ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်
၂၀၀၆ ခုနှစ် နွေဦးရာသီ၌ ကျွန်တော်သည် ခေါင်းဆောင်နေရာမှနေ ဖယ်ရှားပြီး ယခင်ရာထူးကို ပြန်ချထားခြင်း ခံခဲ့ရပါသည်။ အကြောင်းမှာ ကျွန်တော့်ကို ”လူကောင်း” ဖြစ်လွန်းသည်ဟုထင်ကြသောကြောင့် ဖြစ်ပါသည်။ ကျွန်တော့် ယခင်ရာထူးကို ပထမဆုံး ပြန်ရောက်သည့် အချိန်တွင် အင်မတန် စိတ်သောက ရောက်ခဲ့ရပါသည်။ နှစ်ပေါင်းများစွာ ခေါင်းဆောင်ဖြစ်လာပြီးသည့်နောက်တွင် “လူကောင်း” ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရာအားလုံး အဆင်းချည်း ဖြစ်သွားမည်ဟု ကျွန်တော် မည်သည့်အခါကမျှ မတွေးမိ ခဲ့ပါ။ ကျွန်တော်ဘဝတော့ဖြင့် ပြီးဆုံးသွားပြီဟု တွေးမိခဲ့ပါသည်။ ကျွန်တော်နှင့် သိသမျှသူများအားလုံးက ကျွန်တော့်၏ ရှုံးနိမ့်မှုအကြောင်းကို သိကြမည်။ ပြီးနောက် ကျွန်တော့်ကိုလည်း ဘုရားကျောင်းမှာ မကောင်းသည့် ဥပမာတစ်ခုအနေနဲ့ ပြကြမည်။ ထိုသို့ဖြစ်ပြီးသည့်နောက် တခြားသူများကို ကျွန်တော် မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။ ကျွန်တော် စဉ်းစားလေလေ အပျက်သဘော တွေးမိလာလေလေပင် ဖြစ်ပါသည်။ နောက်ဆုံးတွင် အမှန်တရားကို ဆက်ရှာရန် ယုံကြည်ချက် ကျွန်တော့်ထံတွင် ပျောက်ဆုံးသွားခဲ့သည်။ သို့သော်လည်း ဤလွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျွန်တော် လုပ်ခဲ့သည့် စွန့်လွှတ်အနစ်နာခံမှုများ၊ ပေးဆပ်မှုများအားလုံးအကြောင်း ကို ကျွန်တော်တွေးကြည့်လိုက်ပါက မိမိကိုယ်တိုင်လည်း ဤအလုပ်ကို မစွန့်လွှတ်နိုင်ပြန်ပါ။ ပြီးနောက်တွင် ကျွန်တော် သည် ”ကိုယ့်ကိုယ့်ကို အသုံးမဝင်သူ၊ အရေးမပါသူ၊ မအောင်မြင်သူတစ်ယောက်ဟုသာ ဆုံးဖြတ်လိုက်ပြီး ရှုံးနိမ့်မှုကို လုံးဝ လက်ခံလိုက်လျှင် ကျွန်တော့် ကြိုးစားမှုအားလုံး အကျိုးမဲ့ အလဟဿ မဖြစ်သွားပါလား။ လူများက ကျွန်တော့်ကို ပိုပင် အထင်သေး အမြင်သေး ဖြစ်ကြလိမ့်မည်။ ကျွန်တော် ဤကဲ့သို့ လုံးဝ အဖြစ်မခံနိုင်ပါ။ ကိုယ့်ကိုကိုယ် ထောက်ပံ့အားပေးပြီး အခြားသူများ အထင်အမြင်မသေးစေရန် ဆောင်ရွက်ရပါမည်။ ကျွန်တော် မည်မျှပင် ကြိုးစားရပါစေ၊ အမှားများ မည်မျှပင် ကြုံတွေ့ခံစားရပါစေ၊ ကျွန်တော်အနေဖြင့် အားတင်းထားရမည်။ တစ်ဝက်တစ်ပျက်နှင့် လက်မလျှော့နိုင်ပါ။ ရှုံးနိမ့်မှုသင်ခန်းစာများကို ကျွန်တော်အမှတ်ရပြီး အမှန်တရားကို စူးစိုက်ရှာဖွေနေသရွေ့ တစ်နေ့ကျလျှင် ကျွန်တော် ခေါင်းဆောင် ပြန်ဖြစ်လာနိုင်လောက်ပါရဲ့လေ။” ဟု တွေးမိပါသည်။ စိတ်ထဲ ဤသို့တွေးလိုက်ပါက ကျွန်တော့်ထံတွင် ဖြစ်နေသည့် အပျက်သဘော အတွေးများနှင့် ဝမ်းနည်းကြေကွဲမှုများ အားလုံး လွင့်စင်ပြေပျောက်သွားပြီး အမှန်တရားကို ရှာဖွေမှုမှာ စွမ်းအားအသစ်ကို ခံစားခဲ့ရသည်။
ထိုအချိန်မှနေစပြီး နေ့စဉ်နေ့တိုင်းဆိုသကဲ့သို့ အတိတ်တစ်ချိန်က ကျွန်တော်၏ ကျရှုံးမှုများကို ပြန်လှန်သုံးသပ်၍ ထိုးထွင်းသိမြင်နိုင်အောင် ကြိုးစားကာ မိမိအနေဖြင့် သမ္မာတရားနှင့် ပြည့်ဝစေအောင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တက်ကြွစွာ မှီဝဲစားသောက်ခြင်းဖြင့် နာရီပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော့်ဘဝအတွေ့အကြုံများအကြောင်း အသေးစိတ်တင်ပြထားသည့် ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ကာလအနည်းငယ်ကြာ ပြီးနောက် ကျွန်တော့် ဆောင်းပါးနှစ်ပုဒ် အရွေးခံရသည်ကို တွေ့ရသည့်အချိန်တွင်ကျွန်တော်၏ သမ္မာတရား ရှာဖွေမှုအပေါ် ပို၍ပင် ယုံကြည်လာခဲ့သည်။ ဆက်ပြီး ကြိုးစားသွားရုံဖြင့်ပင် ကျွန်တော့်အိပ်မက် မကြာမီ အကောင်အထည် ပေါ်လာတော့မည်ဟုတစ်ကိုယ်တည်း တွေးမိသည်။ ဤသို့ပင်သမ္မာတရား ကို ကျွန်တော် ဆက်ရှာဖွေသွားပြီး အခြေအနေ “ပုံမှန်” ကဲ့သို့ ပြန်ဖြစ်သွားခဲ့ပါသည်။
ဝိညာဉ်ရေးရာပြုစုပျိုးထောင်မှုပြုနေရင်းဖြင့် တစ်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် စိတ်ဝင်စားစွာ ဖတ်ဖြစ်သွားပါသည်။ “အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ စစ်မှန်သော အခြေအနေများကို နားလည်ရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချန်ကာလတိုင်းတွင် လူတို့၏ အတွေးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စဉ်းစားသုံးသပ်ရင်းဖြင့် မိမိကိုယ်ကို ရုတ်တရက် မေးခွန်းထုတ်မိပြန်သည်။ ယခုကျွန်တော့်အတွေးထဲ၌ မည်သည့်အရာများ လွှမ်းမိုးအုပ်စိုးနေသနည်း။ ကျွန်တော့်အတွေး အားလုံး၏ နောက်ကွယ်၌ မည်သည့်အရာများ ရှိနေသနည်း။ ကျွန်တော့်အတွေးဖြစ်စဉ်ကို ဘုရားသခင်၏ လမ်းညွှန်ချက်ဖြင့်သာ ဂရုတစိုက် ပြန်လည်သုံးသပ်စပြုလာ သည့်အပြင် ကျွန်တော့် အလုပ်နေရာတွင် အခြားသူတစ်ဦးကို အစားထိုးလိုက်စဉ်ကတည်းက ကျွန်တော့်အတွေးတွေထဲမှာ “ငါ့ရဲ့ အရင်က ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ပြန်ရအောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထူထောင်နိုင်အောင် ကြိုးစားရမယ်။ တခြားသူတွေရဲ့ အထင်အမြင်သေးမှုကို ဆက်ပြီး မခံစားနိုင်ဘူး” ဆို့သည့် ဆန္ဒက လွှမ်းမိုးနေခဲ့ကြောင်းကိုလည်း သတိပြုမိလာပါသည်။ ဤအတွေးသည် ဝိညာဉ်ရေးရာမဏ္ဍိုင်တစ်ခုလို ဖြစ်ခဲ့ပြီး ကျွန်တော့်အဖို့ စိတ်ပျက်အားငယ်မှု ၏စမ်းသပ်မှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြိုးစားရင်း ပန်းတိုင်ဆီအရောက်လှမ်းဖို့ တွန်းအားကိုပါ ပေးစွမ်းခဲ့ပါသည်။ စိတ်ထဲတွင် ထိုသို့သော အတွေးမျိုးနဲ့အတူ “စော်ကားမှုများနှင့် အရှက်ရမှုများ” ကို တောက်လျှောက်ခံစားရသည့်ကြားမှ ကျွန်တော် “ဇွဲကောင်းစွာ နှင့် အလျှော့မပေးပဲ” ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ခဲ့သည်။ ထိုအချိန်မှာပင် ကျွန်တော့် သမ္မာတရားကို ရှာဖွေမှုသည် မသန့်စင် သည့်အပြင်၊ မိမိလိုအင်ဆန္ဒအပြည့်ဖြင့် အနည်းငယ်မျှပင် အပြုသဘောမဆောင်သည်ကို ကျွန်တော် နားလည်လိုက်ပါသည်။
ပြန်တွေးကြည့်လိုက်လျှင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး ကျွန်တော်၏ စာတန်နတ်ဆိုးစရိုက်ကို နားလည်လာစေဖို့ ဘုရားသခင်က ကျွန်တော့်ကို မြင်သာအောင် ပြခဲ့ကြောင်းကို ကျွန်တော် သိမြင်လိုက်သည်။ သို့မှသာ ကျွန်တော် သည် ရင့်ကျက်ပြီး၊ သမ္မာတရားကို ရှာဖွေသည့်အခါတွင် လက်တွေ့ကျရန်၊ ဆိုးညစ်မှု နှင့် ဒုစရိုက်တွေကို ပယ်ရှားရန် အပြင် ဘုရားသခင်၏ကယ်တင်ခြင်းကို ခံယူစေရန် ဖြစ်ပါသည်။ သို့သော် ဘုရားသခင်၏ ကယ်တင်ခြင်းလက်ဆောင်တော်အတွက် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးမတင်မိခဲ့သကဲ့သို့ ကျွန်တော် ကျူးလွန်ခဲ့သည့် ဆိုးညစ်မှုများအတွက်လည်း မိမိကိုယ်ကို မမုန်းတီးမိခဲ့ပါ။ ထို့အပြင် ဘုရားသခင်၏ မျှော်လင့်ချက်များအတိုင်း ပြည့်မီအောင် ကျွန်တော် မနေထိုင်ခဲ့သည့်အတွက် မိမိကိုယ်ကို အပြစ်တင်တာ၊ နောင်တရခြင်းမျိုးလည်း မရှိခဲ့ပါ။ “ဘယ်နည်းနဲ့မဆို ငါ အောင်မြင်ရမယ်” ဆိုသည့် မောက်မာသည့် စိတ်ထားမျိုးရဲ့ စေ့ဆော်မှုကြောင့် ဤကိစ္စမျိုး စီစဉ်မှုအထဲ ကျွန်တော် ခြေစုံပစ်ဝင်ခဲ့ကာ ခေါင်းဆောင်အဖြစ် တစ်ဖန်ဘိသိက်ပေးအရွေးခံရပြီး အင်မတန် ပျက်စီးဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ် နိုင်မည့် နေ့ရက်ကိုသာ တွေးနေခဲ့မိပါသည်။ လက်တွေ့တွင် တခြားလူများ လေးစားအားကျပြီး ကိုးကွယ်ကြစေရန် ကျွန်တော့်ပုံရိပ်ကိုကျွန်တော် ပြန်လည်ဆောက်တည်နိုင်ရန် စသည်တို့အတွက်သာ မျှော်လင့်နေခဲ့ပါသည်။ ကျွန်တော်သည် အစွန်းရောက်သည်အထိ မောက်မာသူတစ်ယောက်ဖြစ်ပြီး နှလုံးသားထဲ၌ ဘုရားသခင်အပေါ် ကြည်ညိုလေးမြတ်စိတ် တပြားသားမှ မရှိသကဲ့သို့ ကြောက်ရွံ့စိတ်လည်း နည်းနည်းမှ မဖြစ်ခဲ့ပါ။ ကျွန်တော်၏ ယခင် အခြေအနေကို ပြန်တွေးကြည့်လိုက်လျှင် ကျွန်တော့်လည်ပင်းမွေးများပင် ထောင်သွားသကဲ့သို့ ခံစားရပါသည်။ ကျွန်တော့် အတွေးနောက်ကွယ်၌ ထိုမျှအထိ အရိုင်းဆန်သည့် ရည်မှန်းချက် ရှိနေခဲ့ကြောင်းကို ကျွန်တော် မည်သည့်အခါကမျှ မတွေးမိခဲ့ပါ။ ဘုရားသခင်က “အကယ်၍ သင်သည် သင်၏အတွေးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်မည်ဖြစ်သည်။” ဟု ဆိုခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ အတိတ်တစ်ချိန်က ကျွန်တော့်အတွေးများကို ပြီးပြီးပျောက်ပျောက်သဘောမျိုးသာ ရှုမြင်ခဲ့ပြီးလျှင် ထိုအတွေးများကို အချိန်ယူ၍ ခွဲခြမ်းစိတ်ဖြာနားလည်ရန် မည်သည့်အခါကမျှ မလုပ်ဆောင်ခဲ့ဘူးပါ။ ယခုမှပင် ကျွန်တော် နားလည်လာသည်မှာ လူတစ်ယောက်၏ အတွေးများကို မိမိရရဖမ်းဆုပ်ပြီးလျှင်၊ လူတစ်ယောက်၏ နှလုံးသားတွင် နက်ရှိုင်းစွာ သိမ်းဆည်းထားသည့် အရာများကို နိုးကြားစွာဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းသည် ထိုလူတစ်ယောက်၏ စိတ်အတွင်းပိုင်း သဘောသဘာဝကို နားလည်သဘောပေါက်ရန် အတွက် သေရေးရှင်ရေးတမျှ အရေးပါကြောင်း ပင် ဖြစ်ပါသည်။
ထိုကဲ့သို့ ဉာဏ်အလင်းပေးကာ မမြင်မသိမှုအခြေအနေထဲမှနေ ကျွန်တော့်ကို ချီပင့်တော်မူ သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်လှပါသည်။ ဘုရားသခင်သည် ကျွန်တော့်ကို ထိုသို့သာ ချီပင့်ခဲ့ခြင်း မရှိပါက ကျွန်တော်သည် မိမိလိမ်ညာမှုများအကြားတွင် လှည့်စားခြင်းခံရကာ၊ မျက်ကန်းဆန်အိုးတိုး ရည်မှန်းချက်များ ဖြင့် ယိမ်းထိုးပြေးလွှားပြီး မိမိသေခြင်းတရားဆီသို့ ကျရောက်အံ့ဆဲဆဲ ဖြစ်ပါသည်။ မည်မျှပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။ ဒီဖြစ်စဉ်တွင် ကျွန်တော် နောက်ထပ် သိနားလည်လိုက်သည့် အချက်မှာ ကျွန်တော်၏ အလုပ်နေရာကို အစားထိုးလိုက်ခြင်းဖြင့် ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပြီး ကယ်တင်ခြင်းကို ပေးသနားလိုက်ခြင်းဖြစ်ကြောင်းပင် ဖြစ်ပါသည်။ ထိုမျှထိ မောက်မာပြီး ရည်မှန်းချက်ရှိသည့် လူတစ်ယောက်အနေဖြင့် ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမမှုနှင့် စီရင်ချက်တို့၏ စစ်ဆေးနှိပ်စက်မှုဒဏ်ကိုသာ ကျွန်တော် စိတ်ဆင်းရဲပင်ပန်းစွာ ခံယူဖြတ် သန်းခဲ့ခြင်း မရှိခဲ့ပါက ကျွန်တော်သည် အန္တိခရစ်တစ်ဦး ဖြစ်နေပြီးမိမိသေခြင်းတရားကို ဖိတ်ခေါ်နေမည်မှာ မလွဲပါ။ “ချစ်လှစွာသော ဘုရားသခင်၊ မှားယွင်းစွာ လိုက်စားမှုအားလုံးကို စွန့်လွှတ်ပြီး၊ မိမိမောက်မာမှုနှင့် ရည်မှန်းချက်ကို ရှောင်ရှားကာ ကိုယ်တော်၏ အစီအစဥ်တိုင်းကို လိုက်နာပါမည်ဟု သစ္စာဆိုပါသည်။ ကျွန်တော်သည် သမ္မာတရားကို ရိုးသားစွာဖြင့် ရှာဖွေပြီးလျှင်၊ ကျွန်တော်၏ တာဝန်မှန်သမျှကို ထမ်းဆောင်ကာ၊ ကိုယ်တော်၏ နှလုံးသားကို နှစ်သိမ့်ရန် စစ်မှန်သော၊ ရိုးသားသော သူတစ်ယောက် အဖြစ် ရှင်သန်ပါမည်။”
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။