အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

05.09.2019

မီကျယ်၊ ရှန်ဒုံစီရင်စု

အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်ခဲ့သည်။ (လုပ်ဖော်ကိုင်ဖက်တစ်ဦးက အသင်းတော်ခေါင်းဆောင်များ နှင့်တွဲဖက် လုပ်ဆောင်ရန်)။ ထိုအချိန်၌ ထိုအမှုအရာသည် ကောင်းမွန်သော အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ကျွန်မတွေးမိသည်။ ကျွန်မသည် အရည်အချင်း နည်းပါးသူတစ်ဦးဖြစ်သည့်အတွက် အသင်းတော်ဆိုင်ရာလုပ်ငန်း အမျိုးမျိုးကို ပြီးစီးဖို့ရန် ကျွန်မကိုကူညီမည့်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦး အမှန်တကယ် လိုအပ်နေသည်။

ထို့ကြောင့် ကျွန်မနှင့် ကျွန်မ၏ တွဲဖက်ဖြစ်လာသော အစ်မသည် အသင်းတော်တွင် အမှုတော်ဆိုင်ရာ အလုပ်တို့ကို အတူတကွ စတင်လုပ်ဆောင်ခဲ့ကြသည်။ သူသည် ကျွန်မလိုလားသည့်အတိုင်း အရာရာကိုလုပ်ဆောင် ခြင်းမရှိ သည်ကို ကျွန်မတဖြည်းဖြည်းနားလည်လာရပြီး ကျွန်မစိတ်ထဲတွင် စတင်ပြီးအတားအဆီး ဖြစ်လာသည်။ “ငါ ကိုယ့်ဖာသာလုပ်ရတုန်းက နည်းနည်းအလုပ်ပိုရှုပ်ပေမဲ့ အသင်းတော်အလုပ်တွေအားလုံးကို ကိုင်တွယ်နိုင်သေးတယ်။ ဒီအချိန်မှာ တွဲဖက်တစ်ယောက်စီစဉ်တာက အဆင်မပြေဘူး။ သူ့ကို အလုပ်နည်းနည်း ပေးလုပ်ခိုင်းပြီး မပြည့်စုံဘူးဆိုရင် ကိုယ့်ဖာသာပဲလုပ်မှာပေါ့။ ငါ သူ့ကို အလုပ်ပေးမလုပ်ရင်၊ အင်း သူက ငါ့တွဲဖက်ပဲ။ တချို့အလုပ်တွေတော့ ဝင်ပါခိုင်းသင့်ပါတယ်လေ။” ထိုသို့ဖြင့် ကျွန်မ စိတ်ထဲတွင် ပိုပိုပြီး အတားအဆီးဖြစ်လာသည်။ တစ်ကြိမ်တစ်ခါ၌ သူမသည် တစ်စုံတစ်ရာကို ကျွန်မလုပ်ဆောင် စေလိုသည့်အတိုင်း မဟုတ်ဘဲ လုပ်ဆောင်သောအခါ ကျွန်မသည် မိမိကိုယ်ကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်လျက် သူ့အပေါ် အမျက် ထွက်မိလေသည်။ “နင်ဘာဖြစ်တာလဲ။ နင်နှစ်ပေါင်းများစွာ ခေါင်းဆောင် ဖြစ်လာတာလေ၊ ဘယ်လို လုပ်ပြီး ဒီအလုပ်သေးသေးလေးကိုတောင် ကောင်းကောင်းမလုပ်နိုင်တာလဲ။ အခုနောက်ပိုင်းသုံးလေးခါလောက်မှာ နင့်ကို ပြောလို့မရတာ ဘယ်လိုဖြစ်တာလဲ။ နင်က နားကိုမလည်တာလား”။ ထိုသို့ပြုပြီး နောက် ကျွန်မစိတ်မကောင်းဖြစ်ပြီး စိတ်မသိုးမသန့်ဖြစ်လေသည်။ “ငါ့ရဲ့ဒေါသကို မထိန်းနိုင်ဘဲ ဘယ်လိုလုပ်ပြီး ပေါက်ကွဲမိတာလဲ။ ငါ့ဘက်က တစ်ခုခုလွဲနေပြီလား။” ဟူ၍ မိမိကိုယ်ကိုတွေးလေသည်။ ထိုသို့ဖြင့် ကျွန်မသည် အဖြေရှာဖို့အတွက် ဘုရားသခင်ရှေ့တော်မှောက်သို့လာပြီး ဘုရားသခင်၏နှုတ်တော်ထွက် တရားကို တွေ့ရှိလေသည်။ “ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။...သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။...အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ပြီးနောက်တွင် ဤအရာကို ဒေသနာတစ်ပုဒ်တွင် တွေ့ရှိလေသည်။ “လူတချို့သည် မိမိတို့၏တာဝန်ကို အကောင်အထည်ဖော်ရာတွင် မည်သူနှင့်မျှမပူးပေါင်းနိုင်သော သူများရှိသည်။ ထိုသူတို့ကို မည်သူမျှမချဉ်းကပ်နိုင်ပေ။ ယင်းသည် သူတို့၏မောက်မာခြင်းနှင့်ဘဝင်မြင့်ခြင်းကို ဖော်ပြသည်။ သူတို့၌ မည်သည့်သနားကြင်နာခြင်းနှင့် အသိတရားမျှမရှိသည့်အပြင် မိမိတို့ကိုယ်ကို သတိပြုမိခြင်း မရှိကြပေ။ အခြားသူများကို အထင်အမြင်သေးတတ် ကြသည်။ ထိုအဖြစ်သည် သနားစရာကောင်းသည် မဟုတ်လော။ ထိုသို့သော ပင်ကိုစိတ်သဘောထားရှိသောလူတို့သည် အသက်တာမပြောင်းလဲတတ်ကြသလို ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မလားဆိုသည်ကို ပြောဆိုဖို့ရန်ပင် ခက်ခဲလှသည်။ မိမိကိုယ်ကို အမှန်သိမြင်သောသူတို့သည် အပြစ်မြင်ခြင်းများစွာ မရှိဘဲ အခြားသူများကို မှန်မှန်ကန်ကန်ပြုမူဆက်ဆံနိုင်ကြသည်။ သူတို့သည် အခြားသူများကို စိတ်ရှည်လက်ရှည် ကူညီဖေးမနိုင်ပြီး ထိုသူတို့အား ချစ်ခင်မြတ်နိုးဖွယ်ကောင်းသော သူများဖြစ်သည်ဟု ခံစားလာအောင်ပြုတတ် ကြသည်။ သူတို့သည် အခြားသူများနှင့်လည်း မှန်ကန်သင့်လျော်သော ဆက်ဆံမှုရှိနိုင်သည်။ သူတို့သည် သနားကြင်နာတတ်သူများဖြစ်ပြီး သနားကြင်နာတတ်သူများသာလျှင် ဘုရားသခင်အတွက် ကိုးကွယ်ဆည်းကပ်မှု ရှိကာ အခြားသူများနှင့် သဟဇာတရှိစွာအသက်ရှင်နိုင်သည်သာမက သူတို့၏တာဝန်ကို ပြည့်ပြည့်ဝဝပြီးစီး တတ်ကြသည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ထိုသို့သော ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဤဒေသနာအားဖြင့် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော် ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီရှာစေသည့် လုပ်ငန်းအစီအစဉ်ထဲတွင် ဘုရားသခင်၏အလိုတော်ကို ကျွန်မနားမလည်ခဲ့ကြောင်း နောက်ဆုံး၌ ကျွန်မ တွေ့မြင်လေသည်။ ထိုနောက်မှသာ ကျွန်မစိတ်နှလုံးငြိမ်လာပြီး ထိုအမှုကို သေချာစွာတွေးဆလေသည်။ အမှန်တကယ်တွင် လုပ်ငန်းအစီအစဉ်ထဲမှ ဤလိုအပ်ချက်သည် ကျွန်မ၏အရည်အချင်းနှင့်အတွေ့အကြုံ နည်းပါးမှုကြောင့်သာမကပဲ သမ္မာတရားကို ကဏ္ဍပေါင်းစုံမှ နားလည်သဘောပေါက်ခြင်း အားနည်းမှုကြောင့် ဖြစ်သည်။ ကျွန်မတို့သည် အသင်း၏လုပ်ငန်း ကဏ္ဍအားလုံးကို မိမိတို့ကိုယ်ပိုင်အဖြစ် ယူဆောင်၍မရပေ။ သို့ဖြစ်၍ လုပ်ဖော်ကိုင်ဖက်၏အကူအညီအားဖြင့် အသင်းတော်၏အလုပ် ကဏ္ဍပေါင်းစုံကို သာ၍ကောင်းမွန်စွာ ထမ်းဆောင်ခြင်းငှာ မိမိတို့၏အားနည်းချက်များကို ဖြည့်ဆည်းဖို့အတွက် အချင်းချင်း၏အားသာချက်များကို သင်ယူနိုင်မည်ဖြစ်သည်။ နောက်တစ်မျိုးကား ကျွန်မတို့၏ သဘောသဘာဝသည် အလွန်မောက်မာပြီး ဩဇာအာဏာကို လိုလားကာ အရာရာ၌ အမြင့်ဆုံးအာဏာကို ရလိုတတ်ကြသည်။ အသင်းတော်၏အလုပ်ကိုထိခိုက်စေနိုင်သည့် ဤကဲ့သို့ တစ်ချက်လွှတ်အာဏာဆန်ဆန်၊ မစဉ်းမစား၊ မဆင်မခြင်လုပ်ဆောင်မှုတို့ကို တွဲဖက်တစ်ယောက်၏ ကြီးကြပ်မှု၊ ထိန်းချုပ်မှုတို့ဖြင့် ရှောင်ကြဉ်နိုင်ပါသည်။ ကျွန်မတို့သည် မှန်ကန်သောလူ့သဘောဖြင့် သမ္မာတရားထဲသို့ဝင်ရောက်လျှင် သာ၍ ကောင်းသောစွမ်းဆောင်မှုကိုပြုနိုင်သည်။ တူညီသောခြေလှမ်း၌ ရပ်တည်နိုင်ရန် လည်းကောင်း၊ နားလည်မှု အပြန်အလှန်ရရှိခြင်းငှာ သမ္မာတရား၌ မည်ကဲ့သို့မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း၊ သမ္မာတရားအတွက် ဆက်ကပ်နိုင်စေရန်လည်းကောင်း သင်ယူ နိုင်သည်။ ထိုအခါမှသာ အသင်းတော်လုပ်ငန်းနှင့်မိမိတို့၏ကိုယ်တိုင် အသက်တာအတွက် ကျွန်မတို့အလုပ်၌ သဟဇာတရှိစွာပူးပေါင်းခြင်းသည် အလွန်အရေးပါကြောင်းကို ကျွန်မ သိမြင်ခဲ့ရသည်။ သို့သော် ဤအမှုအရာအားလုံး၌ ဘုရားသခင်၏အလိုတော်ကို ကျွန်မလုံးဝမရှာဖွေခဲ့ပေ။ လုပ်ငန်းထဲတွင် ပူးပေါင်းခြင်းအားဖြင့် ကျွန်မသင်ယူနိုင်သောလက်တွေ့သင်ခန်းစာများကို ဂရုမစိုက်မိခဲ့ပေ။ ကျွန်မသည် အသင်းတော်၏အစီအစဉ်ကြောင့်သာ သူနှင့်အတူ စိတ်မပါစွာလုပ်ဆောင်ခဲ့ရသည်။ အနည်းငယ်သော အမှုကိစ္စများကို သူကောင်းကောင်း မကိုင်တွယ်နိုင်သည်နှင့်တပြိုက်နက် သူ့ကို ဆူပြီး ဒေါသထွက်မိလေတော့သည်။ ကျွန်မသည် မိမိ၏အားသာချက်များကို သူမ၏အားနည်းချက်များနှင့် အမြဲနှိုင်းယှဉ်ပြီး သူမသည် မိမိကဲ့သို့ မစွမ်းဆောင်နိုင်ဟူ၍ စိတ်ထဲခံစားလျက်နေတတ်သည်။ ကျွန်မသည် သူ၏အားသာချက်များနှင့် ကောင်းကွက်များ ကိုမတွေ့မြင်တတ်ပေ။ အသင်းတော်၏အစီအစဉ်ကိုပင် ကျွန်မဆန့်ကျင်လာသည်။ ကျွန်မသည် အမှန်တကယ်ပင် အလွန်မောက်မာပြီး မိမိကိုယ်ကိုသတိမမူဘဲ သနားကြင်နာမှုနှင့်ဆင်ခြင်တုံတရားတို့သည် ကျွန်မ၌ အနည်းငယ်မျှပင် မရှိပေ။ ကျွန်မ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်ဆိုင်သည့်နှလုံးသား လုံးဝမရှိသလို ဘုရားသခင်၏ ကျေးဇူးတော် သည်လည်းကောင်း၊ ဘုရားသခင်၏ချီးမြှောက်ခြင်းသည်လည်းကောင်း ကျွန်မနှင့် မထိုက်တန်ပေ။

ထိုအရာများကို နားလည်ပြီးနောက် ဘုရားသခင်ထံသို့ ကျွန်မဤသို့ဆုတောင်းပါသည်။ “အို ဘုရားသခင် အခြားလူများနှင့် သင့်တင့်လိုက်ဖက်စွာ ပူးတွဲလုပ်ဆောင်ရန်အတွက် ကျွန်မ မစွမ်းဆောင်နိုင်ခြင်းကို သိမြင်စေတဲ့၊ ကိုယ်တော်အတွက် ကျွန်မ အမှုတော်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ မာနကြီးပြီး သနားစရာကောင်းတဲ့အချက်ကို သိမြင်စေတဲ့ ကိုယ်တော်ရဲ့ဖွင့်ပြခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ယနေ့မှစ၍ ကိုယ်တော့် ကို ကြောက်ရွံ့သော နှလုံးသားအားစောင့်ထိန်းရန် ကျွန်မလိုလားပါ၏။ မိမိကိုယ်ကို မမြှောက်ပင့်တော့ဘဲ အသင်းတော်၏ လိုလားချက်အပေါ် အာရုံစိုက်ပါမည်။ လုပ်ငန်း၌ ကျွန်မ၏အစ်မနှင့် ပူးပေါင်းရာတွင် သူ့ကိုဖေးမလျက် သူ့ထံမှ သင်ယူပါမည်။ မိမိကိုယ်တိုင်၏အသက်တာကို အာရုံစိုက်လျက် သမ္မာတရားနှင့် သနားကြင်နာခြင်း၌ မွေ့လျော်သော သူဖြစ်လာရန် ရှာဖွေကာ ကိုယ်တော်၏နှလုံးတော်ကို ကျေနပ်အားရစေခြင်းငှာ မိမိ၏တာဝန်ကို အကောင်းဆုံး လုပ်ဆောင်ပါမည်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မျက်နှာဖုံးအား ချွတ်ခြင်း

ထင််းဟွာ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ တာဝန် စထမ်းဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းကပေါ့၊ အစ်မရဲ့အတွေ့အကြုံနဲ့...

ဘုရားသခင်ကို ယုံကြည်စဉ်တွင် လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့လိုက်ခြင်းအား ဆင်ခြင်သုံးသပ်ခြင်း

ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...

နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

ကျိုးဟုန် တရုတ်နိုင်ငံကျွန်မ ၂၀၁၈ခုနှစ်မှာ အသင်းတော်ခေါင်းဆောင် ဖြစ်လာခဲ့သည့် အချိန်က၊ အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားကို အားထုတ်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။