ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်

25.09.2019

ရှောင်ဒုန်၊ စီချွမ်းစီရင်စု

ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့သည့် တရုတ်တိုင်းနိုင်ငံသည် ‘ရောဂါပိုးမွှား’မျိုးစုံ မရပ်မနား ပြန့်ပွားရင်း၊ ကပ်ဘေးကဲ့သို့ နေရာတကာ ပျံ့နှံ့ရင်းဖြင့် ယနေ့ထိ ရှင်ကျန်ပြီးဖြစ်သည်။ လူတို့၏ ဆက်ဆံရေးများကို ကြည့်ခြင်းကပင် လူတို့အတွင်း၌ ‘ရောဂါပိုး’ မည်မျှ ခိုအောင်းသည်ကို မြင်ရဖို့ လုံလောက်သည်။ ထိုသို့သော တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရောဂါပိုး ကူးစက်ခံရသည့် နယ်ပယ်တစ်ခုတွင် မိမိ၏အမှုကို ဖြစ်ပေါ်စေဖို့ ဘုရားသခင်အတွက် အလွန့်အလွန် ခက်ခဲသည်။ လူတို့၏ ပင်ကိုစရိုက်များ၊ အကျင့်များ၊ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများ၊ ၎င်းတို့ အသက်တာများတွင် ၎င်းတို့ ဖော်ပြသည့် အရာရာတိုင်းနှင့် ၎င်းတို့၏ လူလူချင်း ဆက်ဆံရေးများ- ယင်းတို့အားလုံး အစုတ်စုတ် အပြတ်ပြတ်ဖြစ်သည်မှာ လူသား၏...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဟု ပြောပါသည်။ ဘုရားနှုတ်ကပတ်တော်များထဲမှ ထုတ်ဖော်ပြချက်က လူတို့ကြား ဆက်ဆံရေးအားလုံးကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ မူမမှန်ဖြစစေသည်ကို ကျွန်တော့်ကို မြင်စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အားလုံးက သမ္မာတရား အနည်းငယ်မျှပင် မပါရှိဘဲလျက် စာတန်၏ ဘဝဒဿနအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မရှိဘဲနှင့်၊ ကျွန်တော့်၏ အမြင် ကွယ်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး စိတ်ခံစားမှုများဖြင့် ကျွန်တော် လှောင်ပိတ်မိနေဦးမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းက “အချင်းချင်း ကူညီရိုင်းပင်းရန်”မှာ မည်သည့်အရာဆိုလိုမှန်း ကျွန်တော့်ကို နားလည်စေခဲ့ပြီး မိတ်ဆွေဖြစ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မိသားစု ချစ်ခင်မှုနှင့်ဆိုင်သော သမ္မာတရားကို ပြသခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ စာတန်၏ လွမ်းမိုးမှုကို ကျွန်တော်တို့ လွတ်မြောက်နိုင်သည်၊ ပြီးလျှင် မိမိကိုယ်ကိုယ် သမ္မာတရားအတိုင်း ပြုမူနေထိုင်ခြင်းအားဖြင့်သာ အဓိပ္ပါယ်ရှိသော ဘဝကို အသက်ရှင်နေထိုင်နိုင်သည်ကို ကျွန်တော် တွေ့ခဲ့ရပါသည်။

ကျွန်တော့်၏ မိဘနှစ်ပါးလုံးက ခရစ်ယာန်များဖြစ်ကြပြီး တစ်ချိန်က ယေရှု၌ ကျွန်တော်တို့၏ ယုံကြည်ခြင်းသည် ကျေးဇူးတော်များစွာကို ကျွန်တော်တို့ထံ ယူဆောင်လာခဲ့သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွင်၊ ဘုရားသခင်သည် ရုပ်ဝတ္တု ဇိမ်ခံပစ္စည်းများဖြင့် ကျွန်တော်တို့ကို များစွာ ကောင်းကြီးပေးခဲ့သည်။ ကျွန်တော့်အမျိုးအများစုက ကျွန်တော်တို့ မိသားစုလောက် မချမ်းသာကြသလို၊ သူတို့ကို ကျွန်တော့် မိဘများက ငွေရေးကြေးရေးနှင့် ပစ္စည်းဥစ္စာအားဖြင့် ကောင်းကောင်း ဂရုစိုက်ခဲ့ကြသည်။ ကျွန်တော့် အမျိုးများက ကျွန်တော့် မိဘများကို အလွန်လေးစားမှုရှိကြပြီး ကျွန်တော့်ကိုလည်း အလိုအလျောက် အလားတူသာ မြင်ကြလေသည်။ ယင်းမှာ ကျွန်တော် ကြီးပြင်းခဲ့ရသည့် ကောင်းကျိုးပေးသော ပတ်ဝန်းကျင်မျိုး ဖြစ်ပါသည်။ ကျွန်တော့် သူငယ်ချင်းများနှင့် အမျိုးများက သိပ်ကောင်းခဲ့ကြပြီး ကျွန်တော့် မိသားစု ဘာပဲလိုလို၊ သူတို့ ကူညီဖို့ လိုလားကြလိမ့်မည်ဟု ကျွန်တော် ထင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင်၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ကြသည်။ ယင်းက ခက်ခဲသော နယ်ပယ်ဖြစ်သောကြောင့် ကျွန်တော်တို့၏ မိသားစု စီးပွားရေး လုပ်ငန်းကို ရပ်ခဲ့ရသည်။ ထိုအချိန်က၊ သမ္မာတရားကို ကျွန်တော် နားမလည်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော့် စိတ်နှလုံးက လောကကို တမ်းတနေခဲ့သေး၏။ ကျွန်တော့် နေ့ရက်များကို ကျွန်တော်နှင့် ရင်းနှီးသော သူငယ်ချင်းများ၊ အမျိုးများနှင့်အတူ စားကြ၊ သောက်ကြနှင့် ဆူဆူညံညံ ပျော်ပါးရင်း ကုန်ဆုံးခဲ့သည်။ ကျွန်တော် ရက်ရက်ရောရော သုံးဖြုန်းခဲ့သောကြောင့်၊ မိတ်ဆွေများ ပိုပိုရလာခဲ့ပြီး၊ ကျွန်တော် အလွန် အရေးပါခဲ့သောကြောင့် ပိုများသော အတန်းဖော်များ ပြန်လည်တွေ့ဆုံပွဲများ၊ ပါတီများ၊ အတန်းဖော်များနှင့် မိတ်ဆွေသူငယ်ချင်းများ၏ မွေ့နေ့ပွဲများ၊ မင်္ဂလာပွဲများနှင့် အခြားအခမ်းအနားများမှာ ကျွန်တော့်ကို ဖိတ်ကြားခြင်းမရှိဘဲ မကျင်းပနိုင်ခဲ့ပါ။ ထို့ထက်ကျော်လွန်၍၊ တနင်္ဂနွေနေ့တိုင်းတွင် ကျွန်တော့် ရည်းစားကို ကားဖြင့်ဝင်ခေါ်ပြီး လိုက်လံပို့ဆောင်နှုတ်ဆက်ရကာ ကျွန်တော်တို့ မကြာခဏ အတူတူ အပြင်ထွက်ခဲ့ကြသည်။ ထိုအချိန်က၊ အသင်းတော်တွင် ကျွန်တော့်၏ အစည်းအဝေး သုံးခုထဲမှ တစ်ခုကိုပင် ကျွန်တော် မလွတ်ခဲ့ဖူးသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော သိနားလည်မှု ကျွန်တော် လုံးဝ မရှိခဲ့သေးပါ။ ကျွန်တော့် စိတ်နှလုံးက အပြင်လောကတွင် လှည့်လည်သွားလာလျက်ရှိခဲ့ပြီး ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းမှာ စည်းမျဉ်းများ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကဲ့သို့ ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်သည် ကျွန်တော် သမ္မာတရားကို နားလည်ဖို့ ပတ်ဝန်းကျင်များကို အသုံးပြုခဲ့ပါသည်။ လူတို့ကြားရှိ ဆက်ဆံမှုများမှာ အပြန်အလှန် အကျိုးများမှလွဲ၍ မည်သည့်အရာပေါ်တွင်မျှ အခြေမခံထားသလို၊ သူတို့တွင် စစ်မှန်သော ခံစားချက် သို့မဟုတ် ချစ်ခြင်းမေတ္တာ ဆိုသည့်အရာမျိုး မရှိဟု သူ ကျွန်တော့်ကို ပြသခဲ့သည်။

စီးပွားရေးလုပ်ငန်း ရပ်တန့်လိုက်ရပြီးနောက်၊ ကျွန်တော့် မိဘများက ကျွန်တော်တို့ အိမ်ကို ပြင်ခဲ့ကြပြီး ကျွန်တော့် ညီမနှင့် ကျွန်တော့်အတွက် ကျောင်းလခ ပေးဖို့ ရှိခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော့် မိသားစု၏ စုငွေများက နှစ်အနည်းငယ်ကြာပြီးနောက်တွင် ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ “မြစ်မက ရေစီးနှေးသောအခါ မြစ်လက်တက်များ ခမ်းခြောက်ကြသည်” ဟူ၍ ဆိုရိုးစကားက ဖော်ပြသကဲ့သို့ပင် ဖြစ်သည်။ ကျွန်တော့် ဝင်ငွေအတွက် သူတို့အပေါ် ကျွန်တော် မှီခိုခဲ့သောကြောင့်၊ ကျွန်တော့်ကိုယ်ပိုင် သုံးစွဲငွေတွင် လျော့နည်းမှု ရှိခဲ့သည်။ မင်္ဂလာပွဲများနှင့် အစည်းအဝေးများကို ပွဲကြီးဖြစ်စေ ပွဲငယ်ဖြစ်စေ၊ ကျွန်တော် တတ်နိုင်သည့်အခါတိုင်း ရှောင်ရှားခဲ့သည်။ ထို့ကြောင့် ကျွန်တော့်၏ မိတ်ဆွေသူငယ်ချင်း အသိုင်းအဝန်းက သေးသွားခဲ့ပြီး၊ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းများ၏ အမြင်တွင် ကျွန်တော့် အဆင့်အတန်းက နိမ့်သထက် နိမ့်လာခဲ့သည်။ ကျွန်တော့်၏ ပိုမိုဆင်းရဲသော မိတ်ဆွေများနှင့် အမျိုးများ၏ ဥစ္စာဓနများ တိုးတက်ခဲ့သည်နှင့်အမျှ၊ သူတို့ကလည်း ကျွန်တော်တို့နှင့် ပတ်သက်မှု လျော့နည်းလာခဲ့ကြသည်။ ဤကာလသည် ကျွန်တော့်အတွက် စစ်ဆေးခြင်းဖြစ်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် အခြားသူများ၏ စိတ်နှလုံးများထဲတွင် ကျွန်တော် အဆင့်အတန်းမရှိတော့ဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်တော် အရင်ကလောက် ငွေကို ရက်ရက်ရောရော မသုံးခဲ့သောကြောင့် ပိုဝေးကွာလာခဲ့သူ ကျွန်တော့် ရည်းစားဖြစ်ပြီး၊ နောက်ဆုံးတွင် ၂၀၀၁ ခုနှစ်၌ တစ်စုံတစ်ဦးအတွက် ကျွန်တော့်ကို ထားရစ်ခဲ့သည်။ ထိုအရာကို ကျွန်တော် သိလိုက်ရသည့်အချိန်တွင်၊ တကယ်ဖြစ်ခဲ့သည်ဟု ကျွန်တော် လက်မခံနိုင်ခဲ့ပါ။ ယင်းကို အပြင်ပန်းတွင် ကျွန်တော် မပြခဲ့သော်လည်း၊ အသိက ကျွန်တော့် နှလုံးသားတွင် ဓါးတစ်စင်းကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်တော် သူ့ကို သစ္စာရှိခဲ့သည်၊ သူ့အတွက် ကျွန်တော့်၏ အားထုတ်မှုများက စစ်မှန်ခဲ့သည်၊ ထို့ကြောင သူ၏ သစ္စာဖောက်ခြင်းကို အဘယ်ကြောင့် ကျွန်တော် ပြန်ရခဲ့ပါသနည်း။ ယင်းမှာ ကျွန်တော်တို့၏ ငါးနှစ်တာ ဆက်ဆံရေး အဆုံးသတ်ခဲ့ပုံဖြစ်သည်။ သူ့ကို အဘယ်သို့ မေ့ပစ်ရမည်ကို ကျွန်တော် မသိခဲ့၊ ထို့ကြောင့် ကျွန်တော် လုပ်နိုင်သမျှမှာ နာကျင်မှုကို ကျွန်တော့် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြေမြှုပ်ပစ်လိုက်ဖို့ ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ ဤအဖြစ်အပျက်ကို အခြားသူများ ပြောကြသည့်အခါ ကျွန်တော် မုန်းခဲ့သည်။ ဤသို့သောအရာက ကျွန်တော့်တွင် အဘယ်သို့ ဖြစ်ပျက်နိုင်ရသည်ကို ကျွန်တော် နားမလည်နိုင်ခဲ့ပါ။ ထို့နောက် တစ်နေ့တွင်၊ ဤဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့သည်။ “လူအများအပြားသည် စာတန်၏ ရွံရှာစရာကောင်းသော နေရာ၌ နေကြသည်။ သူတို့သည် စာတန်၏ ပြက်ရယ်ပြုမှုကို ခံရကြသည်၊ ဒုက္ခ၊ သုခ သံသရာတိုင်းနှင့် လူ့လောကရှိ အခက်အခဲတိုင်းကို သူတို့ ကြုံတွေ့ခံစားရပြီး မသေမရှင်ဖြစ်သည် အထိ စာတန်သည် သူတို့ကို ထိုသို့ ကျီစယ်လေ့ရှိသည်။ စာတန်သည် သူတို့ကို ကစားပြီးနောက် သူတို့၏ ကံကြမ္မာကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သူတို့အတွက် ပြင်ဆင်ပေးထားသော ကောင်းသော အရာများကို တစ်ကြိမ်တစ်ခါမျှပင် မခံစားရဘဲ တစ်ဘဝလုံး ယောင်ချာချာနှင့် စိတ်ရှုပ်ထွေးစွာ အသက်ရှင်ကြရသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး တစ်စစီချိုးဖဲ့ထားခြင်း ခံရသည်။ ယနေ့ သူတို့သည် အလွန်ပင် အားအင်ကုန်ခမ်းပြီး တက်ကြွမှု မရှိသောကြောင့် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)) ဘုရားနှုတ်ကပတ်တော်ထဲက ထုတ်ဖော်ပြချက်သည် လူ့ဘဝ၏ သရုပ်ဖော်မှုတစ်ခုဖြစ်သည်။ အချစ်နာကျခြင်းထဲတွင် မျှောပါရင်း၊ “ရင်ခုန်ဖွယ်ကောင်းသောအချစ်” ၏ စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲတွင် ရှင်သန်ရင်း ကျွန်တော့်၏ နေ့ရက်များကို ကျွန်တော် မည်သို့ ကုန်ဆုံးခဲ့ပုံကို ပြန်စဉ်းစားမိခဲ့သည်။ ကျွန်တော် မလွတ်မြောက်နိုင်အောင် လှောင်ပိတ်မိခဲ့ပြီး ဤအရာများက လူတို့ကို အရူးလုပ်ရန် စာတန်၏ လှည့်ကွက်များ၊ လူတို့ကို ထောင်ဖမ်းရန် နှင့် သူတို့ကို ရည်မှန်းချက်များတစ်ခုတစ်လေမျှမရှိဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို သတိပြုမိရန် လိုအင်ဆန္ဒမရှိဘဲ အသက်ရှင်စေဖို့ ပုံစံချထားသည့် မာယာများဖြစ်ခဲ့သည်ကို ကျွန်တော် လုံးဝ မသိခဲ့ပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ဟု ခေါ်ခဲ့သော်လည်း၊ မိတ်ဆွေဆက်ဆံရေး နှင့် ချစ်ခြင်းမေတ္တာတို့အပေါ် ပူပန်ကာ အားထုတ်ကြိုးပမ်းရင်း ကျွန်တော့်နေ့ရက်များကို ကုန်ဆုံးခဲ့သည်။ အခြေအနေများက ကျွန်တော့်အတွက် မပြောင်းခဲ့လျှင်၊ “ထာဝရ ချစ်ခြင်း ကတိ” နှင့် “သစ္စာရှိသော သူငယ်ချင်း” ဆိုသည်တို့တွင် ကျွန်တော် ယုံကြည်မိခဲ့ဦးမည်ဖြစ်ပြီး ကျွန်တော် လုံးဝ လွတ်မြောက်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့် ရည်းစားနှင့် ကွဲခြင်းကြောင့်၊ ကျွန်တော့် အတန်းဖော်များနှင့် ကျွန်တော့်၏ ဆက်ဆံရေးများကို ကျွန်တော် ဖြတ်တောက်ခဲ့သည်။ ထိုသို့သော ဆူညံသည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲနှင့် ကျွန်တော့်စိတ်နှလုံးကို တည်ငြိမ်စေနိုင်ခဲ့ပြီး မိမိကိုယ်ကိုယ် ဘုရားသခင်အပေါ် ကျွန်တော့်၏ ယုံကြည်ခြင်းထံ ဆက်ကပ်နိုင်ခဲ့သည်။ အစည်းအဝေးများတွင်၊ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် ဘုရားနှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုခြင်းမှတဆင့်၊ သမ္မာတရား အချို့ကို ကျွန်တော် နားလည်လာခဲ့ပြီး ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုထဲတွင် ထိုးထွင်းသိမြင်ခြင်းအချို့ ရရှိခဲ့ကာ၊ သမ္မာတရားကို လိုက်စားခြင်းနှင့် သိနားလည်ခြင်းအားဖြင့်သာ၊ အမှုအရာများအပေါ် မိမိ၏ ရှုထောင့်အမြင်များ ပြောင်းလဲနိုင်ပြီး စာတန်အားဖြင့် သူတို့ ဘယ်တော့မှ အရူးလုပ်ခံရလိမ့်မည်မဟုတ်သည်ကို နားလည်ခဲ့ရသည်။ ဖြည်းဖြည်းချင်း၊ ကျွန်တော့်၏ ဒဏ်ရာရသည့် နှလုံးသားက စတင်ပျောက်ကင်းလာခဲ့သည်။ အချိန်ကြာမြင့်စွာ မေ့ပျောက်ခဲ့ရသည့် ဝမ်းမြောက်ခြင်းကို ကျွန်တော် ခံစားခဲ့ရပြီး၊ ကျွန်တော့်၏ နာကျင်မှုတွင် ပျောက်ဆုံးခြင်း၊ ရှင်သန်ခြင်း မရှိတော့ပါ။ အပြင်လောကမှ နှောင့်ယှက်မှုများ မရှိခဲ့သောကြောင့်၊ ကျွန်တော့် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ခဲ့ပြီး အစည်းအဝေးများအပေါ် အာရုံစိုက်နိုင်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို ကျွန်တော် ပိုပိုပြီး စိတ်ဝင်စားလာခဲ့ကာ၊ ထို့နောက်မှစ၍ ကျွန်တော့် တာဝန်များကို စတင်ဖြည့်ဆည်းခဲ့ပါသည်။

ကျွန်တော် ဘုရားသခင်၌ ယုံကြည်သည်ကို ကျွန်တော့် အမျိုးများက သိသွားကြသည့်အခါ၊ သူတို့၏ နှောင့်ယှက်မှုများက အဆုံးမရှိဖြစ်ခဲ့သည်။ ထိုမျှ ငယ်ရွယ်သော အသက်အရွယ်တွင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်စရာ ဘာအကြောင်းမျှမရှိဟု သူတို့ တွေးခဲ့ကြသည်။ ကျွန်တော့်၏ မိခင်ဘက်မှ တော်စပ်သော အန်တီက ကျွန်တော့်ကို မကြာခဏ ကူညီလုပ်ကိုင်ပေးရန်တောင်းဆိုသည်။ ကျွန်တော့် ဖခင်ဘက်မှ အန်တီက သူနှင့်အတူ စီးပွားရေးလုပ်ရန် စေခိုင်းခဲ့သည်။ ကျွန်တော့်၏ မွေးစားမိခင်ကပင် (သူ့တွင် ကိုယ်ပိုင်ရသော သားမရှိခဲ့သောကြောင့်) ကျွန်တော့်ကလေးကို မွေးပြီးသည့်နောက်တွင် သူ စောင့်ရှောက်ပေးမည်ဟု ပြောရင်း ကျွန်တော့်ကို အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့ပြီး၊ ကျွန်တော့် အဖွားက၊ “မြေးလေးရဲ့ မိဘတွေ ဘုရားသခင်ကို ယုံကြည်တာ အဘွား လုံးဝ ဘာမှကန့်ကွက်စရာမရှိဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ဘဝတစ်ဝက်စာ အလုပ်လုပ်ခဲ့ကြပြီး မြေးလေးအတွက် လမ်းခင်းပေးဖို့ သူတို့ ရှိသမျှကို ပေးခဲ့ကြလို့ပဲ။ ဒီတော့ သူတို့ကို နားခွင့်ပေးရမယ့်အချိန် ရောက်ပြီ။ မြေးလေးအနေနဲ့ မိသားစုတစ်ခု နဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု စတင်ဖို့ အာရုံစိုက်သင့်တယ်”ဟု ဆိုရင်း ငိုယိုပြီး ပြောဆိုခဲ့သည်။ ထို့နောက် သူက ဆက်ပြီး ကျွန်တော့် အဖေ ဆင်းရဲခြင်းထဲတွင် ကြီးပြင်းခဲ့ရပုံ၊ ဘာမျှမရှိခြင်းမှ သူ မည်သို့ စတင်ခဲ့ပုံ၊ သူ မည်မျှ ဒုက္ခခံစားခဲ့ပုံ၊ မည်မျှ သူ အလုပ်ကြိုးစားခဲ့ပုံတို့ကို ဖော်ပြခဲ့ပြီး ကျွန်တော်က အလွန် ကောင်းမွန်သော အခြေအနေတွင် ရှိပြီး ကျွန်တော့်တွင် စံနမူနာပြစရာမရှိဟု ဆိုခဲ့သည်။ ကျွန်တော့်အတွက် သူတို့၏ ရုတ်တရက် “ပူပန်မှု”က အလွန် နှစ်မြှို့ဖွယ်ရာ ရှိလှသည်။ သူတို့ အယောက်တိုင်းပြောသည့်အရာမှာ မှန်သလိုလို ရှိခဲ့သောကြောင့် ကျွန်တော် ဇဝေဇဝါဖြစ်သွားခဲ့သည်။ သူတို့အားလုံးက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်စေချင်ကြသည်။ ပြီးလျှင် သူတို့သည် ကျွန်တော့်၏ အနီးကပ်ဆုံး အမျိုးများ ဖြစ်ကြသည့်အတွက်၊ သူတို့ ကျွန်တော့်ကို မထိခိုက်မည်မှာ မှန်ပေသည်။ စစ်ဆေးမှုထဲတွင် ကျွန်တော် အသက်ရှင်နေခဲ့ပြီး ဤအရာက ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်သည်ကို ကျွန်တော် သိခဲ့သော်လည်း၊ နောက်ထပ် တိုက်ခိုက်ရန် ခွန်အား ကျွန်တော့်တွင် မရှိခဲ့ပါ။ အစည်းအဝေးတွင်၊ ခေါင်းဆောင်တစ်ဦးက ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်မှ ဤစာပိုဒ်ကို ပြသခဲ့သည်- “တရုတ်လူမျိုးတို့သည် နှစ်ထောင်ပေါင်းများစွာ ကျွန်ဘဝတွင် နေထိုင်ကြပြီးဖြစ်ကာ၊ ဤအရာက ၎င်းတို့၏ အတွေးများ၊ အယူအဆများ၊ ဘဝ၊ ဘာသာစကား၊ အပြုအမူနှင့် လုပ်ရပ်များကို ဘောင်ခတ်သည်မှာ ၎င်းတို့သည် လွတ်လပ်မှု စိုးစဉ်းမျှ မကျန်ရစ်ပေ။ နှစ်ထောင်ပေါင်း များစွာသော သမိုင်းသည် ဝိညာဉ်ပိုင်ဆိုင်သည့် အရေးပါသော လူများကိုယူကာ ဝိညာဉ်ကင်းမဲ့သော အလောင်းကောင်များနှင့် ဆင်ဆင်တူသော တစ်စုံတစ်ရာအဖြစ်သို့ ချုံးကျသွားစေပြီး ဖြစ်သည်။ စာတန်၏ သားခုတ်ဓားအောက်တွင် အသက်ရှင်သူ များစွာရှိသည်၊...အပြင်ပန်းအားဖြင့် လူတို့သည် သာ၍မြင့်မားသော ‘တိရစ္ဆာန်များ’ ဖြစ်ပုံရကြ၏၊ အမှန်တွင်၊ ၎င်းတို့သည် ညစ်ပေသော နတ်ဆိုးများနှင့်အတူ အသက်ရှင်ကာ နေထိုင်ကြ၏။ ၎င်းတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိဘဲ၊ လွတ်မြောက်ဖို့လမ်းမရှိဘဲနှင့် စာတန်၏ကျော့ကွင်းများတွင်မိလျက် စာတန်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအတွင်း နေထိုင်ကြ၏။ ၎င်းတို့သည် ပျော်ရွှင်ပြီး ကျေနပ်ဖွယ်ကောင်းသော ဘဝများတွင် အသက်ရှင်လျက်၊ သက်သောင့်သက်သာရှိသော အိမ်များတွင် ၎င်းတို့ချစ်သောသူများနှင့်အတူ စုရုံးကြသည် ပြောခြင်းထက်၊ လူသားတို့သည် မရဏာနိုင်ငံတွင် မကောင်းဆိုးဝါးများနှင့် ဆက်ဆံကာ နတ်ဆိုးတို့နှင့် ပေါင်းသင်းလျက် အသက်ရှင်ကြသည်ဟု ပြောသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)) ဘုရားနှုတ်ကပတ်တော်ထဲက ထုတ်ဖော်ပြခြင်းနှင့် ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယမှတဆင့်၊ အပြင်ပန်းတွင် သူတို့က ကျွန်တော့်၏ အမျိုးများ ဖြစ်ပုံပေါ်ပြီး သူတို့၏ စကားများက ကျွန်တော့်၏ ဇာတိပကတိ လိုအပ်ချက်များနှင့် ကိုက်ညီသော်လည်း၊ သူတို့၏ အတွေးများ၊ အယူအဆများ၊အသက်တာ၊ ဘာသာစကား၊ အပြုအမူနှင့် လုပ်ရပ်များက စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဘောင်ခတ်ခံရပေသည်။ သူတို့အားလုံးက မယုံကြည်သူများ ဖြစ်ကြသည်၊ သူတို့၏ ရှုထောင့်အမြင်များအားလုံးနှင့် သူတို့ဆွေးနွေးသမျှမှာ စာတန်ထံမှလာပြီး၊ သူတို့ ရှာဖွေလိုက်စားသည်မှာ ဇာတိပကတိ၏ ဆိုးယုတ်သော စိတ်ဆန္ဒများဖြစ်ကြပြီး ယင်းတို့ထဲမှ မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပါ။ သူတို့စကားကို ကျွန်တော် နားထောင်လျှင်၊ စာတန်၏ လျှို့ဝှက်အကြံများထဲ ကျွန်တော် ကျရောက်သွားလိမ့်မည်ဖြစ်သည်။ ကျွန်တော့်တွင် သမ္မာတရားဘာမျှမရှိသလို သိမြင်မှု ဘာမျှမရှိပါ။ နောက်ထပ် သူတို့နှင့် ဆက်သွယ်ခြင်းက ကျွန်တော့်ကို ပိုဆုတ်ယုတ်စေရုံသာ ဖြစ်မည်။ ထိုအရာမှ ဘာကိုမျှ ကျွန်တော် ရရှိလိမ့်မည်မဟုတ်။ သူတို့က ကျွန်တော့်ကို ပျက်စီးခြင်းထဲသို့ ခေါ်ဆောင်ရုံသာ တတ်နိုင်လိမ့်မည်။ ထိုအချိန်တွင်၊ “မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။” ဆိုသည့် ဘုရားနှုတ်ကပတ်တော်များကို သိနားလည်မှုအချို့ ကျွန်တော်ရှိခဲ့သော်လည်း ယင်းကို ကျွန်တော် အပြည့်အဝ သဘောမပေါက်ခဲ့သေးပါ။ နောက်ပိုင်းတွင်၊ မိသားစု အနှောင်အဖွဲ့များ၏ စစ်မှန်သော အနှစ်သာရကို ကျွန်တော့်အား ပြသသည့် အခြေအနေများကို ဘုရားသခင် စီစဉ်ပေးခဲ့သည်။

ကျွန်တော်တို့ မိသားစုက အမြဲ အိမ်ရှင်မိသားစု ဖြစ်ခဲ့ပြီး၊ ၂၀၀၅ခုနှစ်၊ နေ့တစ်နေ့တွင်၊ မကောင်းမှုပြုသူတစ်ဦး၏ တိုင်ကြားမှုကြောင့်၊ ကျွန်တော့် မိဘများနှင့် ညီအစ်ကို မောင်နှမအချို့သည် စီစီပီ၏ ဖမ်းဆီးခြင်း ခံခဲ့ကြရလေသည်။ ကျွန်တော့်၏ မွေးချင်း ညီမမှာ ထွက်ပြေးသည့်အချိန်တွင် ရေနှစ်လုလုဖြစ်ခြင်းမှ ကံအားလျော်စွာ အသက်ရှင်ကျန်ခဲ့ပြီး ဘုရားသခင် ကွယ်ကာခဲ့သောကြောင့်သာ သူမအသက်လွတ်မြောက်ခဲ့သည်။ ကျွန်တော့် မိဘများနှင့် ကျွန်တော့် မိသားစု အိမ်တွင်ရှိသော ညီအစ်ကို မောင်နှမများမှာ ထိန်းသိမ်းခံခဲ့ရပြီး ဒဏ်တပ်ခံခဲ့ကြရသည်။ အားလုံးက ညှင်းပန်းခံခဲ့ရပြီး အားလုံး ဒဏ်ရာများနှင့် ထွက်လာခဲ့ကြသည်။ ကျွန်တော် သတင်းကို ကြားသည့်အချိန်တွင်၊ ကျွန်တော့်၏ ခံစားချက်များကို ထိန်းမရနိုင်ခဲ့ပါ။ ကျွန်တော့်တာဝန်များကို ဖြည့်ဆည်းရန် စိတ်နှလုံး ကျွန်တော့်တွင် မရှိခဲ့ပါ။ “ဒီလိုအချိန်မှာ ဘာပဲဖြစ်ဖြစ် ငါ အိမ်ပြန်သင့်တယ်။ ငါ့မိဘတွေက ငါ့ကို မြေတောင်မြောက်ပေးခဲ့ကြပြီး၊ အခု သူတို့ ဒုက္ခရောက်နေကြတယ်။ ငါဘာမှ မလုပ်နိုင်ရင်တောင်၊ ။သူတို့ကို သွားကြည့်ဖို့နဲ့ သူတို့ကို နှစ်သိမ့်ဖို့ အနည်းဆုံးတော့ အဲဒီမှာ ငါရှိသင့်တယ်” ဟု ကျွန်တော် တွေးမိခဲ့သည်။ ထို့ကြောင့်၊ အိမ်ကို ကျွန်တော် ရထားစီးလာခဲ့ပြီး ကျွန်တော့် မိဘများကို တွေ့ဖို့ အဖေဘက်က အန်တီ၏ အိမ်သို့ (သူလည်း ဘုရားသခင်ကို ယုံကြည်သည်) တန်းတန်းမတ်မတ် သွားခဲ့သည်။ သူတို့၏ ဒဏ်ရာများ မပျောက်ကင်းသေးသည်ကို ကျွန်တော် တွေ့သည့်အချိန်တွင်၊ ကျွန်တော့်ရင်ထဲတွင် ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး၊ မျက်ရည်များက ကျွန်တော့် မျက်လုံးများမှ စီးထွက်လာခဲ့ကြသည်။ ကျွန်တော့် မိဘများ အရှက်ခွဲခံခဲ့ရသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော့်မိဘများက ကျွန်တော့်ကို ဤသို့ ပြောပြသည်။ ရဲများထံမှ ထွက်ပြေးရသည့်အချိန်အတောအတွင်းတွင်၊ ကျွန်တော့် မွေးချင်း ညီမက မြစ်ထဲသို့ ဒိုင်ဗင်ထိုးခဲ့သည် (ဤအရာသည် ဒီဇင်ဘာလညအချိန်တွင် ဖြစ်ပျက်ခဲ့သည်၊ ်)။ ရေက သူ့လည်ပင်းအထိရှိခဲ့ပြီး မြစ်ရေလှိုင်းများက အားကောင်းခဲ့သည်။ တောရိုင်းပင်များက သူ၏ ခြေကုန်လက်ပန်းကျသည့် ခြေထောက်ပေါ်တွင် ကပ်ညှိနေခဲ့သည်။ ရွှံ့ထဲတွင် သူ၏ ဖိနပ်များ ညပ်ခဲ့ပြီး မည်သို့ ရေကူးရမည်ကို သူမသိခဲ့ပါ။ ထို့ကြောင့် တစ်ဖက်ကမ်းသို့ သူ မည်သို့မည်ပုံရောက်ရှိသွားခဲ့သည်မှာ လုံးဝ ဆန်းကြယ်မှုတစ်ခု ဖြစ်ခဲ့သည်။ ဘုရားသခင်က သူ့ကို အံ့သြဖွယ်ရာ ကာကွယ်ခဲ့ခြင်း ဖြစ်ရမည်၊ သို့မဟုတ်ပါက ရလဒ်များမှာ တွေးဆဖို့ ဆိုးဝါးလွန်းလှပေလိမ့်မည် (နက်သောရေနှင့် အားကောင်းသော ရေစီးကြောင်းများက အသက် ၄၀ ခန့် ယောက်ျားတစ်ဦး၏ အသက်ကို အရင်ရက်အနည်းငယ်က နုတ်ယူသွားခဲ့ပြီဖြစ်သည်)။ နောက်ပိုင်းတွင်၊ ကျွန်တော့်၏ မွေးချင်း ညီမသည် သူ၏ စိုသောအဝတ်များကို မီးပေါ်အခြောက်လှမ်းရင်း ငိုနေစဉ်တွင် သူမကို အဝတ်အစားများ လဲပေးခဲ့သည့်၊ တနည်းအားဖြင့် သူ့ကို အလွန်ကောင်းစွာ စောင့်ရှောက်ခဲ့သည့် အစ်မတစ်ဦး၏ အိမ်တွင် ပုန်းအောင်းခဲ့ပါသည်။ ရက်အနည်းငယ်အကြာတွင်၊ ဤအစ်မ၏ အိမ်က မလုံခြုံတော့သည်ကို သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်၏ မွေးချင်း ညီမသည် ကျွန်တော့် အမေဘက်မှ အန်တီ၏ အိမ်တွင် ပုန်းရန် သွားခဲ့သည်။ ကျွန်တော့် မိသားစု၏ အခြေအနေကို ကျွန်တော်တို့ ခေါင်းဆောင်ထံ အသိပေးရင်း ကျွန်တော်တို့ အသင်းတော်ဆီသို့ စာတစ်စောင် ယူသွားရန် နေ့အချိန်အတောအတွင်း သူ ထွက်လာခဲ့သည်။ သို့သော် သူ ပြန်သွားသည့်အခါ၊ ကျွန်တော့်၏ အမေဘက်မှ အန်တီ၏ သမီးအငယ်မက၊ “ဟေး ဝမ်းကွဲအစ်မရေ၊ ဘာလို့ ပြန်လာတာလဲ။ အစ်မ ထွက်သွားပြီလို့ ထင်တာ။ ကျွန်မတို့ အိပ်ရာတွေကို ခေါက်ထားနှင့်ပြီးပြီ” ဟု သူမကို ပြောလေသည်။ ကျွန်တော့် အမေဘက်မှ အန်တီက ပါဝင်ပတ်သက်ရမည်ကို စိုးရိမ်ပြီး ထိုနေရာတွင် သူ့ကို မနေစေချင်ခဲ့သည်ကို ကျွန်တော့် ညီမက နားလည်လိုက်သည်။ ထို့ကြောင့် ငိုယိုရင်း သူတို့၏ အိမ်ကို ထားရစ်ခဲ့ကာ သူ့တွင် အခြားသွားရမည့်နေရာမရှိသောကြောင့် အိမ်ပြန်လာဖို့ အဖမ်းခံရမည့် အန္တရာယ်ကို စွန့်စားခဲ့သည်။ ကျွန်တော့် မိဘများ လွတ်လာခဲ့ပြီးနောက်၊ ကျွန်တော့် ညီမ၏ ရေနှစ်လုလုဖြစ်ခြင်းအကြောင်းနှင့် ကျွန်တော့် အမေဘက်မှ အန်တီ၏ မောင်းထုတ်မှုကို မည်သို့ ခံခဲ့ရကြောင်း သူတို့ သိရှိကြသည့်အခါ၊ အလွန် စိတ်ဆိုးခဲ့ကြသည်။ သို့သော် ကျွန်တော့် အမေဘက်က အန်တီက သူ မှန်သည်ဟု အခိုင်အမာယုံကြည်သည့် လေသံဖြင့်၊ “အဲဒါ မှန်တယ်၊ ကျွန်မတို့ ပါဝင်ပတ်သက်မိမှာကို စိုးရိမ်ခဲ့တယ်။ ဒီလိုဖမ်းဆီးတာတွေကို ရှင်တို့ ကိုယ့်ဖာသာကိုယ် ဖြစ်စေခဲ့ကြတာပဲ။ ရှင်တို့မှာ လုံးဝကို အဆင်ပြေတဲ့ဘဝ ရှိခဲ့တာ၊ ဒါပေမယ့် ရှင်တို့က သွားပြီး တလွဲတချော်လုပ်ကြတာကိုး။ အခု ရှင်တို့ တစ်ယောက်ယောက်သေခါနီးနီးပဲ” ဟု ဖြေခဲ့လေသည်။ ကျွန်တော့် မိသားစုကို စီစီပီက ဖမ်းဆီးနေသည့်အချိန်နှင့် သူတို့ ဘဝများက အန္တရာယ်ထဲရှိနေသည့်အချိန်တွင်၊ အားပေးနှစ်သိမ့်မှုကို အလိုအပ်ဆုံးအချိန်တစ်ခုတွင် အရင်က ကျွန်တော်နှင့် အနီးဆုံးတွင် ရှိသူများဖြစ်သည့် ကျွန်တော့်၏ အနီးကပ်ဆုံး ဆွေမျိုးများက ထိုသို့သော လူမဆန်သည့် စကားများ တကယ်ပြောလိမ့်မည်ကို သို့မဟုတ် ထိုသို့သော ရက်စက်သည့် အရာများ လုပ်ဆောင်လိမ့်မည်ကို ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ပါ။ သူတို့ ဤသို့ လုပ်ဆောင်နိုင်သည်ကိုသိရသည့်အတွက် ကျွန်တော် အလွန်ဝမ်းနည်းမိသည်။ ယခင်က ကျွန်တော်တို့ အကူညီခဲ့ဆုံးသော လူများထဲမှ တစ်ယောက်မျှ ကျွန်တော်တို့ကို လာကြည့်ဖို့ သို့မဟုတ် နှစ်သိမ့်ဖို့ မလာခဲ့ကြပါ။ ကျွန်တော်တို့နှင့် အကောင်းဆုံး ဆက်ဆံရေး ရှိခဲ့ကြသူများသည် လမ်းတွင် တွေ့သည့်အခါ ကျွန်တော့် မိဘများကို စကားမပြောခဲ့သည်သာမက၊ ကျွန်တော့် မိဘများ၏ လမ်းမှ ရှောင်ဖယ်ခဲ့ကြသည်။ ကျွန်တော်တို့ကို ခေါင်းညိတ်ပြီး မင်္ဂလာပါဟု ပြောလေ့ရှိသူအချို့မှာ ယခုတွင် ကျွန်တော်တို့ကို ကျောခိုင်းကြပြီး အတင်းအဖျင်း ပြောကြလေသည်။ ကျွန်တော်တို့၏ ညီအစ်ကို မောင်နှမများသာ ကျွန်တော်တို့ထံ အလည်လာခဲ့ကြပြီး ညနေတွင် မိတ်သဟာယပြုခဲ့ကြသည်။ ကျွန်တော့် မိသားစုက ထိုသို့သော ဆိုးရွားသော အခြေအနေတစ်ခုသို့ ရောက်နိုင်သည်ဟု ကျွန်တော် လုံးဝ မယုံကြည်ခဲ့ပါ။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်း အတွေးများ ဖြစ်ပေါ်လာရင်းဖြင့် နာကျင်မှုထဲတွင် ကျွန်တော် လှောင်ပိတ်မိခဲ့သည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်ထံမှာ ထုတ်ဖော်ပြချက် ရရှိပြီးနောက်၊ ညီအစ်ကို မောင်နှမများက၊ “လူတို့ကြားရှိ ဆက်ဆံမှုများမှာ အပြန်အလှန် အကျိုးများမှလွဲ၍ မည်သည့်အရာပေါ်တွင်မျှ အခြေမခံထားသလို၊ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများသည် အပြန်အလှန် အသုံးချခြင်း အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် အချင်းချင်း ကူညီရုံမျှ ကူညီကြသည်” ဟူသည့်အကြောင်း မိတ်သဟာယပြုခဲ့သည့်အရာကို ကျွန်တော် တွေ့ကြုံခဲ့ရသည်။ သူတို့၏ အဖမ်းခံရသည့် အတွေ့အကြုံမှ သူတို့ ရရှိခဲ့သည့် အရာနှင့်ပတ်သက်၍ ကျွန်တော့် မိဘများ၏ ပြောဆိုဆွေးနွေးမှုကိုလည်း ကျွန်တော် ပြန်တွေးမိခဲ့သည်။ ဥပမာ - ကျွန်တော့် အဖေကို ရိုက်ဖို့ သားရေ ကျာပွတ်ကို ရဲက အသုံးပြုသည့်အချိန်တွင်၊ သူ နာကျင်မှုကို အလွန်အမင်းမခံစားခဲ့ရသလို သူ့ကို သူတို့ ရိုက်လိုက်ချိန်တွင် ခါးပတ်က သုံးပိုင်း ပြတ်သွားခဲ့သည်ဟု သူ ပြောခဲ့သည်။ ကျွန်တော့် ညီမက သူမ၏ အတွေ့အကြုံအတောအတွင်းတွင် ဘာကြောက်ရွံ့မှုမှ မခံစားခဲ့ရသလို ဒီဇင်ဘာလ ဖြစ်သော်လည်း၊ ရေထဲမှ ထွက်လာချိန်တွင် အအေးဓါတ်ကို သူ လုံးဝ မခံစားရခဲ့ဟု ပြောခဲ့သည်။ ဘုရားသခင်က သူ့ကို အပိုခွန်အားနှင့် ယုံကြည်စိတ်ချမှုတို့ကို ပေးခဲ့ပါသည်။ စီစီပီအားဖြင့် ဖမ်းဆီးခံရခြင်းက သူတို့၏ ယုံကြည်ခြင်းကို အမှန်တကယ်တွင် ပိုမိုတည်ကြည်ခိုင်မာစေခဲ့သည်။ ယင်းက သူတို့ကို ပိုမိုသန်မာစေခဲ့သည်။ ယခင်က စီစီပီ၏ ဆိုးယုတ်မှု၊ သမ္မာတရားကို မုန်းတီးမှုတို့ကို ဘုရားသခင် ဖော်ထုတ်ခဲ့ပုံကို သူ မယုံကြည်ခဲ့သလို၊ နတ်ဆိုးများ၏ ရှင်ဘုရင်ကို သူ လေးစားကြည်ညိုမိသူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ဤအဖြစ်အပျက်က စီစီပီမှာ ကျွန်တော်တို့အိမ်ထဲက ငွေကြေးတန်ဖိုးရှိသည့် မည်သည့်အရာကိုမဆို ယူဆောင်သွားပြီး လူသတ်သမားများနှင့် မီးရှို့မှုကျူးလွန်သူတို့ထက် တရားဥပဒေလိုက်နာသော ဘုရားသခင်၌ ယုံကြည်သူများကို ပိုမိုဖမ်းဆီးလိမ့်မည်ဖြစ်သည့် လူရမ်းကား၊ ဓါးပြဂိုဏ်းတစ်ခုသာသာ ဖြစ်သည်ကို ပြသခဲ့သည်ဟု ကျွန်တော့် အဖေက ပြောလေသည်။ ကျွန်တော်တို့အားလုံးက ဘုရားသခင်၏ ခေါင်ဆောင်မှုအောက်တွင် အသက်ရှင်ကြသည်၊ ကျွန်တော့်တို့ တွေ့ကြုံသမျှတိုင်းက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်၊ မည်သူမျှ အခြားသူကို ကူညီရန် အာဏာတန်ခိုးမရှိ၊ မိသားစု ချစ်ခင်မှုက ကျွန်တော်တို့ကို ဘုရားသခင်ထံမှ ထွက်သွားစေရုံသာဖြစ်စေနိုင်သည်ဆိုသည်နှင့် လူတို့ အချင်းချင်း ကူညီနိုင်ကြသည့်အရာမှာ ဇာတိပကတိနှင့် ကိုက်ညီသော အရာသာဖြစ်ပြီး၊ သမ္မာတရားနှင့် မကိုက်ညီပါ ဆိုသည်တို့ကို ကျွန်တော် နားလည်ခဲ့သည့်အချိန်တွင် ကျွန်တော် အရှက်ရခဲ့သည်။ “ကျွန်တော့် မိသားစု၏ ခန္ဓာကို ဒုက္ခမခံစားစေလိုခြင်း” ကဲ့သို့သော အတွေးများသည် သူတို့၏ အသက်တာဆီ အကျိုးကျေးဇူး မယူဆောင်ရုံသာမက၊ ယင်းတို့က သူတို့၏ ကယ်တင်ခြင်းကို အကျိုးကျေးဇူး မဖြစ်စေပါ။ လူက မည်သည့်အရာလိုအပ်သည်ကို ဘုရားသခင်သာ သိရှီပြီး လူကို ဘုရားသခင်က အချစ်ဆုံး ဖြစ်သည်။ ဤသို့ပြောသည့် ဘုရားနှုတ်ကပတ်တော် စာတစ်ပိုဒ်ကို ကျွန်တော် တွေ့ခဲ့ပါသည်- “ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်ကတည်းမှစ၍ ဘုရားသခင်သည် အသက်၏ စွမ်းအားပါဝင်သည့် အမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ လူသားထံ အသက် ဆောင်ကြဉ်းပေးသည့် အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့၊ လူသားအနေဖြင့် အသက်ရရှိစေနိုင်ရန် အလို့ငှာ ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိသကဲ့သို့၊ လူသားအလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ လွှမ်းမိုးစေ့စော်မှု၊ လူသားဖြစ်တည်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ဖြစ်တည်မှုအတွက် ကြွယ်ဝသော သိုက် ဖြစ်သည်။ သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်းကို ဇွဲနပဲကြီးစွာ အသက်ရှင်နေထိုင်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ ယင်းအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)ဘုရားနှုတ်ကပတ်တော်များနှင့် လက်တွေ့အရှိတရားမှတဆင့်၊ ဘုရားသခင်၏ အသက်အင်အားစု၏ သဘာဝလွန်ကဲမှုနှင့် ကြီးမြတ်မှု၊ လူကြားတွင် သူ အချိန်တိုင်း အမြဲနေထိုင်သည်၊ အချိန်တိုင်း လူသားမျိုးနွယ်ကို လမ်းပြပြီး သူ၏ တန်ခိုးအာဏာကို ပြသည်ဆိုသည်နှင့် လူတိုင်းသည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အစီအစဉ်များထဲတွင် အသက်ရှင်ကြသည်ကို ကျွန်တော် သိခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရင်ဆိုင်ရင်းဖြင့်၊ ကျွန်တော် မည်မျှ သေးနုတ်ပြီး စိတ်ခံစားချက် အနှောင်အဖွဲ့များက မည်မျှ အရေးမပါလှသည်တို့ကို မြင်ခဲ့ရသည်။ ကျွန်တော့် မိသားစု ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို ဆန့်ကျင်လျက် ကျွန်တော် မည်သည့်ရာကို လုပ်ဆောင်နိုင်ခဲ့ပါမည်နည်း။ သူတို့ကို ကွယ်ကာခဲ့သူ၊ သူတို့အတွက် ဂရုစိုက်ပေးခဲ့သူနှင့် သူတို့ကို အကြပ်အတည်းကို ဖြတ်သန်းဦးဆောင်ခဲ့သူမှာ ဘုရားသခင် မဟုတ်ပါလား။ လူ၏ အခြားလူတစ်ယောက်ကို ချစ်ခြင်းသည် လူအတွက် ဘုရားသခင်၏ ချစ်ခြင်းထက် ပိုကြီးမားနိုင်ပါသလား။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်ကို တရားစီရင်ခဲ့သည်၊ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ကျွန်တော့် စိတ်နှလုံးထဲတွင် ကျွန်တော် ဂရုစိုက်ခဲ့သည့်အရာမှာ ကျွန်တော့် မိသားစု ဖြစ်နေဆဲ ဖြစ်သည်ကို ကျွန်တော် သိခဲ့ရသည်။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကျွန်တော့်တွင် မရှိခဲ့သေးသောကြောင့် ဘုရားသခင်၏ လက်တော်ထဲသို့ သူတို့ကို လုံးဝမအပ်နှံနိုင်ခဲ့သေးပါ။ ကျွန်တော် သမ္မာရားထဲတွင် အသက်မရှင်ခဲ့သလို၊ ဘုရားသခင်၏ အိမ်တော်၌ ကျွန်တော်တာဝန်များကို ဆောင်ရွက်နေသော်လည်း၊ ကျွန်တော့် မိသားစုနဲ့ပတ်သက်ပြီး မကြာခဏ စိုးရိမ်မိခဲ့ပြီး ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နေခွင့် မပေးခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ဘုရားသခင်ကို အခြားသူများအားလုံးထက် ကျွန်တော် မလေးစားနိုင်ခဲ့သလို ကျွန်တော့် တာဝန်များကို သစ္စာရှိရှိ မဆောင်ရွက်နိုင်ခဲ့ပါ။ စာတန်အားဖြင့် ကျွန်တော် အရူးလုပ်ခံခဲ့ရပြီး ဖိစီးနှိပ်စက်ခံခဲ့ရသည်။ ဤ”ကံအကြောင်းမလှသော” အရာများ ကျွန်တော့်ဆီ မဖြစ်ခဲ့လျှင်၊ အမှုအရာများကို ကျွန်တော် ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မြင်ခဲ့လိမ့်မည်မဟုတ်ပါ။ ယင်းမှာ ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ဤဓမ္မသီချင်းက ပြောသည့်အတိုင်းပင် ဖြစ်သည်၊ “လူသား၏ဘဝ အခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောဘဝကို ရှာမတွေ့သေးပေ၊ သူသည် ကမ္ဘာမြေကြီး၏ မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ— ထို့ကြောင့် ဘေးအန္တရာယ် ကျရောက်ခြင်းသာ မရှိခဲ့လျှင်၊ လူအများစုက အမိသဘာဝတရားကို လက်ခံယုံကြည်နေကြဦးမည် ဖြစ်ကာ၊ ‘ဘဝ’ ၏ အရသာများတွင် မိမိကိုယ်ကိုယ် အာရုံနစ်မြုပ်နေကြဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီး၏ လက်တွေ့အရှိတရား မဟုတ်ပေလော။ ဤသည်မှာ လူသားထံ ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။ လူသားမျိုးနွယ် အကြား၌ မည်သူမျှ ငါ့ကို စစ်မှန်စွာ မချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးမှုတို့ အလယ်၌သာ ငါ့ကိုချစ်သော်လည်း၊ ငါ၏ကွယ်ကာမှုအောက်၌ရှိစဉ်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ကယ်တင်ခြင်းကို လူတို့မသိကြကျူး”) ဤအခြေအနေများက ကျွန်တော့်ကို ထုတ်ဖော်ပြခဲ့သည့်အရာကြောင့်သာ မဟုတ်လျှင်၊ လူတို့ကြားရှိ ဆက်ဆံရေးများကို ကျွန်တော် လုံးဝ အမှန်တကယ် နားလည်ခဲ့လိမ့်မည်မဟုတ်သလို မိသားစု အနှောင်အဖွဲ့များ၊ ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုတို့အားဖြင့် ထိန်းချုပ်ခံရဆဲဖြစ်ပြီး ဤအရာများကို ရှာဖွေလိုက်စားခြင်းတွင် မလွတ်မြောက်နိုင်အောင် လှောင်ပိတ်မိလျက်၊ ယင်းတို့အားဖြင့် လှည့်ဖြားခံရကာ ဒုက္ခခံစားရစေပြီး ကျွန်တော့်၏ မသိနားမလည်မှုထဲတွင် ပျော်ရွှင်မိခဲ့လိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ သမ္မာတရားကို ကျွန်တော် ဘယ်တော့မှ ရရှိလိမ့်မည် မဟုတ်ပါ။ ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို ဘယ်သောအခါမျှ လျှောက်ခဲ့လိမ့်မည်မဟုတ်ပါ။ “ဘဝ”၏ အရသာကို လုံးဝ မမြည်းစမ်းမိဖို့ရန် ကျွန်တော့်ကို အခွင့်ပေးခဲ့သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပါသည်။ ဤအရာအားလုံးကို ကျွန်တော် နားလည်ခဲ့သည့်အချိန်တွင်၊ ဘုရားသခင်ကို ကျွန်တော် စိတ်ပါလက်ပါ ယုံကြည်ပြီး ကျွန်တော့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် သမ္မာတရားကို ရှာဖွေလိုက်စားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါသည်။

ဘုရားသခင်၏ မိသားစုထဲက ကျွန်တော့်၏ တာဝန်များကို ကျွန်တော် ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ့်အနည်းငယ်ရှိပြီဖြစ်ပြီး ဘုရားသခင်၏ မိသားစုထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် တွေ့ကြုံခဲ့ရပါသည်။ ကျွန်တော့်တာဝန်များကို မည်သည့်နေရာတွင် ဆောင်ရွက်ရပါစေ၊ ကျွန်တော့်ကို စောင့်ရှောက်ဖို့ ထိုနေရာတွင် ဘုရားသခင် အမြဲရှိခဲ့သည်။ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် မိသားစုကဲ့သို့ပင် ကျွန်တော် အဆင်ပြေခဲ့သည်။ ကျွန်တော်တို့ အချင်းချင်း အသုံးမချကြသလို အကျိုးအမြတ်များ ဖလှယ်မှုလည်း မရှိပါ။ ကျွန်တော့် ညီအစ်ကို မောင်နှမများက အလွန် ရိုးသားကြသည်မှာ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို အချင်းချင်းဆီ ကြိမ်ဖန်များစွာ ပြသကြလျှင်ပင်၊ ကျွန်တော့်တို့၏ ရင်ဖွင့်ခြင်းနှင့် မိမိကိုယ်ကိုယ် သိနားလည်မှုအကြောင်း ဆွေးနွေးခြင်းတို့မှတဆင့်၊ မကျေမနပ်ဖြစ်ခြင်း သို့မဟုတ် သတိထားခြင်းတို့ မရှိပါ။ ကျွန်တော်တို့ အချင်းချင်း ရိုင်းပင်းကူညီကြပြီး ချစ်ခြင်းမေတ္တာကို အချင်းချင်း ပေးကမ်းကြသည်။ အယောက်တိုင်းကို ညီတူညီမျှ ရှုမြင်ကြပြီး ဆင်းရဲသောကြောင့် သို့မဟုတ် ချမ်းသာသောကြောင့် မည်သူမျှ ကွဲကွဲပြားပြား ဆက်ဆံမခံရပါ။ ကျွန်တော့်တွင် ကျန်းမာရေး ပြဿနာများ ရှိပါသည်၊ထို့ကြောင့် ကျွန်တော် မကြာခဏ ဖျားနာသည်။ သို့သော် ကျွန်တော့် ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို အလွန်အရေးထားပြီး အလွန်ကောင်းစွာ စောင့်ရှောက်ပေးကြသည်။ ယင်းက ကျွန်တော့် ညီအစ်ကို မောင်နှမများကြားတွင် သွေချင်းမနှောဘဲနှင့်ပင် အမျိုးများထက်ပင် သူတို့ ပိုမိုနီးစပ်နိုင်သည်ကို ကျွန်တော့်ကို တွေ့ကြုံစေခဲ့သည်။ ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် ကျွန်တော် အဆင်ပြေသလို၊ ဘုရားသခင်၏ လမ်းပြမှုနှင့်အတူ၊ သမ္မာတရားကို ကျွန်တော်တို့အားလုံး ရှာဖွေလိုက်စားကြသလို ကျွန်တော်တို့၏ တာဝန်များကို ဆောင်ရွက်ရန် ကြိုးပမ်းကြပါသည်။

ဤနှစ်များတစ်လျှောက် ကျွန်တော့်၏ အတွေ့အကြုံများက ဘုရားသခင်၏ အလိုတော်ကို တဖြည်းဖြည်း နားလည်လာဖို့အပြင် ကျွန်တော့်အပေါ် လုပ်ဆောင်ခဲ့သည့် ဘုရားသခင်၏ အမှုတော်မှာ ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော အမှုတော်ဖြစ်သည်၊ ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်လင့်ကစား ယင်းထက် ကျွန်တော်တို့ ဘဝများကို ကယ်တင်သည့် နှုတ်ကပတ်တော်များဖြစ်သည်ကို မြင်တွေ့ရန်လည်း ကျွန်တော့်ကို ကူညီခဲ့သည်။ ဤသမ္မာတရားများက ကျွန်တော့်အတွက် ဘုရားသခင်၏ အကောင်းဆုံး ဂရုစိုက်ခြင်းနှင့် ကွယ်ကာခြင်း ဖြစ်လာပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များမှ ကျွန်တော် သွေဖည်ခဲ့လျှင် သို့မဟုတ် ဤနှုတ်ကပတ်တော်များမှ ပေးသည့် အခြေပြုချက်မှ အမှုအရာများကို ကျွန်တော် မရှုမြင်ခဲ့လျှင်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေခဲ့လိမ့်မည်ဖြစ်သည်။ စာတန်အားဖြင့် ကျွန်တော် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ပြီး ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို တိုက်ရိုက် သဘောမပေါက်နိုင်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော့်ကို အကျိုးရှိစေပြီး စုံလင်စေဖို့၊ သူ့နှုတ်ကပတ်တော်များအား ကျွန်တော့်ကို နားလည်စေဖို့၊ ကျွန်တော့်၏ လိုအပ်ချက်များအတွက် ပုံစံချထားသည့် မတူကွဲပြားသော အခြေအနေများ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများစွာကို ဘုရားသခင် စီစဉ်ခဲ့သည်။ ကျွန်တော့်၏ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများအလယ်တွင်၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ၎င်းတို့က လူသားမျိုးနွယ် လိုအပ်သည့် အရာများဖြစ်ကြောင်းတို့ကို ကျွန်တော် အမှတ်တမဲ့ မြင်လာခဲ့ရသည်။ ၎င်းတို့က လူသားမျိုးနွယ်ကို အသက်ပေးနိုင်ပြီး သာမန်လူတစ်ဦး၏ အသက်တာကို အသက်ရှင်နေထိုင်ခွင့် ပေးနိုင်သည်သာမက ၎င်းတို့က အသက်တာတွင် မှန်သော လမ်းကြောင်းကိုလည်း ပြညွှန်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော့်ကို ယနေ့ထိ ပို့ဆောင်သည်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ဖြစ်ပါသည်။ ကိုယ်တော့်၏ နှုတ်ကပတ်တော်များကို ကျွန်တော့်၏ ဆောင်ပုဒ်၊ ရှေ့ဆက်တိုးဖို့ လမ်းညွှန်အမှတ်အသားနှင့် လုပ်ဆောင်ဖို့ လမ်းပြအဖြစ် ကျွန်တော် ထိန်းသိမ်းဖို့ လိုလားပါသည်။ ကျွန်တော် နားမလည်သည့် သမ္မာတရားများစွာ ရှိသော်လည်း၊ သမ္မာတရားကို ကျွန်တော်ဆက်လက်ရှာဖွေလိုက်စားခြင်းနှင့် ကျွန်တော့် တာဝန်များကို ဆောင်ရွက်ခြင်းမှတဆင့် သူ၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စေဖို့အလို့ငှာ ဘုရားသခင်က ကျွန်တော့်ကို ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ပေးပါလိမ့်မည်။ ကျွန်တော့်တွင် သန့်စင်ရမည့် ဖောက်ပြန်ပျက်စီးခြင်းများစွာ ရှိသေးပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်းတို့ ဒွန်တွဲလျက် ဘုရားသခင်၏ အမှုတော်အပြင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်တော် များစွာ ပိုမို တွေ့ကြုံဖို့ လိုပါသည်။ သမ္မာတရားကို လိုက်လျှောက်ဖို့ရန်အတွက် ကျွန်တော် အပြင်းအထန် ကြိုးပမ်းပါမည်။ အနာဂတ်တွင် မည်သည့်အတိဒုက္ခများ သို့မဟုတ် အခက်အခဲပြဿနာများ ကျွန်တော့်အပေါ် ကျရောက်ပါစေ၊ ကျွန်တော် အဆုံးထိ ဘုရားသခင်နောက်လိုက်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားအပေါ် မှီခိုခြင်းက အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်၏

မာဟုန် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ၊ ဖန်မင်းဆိုတဲ့ ရွာသူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူ့သဘာဝကောင်းရှိပြီး အရမ်းကြင်နာတတ်တယ်။...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ကျွန်ုပ် အလွန်မာနထောင်လွှားလာပြီး ကိုယ်မှန်သည်ဟု ယူဆရသည့်အကြောင်းရင်း

မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...

ကျွန်မ၏ အယောင်ဆောင်မှုကို ခွာချလိုက်ရသည်မှာ အလွန် နေ၍ကောင်းပေသည်

ချန်ယွမ် တရုတ်နိုင်ငံ၂၀၁၈ စက်တင်ဘာလမှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က ကျွန်မ တော်တော်ပျော်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။