ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

25.06.2019

ဟေးရီ၊ လျောင်နင်းစီရင်စု

မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ကျွန်မအလွန်ပင် ကျေးဇူးတင်ခဲ့ပြီး၊ ဘုရားသခင်၏ ကျေးဇူးကို ပြန်ဆပ်ရန် ကျွန်မ တာဝန်ကျေစွာထမ်းဆောင်ရမည် ဟု တွေးခဲ့သည်။ ကျွန်မသည် အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် ရလဒ်ကောင်းများ မထွက်သည်ကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်မနှင့်တကွ ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများကပြသာနာကို ဖြေရှင်းရန် ခေါင်းချင်းဆိုင်ခဲ့ကြသည်။ ကြိုးစားလုပ်ဆောင်သည့် ကာလတစ်ခုကြာပြီးနောက်၊အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် အသက်မဲ့မြဲဖြစ်ပြီး ဧဝံဂေလိကဏ္ဍတွင် ပါဝင်နေသော ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများသည်လည်း စမ်းသပ်မှုများထဲ၌ ရှင်သန်နေကြရသည်။ ဤသို့ အခြေအနေတွင် ကျွန်မဒီထက်ပို၍ ကျွန်မ ခံစားချက်ကို မမျိုသိပ်နိုင်တော့ပါ။ ဧဝံဂေလိ အလုပ် ပြန်လည်နိုးကြားလာအောင် ကျွန်မ မည်သို့လုပ်ဆောင်ရမည်နည်း။ ကျွန်မ ဦးနှောက် သုံးပြီးနောက် နောက်ဆုံးတွင် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခုကို ကျွန်မ စဉ်းစားမိခဲ့သည်။ ဧဝံဂေလိအဖွဲ့အတွက် လစဉ် ဆုပေးပွဲကို ကျင်းပပေးပြီး တစ်ဦးချင်း ထူးချွန်သူများနှင့် စံပြတရားဟောဆရာများကို ရွေးချယ်ကာ ဘုရားသခင်အတွက် ဝိညာဉ်များစွာ ပြောင်းလဲစေသူကို ဆုပေး၍ ဝိညာဉ်အနည်းငယ်သာ ပြောင်းလဲစေသူကို သတိပေးဆုံးမမည် ဟူ၍ဖြစ်သည်။ ဤအရာသည် သူတို့ကို စိတ်အားထက်သန်စေရုံမျှမက အပျက်သဘောဆောင်ပြီး အားနည်းသော ညီအစ်ကို၊ မောင်နှမများကိုလည်း တွန်းအားပေးပေလိမ့်မည်။ ကျွန်မ ဤအရာကို စဉ်းစားသောအခါ၊ ကျွန်မ၏ လိမ္မာပါးနပ်သည့် လှုပ်ရှားမှုအတွက် အလွန်စိတ်လှုပ်ရှားခဲ့သည်။ “ဒီတစ်ခါတော့ ငါလူတိုင်းကို တကယ် အံ့သြသွားစေရမယ်” ဟု တွေးခဲ့သည်။

ကျွန်မ ဧဝံဂေလိအဖွဲ့ဆီသို့သွားပြီး ကျွန်မစိတ်ကူးကို ရှင်းပြခဲ့သည်။ လူတိုင်း စိတ်လှုပ်ရှားပြီး ပူးပေါင်းပါဝင်လိုကြသည်။ ကျွန်မ အလွန်ပျော်ရွှင်ခဲ့ရပြီး အသီးအပွင့်များကို မြင်ရရန် စောင့်စားနေခဲ့သည်။ သို့သော်၊ ရက်အနည်းငယ်ကြာပြီးနောက်၊ အချို့သော ညီအစ်ကို၊ မောင်နှမများက ပို၍စိတ်ပျက်လာပြီး ကျွန်မ၏နည်းလမ်းအပေါ် ထင်မြင်ချက်များ ပေးလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဧဝံဂေလိဝေငှရာတွင် လူတစ်ဦးကိုမျှ မရရှိကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဧဝံဂေလိ အဖွဲ့မှပင် ထွက်ချင်လာ ခဲ့ကြသည်။ ဤအရာအားလုံးကို မြင်တွေ့ပြီးနောက်၊ ကျွန်မအံ့သြမှင်တက်ခဲ့သည်။ ကျွန်မဘာလုပ်သင့်မှန်း မသိတော့ပါ။ ဤအကြောင်းကို ကြားပြီးနောက် ကျွန်မ၏ ခေါင်းဆောင်သည် ကျွန်မ၏ အခြေအနေနှင့်အညီ မိတ်သဟာယပြုပြီး ဘုရားနှုတ်ကပတ်တော်နှင့် အလုပ်အစီအစဥ်တို့ကို ဖတ်ရှုရန် အမြန်လာခဲ့လေသည်- “ဘုရားသခင်ကို လူတို့အစေခံရာတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ သိကြသလော။ ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်များကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏လက်တွေ့ကျင့်ဆောင်ခြင်းအတွင်း ၀င်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ အချို့က ‘ဤအရာကို ပြုလုပ်ခြင်းဖြင့် ဘုရားသခင်သည် အလွန်ဝမ်းမြောက်မည်မှာ ကျွန်ုပ် သေချာသည်၊ သူသည် ၎င်းကို အမှန်တကယ်ပင် နှစ်သက်လိမ့်မည်။ ဤအကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ် မြင်စေ၍ သူ့ကို ကောင်းသော အံ့ဖွယ်တစ်ခုကို ပေးမည်’ ဟူ၍ပင် ဆိုကြသည်။ ဤ အံ့ဖွယ်၏ ရလဒ်ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဥ်တော်၏ အမှုကို ဆုံးရှုံးကြပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရခြင်းဖြစ်သည်။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။...အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက သို့မဟုတ် ပညာမဲ့ပါက သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်”) “ဘုရားသခင်ကို အစေခံနေတဲ့ သူကအရာအားလုံးမှာ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်သဘောပေါက်ရမယ်။ဘယ်လိုပြသာနာမဆို ကြုံတွေ့တဲ့အခါ သမ္မာတရားကိုရှာဖွေသင့်ပြီး အလုပ်တိုင်းကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို အခြေခံပြီး လုပ်ဆောင်ရမယ်။ ဒီလိုနည်းလမ်းနဲ့ပဲ လုပ်ဆောင်မှုတွေဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ညီကြောင်း သေချာစေနိုင်မှာ ဖြစ်တယ်။” (အလုပ်အစီအစဉ်များ) ဟု ဆိုပါသည်။ ဤစကားများသည် ကျွန်မကို တုန်လှုပ်ကြောက်ရွံ့သော လေးနက်သည့် ခံစားချက်နှင့် နိုးထမှုကို ပေးခဲ့သည်။ ကျွန်မဉာဏ်နှင့်ထွက်လာသော “ဆုပေးပွဲ” သည် လှည့်ကွက်အသစ်တစ်ခုသာဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ ၎င်းသည် ဘုရားသခင်အဖို့ စက်ဆုပ်ရွံမုန်းဖွယ် အကောင်းဆုံးသောအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အစေကိုခံခြင်းသည် အခြေခံအားဖြင့် သူတစ်ပါးအား ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိလာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်တတ်စေရန်၊ ဘုရားသခင်နှင့် သမ္မာတရားကို သဘောပေါက် နားလည်စေပြီးနောက် နောက်ဆုံးတွင် ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။ ထိုကြောင့် မည်သည့်လုပ်ဆောင်မှုမဆို လုပ်ငန်းအစီအစဉ်များနှင့် အစေခံခြင်း နည်းဥပဒေသအတိုင်း တင်းကြပ်စွာ လုပ်ဆောင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား ရှိရမည်။ ဝေခွဲမရသော ကိစ္စရပ်နှင့် ကြုံတွေ့ရသောအခါ သမ္မာတရားကို ရှာဖွေရမည်၊ မိတ်သဟာရဖွဲ့ပေးရန် သမ္မာတရားကို နားလည်သောသူ တစ်ယောက်ကိုရှာဖွေရမည်၊ ဘုရားသခင်၏ ဦးဆောင်မှု နှင့် လမ်းပြမှုတို့ကို လိုက်နာရန် သင်ယူရမည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့၏ လုပ်ဆောင်မှုတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီကြောင်း သေချာနိုင်သည်။ ယခု၊ ဘုရားသခင်သည် ကျွန်မကို ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ၏တာဝန်ကို ထမ်းဆောင်ရန် ချီးမြှောက်သည်။ ဧဝံဂေလိအလုပ်သည် အသီးမသီးဘဲ ကျွန်မ၏ညီအစ်ကိုများ စမ်းသပ်မှု ကြုံတွေ့သောအခါ ကျွန်မ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်၊ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရန်၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေနှင့် ပြဿနာကိုဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲရှိ သက်ဆိုင်သောသမ္မာတရားကိုရှာဖွေရန်၊ ဘုရားသခင်၏ရှေ့မှောက်သို့ လာခဲ့သင့်သည်။ သူတို့ ထိုသမ္မာတရားထဲသို့ဝင်ရောက်မှုကြောင့် ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ခွန်အားများ တိုးပွားစေလိမ့်မည်။ ထိုသို့လုပ်ရမည့်အစား ပြဿနာများ ကြုံတွေ့သောအခါ ကျွန်မသည် သမ္မာတရား နည်းဥပဒေသများကို လုံးဝမရှာဖွေခဲ့ဘဲ မိမိသဘောအတိုင်းလုပ်ဆောင်ကာ အပေါ်ယံကဖြစ်သော နည်းလမ်းများကို အရေးပေးလွန်းခဲ့သည်။ ကျွန်မသည် ကျွန်မ၏ အနည်းငယ်သော ထက်မြတ်မှုကို မှီခိုခဲ့သည်။ ကျွန်မသည် လောကနှင့်ဆိုင်သောစီမံခန့်ခွဲမှုနည်းလမ်းအားဖြင့် ထူးချွန်သောလူများအား ရွေးချယ်ပြီး ဆုချီးပွဲများ ကျင်းပရန်စီစဉ်နေခဲ့သည်။ ရလဒ်အနေဖြင့်၊ ဧဝံဂေလိအလုပ်က အသီးမသီးသည့်အပြင် ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများ၏ အခြေအနေကိုလည်း မဖြေရှင်းနိုင်ခဲ့ပါ။ ကျွန်မ၏ နည်းလမ်းကြောင့် ဧဝံဂေလိအဖွဲ့မှ နှုတ်ထွက်ချင်သည်အထိ သူတို့ ပို၍ပင် အပျက်သဘောဆောင်လာခဲ့ကြသည်။ ဤသည်မှာ အဘယ်သို့ ကျွန်မ၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း ဖြစ်နိုင်မည်နည်း။ ယင်းမှာ အဘယ်သို့ လူတို့ကို သမ္မာတရားသိစေပြီး ဘုရားသခင့်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်း ဖြစ်နိုင်မည်နည်း။ ထိုအရာတွေက ကျွန်မ၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် အသင်းတော်၏အလုပ်ကို သမားရိုးကျလုပ်ဆောင်ကာ ဘုရားသခင်၏လူများကို ကယ်တင်ခြင်း အမှုကို နှောင့်ယှက်နေခြင်းကလွဲ၍ ဘာမျှမဟုတ်ပါ။ ခေါင်းဆောင်ဖြစ်ဖို့ရန် အဘယ်သို့ ကျွန်မ ထိုက်တန်မှုရှိခဲ့ပါသနည်း။ ဤနည်းလမ်းဖြင့် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများကိုဆက်လက်ဦးဆောင်ခဲ့လျှင်၊ ကျွန်မအားဖြင့် သူတို့လမ်းလွဲကြလိမ့်မည်။ အဆုံးသတ်တွင် ကျွန်မ၏စိတ်အားထက်သန်သောအစေခံခြင်းဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမိန့်များကို ပုန်ကန်ပြစ်မှားပြီး သူ၏အပြစ်ဒဏ်ပေးခြင်းကို ခံစားရလိမ့်မည်။

ဘုရားသခင်၏ ကျွန်မကိုဖော်ပြခြင်းနှင့် တရားစီရင်ခြင်းကြောင့်သာလျှင်၊ ဘုရားသခင်ကို အစေခံခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သူ၏အလိုတော် နှင့်ညီဖို့ရန် သမ္မာတရား နည်းဥပဒေသနှင့် သူ၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့သည်။ အကယ်၍ သင်သည် သင့်အလိုအတိုင်းလုပ်ဆောင်လျှင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသောတစ်စုံတစ်ခုကို လုပ်မိနိုင်ချေ အလွန်များလိမ့်မည်။ ကျွန်မသည် ကျွန်မ၏သဘောဝက မာနထောင်လွှားပြီး အဆင်အခြင်မဲ့သည်ကို တွေ့မြင်ခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား နည်းနည်းမျှပင် မရှိခဲ့ကြောင်း မြင်တွေ့ခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ အလုပ်ကိုနှောင့်ယှက်ပြီး သူ၏စက်ဆုပ်ရွံမုန်းခြင်းကို ခံရနိုင်သော ဘုရားသခင်ကို မိမိကိုယ်ပိုင် အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းများဖြင့် အစေခံခြင်းကို ပြုခဲ့သည်။ ယနေ့ကစပြီး ကျွန်မသည် ဤသင်ခန်းစာယူ၍ ကျွန်မ၏ ဆိုးယုတ်သောမာနထောင်လွှားသည့် စိတ်သဘောထားကို ပြင်ဆင်ကာ သမ္မာတရားကိုလိုက်နာဖို့ အကောင်းဆုံး လုပ်ဆောင်ရန် ဆန္ဒရှိပါသည်။ အရာအားလုံးတွင် ကျွန်မသည် သမ္မာတရားကို ရှာဖွေမည်၊ လုပ်ဆောင်မှုများ အားလုံး၏ နည်းဥပဒေသကို ရှာဖွေမည့်အပြင် ဘုရားသခင်ကို ကြောက်ရွံသောနှလုံးသားရှိပါမည်။ ကျွန်မသည် အကောင်းဆုံးတတ်စွမ်းသမျှ ကျွန်မ၏တာဝန်ကို ကျေပွန်စေပြီး ဘုရားသခင်၏ အလိုတော်ကို ရိုးသားခြင်း၊ နာခံခြင်းဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

မျက်နှာဖုံးအား ချွတ်ခြင်း

ထင််းဟွာ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းကပေါ့၊ အစ်မရဲ့အတွေ့အကြုံနဲ့...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။