသာ စောင့်ဆိုင်းချင်ကြ၏။ ထို့ကြောင့်၊ အလွန် စောစီးစွာ ပြောဆို၍မဖြစ်သည့် နှုတ်ကပတ်တော်များစွာရှိသည်။ ယင်းတို့ကို အလွန်စောစီးစွာ ပြောမိခဲ့မည် ဆိုပါက၊ လူသည် အစွန်းရောက်တတ်မည် ဖြစ်၏။ လူ၏ ဝိညာဉ်ရင့်ကျက်မှုသည် နုနယ်လွန်းပြီး၊ ဤနှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သမ္မာတရားကို ရိပ်စားမိနိုင်စွမ်းမရှိကြချေ။

လူသည် ကမ္ဘာမြေပေါ်တွင် စစ်မှန်သည့် လူ့အသက်တာကို ရရှိပြီး စာတန်၏အင်အားစု တစ်ခုလုံး ကျေးကျွန်ဘဝတွင် ထားရှိခြင်းခံရသည့်အခါ၊ လူသည် ကမ္ဘာမြေပေါ်တွင် လွယ်ကူစွာ အသက်ရှင်လိမ့်မည်ဖြစ်သည်။ အမှုအရာများသည် ယနေ့လောက် ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ- လူသားဆက်ဆံရေးများ၊ လူမှု ဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာ ဆက်ဆံရေးများ- ၎င်းတို့သည် များလှစွာသော ဒုက္ခ၊ များလှစွာသော ဝေဒနာကို ဆောင်ကြဉ်းလေသည်။ ဤနေရာရှိ လူ၏ဘဝသည် အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှလုံးသားနှင့် စိတ်တို့ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ကြည်ညိုကာ ချစ်သော စိတ်နှလုံးတစ်ခု ရှိလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် စကြဝဠာအတွင်းရှိသည့် သူအားလုံး သိမ်းပိုက်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမှောင် အင်အားစုအားလုံးဖြစ်သည့် စာတန်ကို ကျေးကျွန်ဘဝတွင် ထားရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာမြေပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခရှိလိမ့်မည်မဟုတ်သကဲ့သို့၊ သူသည် ကမ္ဘာမြေပေါ်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်လိမ့်မည် ဖြစ်သည်။ လူ၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများနှင့် ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိပါက၊ လွန်စွာ သာ၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိ ဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းသကဲ့သို့၊ လူသားအနေဖြင့် ထိုသို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေဖို့ လိုသေးသည့် သက်သေဖြစ်သည်။ သင်သည် သင်၏ညီအစ်ကို မောင်နှမများတစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်၏မိသားစုဝင်တစ်ဦးစီနှင့် အလားတူ ဆက်ဆံရေးရှိခဲ့ပါက၊ သင်သည် ပူပန်စရာများ ရှိမည်မဟုတ်သကဲ့သို့၊ မည်သူမျှနှင့်ပတ်သက်၍ စိုးရိမ်ဖို့ လိုအပ်မည်မဟုတ်ပေ။ သာ၍ ကောင်းသည့်အရာ မရှိနိုင်သကဲ့သို့၊ ဤနည်းဖြင့် လူသည် ၎င်း၏ဒုက္ခတစ်ဝက် သက်သာရာရမည် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် သာမန်လူသားဘဝတစ်ခုကို အသက်ရှင်ရင်း၊ လူသည် ကောင်းကင်တမန်များနှင့် အလားတူ ပေလိမ့်မည်။ ဇာတိပကတိ၏ ဖြစ်တည်မှုရှိဆဲဖြစ်သော်လည်း၊ သူသည် ကောင်းကင်တမန်တစ်ပါးနှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ၊ လူသားအပေါ် အပ်နှင်းသည့် နောက်ဆုံးကတိဖြစ်၏။ ယနေ့ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရ၏။ ထိုသို့သောအရာများနှင့်သက်ဆိုင်သည့် လူသား၏ အတွေ့အကြုံသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင်ထင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို အကြောင်းမရှိဘဲ လုပ်ဆောင်နိုင်မည်လော။ ယခင်က လူကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန်မှာ ၎င်းကို အနက်ဆုံးတွင်းထဲတွင် ထားရှိရန် ဖြစ်၏ဟု ဆိုထားခဲ့၏၊ ယင်းမှာ ၎င်း၏ကံကြမ္မာနှင့် အလားအလာများကို ယူဆောင်သွားခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ တစ်ခုသောအရာ- လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်၏။ ဘုရားသခင်သည် လူကို မပတ်သက်ဘဲနေပြီးနောက်၊ လူကို အနက်ဆုံးသော တွင်းထဲတွင် တမင်ထားရှိသည်မဟုတ်။ ထိုအစား၊ ယင်းသည် အဆုံးတွင် လူသား၏အတွင်းရှိ အရာများကို သန့်စင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် မှန်ကန်သော အသိရှိပြီး သန့်ရှင်းသူတစ်ဦး ကဲ့သို့ ဖြစ်ရန်အလို့ငှာ၊ လူသား၏အတွင်းရှိ ပုန်ကန်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပေသည်။ ဤအရာကိုလုပ်ဆောင်ပါက၊ အားလုံး ပြီးမြောက်လိမ့်မည် ဖြစ်သည်။ အမှန်တွင်၊ လူသား၏အတွင်းရှိ ကိုင်တွယ်ဖြေရှင်းခံရဖို့ ရည်ရွယ်ထားသည့် အရာများကို ကိုင်တွယ်ဖြေရှင်းပြီး၊ လူသည် ထူးကဲလှသော သက်သေကို ခံသည့်အခါတွင်၊ စာတန်သည်လည်း ရှုံးနိမ့်လိမ့်မည်ဖြစ်ပြီး၊ လူသား၏အတွင်းတွင် လုံးဝ သန့်စင်မခံရသည့် မူလက ရှိသည့်အရာ အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ စာတန်ရှုံးနိမ့်သည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ဒုက္ခ ပေးတော့မည် မဟုတ်ဘဲ၊ ထိုအချိန်တွင် လူသည် လုံးဝသန့်စင်ခြင်းခံရပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ လူသည် ထိုသို့သော ဘဝတစ်ခုကို လုံးဝ တွေ့ကြုံဖူးခြင်း မရှိသော်လည်း၊ စာတန် ရှုံးနိမ့်သွားသည့် အခါတွင်၊ အားလုံး ကျေအေးသွားမည်ဖြစ်ကာ လူသား အတွင်းရှိ မပြောပလောက်သော အရာအားလုံး ဖြေရှင်းခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအဓိကပြဿနာ ဖြေရှင်းပြီးသွားသည်နှင့်တစ်ပြိုင်နက်၊ အခြားဒုက္ခအားလုံး အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်း အတောအတွင်းတွင်၊ သူသည် လူသားအလယ် သူ၏အမှုကို ကိုယ်တိုင်လုပ်ဆောင်သည့်အချိန်တွင်၊ သူ လုပ်ဆောင်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူကိုသိမ်းပိုက်ခြင်း မှတစ်ဆင့်၊ ပြီးလျှင် သင်တို့ကို စုံလင်စေခြင်းအားဖြင့် သူသည် စာတန်ကို အနိုင်ယူလိမ့်မည်ဖြစ်သည်။ သင်တို့သည် ထူးကဲသော သက်သေကို ခံကြသည့်အခါ၊ ဤသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း အမှတ်အသားတစ်ခု ဖြစ်လိမ့်မည်။ စာတန်ကို ရှုံးနိမ့်စေရန်အလို့ငှာ လူသည် ပထမဦးစွာ သိမ်းပိုက်ခံရပြီး၊ နောက်ဆုံးတွင် လုံးဝ စုံလင်စေခြင်းခံရလေသည်။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ ဤအနှစ်မဲ့သော ဒုက္ခပင်လယ်ထဲမှ လူသားမျိုးနွယ်အားလုံး၏ ကယ်တင်ခြင်းလည်း ဖြစ်၏။ အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းမှာ လူသားအနေဖြင့် ငြိမ်သက်ခြင်းချမ်းသာ ထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ စာတန်ကိုရှုံးနိမ့်စေဖို့နှင့် လူသားမျိုးနွယ် တစ်ခုလုံးထံ ကယ်တင်ခြင်း ယူဆောင်လာဖို့သာ ဖြစ်သည်။ ဤပုံမှန်လူ့ဇာတိ ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်သည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၏။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုကို ကောင်းကင်အောက်ရှိ ဘုရားသခင်ကို ချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကို ယူဆောင်လာရန် အသုံးပြုပေသည်၊ ယင်းသည် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်းအတွက်အပြင်၊ စာတန်ကို ရှုံးနိမ့်စေခြင်းအလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ယူဆောင်လာရန် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍ မရပေ။ ဤအမှု၏ နေရာများစွာတွင် သင်တို့ကို သက်သေခံစေခြင်းနှင့်သက်ဆိုင်၍ အဘယ်ကြောင့် အမြဲပြောဆိုထားပါသနည်း။ ပြီးလျှင် ဤသက်သေခံချက်မှာ မည်သူကို ဦးတည်ပါသနည်း။ စာတန်ကို ဦးတည်သည် မဟုတ်လော။ ဤသက်သေခံချက်သည် ဘုရားသခင်အဖို့ ပြုလုပ်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ အမှုသည် ယင်း၏လိုလားသည့် အကျိုးတရားကို ရရှိပြီးဖြစ်သည်ကို သက်သေခံရန် ပြုလုပ်ထားခြင်းဖြစ်၏။ သက်သေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခြင်းအမှုနှင့် ဆက်နွှယ်သည်။ စာတန်နှင့် တိုက်ပွဲမရှိခဲ့ပါက၊ လူသည် သက်သေခံရန် လိုအပ်မည်မဟုတ်ပေ။ လူကို ကယ်တင်သည်နှင့်အမျှ တစ်ချိန်တည်းတွင် စာတန်ကို ရှုံးနိမ့်စေရမည် ဖြစ်သောကြောင့်၊ ဘုရားသခင်သည် ထိုလူကို သူ့အတွက် စာတန်၏ရှေ့မှောက်တွင် သက်သေခံရန် တောင်းဆိုပေသည်၊ ယင်းကို သူသည် လူအား ကယ်တင်ရန်နှင့် စာတန်နှင့် တိုက်ပွဲဆင်နွှဲရန် အသုံးပြုလေသည်။ အကျိုးဆက်အနေဖြင့်၊ လူသည် ကယ်တင်ခြင်း၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ စာတန်ကို ရှုံးနိမ့်စေရာတွင် အသုံးပြုသည့် လက်နက်တစ်ခုပါ ဖြစ်လေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏ အချက်အချာတွင်ရှိသော်လည်း၊ စာတန်သည် ဖျက်ဆီးခံရမည့်အရာ၊ ရန်သူမျှသာ ဖြစ်၏။ သင်သည် မည်သည့်အရာမျှ မလုပ်ဆောင်သေးဟု ထင်ကောင်းထင်နိုင်သော်လည်း၊ သင်၏စိတ်သဘောထားထဲက ပြောင်းလဲမှုများကြောင့် သက်သေခံပြီးဖြစ်ကာ ဤသက်သေခံချက်သည် စာတန်ကို ရည်ရွယ်လျက်ရှိပြီး လူသားအဖို့ ပြုလုပ်ထားခြင်း မဟုတ်ပေ။ လူသည် ထိုသို့သော သက်သေခံချက်ကို မွေ့လျော်ခံစားရန် မသင့်တော်ပေ။ ဘုရားသခင် လုပ်ဆောင်သည့်အမှုကို သူ မည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင် တိုက်ခိုက်နေသည့်အရာမှာ စာတန်ဖြစ်သော်လည်း၊ လူသည် ကယ်တင်ခြင်း၏ ရည်ရွယ်ချက်သာ ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်နေသဘောထားရှိပြီး၊ ဤအမှုကို နားလည်နိုင်စွမ်း မရှိပေ။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်ဖြစ်ပြီး လူသားအဖို့ မွေးရာပါ မဟုတ်သော်လည်း၊ စာတန်၏ စီမံညွှန်ကြားခြင်း ခံထားရပေသည်။ ယနေ့တွင်၊ ဘုရားသခင်၏ အဓိကအမှုသည် စာတန်ကို ရှုံးနိမ့်စေရန် ဖြစ်၏၊ ဆိုလိုသည်မှာ စာတန်၏ ရှေ့မှောက်တွင် လူသားသည် ဘုရားသခင်အဖို့ နောက်ဆုံး သက်သေခံနိုင်ဖို့အလို့ငှာ လူကို လုံးဝသိမ်းပိုက်ရန်ဖြစ်၏။ ဤနည်းဖြင့်၊ အရာခပ်သိမ်း ပြီးမြောက်လိမ့်မည် ဖြစ်သည်။ အခြေအနေအများအပြား၌၊ သင့်ပကတိမျက်လုံးတွင် မည်သည့်အရာမျှ မလုပ်ဆောင်ရသေးပုံပေါ်သော်လည်း၊ အမှန်တွင် အမှုသည် ပြီးဆုံးနှင့်ပြီဖြစ်၏။ လူသားအတွက် စုံလင်ခြင်းအမှုအားလုံး မြင်သာရန် လိုအပ်သော်လည်း၊ စာတန်သည် ကျိုးနွံနာခံပြီးဖြစ်သည့်အတွက်၊ ဆိုလိုသည်မှာ ၎င်းသည် လုံးဝရှုံးနိမ့်ပြီဖြစ်သည့်အတွက်၊ ဘုရားသခင်၏ဉာဏ်ပညာ၊ တန်ခိုးနှင့် ဩဇာအာဏာအားလုံးသည် စာတန်ကို နှိမ်နင်းပြီးဖြစ်သည့်အတွက်၊ သင့်အဖို့ မြင်သာစေခြင်းမရှိဘဲ၊ ငါသည် ငါ၏အမှုကို ပြည့်စုံစေပြီးပြီဖြစ်သည်။ ဤသည်မှာ အတိအကျ သက်သေခံရမည့် သက်သေခံချက်ဖြစ်ပြီး၊ ယင်းသည် လူသားတွင် ရှင်းလင်းသည့် ဖော်ပြချက်မရှိသော်လည်း၊ ပကတိမျက်လုံးတွင် မမြင်သာသော်လည်း၊ စာတန်သည် ရှုံးနိမ့်နှင့်ပြီးဖြစ်၏။ ဤအမှုတစ်ခုလုံးသည် စာတန်ကို ရည်ရွယ်ထားခြင်းဖြစ်ပြီး စာတန်နှင့်တိုက်ပွဲကြောင့် ဆောင်ရွက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားအနေဖြင့် အောင်မြင်ပြီး ဖြစ်သကဲ့သို့ မမြင်သော်လည်း၊ ဘုရားသခင်၏ အမြင်တွင် အချိန်ကြာမြင့်စွာက အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပြီးဖြစ်သည့်အရာများစွာ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံး၏ အတွင်း သမ္မာတရားများထဲမှ တစ်ခုဖြစ်သည်။

စာတန်ရှုံးနိမ့်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤအမှုအားလုံးသည် ကယ်တင်ခြင်း အတွက် ဖြစ်သည်၊ ပြီးလျှင် ဤကယ်တင်ခြင်း၏နည်းလမ်းမှာ စာတန်၏ လက်ထဲမှ လူတို့ကို သိမ်းယူရန်ဖြစ်သည်ကို လူက သဘောပေါက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

ဘုရားသခင်သည် ဖန်ဆင်းခြင်း သတ္တဝါများအပေါ် မည်သည့် အငြိုးမျှ မထားပေ။ စာတန်ကိုသာ အနိုင်ယူရန် ဆန္ဒရှိ၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ သူ၏အမှုအားလုံးသည် စာတန်ကို ရည်ရွယ်ထားခြင်း ဖြစ်၏။ ယင်းကို လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်၊ အားလုံးသည် စာတန် အနိုင်ယူရန်အလို့ငှာဖြစ်ပြီး၊ တကယ့်အဆုံးထိ စာတန်နှင့်တိုက်ပွဲဆင်နွှဲရန်ဟူသော ရည်မှန်းချက် တစ်ခုရှိ၏။ ဘုရားသခင်သည် စာတန်အပေါ် မအောင်နိုင်သရွေ့ လုံးဝ နားမည်မဟုတ်ပေ။ စာတန်ကို အနိုင်ယူပြီးသည့်အခါမှသာ သူ အနားယူမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အမှု အားလုံးသည် စာတန်ကို ရည်ရွယ်ထားသောကြောင့်၊ ပြီးလျှင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသူများသည် စာတန်၏ပိုင်နက် ထိန်းချုပ်မှုအောက်တွင် အားလုံးရှိပြီး၊ စာတန်၏ပိုင်နက်အောက်တွင် အသက်ရှင်ကြသောကြောင့်၊ စာတန်နှင့် ဆန့်ကျင်တိုက်ပွဲဆင်နွှဲခြင်းနှင့် ၎င်းကို ချိုးဖျက်ခြင်း မပြုဘဲနှင့်၊ စာတန်သည် ဤလူတို့အပေါ် ၎င်း၏ချုပ်ကိုင်မှုကို လျှော့ပေးမည်မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ရယူခြင်းခံရနိုင်မည် မဟုတ်ပေ။ ၎င်းတို့ ရယူခြင်းမခံရပါက၊ ယင်းမှာ စာတန်သည် ရှုံးနိမ့်ခြင်းမရှိသေး၊ ၎င်းသည် နှိမ်နင်းခြင်း မခံရသေးသည်ကို သက်သေပြပေမည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအစီအစဉ်၌ ပထမအဆင့်အတွင်းတွင် သူသည် ပညတ်တရားအမှုကို လုပ်ဆောင်ခဲ့သည်၊ ဒုတိယအဆင့်အတွင်းတွင် သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့သည်၊ ယင်းမှာ ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ တတိယအဆင့်အတွင်းတွင် သူသည် လူသားမျိုးနွယ်အား သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခဲ့၏။ ဤအမှုအားလုံးသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည့် အတိုင်းအတာကို ရည်ရွယ်ထားပေသည်၊ အားလုံးမှာ စာတန်ကို အနိုင်ယူရန်အလို့ငှာ ဖြစ်ပြီး အဆင့်များနှင့်သက်ဆိုင်သည့် အယောက်တိုင်းသည် စာတန်ကို အနိုင်ယူခြင်း အတွက် ဖြစ်ပေသည်။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ အနှစ်သာရသည် အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲဖြစ်ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည်လည်း စာတန်ကို အနိုင်ယူခြင်းအမှု၊ စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်းအမှုဖြစ်၏။ ဘုရားသခင်သည် အနှစ် ၆၀၀၀ ကြာ တိုက်ပွဲဆင်နွှဲပြီးဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးတွင် လူကို နယ်ပယ်သစ်ထဲသို့ ခေါ်ဆောင်ဖို့အလို့ငှာ အနှစ် ၆၀၀၀ ကြာ သူ အမှုပြုပြီး ဖြစ်ပေသည်။ စာတန်ကို အနိုင်ယူသည့်အခါတွင်၊ လူသားသည် လုံးဝလွတ်မြောက်လိမ့်မည် ဖြစ်၏။ ဤသည်မှာ ယနေ့ ဘုရားသခင်၏အမှု ဦးတည်ချက် ဖြစ်သည် မဟုတ်သလော။ ဤသည်မှာ ယနေ့ အမှု၏ ဦးတည်ချက် အတိအကျ ဖြစ်ပေသည်- လူသားသည် မည်သည့် စည်းမျဉ်းများ၏ အောက်တွင်မျှမရှိသကဲ့သို့၊ မည်သည့် အချုပ်အနှောင်များ သို့မဟုတ် မည်သည့် ကန့်သတ်ချက်များဖြင့် ကန့်သတ်မရဖို့အလို့ငှာ လူသား၏ လုံးဝလွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်း ဖြစ်သည်။ ဤအမှုအားလုံးကို သင်တို့၏ဝိညာဉ်ရင့်ကျက်မှုနှင့် သင်တို့၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေသည်၊ ဆိုလိုသည်မှာ သင်တို့ ဖြစ်မြောက်နိုင်သည့် အရာဟူသမျှဖြင့် သင်တို့ကို ထောက်ပံ့ပေးထားပေသည်။ ယင်းသည် “ဘဲတစ်ကောင်ကို အိပ်တန်းသို့ မောင်းနှင်ခြင်း”၊ သင်တို့အပေါ် တစ်စုံတစ်ခုမျှ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ထို့ထက် ဤအမှုအားလုံးကို သင်တို့၏ စစ်မှန်သော လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ထားပေသည်။ အမှု၏ အဆင့်အသီးသီးကို လူသား၏ တကယ့်လိုအပ်ချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အမှု၏ အဆင့်အသီးသီးသည် စာတန်ကို ရှုံးနိမ့်စေရန်အတွက် ဖြစ်၏။ အမှန်တွင်၊ အစအဦး၌ ဖန်ဆင်းရှင်နှင့် သူ၏ အဖန်ဆင်းခံများအကြားတွင် အတားအဆီးများ မရှိပေ။ ဤအတားအဆီးများအားလုံးကို စာတန်က ဖြစ်စေခဲ့ခြင်းဖြစ်၏။ သူ့ကို စာတန် နှောင့်ယှက်ကာ ဖောက်ပြန်ပျက်စီးစေခဲ့ပုံကြောင့် လူသားသည် မည်သည့်အရာကိုမျှ မမြင်နိုင် သို့မဟုတ် မထိနိုင် ဖြစ်လာပြီးဖြစ်သည်။ လူသားသည် ဒုက္ခခံရသူ၊ လှည့်ဖြားခံရသူ ဖြစ်၏။ စာတန်ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ အဖန်ဆင်းခံ သတ္တဝါများသည် ဖန်ဆင်းရှင်ကို ရှုမြင်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်သည် အဖန်ဆင်းခံ သတ္တဝါများအပေါ် ကြည့်ရှုလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြနိုင်ပေလိမ့်မည်။ ဤသည်သာလျှင် လူသားအနေဖြင့် ကမ္ဘာမြေပေါ်တွင် ရှိသင့်သည့် အသက်တာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် အဓိကအားဖြင့် စာတန်ကို အနိုင်ယူရန်အလို့ငှာ ဖြစ်ပြီး၊ စာတန်ကို ရှုံးနိမ့်ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ အရာရာသည် ပြေလည်သွားပေလိမ့်မည်။ ယနေ့တွင်၊ လူသားအလယ် ကြွလာဖို့မှာ ဘုရားသခင်အတွက် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်သည်ကို သင် တွေ့မြင်ပြီး ဖြစ်သည်။ သူသည် နေ့စဉ် သင်တို့ကို အပြစ်ရှာရင်း အချိန်ကုန်ဆုံးရန်၊ ဟိုဟို သည်သည် ပြောရန်၊ သို့မဟုတ် သူမည်သည့်အရာနှင့် တူသည်၊ ပြီးလျှင် သူ မည်သို့ စကားပြောဆိုပြီး အသက်ရှင်သည်တို့ကို သင်တို့အား တွေ့မြင်ခွင့်ပေးရန်သက်သက် သူ ကြွလာသည် မဟုတ်ပေ။ ဘုရားသခင်သည် သင်တို့အား သူ့ကိုကြည့်ရှုခွင့်ပေးရန် သို့မဟုတ် သင်တို့၏ မျက်လုံးများကို ဖွင့်ပေးရန် သို့မဟုတ် သူပြောဆိုခဲ့သည့် နက်နဲမှုများနှင့် သူဖွင့်ခဲ့သည့် တံဆိပ်ခုနစ်ချက်တို့ကို သင်တို့အား နားထောင်ခွင့်ပေးရန်မျှအတွက် လူ့ဇာတိ ခံလာသည် မဟုတ်။ ယင်းထက်၊ စာတန်ကို အနိုင်ယူရန် သူသည် လူ့ဇာတိခံလာလေပြီဖြစ်သည်။ သူသည် လူကို ကယ်တင်ဖို့နှင့် စာတန်နှင့် တိုက်ပွဲဆင်နွှဲဖို့ လူသားအလယ် လူ့ဇာတိဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြွလာပြီးဖြစ်သည်။ ဤသည်မှာ သူ၏လူ့ဇာတိ ခံယူခြင်း အရေးပါမှု ဖြစ်သည်။ ယင်းသည် စာတန်ကို အနိုင်ယူရန်အလို့ငှာ မဟုတ်ခဲ့ပါက၊ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူသားထံ မိမိကိုယ်ကိုယ် ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြရန်နှင့် လူသားအား သူ့ကို ရှုမြင်ခွင့်ပေးရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ် ဖြစ်ပါသလော။ ယင်းသည် အမှန်တကယ် မရိုးရှင်းပေ။ ယင်းမှာ- လူသားအနေဖြင့် သူ့ကို ကြည်ညိုနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် စစ်မှန်ပြီး မရေရာ သို့မဟုတ် အနှစ်သာရမရှိသောအရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် မြင့်မားသော်လည်း နှိမ့်ချလည်းနှိမ့်ချသူဖြစ်သည်ကို နားလည်နိုင်ဖို့အလို့ငှာ ဘုရားသခင် ကြွလာလေပြီဖြစ်သည်- ဟူသော လူသား စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ ယင်းသည် ထိုမျှလွယ်ကူနိုင်မည်လော။ ယင်းမှာ အတိအကျအားဖြင့် စာတန်သည် လူသား၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ လူသားသည် ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်သည့်သူတစ်ဦး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဆင်နွှဲဖို့နှင့် လူကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းဖို့ရန် လူ့ဇာတိခံယူရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဤအရာသည်သာ သူ၏အမှုကို အကျိုးပြုပေသည်။ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာနှစ်ခုသည် စာတန်ကို အနိုင်ယူဖို့ရန်အလို့ငှာနှင့် လူကို သာ၍ ကောင်းမွန်စွာ ကယ်တင်ဖို့အလို့ငှာ တည်ရှိပြီးဖြစ်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိခန္ဓာဖြစ်စေ- စာတန်နှင့်တိုက်ပွဲဆင်နွှဲသူမှာ ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ စာတန်နှင့် တိုက်ပွဲဆင်နွှဲနေသောသူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ကောင်းကင်တမန်များပင် မဖြစ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤတိုက်ပွဲကို တိုက်ရန် တန်ခိုးမဲ့ကြသကဲ့သို့၊ လူသားသည် သာ၍ပင် မစွမ်းဆောင်နိုင်ပေ။ ထို့သို့ဖြင့်၊ ဘုရားသခင်သည် လူသား၏ အသက်တာ၌ အမှုပြုရန်ဆန္ဒရှိပါက၊ လူသားကို ကယ်တင်ရန် ကမ္ဘာမြေပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာရန် ဆန္ဒရှိပါက၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူရမည်ဖြစ်သည်- ဆိုလိုသည်မှာ သူသည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ အသွင်ဆောင်ရမည်ဖြစ်ပြီး၊ သူ၏ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့် သူလုပ်ဆောင်ရမည့် အမှုနှင့်အတူ၊ လူသားအလယ် ကြွလာကာ လူကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူသည် ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ခဲ့ပါက၊ ဤတိုက်ပွဲမှ မည်သည့်အရာမျှ အစဉ်ဖြစ်လာမည် မဟုတ်သကဲ့သို့၊ ယင်းသည် လုံးဝ ပြီးဆုံးမည် မဟုတ်ပေ။ ဘုရားသခင်သည် စာတန်ကို ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်တိုက်ပွဲဝင်ရန် လူသားအလယ် လူ့ဇာတိခံလာသည့်အခါမှသာ၊ လူသားသည် ကယ်တင်ခြင်း အခွင့်အလမ်းတစ်ခု ရှိပေသည်။ ထို့အပြင် ထိုအခါမှသာ စာတန်သည် အရှက်ရပြီး၊ အသုံးချဖို့ မည်သည့်အခွင့်အရေးမျှ သို့မဟုတ် အကောင်အထည်ဖော်ရန် မည်သည့် အစီအစဉ်မျှ မရှိဘဲ ကျန်ရစ်လိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူသား အသက်တာအတွက်ဖြစ်ပြီး လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည့်အတွက်၊ လူ့ဇာတိခံ ဘုရားသခင် ဆောင်ရွက်သည့်အမှုကို ဘုရားသခင်၏ ဝိညာဉ်က မစွမ်းဆောင်နိုင်သကဲ့သို့၊ ဇာတိဆန်သူ မည်သည့်လူသားအတွက်မျှ ဘုရားသခင် ကိုယ်စား ထိုအရာကို လုပ်ဆောင်ရန် သာ၍ပင် ဖြစ်နိုင်မည်မဟုတ်ပေ။ လူသည် ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက၊ သူသည် ဆိုးဆိုးရွားရွား ကစဉ့်ကလျားဖြစ်လျက် ထွက်ပြေးမိမည်သာ ဖြစ်ပြီး၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းငှာ တကယ့်ကို တတ်စွမ်းနိုင်မည်မဟုတ်ပေ။ သူသည် လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်ခြင်းငှာ သို့မဟုတ် ပုန်ကန်တတ်သည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ဘဲ၊ အခြေခံသဘောတရားများထက် မပိုသည့် အမှုဟောင်းအနည်းငယ်ကိုသာ သို့မဟုတ်ပါက စာတန်၏ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမည်နည်း။ စာတန် အနိုင်ယူဖို့ မဆိုထားနှင့် လူသားမျိုးနွယ်ကို မရရှိနိုင်သည့်အမှု၏ အရေးပါမှုမှာ အဘယ်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲသည် ဘုရားသခင် ကိုယ်တိုင်သာ ဆောင်ရွက်နိုင်ပြီး၊ လူသားအတွက် ထိုအရာကို လုပ်ဆောင်ရန် သက်သက်ဖြစ်နိုင်မည် မဟုတ်ပေ။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်းနှင့် ဆင်ဆင်တူသော အမှုကို မလုပ်နိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုကိုလည်း မဆောင်ရွက်နိုင်သည့်အတွက်၊ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ လူသည် ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုအောက်တွင်၊ ဖန်ဆင်းရှင်ကို စိတ်ကျေနပ်စေရုံကျေနပ်စေနိုင်၏၊ ယင်းမှတစ်ဆင့် စာတန်သည် အနိုင်ယူခြင်းခံရလေသည်။ ဤအရာသည် လူသား လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်သည့်အခါတိုင်းတွင်၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်သည့် အခါတိုင်းတွင်၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်၊ ယင်းမှတစ်ဆင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးအတွက် လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးလေသည်။ ခေတ်သစ်အသီးသီး၏ အစသည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏၊ ယင်းမှ တစ်ဆင့် လူသားသည် သာ၍သစ်လွင်သည့်၊ သာ၍လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင် ဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ပေသည်။ လူသားသည် အရာခပ်သိမ်း၏ ဆရာသခင် ဖြစ်သော်လည်း၊ ရယူခံရပြီးသူများသည် စာတန်နှင့်တိုက်ပွဲအားလုံး၏ အသီးအပွင့်များ ဖြစ်လာကြလိမ့်မည်။ စာတန်သည် အရာခပ်သိမ်းကို ဖောက်ပြန်ပျက်စီးစေသူ ဖြစ်ပြီး၊ တိုက်ပွဲအားလုံးအဆုံးတွင် ရှုံးနိမ့်သူဖြစ်ကာ ဤတိုက်ပွဲများ နောက်တွင် အပြစ်ပေးခံရမည့်သူ ဖြစ်ပေသည်။ ဘုရားသခင်၊ လူသားနှင့် စာတန်တို့ထဲတွင် စာတန်သည်သာ မုန်းတီးရွံရှာခံရပြီး ငြင်းပယ်ခံရမည့်သူဖြစ်၏။ စာတန်၏ ရယူခြင်းခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ပြန်လည်ရယူခြင်း မခံရသူများသည် ထိုစဉ်အတောအတွင်းတွင် စာတန်၏ ကိုယ်စား အပြစ်ပေးခြင်းကို ရရှိမည့်သူများ ဖြစ်လာပေသည်။ ဤသုံးဦးထဲမှ၊ ဘုရားသခင် တစ်ပါးတည်းသာ အရာခပ်သိမ်း၏ ကိုးကွယ်မှုကို ခံရသင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ပြန်လည် ရယူခြင်းခံရသူများနှင့် ဘုရားသခင်၏လမ်းခရီး နောက်လိုက် လျှောက်သူများသည် ထိုစဉ်အတောအတွင်းတွင် ဘုရားသခင်၏ကတိကို ရရှိကာ ဘုရားသခင်အတွက် ဆိုးယုတ်သူများကို တရားစီရင်မည့်သူများ ဖြစ်လာကြ၏။ ဘုရားသခင်သည် ဧကန်မုချ အောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဧကန်မုချ ရှုံးနိမ့်လိမ့်မည်ဖြစ်သော်လည်း၊ လူသားအလယ်တွင် အနိုင်ရမည့်သူများနှင့် ရှုံးနိမ့်မည့်သူများ ရှိလေသည်။ အနိုင်ရသူများသည် အောင်မြင်သူများနှင့် သက်ဆိုင်လိမ့်မည်ပြီး၊ ရှုံးနိမ့်သူများမှာ အရှုံးသမားများနှင့် သက်ဆိုင်လိမ့်မည်။ ဤသည်မှာ အမျိုးအစားအလိုက် အသီးသီးကို အတန်းစားခွဲခြားခြင်း ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏အမှုအားလုံး၏ နောက်ဆုံး အဆုံးသတ် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်းဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအမှုနှင့်သက်ဆိုင်သည့် အချက်အချာမှာ လူသား၏ ကယ်တင်ခြင်းအပေါ် အာရုံစူးစိုက်ထားကာ ဘုရားသခင်သည် အဓိကအားဖြင့် ဤအချက်အချာအတွက်၊ ဤအမှုအတွက်နှင့် စာတန်ကို ရှုံးနိမ့်စေဖို့အလို့ငှာ လူ့ဇာတိ ခံယူလာခြင်းဖြစ်၏။ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံယူခဲ့ခြင်းသည်လည်း စာတန်ကို ရှုံးနိမ့်စေဖို့အလို့ငှာဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်း အမှုဖြစ်သည့် ပထမဆုံး တိုက်ပွဲနှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေဖို့အလို့ငှာ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံလာခဲ့ပြီး ကားတိုင်ထက်တွင် ကိုယ်တိုင်ကိုယ်ကျ သံမှိုရိုက်နှက်ခံခဲ့ပေသည်။ အလားတူပင်၊ အမှု၏ ဤအဆင့်သည်လည်း လူသားအလယ် သူ၏အမှုကို လုပ်ဆောင်ရန်၊ သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ပြောဆိုရန်နှင့် လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရန် လူ့ဇာတိခံယူသော ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ထိုအမှုများ ဆောင်ရွက်နေစဉ် တစ်လျှောက် သူသည် အခြားအမှုတစ်ချို့ကိုလည်း လုပ်ဆောင်သည်မှာ ရှောင်လွှဲ၍မရသော်လည်း၊ သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်း၏ အဓိက အကြောင်းရင်းမှာ စာတန်ကို အနိုင်ယူဖို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့နှင့် ဤလူတို့ကို ရယူဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုသည် အမှန်တကယ် မရိုးရှင်းပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားကို ဘုရားသခင်သည် စိတ်နှိမ့်ချကာ ကွယ်ဝှက်ပြီး၊ ဘုရားသခင်သည် စစ်မှန်သည်ဆိုသည်ကို ပြသဖို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယင်းမှာ ဤအမှုကို ဆောင်ရွက်ရန်အတွက်သာ ဖြစ်ခဲ့မည်ဆိုပါက၊ လူ့ဇာတိ ခံယူလာရန် လိုအပ်ခဲ့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့လျှင်ပင်၊ သူသည် သူ၏စိတ်နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်း၊ သူ၏ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို လူသားထံ တိုက်ရိုက် ထုတ်ဖော်ပြနိုင်ခဲ့ပေမည်၊ သို့ရာတွင် ထိုသို့သော အရာများသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းတို့သည် စာတန်ကို အနိုင်ယူနိုင်ဖို့မဆိုထားနှင့်၊ လူသားကို ကယ်တင်ခြင်းငှာ သို့မဟုတ် ပြည့်စုံစေခြင်းငှာ မတတ်စွမ်းနိုင်ပေ။ စာတန်ကို ရှုံးနိမ့်စေခြင်းတွင် ဝိညာဉ်တော်က ဝိညာဉ်တစ်ပါးနှင့် တိုက်ပွဲဆင်နွှဲခြင်းသာပါဝင်ပါက၊ ထိုသို့သောအမှုသည် သာ၍ လက်တွေ့ကျသည့် တန်ဖိုး သာ၍ပင် လျော့နည်းပေမည်။ ယင်းသည် လူသားကို ရယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်သကဲ့သို့၊ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ဖျက်ဆီးလိမ့်မည်။ ထို့သို့ဖြင့်၊ ယနေ့ ဘုရားသခင်၏အမှုသည် လေးနက်သည့် အဓိပ္ပာယ်ရှိ၏။ ယင်းမှာ လူသားအနေဖြင့် သူ့ကို တွေ့နိုင်ဖို့အလို့ငှာ၊ သို့မဟုတ် လူသား၏အမြင်များ ပွင့်နိုင်ဖို့အလို့ငှာ သို့မဟုတ် တို့ထိခံရကာ အားပေးခံရသည့် ခံစားချက်အသိစိတ်အနည်းငယ်ကို သူ့အား ပေးရန်အလို့ငှာသာ မဟုတ်ပေ။ ထိုသို့သော အမှုသည် အရေးပါမှု မရှိပေ။ သင်သည် ဤအသိပညာမျိုးကိုသာ ပြောနိုင်ပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော အဓိပ္ပာယ်အား မသိရှိသည်ကို သက်သေပြ၏။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားပေသည်။ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ပါက၊ သူ၏ ပင်ကိုလက္ခဏာကို လူသားက ကိုယ်စားပြုနိုင်မည် မဟုတ်သကဲ့သို့၊ သူ၏အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ သူ့ကို လူသားက မြင်တွေ့နိုင်ဖို့အလို့ငှာ၊ လူသားကို ပျော်ရွှင်စေခြင်းအတွက် ဘုရားသခင် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်ပါက၊ ထိုသို့သော ယုံကြည်မှုများသည် တန်ဖိုး မရှိ၊ အရေးပါမှုမရှိပေ။ လူသား၏သိနားလည်မှုသည် အလွန်အပေါ်ယံ ဖြစ်လွန်း၏။ ဤအမှုကို သူကိုယ်တိုင် ဆောင်ရွက်ခြင်း အားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို စေ့စေ့စပ်စပ်နှင့် လုံးဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ယင်းကို ဘုရားသခင်ကိုယ်စား လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် သူ၏အနှစ်သာရ မရှိသဖြင့်၊ ဘုရားသခင်၏အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့၊ လူသားသည် ဤအမှုကို လုပ်ဆောင်ခဲ့လျှင်ပင်၊ မည်သည့် အကျိုးတရားမျှ ရှိမည် မဟုတ်ပေ။ ပထမအကြိမ် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ရွေးနုတ်ခြင်းအတွက်ဖြစ်၏၊ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခံရပြီး သူ၏အပြစ်များအတွက် ခွင့်လွှတ်ခံရနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကိုလည်း လူသားအလယ်တွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်။ အကယ်၍ ဤအဆင့်အတွင်းတွင် ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောဆိုရန်သာဖြစ်ပါက၊ သူ၏ နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဦးကို ရှာတွေ့နိုင်ပေသည်။ ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဘုရားသခင်အတွက် လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် ကြိုးစားခဲ့ပြီး၊ လူသား၏အသက်တာ၌ အမှုပြုဖို့ကြိုးစားခဲ့ပါက၊ ဤအမှုကို လုပ်ဆောင်ရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည် ဖြစ်၏။ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ဆောင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် ထိုအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ဤအဆင့်တွင် လုပ်ဆောင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမျှ မဟုတ်သောကြောင့်၊ ပြီးလျှင် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို အနိုင်ယူရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသောကြောင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ၊ ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါသည် သူ၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏၊ ယင်းနောက်တွင် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့ပြီး၊ ပရောဖက်များမှတစ်ဆင့် အမှုတစ်ချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ယေဟောဝါကို သူ၏အမှု၌ အစားဝင်ပေးနိုင်ခဲ့သကဲ့သို့၊ ပရောဖက်တို့သည် အမှုအရာများကို ကြိုတင်ဟောပြောနိုင်ကြပြီး သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်ပြန်နိုင်ခဲ့ကြသောကြောင့် ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏ စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲခြင်းအမှု မဟုတ်ခဲ့သကဲ့သို့၊ လူသား၏အပြစ်နှင့် ဆက်နွှယ်မှု မရှိပေ၊ ပြီးလျှင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် လူ့ဇာတိမခံယူခဲ့သကဲ့သို့၊ လူသားထံ မိမိကိုယ်ကိုယ် ထုတ်ဖော်မပြခဲ့ပေ။ ထိုအစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက် စကားပြောဆိုခဲ့ပြီး၊ ၎င်းတို့အား သူ့ကိုယ်စား စကားပြောကာ အမှုပြုစေပြီး၊ လူသားမျိုးနွယ်ကြားတွင် သူ့ကိုယ်စား တိုက်ရိုက် အမှုပြုစေခဲ့သည်။ ဘုရားသခင်၏အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်ခဲ့၏။ ယင်းသည် စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း၊ ဤတိုက်ပွဲသည် တရားဝင် မစတင်ရသေးပေ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်းနှင့်အတူ စတင်ခဲ့ပြီး၊ ယင်းသည် ယနေ့အထိ ဆက်လက်ဖြစ်၏။ ဤစစ်ပွဲ၏ ပထမတိုက်ပွဲသည် ကားတိုင်တွင် လူ့ဇာတိခံဘုရားသခင် သံမှိုရိုက်နှက်ခံရချိန်တွင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းက စာတန်ကို အနိုင်ယူခဲ့ပြီး၊ ယင်းသည် စစ်ပွဲ၌ ပထမဦးဆုံး အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံ ဘုရားသခင်က လူသား၏ အသက်တာ၌ တိုက်ရိုက်အမှုပြုဖို့ စတင်ချိန်တွင်၊ ဤသည်မှာ လူသားကို ပြန်လည်ရယူခြင်း အမှု၏ တရားဝင်အစဖြစ်ခဲ့ပြီး၊ ဤသည်မှာ လူသား၏ စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းအမှု ဖြစ်ခဲ့သောကြောင့်၊ ယင်းသည် စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်း အမှု ဖြစ်ခဲ့ပေသည်။ အစအဦး၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် ကမ္ဘာမြေပေါ်တွင် လူသား၏ဘဝကို ဦးဆောင်လမ်းပြခြင်းမျှ ဖြစ်၏။ ယင်းသည် ဘုရားသခင်၏အမှု အစဖြစ်ပြီး၊ မည်သည့်တိုက်ပွဲမျှ သို့မဟုတ် မည်သည့်အဓိကအမှုမျှ မပါဝင်သေး သော်လည်း၊ လာမည့်တိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်းရှိ အမှု၏ဒုတိယ အဆင့်သည် လူသား၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း ပါဝင်လေသည်၊ ယင်းမှာ ဘုရားသခင် ကိုယ်တိုင်သည် လူသား၏အသက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုလိုပေသည်။ ဤအရာကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့ဖြစ်ခဲ့သည်- ယင်းသည် ဘုရားသခင်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရန် လိုအပ်ခဲ့သည်။ သူ့အနေဖြင့် လူ့ဇာတိ မခံယူခဲ့ပါက၊ အမှု၏ဤအဆင့်သည် စာတန်နှင့် တိုက်ရိုက်တိုက်ခိုက်ခြင်း အမှုကို ကိုယ်စားပြုခဲ့သည့်အတွက်၊ အခြားမည်သူမျှ သူ့ကို အမှု၏ဤအဆင့်တွင် အစားထိုးနိုင်ခဲ့မည် မဟုတ်ပေ။ အကယ်၍ ဤအမှုကို လူသားက ဘုရားသခင်၏ကိုယ်စား လုပ်ဆောင်ခဲ့ပါက၊ စာတန် ရှေ့မှောက်တွင် လူသား ရပ်တည်သည့်အခါတွင်၊ စာတန်သည် ကျိုးနွံနာခံခဲ့မည် မဟုတ်သကဲ့သို့၊ ၎င်းကို အနိုင်ယူရန်မှာ ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင် ဖြစ်ဆဲဖြစ်ပြီး၊ သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်ဆဲဖြစ်သည့်အတွက်၊ ၎င်းကို အနိုင်ယူဖို့ လာခဲ့သူမှာ လူ့ဇာတိခံဘုရားသခင် ဖြစ်ဖို့လိုခဲ့ပေသည်။ မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝကျိုးနွံနာခံစေဖို့ သူသည် လူ့ဇာတိကို ဆောင်ယူခဲ့ပြီး အမှုကို လုပ်ဆောင်ခဲ့၏။ နောက်ဆုံးသောကာလ အမှု၏ အဆင့်အတွင်းတွင်၊ လူသားသည် ဤအမှုကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော်များကို တိုက်ရိုက် ပြောဆိုစေခြင်း ခံခဲ့ရသည်ဆိုပါက၊ သူသည် ယင်းတို့ကို ပြောဆိုနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ပရောဖက်ပြုချက်ကို ပြောဆိုခဲ့မည်ဆိုပါက၊ ဤပရောဖက်ပြုချက်သည် လူသားကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ ၎င်းကို လုံးဝ အညံ့ခံစေ၏။ သူသည် စာတန်ကို လုံးဝ အနိုင်ယူချိန်တွင်၊ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီး လုံးဝ ရယူချိန်တွင်၊ အမှု၏ဤအဆင့် ပြီးဆုံးလိမ့်မည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အတွက် မရပ်တည်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်းနှင့် အမှုသစ်စတင်ခြင်း အမှုသည် ဘုရားသခင် ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို သာ၍ပင် လိုအပ်၏။ လူသားကို ထုတ်ဖော်ခြင်းပေးခြင်းနှင့် ပရောဖက်ပြုချက်ဖြင့် ထောက်ပံ့ပေးခြင်းတို့ကို လူသားက လုပ်ဆောင်နိုင်သော်လည်း၊ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်ကြားက တိုက်ပွဲနှင့် သက်ဆိုင်သည့်အမှု ဖြစ်ပါက၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ပေ။ အမှု၏ပထမအဆင့်အတွင်းတွင်၊ စာတန်နှင့် တိုက်ပွဲမရှိခဲ့သည့်အခါ၊ ယေဟောဝါသည် ပရောဖက်များပြောဆိုခဲ့သည့် ပရောဖက်ပြုချက်ကို အသုံးပြုရင်း ဣသရေလအမျိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့၏။ ထို့နောက်တွင်၊ အမှု၏ ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး၊ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်ကိုယ်တိုင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူခဲ့ပြီး၊ လူ့ဇာတိအဖြစ်သို့ ရောက်လာခဲ့၏။ စာတန်ကို တိုက်သည့်တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည်လည်း ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၏၊ ယင်းမှာ ဤတိုက်ပွဲကို လူသားက ဆင်နွှဲ၍မနိုင်ဟု ဆိုလိုပေသည်။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ကို အနိုင်ယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင် ရှိနေသေးစဉ်တွင် သူသည် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် ခွန်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏- သင်သည် စာတန်ဘက်သို့ တိမ်းပါက၊ သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုတွင် လူသားသည် ဘုရားသခင်အတွက် ကြိုးစားကာ အစားဝင်ပေးရမည်ဆိုပါက၊ လုပ်ဆောင်နိုင်ပါမည်လော။ အစားဝင်ပေးခဲ့ပါက၊ သူသည် ကာလကြာမြင့်စွာကပင် ပျက်စီးဆုံးရှုံးပြီးဖြစ်မည် မဟုတ်လော။ ကာလကြာမြင့်စွာကပင် သူသည် အောက်အရပ်လောကထဲသို့ ဝင်ရောက်ပြီးဖြစ်မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ အမှု၌ ဘုရားသခင်ကို အစားမထိုးနိုင်ပေ၊ ဆိုလိုသည်မှာ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိသကဲ့သို့၊ သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက၊ သူ့ကို အနိုင်ယူခြင်းငှာ သင် တတ်စွမ်းနိုင်မဟုတ်ပေ။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ သူသည် လူအချို့ကို သိမ်းသွင်းနိုင်၏၊ သို့ရာတွင် ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် သူသည် ဘုရားသခင်အတွက် အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့ တိုက်ပွဲဝင်နိုင်မည်နည်း။ သင် မစမီကပင် စာတန်သည် သင့်ကို ဖမ်းဆီးမိမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤအခြေခံအရ လူသားသည် ဘုရားသခင်နောက် လိုက်ပြီး သူ့ကို နာခံသောအခါမှသာ၊ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး စာတန်၏ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ပေသည်။ လူသားက မိမိ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် အစွမ်းအစတို့ဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာများမှာ နည်းပါးလွန်းလှပေသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ သူ့ကို ဦးဆောင်လမ်းပြခြင်းအပြင် စာတန်ကို အနိုင်ယူခြင်းတို့ကို မတတ်စွမ်းနိုင်ပေ။ လူသား၏ အသိဉာဏ်နှင့် အမြော်အမြင်တို့သည် စာတန်၏အကြံအစည်များကို ကဖျက်ယဖျက် မလုပ်နိုင်ပေ၊ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။

စုံလင်စေခြင်း ခံရဖို့ လိုလားလျက် ရှိသူအားလုံးသည် စုံလင်စေခြင်း ခံရဖို့ အခွင့်အရေးရှိ၏၊ ထို့ကြောင့် အယောက်တိုင်း စိတ်အေးလက်အေးထားရမည်- အနာဂတ်တွင် သင်တို့အားလုံး ပန်းတိုင်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရရန် လိုလားမနေသကဲ့သို့၊ အံ့သြဖွယ်ကောင်းသော နယ်ပယ်ထဲသို့ဝင်ရောက်ရန် လိုလားနေခြင်း မရှိပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာ ဖြစ်၏။ စုံလင်စေခြင်းခံရရန် လိုလားနေပြီး ဘုရားသခင်ကို သစ္စာစောင့်သိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏ အလုပ်တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်သူ အားလုံး- ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့တွင်၊ ၎င်းတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်ခြင်းမရှိသူအားလုံး၊ ဘုရားသခင်ကို သစ္စာမစောင့်သိသူအားလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသူ အားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိပြီးဖြစ်သော်လည်း၊ လက်တွေ့မလုပ်ဆောင်သောသူ အားလုံး— ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို သစ္စာစောင့်သိပြီး နာခံရန်လိုလားနေသော သူအားလုံးသည် အနည်းငယ် မသိနားမလည်ကြလျှင်ပင် စုံလင်စေခြင်း ခံနိုင်၏။ လိုက်စားရှာဖွေရန် လိုလားနေသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ဤအရာနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုပေ။ ဤဦးတည်ချက်ဖြင့် လိုက်စားရှာဖွေရန် သင်လိုလားနေသရွေ့၊ သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ငါသည် သင်တို့ထဲမှ မည်သူ့ကိုမျှ စွန့်ပစ်ရန် သို့မဟုတ် ပယ်ထုတ်ရန် လိုလားခြင်းမရှိသော်လည်း၊ လူသားသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ သင်သည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ပယ်ထုတ်သည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင် ဖြစ်၏။ သင်ကိုယ်တိုင်က ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက— သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မဆောင်ရွက်ပါက၊ သို့မဟုတ် သစ္စာမစောင့်သိပါက၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ သင် နှစ်သက်သည်အတိုင်း အမြဲလုပ်ဆောင်ပါက၊ သင်သည် မဆင်မခြင် ပြုမူပါက၊ သင်ကိုယ်တိုင်၏ ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် တိုက်ခိုက်ပြီး ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံမှုများတွင် မရိုးဖြောင့်ပါက၊ သင်သည် သင် ကိုယ်တိုင်၏ အပြစ်များ၏ ဝန်ထုပ်ကို သယ်ဆောင်ရလိမ့်မည်ဖြစ်သည်။ သင်သည် မည်သူမဆို၏ သနားကြင်နာမှုနှင့်မျှ မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ ဤအဆင့်ကို အောင်မြင်စွာ ပြည့်စုံစေနိုင်ဖို့အလို့ငှာ၊ သင်တို့အားလုံးကို စုံလင်စေခြင်း ခံရဖို့နှင့် အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန် ဖြစ်၏။ ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ပယ်ထုတ်ခြင်းခံရပေမည်။ ဤသည်မှာ သင်တို့ အသီးသီး ဆောင်ရွက်သင့်သည့် တာဝန်ဖြစ်သောကြောင့်၊ ငါသည် အယောက်တိုင်းကို အမီလိုက်စေလိုသည်၊ အယောက်တိုင်းကို အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုပြီး၊ တကယ့်အဆုံးထိတိုင် နာခံနိုင်စေလိုသည်။ သင်တို့ အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင်၊ သင်တို့အားလုံး စုံလင်စေခြင်း ခံရပြီး ဖြစ်လိမ့်မည်၊ ထူးကဲလှသော သက်သေခံချက်လည်း သင်တို့ ရှိကြလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ် အောင်နိုင်ပြီးသူများနှင့် ဘုရားသခင်၏ကတိကို ရရှိပြီးသူများဖြစ်ကာ ၎င်းတို့သည် အံ့သြဖွယ်ကောင်းသော ပန်းတိုင်တွင် အသက်ရှင်ရန် ကျန်ရစ်ကြမည့်သူများ ဖြစ်ပေသည်။

အရှေ့သို့- ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

နောက်တစ်ခုသို့- ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။