ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

12.09.2019

ရှောင်ရွီ၊ စီချွမ်စီရင်စု

အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်၌ ကျွန်တော့် ၏တာဝန်သည် သတင်းကောင်းဝေငှခြင်းဖြစ်သည့်အချိန်တွင်၊ မှားယွင်းသောသက်သေကို အပြင်းအထန် ငြင်းဆန်သည့်၊ နှောင့်ယှက်သည့်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လူတို့ စုံစမ်းစစ်ဆေးခြင်းနှင့် လက်ခံခြင်းကို ဆန့်ကျင်၊ နှောင့်ယှက်၊ တားဆီးရန် မှားယွင်းသောသက်သေကို ခံကြသည့် ဘာသာရေးခေါင်းဆောင်များကို ဤအရာ လုပ်ဆောင်စဉ်တွင် ကျွန်တော် တွေ့ကြုံခဲ့ရသည်။ ၎င်းတို့သည် သတင်းကောင်း ဝေငှသော ကျွန်တော်တို့ကို ဖမ်းဆီးရန် ရဲများကိုပင် ခေါ်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ကျွန်တော်တို့ တရားဟောသည့် လူများသည် ကျွန်တော်တို့နှင့် မဆက်သွယ်ရဲတော့ပါ။ ထို့အပြင် သတင်းကောင်းကို လက်ခံပြီးစလူများသည် အနှောင့်အယှက်ပေးခြင်း ခံခဲ့ရပြီး ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍ မသေချာမရေရာ ဖြစ်လာခဲ့ကြသည်။ ကျွန်တော်တို့၏ ဧဝံဂေလိလုပ်ငန်းသည် အလွန်အမင်း ဟန့်တားခံခဲ့ရသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ အလိမ်ခံရပြီး၊ အနှောင့်ယှက်ခံခဲ့ရသည့် စစ်မှန်သော ယုံကြည်ခြင်းရှိသည့် ညီအစ်ကိုမောင်နှမများကို တွေ့သောအခါ ကျွန်တော် အလွန် စိုးရိမ်မိသည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့လာပြီး နောက်ဆုံးသော ကာလ ကိုယ်တော်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို လက်မခံနိုင်ခဲ့ကြပါ။ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်ပြီး သူတို့ စွဲကိုင်ထားသည့် အယူအဆများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ကျွန်တော် နေ့စဉ်ကြိုးစားလုပ်ဆောင်ခဲ့သည်။ သို့သော် ဤအရာကို အချိန်ကာလတခုအထိ ကျွန်တော် လုပ်ဆောင်ခဲ့ပြီးနောက် ကျွန်တော်တို့၏ ဧဝံဂေလိ လုပ်ငန်းက ပိုမိုကောင်းလာဖို့အတွက် အပြောင်းအလဲမဖြစ်ခဲ့သေးပါ။ ကျွန်တော် တွေးမိခဲ့ပါသည်။ “ဧဝံဂေလိအလုပ်က ဆောင်ရွက်ဖို့ အရမ်းခက်တယ်။ အလှည့်စားခံခဲ့ရသူတွေကို ပြသဖို့ ဘုရားသခင်က အံ့ဖွယ်နမိတ်လက္ခဏာတချို့ ပြုလုပ်ပြီး ဘုရားသခင်ကို ပြင်းပြင်းထန်ထန် အာခံသတွေနဲ့အတူ မမှန်တဲ့သက်သေကို ခံတဲ့သူတွေကို အပြစ်ဒဏ်ပေးရင် သိပ်ကောင်းမှာပဲ။ အဲဒါဆိုရင် ဧဝံဂေလိအလုပ်ကပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင်မှာပဲ မဟုတ်လား။ ကျွန်တော်တို့အတွက် သတင်းကောင်းဝေငှဖို့ သိပ်ပြီး ခက်မှာမဟုတ်တော့ဘူး” ဟု ကျွန်တော် တွေးမိခဲ့သည်။ ဤသည်မှာ အခက်အခဲများကြုံရတိုင်း ကျွန် တော့်၏ နှလုံးသားထဲတွင် ဤမျှော်လင့်ချက် ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သော ဂန္တဝင် သာဓကများ ဟူသော စာအုပ်ကို ကျွန်တော်ဖတ်ပြီး ဘုရားသခင်၏ ထူးဆန်းနိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများအကြောင်း သက်သေခံချက်များကို မိတ်သဟာယဖွဲ့စဉ်တွင် ကြားရပြီးနောက် ကျွန်တော့်နှလုံးသားထဲတွင် အလွန်ဝမ်းသာမိခဲ့သည်။ ကျွန်တော်တို့၏ ဧဝံဂေလိအလုပ် ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကျွန်တော်အလုပ်လုပ်သည့် နယ်ပယ်တွင် ဘုရားသခင်က တစ်ခုခုပြုလုပ်မည်ဟု ကျွန်တော် ပိုပြီးမျှော်လင့်ခဲ့သည်။ ကျွန်တော်ဘယ်လောက်ပဲ မျှော်လင့်နေပါစေ ၎င်းနေရာတွင် ဘုရားသခင်က နိမိတ်လက္ခဏာတစ်ခုခု ပြခြင်း သို့မဟုတ် မကောင်းသည့်လူများကို အပြစ်ဒဏ်ပေး ဖို့ရန် တစ်ခုခုလုပ်ဆောင်ခြင်းကို ကျွန်တော်မတွေ့ခဲ့ရပါ။ဘာသာရေးသမားများက ဘုရားသခင်ကို အပြည့်အဝ ဆန့်ကျင်နေကြဆဲဖြစ်ပြီး ဧဝံဂေလိအမှုတော်ရှိ အခက်အခဲများသည် ဆက်လက် ကြီးမားနေဆဲဖြစ်သည်။ “ဘုရားသခင်က ဘာလို့ ငါတို့အတွက် လွတ်လမ်းကို မဖွင့်ပေးတာလဲ။ ငါတို့ရဲ့ယုံကြည်ခြင်းက မလုံလောက်လို့လား” ဟု စဉ်းစားရင်း ကျွန်တော် အပျက်သဘောဆောင်လာခဲ့သည်။

အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၊ သူ၏ အလိုတော်ကိုရှာဖွေဖို့ အကြိမ်များစွာ ဘုရားသခင်ရှေ့သို့ ကျွန်တော် လာခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်တော် ဝတ်ပြုစဉ်အတွင်း ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကို တွေ့ရှိခဲ့ရသည်၊ “အကယ်၍ ဘုရားသခင်သည် သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခဲ့မည်ဆိုပါက၊ သူသည် ကြီးမားသာအမှုကို လက်ခံဆောင်ရွက်ဖို့ မလိုအပ်ပေ။ သူ၏ ကိုယ်ပိုင်နှုတ်ဖြင့်၊ သူသည် လူတို့ကို သေခြင်းသို့ သက်သက် ကျိန်ဆဲမည် ဖြစ်ပြီး၊ ၎င်းတို့ ချက်ချင်း သေဆုံးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် လူအားလုံးသည် လက်ခံယုံကြည်ကြမည် ဖြစ်သည်- သို့သော် ဤအရာက လူ့ဇာတိ ခံယူခြင်း၌ ဘုရားသခင်၏ ရည်မှန်းချက်ကို စွမ်းဆောင်မရရှိပေ။ အကယ်၍ ဘုရားသခင်သည် ထိုသို့ အမှန်တကယ် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ လူတို့သည် သူ၏ တည်ရှိခြင်းကို မည်သည့်အခါမျှ သတိရှိရှိ လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပေ၊ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်စွမ်း မရှိကြသည့်အပြင်၊ နတ်ဆိုးကို ဘုရားသခင်နှင့် မှားကြမည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ၊ လူတို့သည် ဘုရားသခင်၏စိတ်သဘောထားကို မည်သည့်အခါမျှ သိရှိနိုင်ကြမည် မဟုတ်- ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိ၌ ဖြစ်တည်ခြင်း၏ အရေးပါမှုနှင့်ဆိုင်သော ရှုထောင့်တစ်ခု ဖြစ်သည် မဟုတ်လော။ အကယ်၍ လူတို့သည် ဘုရားသခင်ကို သိနိုင်စွမ်း မရှိခဲ့ကြပါက၊ ထိုမရေရာသည့် ဘုရားသခင်၊ ထိုသဘာဝလွန် ဘုရားသခင်သည် လူသားအလယ် မည်သည့်အခါတွင်မျှ ဩဇာလွှမ်းမိုးမည် မဟုတ်ပေ။ ဤအရာတွင်၊ လူတို့သည် ၎င်းတို့၏ အယူအဆများကို စိတ်စွဲမည် မဟုတ်လော။ သာ၍ ရှင်းလင်းစွာ ပြောရမည်ဆိုပါက၊ ဩဇာလွှမ်းမိုးသည်မှာ စာတန်၊ နတ်ဆိုး ဖြစ်မည် မဟုတ်လော။ ‘တန်ခိုးအာဏာကို ငါပြန်ယူသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုများစွာ ရှိသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။’ ဘုရားသခင် လူ့ဇာတိခံယူသည့် အခိုက်အတန့်သည် တန်ခိုးအာဏာကို သူပြန်ယူသော အခိုက်အတန့် ဖြစ်ပြီး၊ ယင်းသည် သူ၏ ဘုရားသဘောသဘာဝက ဆောင်ရွက်ဖို့ တိုက်ရိုက်ထွက်ပေါ်သည့် အချိန်ကာလလည်း ဖြစ်သည်။ လူအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်ကို တဖြည်းဖြည်း သိလာကြပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ သာ၍ နက်ရှိုင်းသော နေရာတစ်ခုကို ဘုရားသခင်အား ပေးလျက်၊ ၎င်းတို့၏ စိတ်နှလုံးများထဲက စာတန်၏နေရာကို လုံးဝ ဖျောက်ပစ် လိုက်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော် ဆင်ခြင်ပြီး ကျွန်တော့် စိတ်နှလုံးက ရုတ်တရက် အားတက်သွားခဲ့သည်။ လူ့ဇာတိ၌ ဘုရားသခင့် အမှုတော်၏ ရည်ရွယ်ချကမှာ လူသားများကို နာခံစေရန်အတွက် ခြိမ်းခြောက်ဖို့ သူ၏သြဇာ အာဏာသုံးရန်မဟုတ်ဘဲ တကယ့် အမှုတော်နှင့် နှုတ်ကပတ်တော်တို့မှတစ်ဆင့် ဘုရားသခင်၏ စိတ်နေသဘေားကို လူသားမျိုးနွယ်ထံ အပြည့်အဝ သိရှိစေရန်နှင့် ဤအရာမှတစ်ဆင့် လူသားမျိုးနွယ်၏ နှလုံးသားတို့တွင် ကိုင်စွဲထားသော မရေရာသည့် ဘုရားသခင်နှင့်သက်ဆိုင်သည့် ပုံသဏ္ဍာန်ကို ပျက်ပြယ်စေရန်ဖြစ်သည်။ ယင်းမှာ လူတို့ကို ၎င်းတို့ အယူအဆများ၏ ကန့်သတ်ချုပ်ခြယ်မှုများကို ဖယ်ရှား ခွင့်ပေးရန်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် အမှုတော်ကို အမှန်တကယ်သိမြင်စေရန်၊ လူတို့ကို သမ္မာတရားနှင့် ပိုင်းခြားသိမြင်မှုတို့ကို ပိုင်ဆိုင်ခွင့်ပြုပြီး သိမ်းပိုက်ခံရကာ ရယူခြင်း ခံရကြစေရန် အခွင့်ပေးဖို့ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အမှန်ပင် အလွန်လက်တွေ့ကျပြီး လူသားများအတွက် သူ၏ ဉာဏ်ပညာတော်သည် နားလည်မရနိုင်သောအရာ ဖြစ်သည်။ ဤအကြောင်းအရာကို သေချာ စဉ်းစားတွေးတောကြည့်ပါ။ ဘုရားသခင် ဆောင်ရွက်သော ဤအမႈသည် နိမိတ်လက္ခဏာများ နှင့်အံ့ဖွယ်ရာများဖြင့် လုပ်ဆောင်ခဲ့ပါက ယင်းက အကျိုးအမြတ် ဖြစ်စေလိမ့်မည်မဟုတ်ပါ။ ပညတ်တော်ခေတ်ကဲ့သို့ပင် ဘုရားသခင်သည် ဣသရေလလူမျိုးများကို နိမိတ်လက္ခဏာများစွာပြခဲ့ပြီး သူ့ကိုဆန့်ကျင်သူများစွာကိုလည်း အပြစ်ပေးခဲ့သည်။ သို့သော် ဣသရေလလူမျိုးများက ဘုရားသခင်ကိုမသိကြသေး၍ အဆုံးတွင် တောထဲ၌ သေဆုံးကြရသည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် မရေတွက်နိုင်သော လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဂျူးလူမျိုးတို့ကြားတွင် နောက်တဖန် ပြသခဲ့သည်။ သို့သော်လည်း သူတို့သည် ကိုယ်တော်ကိုမသိခဲ့သောကြောင့် သူ့ကို အရှင်လတ်လတ် ကားစင်တင်ခဲ့ကြဆဲဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင်၏ အံ့သြဖွယ်ရာ များနှင့် နိမိတ်လက္ခဏာ တို့သည် လူတို့ ဘုရားသခင်ကို အမှန်တစ်ကယ်သိပြီး ဘုရားကို ချစ်ကြောက်ရိုသေသည့်စိတ် ဖြစ်ပေါ်လာစေရန်အတွက် မလုပ်ပေးနိုင်ခြင်းကို ပြနေသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း အုတ်မြစ် ဖြစ်မလာနိုင်ပေ။ သို့သော်လည်း ယခုထိတိုင် ဘုရားသခင်နောက်ကို ကျွန်တော် လိုက်နေသော်လည်း ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော သိနားလည်မှု နည်းနည်းမျှ ကျွန်တော် မရှိခဲ့ပါ။ လူ့ဇာတိ၌ ဘုရားသခင့်အမှုတော်၏ ရည်မှန်းချက်များနှင့် အရေးပါမှုတို့ကို ပို၍ပင် နားလည်ခြင်း မရှိပါ။ သူ၏ သြဇာအာဏာကို ကျွန်တော် ယုံကြည်ခဲ့ပြီးဘုရားသခင်အား ဆန့်ကျင်သည့် မည်သူမဆို သူအပြစ်ပေးလိမ့်မည်ဆိုသည်ကို ကျွန်တော် ယုံကြည်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျွန်တော် ရှာဖွေခဲ့သည်။ ဤကဲ့သို့ ယုံကြည်ခြင်းမျိုးမှာ မရေရာမသေချာစွာ ရှင်သန်ရင်း၊ လက်တွေ့ကျသည့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သဘာဝလွန် ဘုရားကို ယုံကြည်ရင်းဖြင့် ဖာရိရှဲတို့ကဲ့သို့ ယုံကြည်မှုမျိုး အတိအကျပင် ဖြစ်သည် မဟုတ်ပါလား။ ဘုရားသခင်ကို ကျွန်တော့်၏ ရှာဖွေလိုက်စားခြင်းက ဤနည်းလမ်းအတိုင်း ဆက်ဖြစ်နေလျှင် ကျွန်တော် မည်သို့သဟဇတဖြစ်နိုင်မည်နည်း။ ယင်းမှာ အမှန်တကယ်အန္တရာယ်များလှပါသည်။

ထို့နောက်တွင် နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်တော် တွေ့ခဲ့ရပါသည်။ “အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။...ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖါရိရှဲများအလယ်တွင်သာ သူ ဘုန်းတော်ထင်ရှားနိုင်ခဲ့သည်။ ဖါရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဤနှုတ်ကပတ်တော်များမှတဆင့် ကျွန်ုပ်ပိုပြီး သတိပြုမိလာရသည်မှာ ဘုရားက မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ၊ အားလုံးကအဓိပ္ပါယ်ရှိသည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်က နမိတ်လက္ခဏာအချို့ပြသရန် သို့မဟုတ် အပြစ်ဒဏ်တစ်ချို့ ချမှတ်ရန်ဖြစ်လျှင်၊ ၎င်းတွင် အဓိပ္ပါယ်ရှိသည်။ စည်းမျဉ်းများရှိသည်။ အကယ်၍ ဘုရားသခင်သည် ဤအလုပ်ကို မလုပ်လျှင် ၎င်းတွင် ဘုရားသခင်၏ ဉာဏ်ပညာတော်များ ပို၍ပင် ပါရှိပါသည်။ မမှန်သော သက်သေခံသူများ သို့မဟုတ် သူ့ကိုကို ပြင်းပြင်းထန်ထန် ခုခံသည့် ဆိုးညစ်သောသူတို့ကို ဘုရားသခင်က ယခုမဖယ်ရှားပါ။ဤအရာ၌ ဘုရားသခင်၏ စိတ်စေတနာ ပို၍ပင် ပါရှိပါသည်။ ဘုရားသခင်သည် သူ့ အမှုတော်၏ဆင်းရဲဒုက္ခများကို ကျွန်တော်တို့ကို မြည်းစမ်းခွင့်ပေးဖို့၊ လူသားများကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာဖြင့် ကယ်တင်လိုသည့် သူ၏အလိုတော်ကို ကျွနုပ်တို့ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခွင့်ရစေရန် ဤအခက်အခဲများကို သူ အသုံးပြုပါသည်။ထိုသို့အားဖြင့် ဘုရားသခင်၏ ကြင်နာမှုနှင့် လှပမှုကို သတိပြုမိစေရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ လုပ်ရပ် ကောင်းခြင်းဆိုးခြင်းသက်သေကို သိရှိရန်လည်း ဤအခက်အခဲများကို အသုံးပြုပြီး အဆုံးတွင် ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်လက်ခံကြဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ကျွန်တော်တို့ မြင်တွေ့နိုင်ဖို့ရန် အလို့ငှာ သင့်တော်သည့် ခရီးပန်းတိုင် တစ်ခုကို သူတို့အား ပြင်ဆင်ပေးသည်။ ထို့ထက်ပို၍ ရူပါရုံနှင့်ဆက်စပ်နေသည့် သမ္မာတရား၏ ရှုထောင့် ကျွန်တော် ကင်းမဲ့သည်၊ ကျွန်တော့် သဘာဝက အလွန် ပျင်းရိသည်၊ ကြောက်တတ်သည်၊ မိုက်မပြီး မသိနားမလည်သည်ကို ထုတ်ဖော်ပြရန် ဘုရားသခင်က ဤအခက်အခဲများကို အသုံးပြုပါသည်။ ကျွန်တော့်၏ဒုက္ခဝေဒနာခံစားခြင်း၊ အားထုတ်မှုများ၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ပိုင်းခြားသိမြင်မှု၊ ယုံကြည်စိတ်ချမှု၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနှင့် သတ္တိတို့ကို ကျွန်တော့်အပေါ် သူအပ်နှင်းပါလိမ့်မည်။ ထို့ထက်ပင်၊ ဘုရားအမှုတော်၏ သမ္မာတရားကို သူ ကျွန်တော့်ကိုပေးလိမ့်မည်။ ထိုသို့ဖြင့် ကျွန်တော့်ကို ပြည့်စုံစေပြီး ရယူခြင်း ခံရစေသည်။ ဘုရားသခင်၏ အမှုတော်သည် အလွန်အမြော်အမြင်ရှိပြီး အံ့သြဖွယ်ဖြစ်သည်။ သို့သော် ဘုရားသခင်၏အမှုတော် သို့မဟုတ် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များ၏ အရေးပါမှုကို နားမလည်နိုင်အောင် အလွန် မျက်စိကန်းခဲ့ပေသည်။ ကျွန်တော် ကြောက်ရွံ့နေသည့် အရာအားလုံးမှာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာဖြစ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းဖို့ရန် ကျွန်တော် စိတ်ဆန္ဒမရှိခဲ့ပါ။ ကျွန်တော်သည် အလုပ်လုပ်ဖို့ ကောင်းကောင်း အာရုံမစိုက်ဘဲ သက်သောင့်သက်သာဖြစ်ခြင်းများကို အကြိုက်တွေ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ်ဖြစ်ပါသည်။

လူ့ဇာတိထဲက ဘုရားသခင်၏ အမှုတော်၌ရှိသော ရည်ရွယ်ချက်နှင့် ဉာဏ်ပညာတို့နှင့်ဆိုင်သည့် အသိပညာအချို့ပေးပြီး ဘုရားသခင်အပေါ် ကျွန်တော်၏ ယုံကြည်ခြင်းက ဝေဝါးလျက်ရှိသည်ဆိုသည်ကို၊ ဘုရားသခင်ကို မသိမြင်ခြင်းသည် အလွန်အန္တရာယ်ကြီးသည်ဆိုသည်ကို သိမြင်ခွင့်ကိုလည်း ပေးသည့် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။ ယနေ့မှစ၍ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားဖြင့် ပိုမိုပြင်ဆင်ရန်၊ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့ကို သိသော လူတစ်ဦးဖြစ်ခြင်းကို ရှာဖွေလိုက်စားရန်၊ ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ဖို့ရန်အလို့ငှာ ကျွန်တော့်တာဝန်ကို အစွမ်းကုန် လုပ်ဆောင်ဖို့ ကျွန်တော် လိုလားလျက်ရှိပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ အနှစ်သာရ

ဇိုလီ၊ စင်တိုင်မြို့၊ ရှန်ဒုံစီရင်စု လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကျွန်မတို့၏ ဧရိယာအတွင်း ဒေသများကို သတ်မှတ်ရန်လိုအပ်ခဲ့ပြီး...

နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ

ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့ အလုပ် ထိခိုက်ခဲ့ရတယ်။...

ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ဟွမ်ဘောင် လျောင်နင်းစီရင်စု၊ ဒါလီယန်မြို့ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။