ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ အနှစ်သာရ

25.06.2019

ဇိုလီ၊ စင်တိုင်မြို့၊ ရှန်ဒုံစီရင်စု

လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကျွန်မတို့၏ ဧရိယာအတွင်း ဒေသများကို သတ်မှတ်ရန်လိုအပ်ခဲ့ပြီး ခေါင်းဆောင်များ ရွေးချယ်ရာတွင် ကျွန်မတို့၏ စည်းမျဉ်းများအရ အတော်ကလေး သင့်တော်သည့် အစ်ကို တစ်ယောက်ရှိခဲ့ပါသည်။ ကျွန်မ သူ့ကို ဒေသခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြောက်ရန် ပြင်ဆင်ခဲ့ပါသည်။ တစ်နေ့၌ ထိုအစ်ကိုနှင့် စကားပြောနေစဉ် သူက ကျွန်မသည် အလုပ်တွင် အလွန်အကျွံ တာဝန်ယူပြီးလျှင် တင်းမာမှုအလွန်များလွန်းပြီး ကျွန်မနှင့် တွေ့ဆုံစုဝေးရသည်မှာ ပျော်မွေ့စရာ သိပ်မရှိကြောင်း ပြောခဲ့ပါသည်။ ကျွန်မ ဤကိစ္စကို ကြားသည့်အခါ ကျွန်မကို နှိမ်သကဲ့သို့ ခံစားရပါသည်။ ကျွန်မ ဆိုးရွားစွာ ခံစားရပါသည်။ ကျွန်မသည် ချက်ချင်းပင် ထိုအစ်ကိုအပေါ် ထင်မြင်ချက်တစ်ခုဖြစ်လာကာ သူ့ကို ဒေသခံခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ကျွန်မ မစီစဉ်တော့ပါ။

ကျွန်မ၏ ဧည့်ခံကျွေးမွေးသူမိသားစုထံသို့ ပြန်ရောက်သည့်အခါတွင် ကျွန်မ စိတ်မကျေမချမ်း ဖြစ်နေဆဲဖြစ်ပြီး စိတ်မဖြေနိုင်ခဲ့ပါ။ ထိုအချိန်တွင် ကျွန်မသည် တရားဒေသနာတစ်ခုမှ စာပိုဒ်တစ်ခုအကြောင်းကို တွေးမိခဲ့ပါသည်။ “ခေါင်းဆောင်တွေဟာ သူတို့နဲ့ သဘောမတိုက်ဆိုင်တဲ့၊ ဆန့်ကျင်တဲ့၊ လုံးဝ အမြင်မတူတဲ့ ညီအစ်ကိုမောင်နှမတွေကို ဆက်ဆံပုံမှာ အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပြီး သတိနှင့် ကိုင်တွယ်သင့်ပါသည်။ သူတို့သည် သမ္မာတရားထဲသို့ မဝင်ရောက်ခဲ့ပါက ဤသို့သော ကိစ္စမျိုး နှင့်ကြုံရသည့်အခါတွင် ဤလူကို သေချာပေါက် ခွဲခြားဆက်ဆံပြီး တိုက်ခိုက်မည်ဖြစ်ပါသည်။ ဤသို့သော အပြုအမူမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်သည့် အဆင်းနီသောနဂါးကြီး၏ သဘောသဘာဝကို အတိအကျ ထုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ခေါင်းဆောင်သည် သမ္မာတရားကို လိုက်စားရှာဖွေပြီး၊ အသိစိတ်နှင့် ဆင်ခြင်သုံးသပ်မှု တို့ကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါက၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေကာ၊ ထိုကိစ္စကိုလည်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းကြမည် ဖြစ်ပါသည်။...ကျွန်ုပ်တို့သည် လူများ ဖြစ်သည့် အလျောက် တရားမျှတပြီး ဘက်မလိုက်ဖို့ လိုအပ်ပါသည်။ ခေါင်းဆောင်များဖြစ်သည့်အလျောက်၊ ကျွန်ုပ်တို့သည် သက်သေရပ်တည်နိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို၏ ကိုယ်ပိုင် ဆန္ဒအတိုင်း အရေးကိစ္စများကို ဆောင်ရွက်ခြင်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လွတ်လပ်စွာ အုပ်စိုးခွင့်ပေးခြင်း တို့ရှိပါက၊ ထိုအရာသည် ဆိုးရွားစွာ ကျဆုံးခြင်းတစ်ခုသာ ဖြစ်ပါသည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ထိုအစ်ကိုကို ကျွန်မ စကားမပြောမီနှင့် စကားပြောပြီးအချိန်တို့၏ လုံးဝကွဲပြားသည့် သဘောထားနှစ်ခု ကျွန်မ မနှိုင်းယှဉ်ကြည့်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် နဂိုမူလက သူ့ကို ဒေသခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ပြင်ဆင်ခဲ့သော်လည်း ကျွန်မ သူနှင့် စကားပြောသည့်အချိန်တွင် ကျွန်မကို မျက်နှာပျက်စေမည့် အရာတစ်ချို့ကို သူပြောခဲ့လေသည်။ ထို့ကြောင့် ရုတ်တရက် သူ့အပေါ် ကျွန်မ၏ အမြင်ကို ပြောင်းလိုက်ပြီး သူ့ကို ရွေးကောက်တင်မြောက်ရန် ကျွန်မ မစီစဉ်တော့ပါ။ ဤသည်မှာ ပုဂ္ဂိုလ်ရေး ကလဲ့စားချေဖို့ ကျွန်မ၏ အာဏာကို အသုံးပြုခြင်း မဟုတ်ပါလား။ ဤအရာသည် အဆင်းနီသော နဂါးကြီးက ၎င်းအားဆန့်ကျင်သူများကိုခွဲခြားဆက်ဆံပြီး၊ တိုက်ခိုက်သည်နှင့် မည်မျှ ကွာခြားပါသနည်း။ ဤသို့သော လုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ် မဟုတ်ပါလား။ အသင်းတော်သည် လူ့အဖွဲ့အစည်းနှင့် မတူပါ။ အသင်းတော်သည် ၎င်း အဆင့်တိုင်းတွင်ရှိသည့် ခေါင်းဆောင်များကို လူ့သဘာဝရှိပြီး သမ္မာတရားကို မြတ်နိုး၍ လက်ခံနိုင်သည့် သူများဖြစ်နေစေဖို့လိုအပ်ပါသည်။ အသင်းတော်သည် ဖော်လံဖားသူများ သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သည့်သူများကို အလိုမရှိပါ။ သို့သော်လည်း ကျွန်မလုပ်နေသည့် အရာသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ဆန့်ကျင်နေပါသည်။ ရွေးကောက်ရန်သင့်တော်သူကို ရွေးချယ်ရာတွင် ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင်အကျိုးကိုသာ စဉ်းစားပြီး အခြားလူက ကျွန်မကို မထောက်ခံဘဲ၊ ကျွန်မနှင့် သဘောထားကွဲလွဲသည့် အရာတစ်ခုခုကိုပြောသည်နှင့်တစ်ပြိုင်နက် ကျွန်မသည် သူ့ကိုခွဲခြားဆက်ဆံပြီး၊ မကျေမချမ်းဖြစ်ခဲ့သည်။ ကျွန်မ၏ ဤသို့သော လုပ်ရပ်က ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်ပြီး၊ သစ္စာဖောက်နေသည့် အဆင်းနီသော နဂါးကြီး၏ သဘောသဘာဝကို ထုတ်ဖော်ပြနေခြင်း နှင့် တစ်ထပ်တည်း မဟုတ်ပါလား။ ထိုအရာမှာ စာတန်၏ “ငါ့ကို ကျိုးနွံနာခံသောသူသည် ထွန်းကားပြီး၊ ဆန့်ကျင်တွန်းလှန်သူများသည် ပျက်စီးဆုံးရှုံးရမည်။” ဆိုသည့် စိတ်သဘောထားကို အတိအကျပင် ထုတ်ဖော်ပြနေခြင်းပင် မဟုတ်ပါလား။ ဤသို့ပြုမူခြင်းသည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရား၏ရန်သူဖြစ်သည့် စာတန်၏ အစေခံ ဖြစ်ခြင်း မဟုတ်ပါလား။ ကျွန်မ၏ နှလုံးသားသည် အလွန် ဆိုးယုတ်သည် မဟုတ်ပါလား။ အသင်းတော်က ရာထူးတစ်ခုအတွက် တစ်စုံတစ်ယောက်ကို ရွေးချယ်တော့မည်ဖြစ်ပြီး ထိုအစ်ကိုသည် ဒေသခေါင်းဆောင်အတွက် သင့်တော်သည် သူဖြစ်ပါသည်။ ကျွန်မအပေါ် သူ၏ အကဲဖြတ်ချက်သည် ကျွန်မလက်ခံနိုင်စရာ မရှိပါ။ ကျွန်မသည် ဤကိစ္စနှင့်ပတ်သက်ပြီး သမ္မာတရားကို ရှာဖွေသင့်ကာ သူ၏ ထင်မြင်ချက်ကို လက်ခံသင့်ပါသည်။ ကျွန်မကိုယ် ကျွန်မ ဆန်းစစ်ကာ သိသင့်ပြီး ကျွန်မ၏ အလုပ်များ၌ရှိသော အားနည်းချက်များကို ပြင်ဆင်သင့်ပါသည်။ သို့သော်လည်း ကျွန်မသည် မိမိစိတ်တွင်းမှ အကြောင်းအရင်းကို မရှာဖွေခဲ့သည်သာမက သူ့ကို ခွဲခြားဆက်ဆံရန်နှင့် ကလဲ့စားချေရန်တို့အတွက် ကျွန်မစိတ်တွင်းမှ စာတန်၏ သဘောသဘာဝကို လွတ်လပ်စွာ အုပ်စိုးခွင့်ပေးခဲ့ပါသည်။ ကျွန်မသည် လွန်စွာ မောက်မာပြီး လူ့သဘာဝ အလွန်ကင်းမဲ့သူဖြစ်ပါသည်။ ကျွန်မ၏ ဤသဘောထားသည် ဘုရားသခင်အတွက် စက်ဆုတ်ရွံရှာဖွယ်ပင် ဖြစ်ပါသည်။ ကျွန်မ ယခုကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် သဘာဝကို ဆက်လက်ပြီး လွတ်လပ်စွာ အုပ်စိုးခွင့်ပေးထားပါက၊ ကျွန်မသည် ဘုရားသခင်ကို မျက်ကွယ်ပြုထားသည့် ဆိုးညစ်မှု၏ မောက်မာသည့် ကျေးကျွန်တစ်ယောက်အနေဖြင့် ကျွန်မ၏ ပျက်စီးဆုံးရှုံးမှုကိုသာ ကြုံရမည် ဖြစ်ပါသည်။ ကျွန်မသည် အမှန်တကယ် ဘေးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်မသည် အဆင်းနီသောနဂါးကြီး၏ အဆိပ်များဖြင့် ပြည့်နှက်နေသည့် မိမိကိုယ်ကိုယ်နှင့်၊ ဖော်ထုတ်ခံခဲ့ရသည့်အရာက ဘုရားသခင်ကို ရန်လိုမုန်းတီးမှုသာ ဖြစ်သည်ကို မြင်လျက်ဖြင့် မိမိအတွေးများနှင့် လုပ်ရပ်များအတွက် မတုန်လှုပ်ဘဲမနေနိုင်ခဲ့ပါ။ ဘုရားသခင်သည် ဤအရာကို အမှန်တကယ်ပင် မုန်းတီးပြီးစက်ဆုပ်ရွံရှာပါသည်။

အိုဘုရားသခင်၊ ကျွန်မ၏ခွဲခြားဆက်ဆံတတ်သည့် အပြုအမူများကို တားဆီးသည့်အတွက်၊ ကိုယ်တော်၏ရန်သူကဲ့သို့ ပြုမူနေသည့် ကျွန်မ၏ စာတန်မျက်နှာကို ပိုပြီးမြင်လာစေရန် အခွင့်ပေးသည့်အတွက် ကိုယ်တော်၏ မြန်ဆန်သည့် ဉာဏ်အလင်းပေးမှုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ဤနေ့မှစပြီး ကျွန်မသည် စိတ်သဘောထားများပြောင်းလဲရန် ဆန္ဒရှိပြီး ကျွန်မနှင့် သဘောထားကွဲလွဲသည့် လူများ သို့မဟုတ် အမှုအရာများဖြင့် ကြုံတွေ့သည့်အခါ၌ ဇာတိပကတိကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားတတ်ရန် သင်ယူမည်ဖြစ်သည့်အပြင် ကျွန်မ၏တာဝန်များကို အတတ်နိုင်ဆုံးထမ်းဆောင်ဖို့အတွက် အရာအားလုံး၌အသင်းတော်၏ အကျိုးများကို ကျွန်မကာကွယ်သွားပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ တာဝန်၌ ကျွန်မ၏ ရည်ရွယ်ချက်များကို ပြုပြင်ခြင်း

ရှာယု တရုတ်နိုင်ငံလွန်ခဲ့သည့် ဇွန်လတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊...

တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ

ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။