သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

05.09.2019

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ်

ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊ ပြီးလျှင် ရိုးသားသော သူများသာလျှင် သူ့ချီးမွမ်းခြင်းကို လက်ခံရရှိမည်ဖြစ်ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကျွန်တော် တွေ့မြင်ခဲ့ရ ပါသည်။ ထို့ကြောင့်၊ ကျွန်တော်သည် ရိုးသားသော လူတစ်ဦး ဖြစ်ရန်၊ တိတိကျကျ ပြောဆိုခြင်းကို အသိရှိရှိလက်တွေ့လုပ်ဆောင်ရန်၊ မျှတပြီး လက်တွေ့ လုပ်သော လူဖြစ်ရန်၊ နှင့် ပြဿနာများ အစီရင်ခံသောအခါ အချက်အလက်များစွာထဲမှ အမှန်တရားကို ရှာတွေ့ရန် ကြိုးစားခဲ့သည်။ ကျွန်တော့်၏ အလုပ်ထဲတွင် အမှားအယွင်း တစ်ခုခု သို့မဟုတ် ပေါ့ဆမှု တစ်ခုခု ဖြစ်လျှင် ကျွန်တော်သည် ဤအရာကို ခေါင်းဆောင်နှင့် အသေးစိတ် ပြန်ပြောပြခဲ့သည်။ ကျွန်တော်သည် မိမိ၏ ဖောက်ပြန် ပျက်စီးခြင်းကိုလည်း ခွဲခြမ်းစိတ်ဖြာပြီး ထုတ်ဖော်ခဲ့သည်။ ကျွန်တော်သည် ဤအရာကို လက်တွေ့လုပ်ဆောင်သည့် အချိန်တိုင်း ကျွန်တော့်တွင် အချို့ပြောင်းလဲမှုများ ရှိနေသည်၊ ကျွန်တော်သည် ရိုးသားသော လူတစ်ဦး၏ အသွင်သဏ္ဍာန် အနည်းငယ် ရှိသည်ဟု ခံစားခဲ့ရသည်။

တစ်လောက လုပ်ဖော်ကိုင်ဖက် အစည်းအဝေး မိတ်သဟာယတွင် ကျွန်တော်တို့သည် ဘုရားသခင်အပေါ် ကျွန်တော်တို့၏ ဆက်ကပ်မှု၌ လူပုံစံအမျိုးမျိုးကို ခွဲခြားရန် မည်သို့သင်ယူရမည့်အကြောင်း ကို ပြောခဲ့ကြသည်။ ခေါင်းဆောင်က ကျွန်တော့်ကို “XX, ခင်ဗျားကို ခင်ဗျား ဘယ်လို လူပုံစံလို့ ထင်သလဲ” ဟု မေးခဲ့သည်။ ကျွန်တော်က “ကျွန်တော် လတ်တစ်လောက ပြောင်းလဲမှု တစ်ချို့ရှိခဲ့တယ်။ ဒါကြောင့်၊ ကျွန်တော်က အတော်လေး ရိုးရှင်းတဲ့လူ၊ ပွင့်လင်းတဲ့လူ အဖြစ် မှတ်ယူလို့ရတယ်။ ဆိုးတဲ့ သဘာဝအတွက် ကျွန်တော်၊ အဲဒီ လောက်တော့ မဆိုးဘူးလို့ ခံစားရတယ်။ ကောင်းတဲ့ သဘာဝအတွက် ကျွန်တော်က ကောင်းမှု ဖော်ပြဖို့တစ်ခုမှ မပိုင်ဆိုင်ပေမဲ့လည်း၊ အနည်းဆုံးတော့ ကျွန်တော်က ရိုးရှင်းပြီး၊ ရိုးသားတဲ့အပြင်၊ ကျွန်တော့်မှာ အငြိုးထားတဲ့ နှလုံးသား မရှိဘူးလို့ ခံစားရတယ်” ဟု မိမိဘာသာ တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က “တခြားသူတွေနဲ့ ယှဉ်ပြီးပြောရရင် ကျွန်တော်က ရိုးရှင်းပြီးတော့၊ ကောင်းတဲ့ သဘာဝနှင့်အတူ ရိုးသားတဲ့ လူတစ်ယောက် အဖြစ် မှတ်ယူပါတယ်“ ဟု ပြန်ဖြေခဲ့သည်။ ခေါင်းဆောင်က “ခင်ဗျားက ကောင်းတဲ့ သဘာဝရှိလို့ နှိုင်းယှဉ်ကြည့်ရင် ရိုးရှင်းပြီး ရိုးသားတဲ့ လူဖြစ်တယ် လို့ ခင်ဗျားကတွေးတယ်။ ဒါဆိုရင် ခင်ဗျားက ခင်ဗျားအကြောင်း အရာအားလုံးကို တကယ် ဖွင့်ပြောပြီး ထုတ်ဖော်ရဲသလား။ ခင်ဗျားက ဘုရားသခင်ဆီမှာ သံသယတွေထဲက ၁၀၀ ရာခိုင်နူန်း လွတ်မြောက်ပါသလား။ ခင်ဗျားရဲ့ အပြောအဆို နဲ့ အပြုအမှုတို့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေအတွက် ပန်းတိုင်မရှိပါဘူးလို့ ခင်ဗျား အမှန်တကယ် ဝန်ခံရဲသလား” ဟု မေးခဲ့သည်။ ဤအရာကို ကြားပြီးနောက် ကျွန်တော်သည် ရန်ကိုရန်ချင်းတုံ့နှင်းလိုစိတ်ကို ခံစားခဲ့ရပြီး၊ “ကောင်းတဲ့ လူတွေမှာ ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိဆဲဖြစ်တယ်၊ သူတို့က ဖောက်ပြန်ပျက်စီးခြင်း ပုံစံအမျိုးမျိုး အားလုံးကို လုပ်ဆောင် နိုင်တယ်လို့ အထက်မှာ မပြောသွားဘူးလား၊ ဒါက ဆက်စပ်မှု မရှိဘူးလား” ဟု ခုခံ၍ ပြန်ရှင်းပြခဲ့သည်။ ကျွန်တော်သည် မိမိ၏ ကိုယ်ပိုင် ထင်မြင်ချက်များကို လက်လွှတ်ရန် ဆန္ဒလုံးဝ မရှိခဲ့ပေ။

ဤအရာ ဖြစ်ပြီးနောက်၊ ကျွန်တော်သည် ခေါင်းဆောင် ပြောသွားသည့်အရာပေါ်တွင် ဂရုတစိုက် ပြန်သုံး သပ်နေခဲ့သည်၊ ကျွန်တော်သည် ကျွန်တော့်အကြောင်း အရာအားလုံးကို စစ်မှန်စွာ ထုတ်ဖော်ရဲပါ့ မလား။ ကျွန်တော် ထုတ်ဖော်ရဲမည်မဟုတ်ပေ။ ကျွန်တော် ပြောသော အရာများသည် ကျွန်တော့်၏ ဂုဏ်သတင်း သို့မဟုတ် ကိုယ်ကျိုးစီးပွားအပေါ် အကျိုးသက်ရောက်မှုမရှိသော အရေးမပါ အရာမရောက် ကိစ္စများသာလျှင် ဖြစ်သည်။ ကျွန်တော် ဖွင့်ဟပြောပြသည့် ကိုယ်ရေးကိုယ်တာ ဖောက်ပြန်ပျက်စီးခြင်းများသည် လူတိုင်းတွင် ရှိသည့် သာမာန် ဖောက်ပြန်ပျက်စီးခြင်း တစ်ခုသာ ဖြစ်ပါသည်၊ သို့သော်လည်း ကျွန်တော့်၏ နှလုံးသားထဲတွင် နက်ရိူင်း စွာရှိသော အကျည်းတန်ပြီး၊ ညစ်ညမ်းသောအရာများကိုမူ ကျွန်တော် ဖွင့်ပြောထုတ်ပြရန် မည်သည့်အခါမျှ မဝံ့ရဲခဲ့ပါ။ ကျွန်တော်သည် ဘုရားသခင်ထံတွင် သံသယကနေ ၁၀၀ ရာခိုင်နူန်း အမှန်တကယ် လွတ်မြောက်သလား။ ကျွန်တော် မလွတ်မြောက်ပေ။ ကျွန်တော်၏ အလုပ်များ အသီးအပွင့် မရှိခဲ့စဉ်၊ ကျွန်တော် အဆိုးမြင်ပြီး ခွန်အားနည်းခဲ့စဉ်က ကျွန်တော်သည် ဘုရားသခင်ကို နားလည်မှုလွဲ ခဲ့ပြီး၊ ဆက်ကပ်မှုသာလျှင် ပေးနေရသည်ဟု ယုံကြည်ခဲ့သည်၊ ပြီးလျှင် ထိုအတိုင်းဆက်သွားနေပါက အကျိုးမရှိပါ။ ထို့အပြင်၊ ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထား တို့အပေါ်တွင် ၁၀၀ ရာခိုင်နူန်း မယုံကြည်ခဲ့ပေ။ ဘုရားသခင်သည် သူ၏ နူတ်ကပတ်တော်နှင့်အညီ လူများကို ဆုလာဘ်ပေးမည်၊ အပြစ်ဒဏ်ပေးမည်ကို ကျွန်တော် မယုံကြည်ခဲ့ပေ၊ ထို့ကြောင့် ကျွန်တော်သည် သူ၏ စိတ်သဘောထားကို မကြာမကြာ စမ်းသပ်ခဲ့သည်။ ကျွန်တော်သည် အင်မတန် အလုပ်များပြီး အလုပ်အချို့ကို လုပ်ခဲ့စဉ်က ဤအရာများ အားလုံးသည် အနာဂတ်တွင် ကျွန်တော်သည် ကောင်းကြီးခံစားရပြီး၊ ဘေးဒုက္ခများကို ရှောင်ဖယ်နိုင်ဖို့ ဘုရားသခင်နှင့် အပေးအယူ ပြုလုပ်ခြင်းဖြစ်သည်၊ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါ တိုင်းက ဖြည့်ဆည်းပေးသင့်သည့် တာဝန် မဟုတ်ပါ။ အပြုအမှုကောင်းကို အပြင်ပိုင်းတွင် ဖော်ပြမှု ရှိသော်လည်း ထိုအရာသည် အခြားလူများအတွက် မြင်ရန်ဖြစ်ပြီး၊ သူတို့ အထင်ကြီးလာစေရန် ဖြစ်သည်။ ထုတ်ဖော်လိုက်သည့် အရာကို တွေးတောလိုက်ရာတွင်၊ ဤအရာများ အားလုံးသည် လှည့်စားတတ်သော ဖော်ပြခြင်း မဟုတ်ပါလား။ သို့သော်လည်း၊ ကျွန်တော်သည် နှိုင်းယှဉ်ကြည့်ပါက ရိုးရှင်းပြီး ရိုးသားသောလူဟု ကျွန်တော် တွေးခဲ့သည်၊ ဤအရာသည် မိမိကိုယ်ကို မသိခြင်း အမှန်တကယ် မဟုတ်ပါလား။ ဘုရားသခင်က မည်သည့်အရာကို မိန့်တော်မူခဲ့သည်ကို တွေးကြည့်ပါ။ “လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဗီဇနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး၊ ဤအရာနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ပေ၊ အမှန်မှာ လူသားမျိုးနွယ်သည် သူ၏သဘာဝဗီဇအကြောင်း လေးနက်သောသိနားလည်မှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝဗီဇမျိုး ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သဘာဝနှင့် ပဓာနကျခြင်းတို့ကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။...ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည့်အခါ သူတို့သည် နည်းလမ်းများကို ဝတ်ကျေတမ်းကျေ လိုက်နာကြသည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊...၎င်းတို့ကိုယ်၎င်းတို့ ယခင်ကထက် များစွာပိုကောင်းကြသည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း စံနှုန်းများအရဆိုသော် သူတို့သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မကျင့်ဆောင်ကြသောအခါ၌ လူတို့၌ အပြင်ပန်းအားဖြင့် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ဆောင်ချက်များအချို့သာ ရှိသောကြောင့် အမှန်ဆိုလျှင် ကြီးမားသော ကွာခြားမှုတစ်ခု ရှိပေ၏။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း”) ဘုရားသခင်၏ နူတ်ကပတ်တော်မှ ဉာဏ်အလင်းဖွင့်ခြင်း ရရှိခဲ့ပြီး၊ သို့မှသာ ကျွန်တော်သည် မိမိအကြောင်း သိသည်မှာ အလွန် တိမ်နေသည်ကို မြင်ခဲ့သည် ကျွန်တော်သည် ကျွန်တော်၏ အယူအဆများ နှင့် ကျွန်တော်၏ ကိုယ်ပိုင် အတွေးအခေါ်များမှ မိမိကိုယ်ကိုသိရန် ကြိုးစားခဲ့ပြီး၊ ကျွန်တော်၏ လိမ်ညာပြီး၊ ဖောက်ပြန်နိုင်စွမ်း နှင့် လှည့်စားနိုင်စွမ်း ရှိသော ဆိုးယုတ်သည့် စိတ်သဘောထား ကို သတိပြုမိဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်သည့်အပြင်၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မိမိ၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝကို လည်း သတိပြုမိအောင် မကြိုးစားခဲ့ပါ။ ကျွန်တော်သည် ရိုးရှင်းသည်၊ ရိုးသားသည်၊ ကျွန်တော့် မှာ ကောင်းသောသဘာဝရှိသည် ဟု ကျွန်တော် ယုံကြည်ခဲ့သော်လည်း ဤအရာများမှာ အပြင်ပန်းက ကြည့်ခြင်း သက်သက်ဖြစ်သည်၊ ကျွန်တော်သည် ဘုရားသခင်၏ စိတ်သဘောထားကို အပြင်းအထန် စော်ကားရာ ရောက်သည့် အရာ မည်သည့်ဤအရာကိုမျှ မလုပ်ခဲ့ပေ။ ရိုးသားသောလူဖြစ်ခြင်းတွင် ကျွန်တော်သည် အပြင်ပန်း ဖော်ပြခြင်းကို ရပ်တန့်ခဲ့ပြီး၊ အမှန်တရား အနည်းငယ် ပြောခြင်း နှင့် စစ်မှန်သော အရာများ အနည်းငယ် လုပ်ခြင်းသည် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်း၏ စံနှုန်းကို မှီရန် လုံလောက်မည်ဟု ကျွန်တော် တွေးခဲ့သည်။ ကျွန်တော်သည် တကယ်ပင် အင်မတန် မာနထောင် လွှားသောလူ ဖြစ်သည်။ ကျွန်တော်သည် မိမိကိုယ်ကို အမှန်တကယ် မသိခဲ့ပေ၊ ကျွန်တော်သည် ရိုးသားသော လူတစ်ဦး၏ အနှစ်သာရကို လုံး၀ မပိုင်ဆိုင်ခဲ့ကြောင်းကို အနည်းငယ်မျှပင် မသိခဲ့ပေ၊ ထို့အပြင် ကျွန်တော်သည် ဘုရားသခင်၏ စံနူန်းမှ အဝေးတွင်ရှိခဲ့သည်။ ထိုအချိန်တွင် ပေတရုက ဘုရားသခင်၏ နူတ်ကပတ်တော်အတွင်း သူ့ကိုယ်သူ သတိပြုမိ ခဲ့သည့်အကြောင်းကို ကျွန်တော် တွေးခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ နူတ်ကပတ်တော်များနှင့် သူ့ကိုယ်သူ အမြဲတမ်း စိတ်အား ထက်သန်စွာ နိူင်းယှဉ်ခဲ့ပြီး၊ သူသည် ထိုနှုတ်ကပတ်တော်အားဖြင့် လူများကို ထုတ်ဖော်ခဲ့သည်၊ ထို့ကြောင့် လူများအားလုံးကြားတွင် ပေတရုသည် အခြားသူများထက် သူ၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သာ၍ သိခဲ့ပြီး၊ သူသည် သူ၏ အတွေ့အကြုံတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည်။ ကျွန်တော် ဘုရားသခင်နောက်သို့ လိုက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပြီး၊ ကိုယ့်ကိုကိုယ် မသိဆဲ ဖြစ်သည်။ ဝင်ရောက်ရန် ကျွန်တော်၏ အစွမ်းအစသည် အလွန်အမင်း ကင်းမဲ့ နေသည်၊ ကျွန်တော်သည် တကယ့်ကို အရှက်ရဖွယ်ပင်ဖြစ်သည်။

ကျွန်တော်သည် ကျွန်တော့်၏ ကိုယ်ပိုင် ဆင်းရဲခြင်း နှင့် သနားဖွယ်ဖြစ်ခြင်းကို မြင်အောင် လုပ်ပေးခဲ့သည့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြခြင်းကို ကျေးဇူးတင်သည်၊ မိမိကိုယ်ကိုသိခြင်းသည် မလွယ်ကူသော အရာဖြစ်ကြောင်း ကိုလည်း ကျွန်တော့်ကို နားလည်စေခဲ့သည်။ အမှန်တရား တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် မိမိကိုယ်ကိုသိခြင်းဖြစ်သည်။ ယနေ့မှစ၍ နောင်တွင်၊ ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်ဖြင့် မိမိကိုယ်ကိုသိရန် ဆန္ဒရှိမည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များက လူများ၏ ပျက်စီးနေသော သဘာဝကို ဖော်ပြသည့် မည်သည့် အချိန်ဖြစ်ဖြစ် ကျွန်တော်သည် ထိုနှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို စိတ်အားထက်သန်စွာ တိုင်းတာရန် ဆန္ဒရှိမည်။ ကျွန်တော်သည် မိမိကိုယ်ကို မိမိ၏ အမြင်ရှုထောင့်ဖြင့် နောက်ထပ် တိုင်းတာတော့ မည်မဟုတ်ပေ။ ကျွန်တော်သည် စိတ်သဘောထားအထဲက ပြောင်းလဲမှုတစ်ခု နောက်ကို လိုက်မည်၊ ပြီးလျှင် ကျွန်တော်သည် စစ်မှန်စွာ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဖြင့် ဘုရားသခင်၏ စိတ်တော်ကို နှစ်သိမ့်ပေးမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်တစ်ခုတွင် အရန်အစီအစဉ်များ မကြံစည်နှင့်

ကျင့်မော့ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လေးနှစ်ကျော်ကြာတဲ့အထိ ဗီဒီယိုတွေအတွက် သီချင်းတွေရေးတာကိုလုပ်တယ်။ အသင်းတော်အလုပ်ရဲ့...

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။