ကျွန်မ၏သရုပ်အမှန်ကို ရှင်းလင်းစွာ တွေ့မြင်ခြင်း
အသင်းတော်၏ အလုပ်လိုအပ်ချက်များအရ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရန် နောက်တစ်နေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထိုအချိန်တွင် ထိုနေရာရှိ ဧဝံဂေလိအမှုတော်က ကျဆင်းနေသည့်အခြေအနေတွင် ရှိခဲ့၏။ ညီအစ်ကို မောင်နှမတို့၏ အခြေအနေမှာလည်း ယေဘုယျအားဖြင့် မကောင်းလှ။ သို့သော် ကျွန်မသည်သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကိုခံရသောကြောင့်၊ တာဝန် ပေးခံရထားရသည့် အရာရာတိုင်း အပေါ်တွင် ယုံကြည်မှု အပြည့်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည်။ တာဝန်ပေးခံရခြင်းကို လက်ခံပြီးနောက် တာဝန်အပြည့် နှင့် ဉာဏ်အလင်းရခြင်းအပြည့် ရှိသည်ကို ကျွန်မခံစားခဲ့ရသည်၊ ပြီးလျှင် စိတ်ပိုင်းဖြတ်မှု အတော်အတန် ရှိသည်ဟုပင် တွေးမိခဲ့ပါသည်။ ဤအလုပ်ကို ကောင်းစွာထမ်းဆောင်နိုင်စွမ်း ရှိသည်ဟု ကျွန်မယုံကြည်ခဲ့၏။ အမှန်တွင် ထိုအချိန်က ကျွန်မတွင် သန့်ရှင်းသော ဝိညာဉ်တော် (သို့) မိမိ၏ ကိုယ်ပိုင်သဘာဝနှင့် ပတ်သက်သော မည်သည့်ဗဟုသုတမှ မရှိခဲ့ပါ။ ကျွန်မသည် မိမိကိုယ်ကိုကျေနပ်စေမှုနှင့် ကြည်ညိုနေမှုထဲတွင် အလုံးစုံ အသက်ရှင်နေ မိခဲ့ပါသည်။
ကျွန်မသည် ကိုယ်ပိုင်မာနဖြင့် ပြည့်နှက်နေချိန်တွင်၊ ကျွန်မသည် အလုပ်တွင် ကြီးကြပ်သူဖြစ်သည့် အိမ်ရှင်မိသားစုတစ်စုမှ ညီအစ်ကိုတစ်ဦးနှင့်တွေ့ဆုံခဲ့၏။ သူက ကျွန်မအလုပ်နှင့် ပတ်သက်သော အခြေအနေအကြောင်းကို မေးခဲ့၏။ သူသည် ကျွန်မ၏ အလုပ်စွမ်းဆောင်ရည်များနှင့် တမူထူးခြားသော ထိုးထွင်းသိမြင်မှုများကို သေချာပေါက်လေးစားလိမ့်မည် ဟူသောအတွေးဖြင့် သူမေးခွန်းများကို တစ်ခုပြီး တစ်ခုဖြေခဲ့၏။ သို့သော် ကျွန်မ မျှော်လင့်သည့်အတိုင်း မဖြစ်ခဲ့ပဲ၊ ကျွန်မ၏ တုန့်ပြန်မှုများကို နားထောင်ပြီးနောက် အသိအမှတ်ပြုခြင်းဖြင့် ခေါင်းမညိတ်ခဲ့ရုံသာမက၊ သူပြောခဲ့သည်မှာ ကျွန်မ၏အလုပ်သည် မလုံလောက်ပဲ၊ အဖွဲ့သည် ကောင်းစွာလှုပ်ရှားနိုင်ခြင်း မရှိကြောင်း၊ ကျွန်မသည် ရလဒ် တစ်စုံတရာ ရနိုင်မည်မဟုတ်ကြောင်း စသည်တို့ကို ဆိုခဲ့၏။ သူ၏ မကျေနပ်သော အမူအရာကို ကြည့်ရင်း ကျွန်မအလုပ်ကို သူ၏ အကဲဖြတ်မှုအား နားထောင်ရင်း နှင့်၊ ကျွန်မ၏စိတ်နှလုံးသည် ရုတ်တရက် အေးစက်မှုကို ခံစားခဲ့ရ၏။ ကျွန်မက “ငါ့အလုပ်က မလုံလောက်ဘူးလို့ သူက ပြောတယ်လား။ ငါက ဘာရလဒ်မှ မရရှိခဲ့ဘူးဆိုရင်၊ ရလဒ်တွေ ရတယ်လို့ ပြောလို့ရဖို့ ဘယ်အတိုင်းအတာအထိ သွားရမှာလဲ။ ငါ့မှာ ဒီရွတ်တွနေတဲ့ အလုပ်တာဝန်တွေကို လိုလိုလားလား ယူခဲ့ပြီး နာကျည်းမနေတာပဲ တော်နေပြီ၊ ဒါတောင်သူက ငါက အလုပ်ကောင်းကောင်း မလုပ်ဘူးလို့ ပြောသေးတယ်” ဟု ကျွန်မ တွေးမိသည်။ ကျွန်မ၏နှလုံးသားထဲတွင် အလွန်ပင် ရန်ကို ရန်ချင်းတုံ့နှင်းလိုသောစိတ်များ ဖြစ်ပြီး၊ မတရားသဖြင့် အပြောခံရသည်ဟု ခံစားရကာ မျက်ရည်များ ကျလုနီးပါးဖြစ်ခဲ့သည်။ ကျွန်မ၏အတွင်း၌ရှိနေသော ထိုရန်ကိုရန်ချင်း တုံ့နှင်းလိုသောစိတ်၊ မကျေနပ်မှုနှင့် ပုန်ကန်သောအရာတို့သည် အပြင်ပန်းတွင် ချက်ချင်းပေါ်လာခဲ့သည်။ ကျွန်မ၏အစွမ်းအစသည် ဤမျှလောက်သာ အောင်မြင်ရရှိနိုင်၏။ မည်သို့ပင်ဖြစ်ဖြစ် ကျွန်မ၊ အကောင်းဆုံး လုပ်ခဲ့သည်၊ ကျွန်မကလုံလောက်အောင် မလုပ်နိုင်လျှင် သူတို့သည် အခြားတစ်ဦးဦးကို ရှာဖို့ကောင်းသည်...ကျွန်မ၏နှလုံးသားသည် အလွန်တရာစိတ်မချမ်းမြေ့စွာ ခံစားခဲ့ရပြီး၊ မည်သည့်အရာကို ပြောရမည်ပင် မသိတော့ပါ၊ ထို့အတွက် ၎င်းနှင့် ပတ်သက်ပြီး မည်သည့်အရာကို လုပ်ရမည်လည်းမသိတော့သောကြောင့်၊ ထိုနောက်ပိုင်းတွင် သူပြောသမျှ စကားများကို ကျွန်မ မကြားနိုင်တော့ပါ။ ထိုရက်အနည်းငယ်အတွင်း ကျွန်မ၏အခြေအနေသည် ကိုယ်ပိုင်မာန တို့ဖြင့်ပြည့်နေ၍ စိတ်ဓါတ်ကျမှုနှင့် မျှော်လင့်ချက်မဲ့နေခဲ့ကာ မိမိကိုယ်ကိုအလွန်ကျေနပ်ခဲ့သောဘဝမှ မိမိဝမ်းထဲတွင် ပူဆွေးသောကတို့ ပြည့်နှက်နေသော အခြေအနေသို့ ရောက်သွားခဲ့ပါသည်။ ဆုံးရှုံးမှု အသိစိတ်က ကျွန်မအပေါ်လွှမ်းခြုံထားသည်။...အမှောင်ထုကြားတွင်- “ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်ကို နာခံသော သူတစ်ဦးဖြစ်ရန်၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံသောသူတစ်ဦး ဖြစ်ရန်...။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သတိရခဲ့မိပါ၏။ ကျွန်မကရော မည်သို့ဖြစ်ပါသနည်း။ လူတစ်ယောက်က ကျွန်မကို လုပ်ခဲ့သမျှမှာ ဝေဖန်မှုအနည်းငယ်သာ ဖြစ်သည်။ ကျွန်မ အလုပ်က မလုံလောက်ပါဟု ပြောသည်၊ ပြီးလျှင် ကျွန်မ စိတ်ညစ်ပြီး ကျွန်မ၏ အလုပ်မှ နှုတ်ထွက်လိုခဲ့သည်။ ဤသည်မှာ ရိုက်နှက်ဆုံးမခြင်း နှင့် ပြုပြင်ခြင်း ခံယူလိုသည့် လူတစ်ယောက် ဖြစ်ပါသလား။ ထိုကိစ္စက ဘုရားသခင်ကိုချစ်ရန် ကြိုးစားသော ပေတရုကဲ့သို့လော။ ကျွန်မ ဖော်ပြခဲ့သည့်အရာက ဘုရားသခင်၏ ဝမ်းနည်းသည့် အရာ မဟုတ်ပါသလား။ အခြားလူများက မိမိအလုပ်ကောင်းမွန်စွာ မလုပ်ဟု ပြောသည်ကို မခံလိုသည့်အပြင်၊ အခြားသူများ၏ ချီးမွမ်းခြင်းနှင့် အသိအမှတ်ပြုခြင်းသာ လိုလားခြင်းသည် အနိမ့်ကျဆုံးသော ကြိုးစားမှု တစ်ခု မဟုတ်ပါလား။ ထိုအခိုက်အတန့်တွင် ကျွန်မ၏စိတ်နှလုံးတွင် လင်းရောင်ခြည် တစ်ခုကို ရခဲ့၏။ထိုကြောင့်ကျွန်မသည် နှုတ်ကပတ်တော်သည် လူ့ဇာတိမှ ပေါ်လာ၏ ကို ဖွင့်လိုက်ပြီး၊ အောက်ပါ ကျမ်းပိုဒ်တစ်ခုကိုတွေ့ခဲ့သည်- “မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။...သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။...ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မ၏အနှစ်သာရမှ တစ်ဆင့် ထိုးထွင်းဝင်ရောက်ကာ ကျွန်မကို နှုတ်ဆိတ်၍နေစေခဲ့၏။ ကျွန်မသည် အလွန်အမင်း အရှက်ရခဲ့ပြီး ကသိကအောက်ဖြစ် ခဲ့ရသည်။ ကျွန်မ၏ အသိစိတ်များနှင့် အတွင်းပိုင်းရုန်းကန်မှုတို့သည် မီးခိုးငွေ့ကဲ့သို့ လေထဲ လွင့်ပျောက်သွားခဲ့၏။ ထိုအခိုက်အတန့်တွင် ကျွန်မ၏နက်နဲသောစိတ်ထဲ၌ ဘုရားသခင့်နှုတ်ကပတ်တော်၏ တန်ခိုးနှင့် သြဇာအာဏာတို့ကို တွေ့ကြုံ ခံစားခဲ့ရ၏။ ဘုရားသခင့်နှုတ်ကပတ်တော်၏ ဖွင့်ပြမှုများအရ နောက်ဆုံးတွင် မိမိကိုယ်ကိုမိမိ သိရှိလာခဲ့ရ၏၊ ကျွန်မ၏တာဝန်များကို ဖြည့်ဆည်းရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အကောင်းဆုံးရလဒ်ကိုရရန် အမြဲတစေ မကြိုးစားခဲ့ပါ၊ သို့သော် ထိုအစား ရှိရင်းစွဲအတိုင်းကျေနပ်ခဲ့ပြီး၊ မိမိကိုယ်ကို အလွန် ကျေနပ်အားရ ခံစားခဲ့မိ၏။ ကျွန်မ အခြေအနေအပေါ် ဘုရားသခင်က ဝမ်းနည်းလိမ့်မည်ကို ကျွန်မ သတိမမူခဲ့မိပါ၊ တစ်ဦးဦးကကျွန်မကို ဝေဖန်သည့်အချိန်တွင် မတရားအပြော ခံရသည်ဟုပင် ခံစားခဲ့ရသည်။ ကျွန်မသည် အမှန်တကယ်ပင် ဉာဏ်ပညာ ကင်းမဲ့ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့သည်။ ကျွန်မသည် အလုပ်နည်းနည်းသာလုပ်ပြီး အမြဲချီးမွမ်းခံလိုခဲ့၏၊ ချီးမွမ်းမခံရသည်နှင့် တပြိုင်နက် ကျွန်မ၏ အားအင်အားလုံးတို့ကုန်ခဲ့ရ၏။ ကျွန်မ၏ အားထုတ်မှုတို့သည် အသိအမှတ်ပြုခံရမည့်အစား မေးခွန်း ထုတ်ခံရသည့် အချိန်ဆိုလျှင် ကျွန်မ စိတ်ကောက်တတ်ခဲ့၏။ ထိုအချိန်တွင် ကျွန်မသည် မိမိ၏ သူတော်ကောင်းယောင်ဆောင်သည့်ဘက်ကို တွေ့မြင်လိုက် ရသည်။ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လိုအပ်ချက်များ နှင့် အပေးအယူများ ရှိနေကာ၊ မသန့်စင်မှုများ ပြည့်နှက်နေသည်ကို ကျွန်မ မြင်တွေ့ခဲ့ရသည်။ ယင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းအတွက် မဟုတ်ဘဲ၊ ဖုံးကွယ်ထားသော လှုံဆော်မှုများအတွက်သာ ဖြစ်၏။
အတိတ်တွင် လူ၏ လူသားသဘာဝ နိမ့်ကျမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖော်ပြသည်ကို ကျွန်မ တွေ့ရချိန်တွင်၊ ၎င်းသည် ကျွန်မ နှလုံးသားထဲတွင် ဉာဏ်အလင်းမပေးခဲ့သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပုံကြီးချဲ့မှုဖြစ်သည်ဟု သံသယရှိခဲ့၏။ ဘုရားသခင်က ၎င်းကို အထင်အရှားပြတော်မူခြင်းဖြင့်သာ ကျွန်မနိုးထခဲ့ရခြင်း ဖြစ်သည်။ ယနေ့ ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းနိုင်စေရန်မှာ ဘုရားသခင်၏ ကြီးမြတ်သော ချီးမြှောက်မှုနှင့် ကြီးမားသည့် ချစ်ခြင်းမေတ္တာတော်တို့ကသာ ဖြည့်စွမ်းပေးနိုင်ကြပါသည်။ ကျွန်မသည် ယင်းတို့ကို မြတ်နိုးခြင်း (သို့) တန်ဖိုးထားခြင်းမရှိခဲ့ပဲ၊ ထိုအစား တန်ဖိုးမရှိသောအရာနှင့် အဓိပ္ပါယ်မရှိသောအရာတို့ကို ရရန်လိုက်ခဲ့မိသည်။ ၎င်းတို့မှာ လူတို့၏ ချီးမွမ်းမှုကိုခံရခြင်း၊ လူတို့၏ ဂုဏ်ပြုခြင်း၊ လူတို့၏သတိပြုခံရခြင်း နှင့် လူတို့၏ နှလုံးသားထဲတွင် ထင်ပေါ်မှုကို ရယူခြင်းတို့ ဖြစ်၏။ ဤအရာတို့သည် မည်သည့်အဓိပ္ပါယ်များ ရှိကြပါသနည်း။ ဘုရားသခင်မိန့်တော်မူသည်မှာ လူသည် မုန့်အားဖြင့်သာ အသက်မွေးရသည်မဟုတ်၊ ခရစ်တော်မှ တစ်ဆင့် ဖော်ပြတော်မူသည့် နှုတ်ကပတ်တော်ဖြင့်လည်း အသက် ရှင်ရ၏ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်မ၏အသက် သည် မည်သည့်အပေါ်တွင် အားကိုးနေသနည်း။ ကျွန်မသည် လူတို့၏ ကျွန်မအပေါ်ရှိ သဘောထားနှင့် အမြင်အပေါ်မူတည်၍ အသက်ရှင်ခဲ့ပြီး၊ ထိုအရေးကိစ္စများကြောင့် ကျွန်မသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အနိုင်အရှုံးအတွက် မကြာခဏစိတ်ပူခဲ့၏။ အသိအမှတ်ပြုခြင်း (သို့) ချီးကျုးခြင်း (သို့) နှစ်သိမ့်ခြင်း (သို့) စာနာခြင်းကိုပြသော စကားလုံးအနည်းငယ်သည် ကျွန်မ၏ စွမ်းအင်ကို တိုးပွားစေတတ်ပြီး၊ ဝေဖန်ခြင်း (သို့) မကောင်းဆိုသော မျက်နှာအမူအရာ အနည်းငယ်သည် ကျွန်မကို မျှော်လင့်ချက် ပျက်ပြယ်စေခြင်း၊ စွမ်းအားမဲ့စေခြင်းနှင့် လိုက်လျှောက်နေသော ဦးတည်ရာကို ပျောက်စေတတ်၏။ သို့ပါက အဆုံးသတ်တွင် ကျွန်မသည် ဘုရားသခင်ကိုအဘယ်ကြောင့် အကြွင်းမဲ့ ယုံကြည်ရပါသနည်း။ ယင်းမှာ လူတို့၏အတည်ပြုချက်ကို ရရန်အတွက်သာ ဖြစ်နိုင်ပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖေါ်ပြခဲ့သည့်အတိုင်း ကျွန်မ ဂရုပြုခဲ့သောအရာသည် သမ္မာတရားလည်းမဟုတ်၊ လူ့ဘဝ၏စည်းမျဉ်းများ လည်း မဟုတ်၊ ဘုရားသခင်၏ ကြိုးစားအားထုတ်မှုလည်း မဟုတ်ဘဲ၊ ကျွန်မ၏ ဇာတိပကတိကို ချစ်ခြင်းအတွက်ဖြစ်သဖြင့် ထိုအကြောင်းတို့သည် ကျွန်မ၏ဘဝအတွက် လုံးဝအကျိုးမရှိပေ။ ကျွန်မထံသို့ နောက်ထပ်လာသော စိတ်ထက်သန်မှုသည် ကျွန်မအား ဘုရားသခင်က ချီးကျုးမှု ဖြစ်ကြောင်း သက်သေ ပြနိုင်သလော။ အကယ်၍ ကျွန်မသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်လျှင်၊ ကျွန်မ၏ လိုက်လျှောက်မှု တို့သည် အချည်းနှီးသာ မဟုတ်လော။ ဉာဏ်အလင်းရ၍ ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကျွန်မ၏ ကိုယ်ပိုင်ထုတ်ဖော်ချက်မှ ခရစ်တော်၏ ဖြစ်တည်မှု၊ ကိုယ်တော်သည် လူသားတို့ကိုကယ်ရန် မြေပေါ်သို့ မည်သို့ကြွလာခဲ့ပုံတို့ကိုတွေးခဲ့မိသည်။ သို့သော် ဘုရားသခင်အပေါ် လူသားတို့၏သဘောထားကား အဘယ်နည်း။ ကိုယ်တော်သည် သန့်ရှင်း၍ ကြည်ညိုဖွယ်ဖြစ်တော်မူပြီး၊ ဘုန်းနှင့်ပြည့်စုံတော်မူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်၏၊ သို့သော် ဘုရားသခင်ကို မည်သူ အမှန်တကယ် တန်ဖိုးထားပါသနည်း၊ မည်သူသည် သူတို့၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်ကိုနေရာပေးပါသနည်း၊ ပြီးနောက် မည်သူသည် ဘုရားသခင်အား အမှန်ပင် ဘုန်းတော် ထင်ရှားစေသနည်း။ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့မှ အပ လူတိုင်းသည် ဘုရားတရားကို ငြင်းပယ်ချမှုကရှိနေပြီး၊ ခရစ်တော်သည် ယခုတိုင် လူတို့နှင့် ပတ်သက်ပြီး တုန်လှုပ်ခြင်းမရှိခဲ့ (သို့) လူတို့၏အပြစ်များအတိုင်း မဆက်ဆံခဲ့ပါ။ ကိုယ်တော်သည် ဆင်းရဲဒုက္ခအားလုံးကို သည်းခံကာ၊ လူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမငဲ့ဘဲ အသုံးခံခဲ့သော်လည်း၊ တစ်စုံတစ်ယောက်က ခရစ်တော်၏နှိမ့်ချမှု၊ ကြင်နာမှုနှင့် ရက်ရောမှုတို့အတွက် သူတို့၏နှလုံးသားမှ ချီးမွမ်းခြင်းကို ဖေါ်ပြခဲ့ပါသလား။ နှိုင်းယှဉ်မှုအရ ကျွန်မ၏စိတ်ထားသေးသိမ်မှုကိုသာ ပို၍ပို၍ မြင်ခဲ့၏။ ကျွန်မသည် အရေးကိစ္စတို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ပုံ၊ လူတို့၏ ချီးကျူး၊ တန်ဖိုးထားမှုကို အမြဲ မျှော်ခဲ့ပုံ၊ အခြားသော တစ်ကိုယ်ကောင်းဆန်ပုံ၊ စက်ဆုပ်ဖွယ်ကောင်းပုံ နှင့် အရှက်ကင်းသော အပြုအမူများတို့ကို ပို၍ပို၍ မြင်လာခဲ့သည်။ထိုသို့ နှိမ့်ကျသော စရိုက်ရှိနေသည့်တိုင် မိမိကိုယ်ကို ရွှေကဲ့သို့ အဖိုးထိုက်သည်ဟု ထင်ခဲ့မိ၏။ လူ၏ အသိတရားနှင့် ပတ်သက်၍ လူသားမျိုးနွယ်၏ အသိတရားသည် လူသားမျိုးနွယ်တို့ ထိန်းချုပ်ရန် ခက်ခဲသော အတိုင်းအတာ တစ်ခုကို ရောက်ခဲ့ပြီဟု ဘုရားသခင် မိန့်တော်မူသည်မှာ မဆန်းပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို လုံးဝ သဘောပေါက်စေခဲ့၏။ ဤအချိန်၌ အရာအားလုံး၏ အရှင်သခင် ဖြစ်သည့် ခရစ်တော်ကို တောင့်တမှုနှင့် တွယ်တာမှုတစ်မျိုး ကျွန်မ နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာတွင် ရုတ်ချည်းပေါ်လာခဲ့သည်။ ကျွန်မသည် ဘုရားသခင်ထံ ဆုမတောင်းဘဲ မနေနိုင်ခဲ့ပါ၊ “အိုး ဘုရားသခင်၊ ကိုယ်တော့်စိတ်သဘောထား၊ အနှစ်သာရနှင့် ကောင်းမြတ်ခြင်းတို့က၊ ကျွန်မကို အဆုံးမဲ့ အားကျစေပါတယ်။ ဘယ်သူက ကိုယ်တော့်ကို နှိုင်းယှဉ်နိုင်ပါမလဲ။ ကျွန်မတို့တွင်ဖေါ်ပြခဲ့သော ကိုယ်တော့် ဖေါ်ပြချက်တို့နှင့် ကျွန်မတို့ကိုပြသခဲ့သော အရာရာတိုင်းတို့သည် ကိုယ်တော်၏ အလှတရား၊ ကိုယ်တော်၏ ဂုဏ်အင်္ဂါ၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော် တို့အတွက် သက်သေခံချက်များ ဖြစ်ကြပါတယ်။ အိုဘုရားသခင် ကိုယ်တော်ဟာ သည်ကျွန်မရဲ့နှလုံးသားကို ဖွင့်လှစ်ပြီး၊ မိမိကိုယ်ကို ရှက်တတ်ရန် ပြုတော်မူပြီး၊ ကျွန်မမျက်နှာကိုမြေပေါ်မှာ ပျပ်ဝပ်စေခဲ့ပါတယ်။ ကိုယ်တော်က ကျွန်မရဲ့မာနနဲ့ကြွားဝါပလွှားခြင်းကို နက်နက်နဲနဲ သိတော်မူပါတယ်။ အကယ်၍သာ ကိုယ်တော်၏အံ့ဖွယ်ရာ စီစဉ်ညွှန်ကြားမှုများနဲ့၊ အစီအစဉ်များ အတွက်သာ မဟုတ်ခဲ့ရင်ကိုယ်တော် ပို့ဆောင်တော်မူခဲ့သော ညီအစ်ကိုကကျွန်မကို ဆွေးနွေးသုံးသပ်မှု မပြုခဲ့ရင်၊ ကျွန်မဟာ ဘယ်သူဖြစ်တယ်ဆိုတာကို မေ့နေတာ ကြာလောက်ပါပြီ။ ကိုယ်တော်ရဲ့ဘုန်းတော်ကိုခိုးယူပြီး၊ ကိုယ့်ကိုယ်ကိုယ်မာန ထားသောခံစားချက်က ရှိနေဦးမှာပါ။ ကျွန်မက အရှက်တရားကင်းမဲ့လှပါတယ်။ အို ဘုရားသခင်။ ကိုယ်တော်ရဲ့ထုတ်ဖော်မှုတွေနဲ့ ကာကွယ်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အမှန်အတိုင်း ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းစွာ မြင်ပြီး၊ ကိုယ်တော်၏ချစ်ဖွယ်ကောင်းခြင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ရပါပြီ။ အိုဘုရားသခင်။ အပျက်သဘောဆောင်ခြင်းမှ ကျွန်မကင်းလွတ်လိုပါ၏။ ထိုနိမ့်ကျသော အရာများအတွက် အသက်ရှင်ခြင်းမှ ကျွန်မကင်းလွတ်လိုပါ၏။ ကျွန်မဟာ ကိုယ်တော်ရဲ့ ဆုံးမစီရင်ခြင်း၊ရိုက်ချက်နှင့်စည်းကမ်းအားဖြင့် ကိုယ်တော့်ကို သိလို ရှာလိုပါ၏၊ အဲဒီအပြင် ကိုယ်တော့်ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်မတာဝန်ကို ဖြည့်ဆည်းရာမှာ ကိုယ်တော်ရဲ့ ရိုက်နှက်ဆုံးမခြင်းနဲ့ ပြုပြင်ခြင်း တို့ကိုသာ အလိုရှိပါတယ်။”
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။