ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှန်တစ်ချပ်သဖွယ် ကျင့်သုံးခြင်း

10.09.2019

ဝူကျာ၊ လင်းရီမြို့၊ ရှန်းဒုံစီရင်စု

နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သောက်သုံးပြီးနောက်တွင် မိမိကိုယ်ကို နားလည်ခြင်းက အလွန်အရေးပါကြောင်း ရှင်းရှင်းလင်းလင်း သိလာရပါသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သောက်သုံးစဉ်တွင် လူသားတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင် အသုံးပြုတော်မှုခဲ့သော နှုတ်ကပတ်တော်ဖြင့် ကိုယ့်ကိုယ်ကို ပြန်လည် သေချာစစ်ဆေးပါသည်။ ကိစ္စတော်တော်များများတွင် ကျွန်မ၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများကို ကျွန်မ သိရှိလာနိုင်ခဲ့ပါသည်။ ကျွန်မကိုကျွန်မ အမှန်တကယ် နားလည်လာလိမ့်မည်ဟု ခံစားမိခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်အရ ကျန်မကို ကျွန်မ စစ်မှန်စွာ နားမလည်နိုင်သေးကြောင်းကို သိရှိလာသည်မှာ ဘုရားသခင်၏ ထုတ်ဖော်မှုမှတစ်ဆင့်သာဖြစ်ပါသည်။

တစ်နေ့တွင် ငွေအချို့ထုတ်ရန်အတွက် ခရိုင်ခေါင်းဆောင်နှင့်အတူ နေရာတစ်ခုသို့ ကျွန်မ သွားခဲ့ပါသည်။ ငွေပမာအတည်ပြုပြီး ပြေစာရေးပြီးချိန်တွင် ဘာသာရေးယုံကြည်မှုနှင့် တ်သက်ပြီး စီစီပီအစိုးရ၏ ရက်စက်သည့် ဖိနှိပ်မှုမှာ ယခုတွင် ပိုပိုပြီး ပြင်းထန်လာသလို အသင်းတော်၏ ပိုင်ဆိုင်မှုများအား သိမ်းပိုက်ဖို့ရန် တတ်နိုင်သမျှကြိုးစားနေသည်ကို ကျွန်မ စဉ်းစားမိခဲ့သည်။ ထို့ကြောင့် စိတ်ချရစေဖို့အတွက်၊ ယခင်က ငွေပြေစာများအားလုံးကို ဖျောက်ဖျက်လိုက်ဖို့ ကျွန်မ အကြံပေးခဲ့သည်။ ထိုအချိန်တွင် ခရိုင်ခေါင်းဆောင်က “နင် နောက်ဆုံးရတဲ့ပြေစာကို ဖျောက်ဖျက်ပစ်လိုက်ရင် အထောက်အထားရှိမှာမဟုတ်တော့ဘူး။ ငွေတွေ နင့်ဘာသာနင် ယူထားရင် ဘယ်လိုလုပ်မလဲ” ဟု ပြောလာပါသည်။ ထိုစကားကြားပြီးနောက် ကျွန်မ ဘယ်လို ခံစားရသလဲဆိုသည်ပင် မသိတော့ပေ။ ကျွန်မသိက္ခာကို အကြီးအကျယ် စော်ကားလိုက်သည် ဟု ခံစားရသည်။ မြိုသိပ်ရန် အလွန်ခက်ပါသည်။ ရှင်က ကျွန်မကို ဘယ်လို လူစားများထင်နေလဲ၊ ကျွန်မက ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လာတာ၊ ကျွန်မက လူကောင်းပါ၊ ဒီလိုလုပ်ရပ်မျိုး ဘယ်လုပ်ပါ့မလဲ၊ ဒါ့အပြင် ဒီအလုပ်ကို နှစ်ပေါင်းများစွာ တာဝန်ယူလာတာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိဖူးဘူး၊ ဒီတော့ အသင်းတော်က ငွေကို ဘာကြောင့် ခိုးမလဲ၊ ကျွန်မက ဘယ်လို ပုံစံမျိုးနဲ့ ယုဒနဲ့ သွားတူနေတာလဲ စသဖြင့် စိတ်ထဲက တွေးနေမိသည်။ ထိုအကြောင်း ကျွန်မတွေးလေ ဒေါသထွက်လာလေဖြစ်သည်။ များများတွေးလေ သူမက ကျွန်မကို အထင်သေးပြီး ဆရာကြီးလုပ်နေသည်ဟု ခံစားရလေဖြစ်သည်။ ကျွန်မ အလွန်နာကျင်ပြီး မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ရသည်။

နာကျင်ခံစားနေရသော ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော် “ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဆိုသည့် စကားကို ရုတ်တရက် သတိရမိသည်။ ဒီအစ်မက ဒီလိုစကားမျိုး ပြောမယ့်အခြေအနေကို ဘုရားသခင်က ဘာကြောင့် ဖန်ဆင်းခဲ့ရပါလိမ့်၊ ဘုရားသခင်က ငါ့ကို ဘာသွန်သင်နေတာလဲ ဟု တွေးမိသည်။ ဤအရာကို တွေးရင်း ကျွန်မ စိတ်နှလုံး အေးချမ်းစပြုလာသည်။ ထိုအစ်မပြောသည့် စကားအပေါ် ကျွန်မ၏ နာကျင်ရသော တုန့်ပြန်မှုကို ကျွန်မစိတ်က စတင်မေးခွန်းထုတ်လာသည်။ “ငွေတွေကို နင့်ဘာသာနင် ယူထားရင် ဘယ်လိုလုပ်မလဲ”လို့ သူပြောတာ မှားနေလို့လား၊ လူဆိုတာ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ဖြောင့်မတ်မှုကို သစ္စာဖောက်ပြီး ဘုရားသခင်နဲ့ ကင်းကွာသွားတတ်တယ်လို့ ဘုရားသခင်က ပြောထားတယ်၊ ဘယ်သူမှ ယုံကြည်ရတာမဟုတ်ဘူး၊ ငါက ခြွင်းချက်မို့လား၊ ဒါ့အပြင် ငါ့စိတ်သဘောထားကရော ဘယ်လောက် ပြောင်းလဲသွားပြီလဲ၊ ငါ သမ္မာတရားဘယ်လောက် ရပြီးပြီလဲ၊ ငါ သမ္မာတရား ကို မရသေးဘူး၊ စိတ်သဘောထားမပြောင်းသေးဘူးဆိုရင် ငါ့အပေါ် အခြားလူတွေ အဲဒီလိုမျိုး ဘာကြောင့်မြင်ခွင့် မပြုနိုင်ရမှာလဲ၊ ငါ့ကိုယ်ငါ မြင့်မြတ် ဖြူစင်ပါတယ်လို့ ဘယ်လို အခြေခံမျိုးနဲ့ မြင်ရမှာလဲ၊ လှူဒါန်းထားတာတွေကို ငါဘယ်တော့မှ မခိုးဘူးလို့ ဘာကြောင့် ယုံကြည်နေရတာလဲ၊ တစ်ခါက ဘုရားသခင်က ဒီလို မိန့်ဖူးတယ်- “သင်၏အသက်တာ မည်မျှ ရင့်ကျက်ပါစေ၊ သင်၏အတွေ့အကြုံများ မည်မျှ နက်ရှိုင်းပါစေ၊ သင်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု မည်မျှ ကြီးမားပါစေ၊ မည်သည့်နေရာတွင် သင်မွေးဖွားပြီး မည်သည့်နေရာသို့ သင်သွားနေသည်ဖြစ်စေ၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်း နှင့်ဆိုင်သော သင်၏ သဘာဝဗီဇသည် အချိန်မရွေး၊ နေရာမရွေး မိမိကိုယ်ကိုယ် ထုတ်ဖော်ပြဖွယ် ရှိသည်ဟု လူအားလုံးကို ဘုရားသခင် သတိပေးလေသည်။ လူတစ်ဦးစီတိုင်းကို ဘုရားသခင် ပြောလိုသည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်ကို သစ္စာဖောက်ရန်မှာ လူတစ်ဦးစီတိုင်း၏ မွေးရာပါ သဘာဝဗီဇ ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။(နိဒါန်းအခန်းမှသည် အသင်းတော်များတွင် ခရစ်တော်လျှောက်သွားစဉ် သူ၏နှုတ်ကပတ်တော်များအခန်းအထိ)လူသား၏သဘာဝသည် စာတန်၏ သဘာဝနှင့် ပြည့်နှက်လျက်ရှိသည်၊ ၎င်းတို့သည် လုံးလုံးလျားလျား အတ္တဆန်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ကြသည်၊ လောဘကြီးပြီး အသုံးအဖြုန်းကြီးကြသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဒီစကားတော်ဟာ တခြားလူတွေနဲ့ သာသက်ဆိုင်ပြီး ငါနဲ့ မသက်ဆိုင်ဘူးလား၊ လူတိုင်းဟာ လူ့သဘာ၀အရ လောဘကြီးကြပြီး ငါ့ကျမှ ခြွင်းချက်လား၊ အစ်မပြောတဲ့စကားက အချက်အလက်တွေနဲ့ လွဲနေလို့လား ဟု မေးခွန်းထုတ်မိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သောက်သုံးသောအခါ ဘုရားသခင်၏ ထုတ်ဖော်ပြသမှု အလင်းရောင်တွင် ကျွန်မကိုကျွန်မ သတိရှိရှိ စစ်ဆေးနိုင်ဟန်ရှိသည်။ သို့သော် ဤအစ်မက လူသား၏ သဘာ၀အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ပြသမ ကို အခြေခံပြီး အမှန်တရားကို ခံစားချက်မပါဘဲ ပြောလာသောအခါ ကျွန်မ အလွန်ဒေါသထွက်ခဲ့မိသည်။ ဤ အခြေအနေက ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ကိုယ့်ကိုယ်ကို မသိသေးသည်ကို ဖော်ထုတ်ပေးလိုက်သည် မဟုတ်ပါလား။ ကျွန်မအတွင်းက စာတန်၏ သဘောသဘာဝကို ကောင်းစွန်နားလည်မှုမရှိကြောင်း ဖော်ပြလိုက်သည်မဟုတ်ပါလား။ ယခုမတိုင်ခင်အထိ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သောက်သုံးပြီး ကျွန်မကိုယ်ကျွန်မ သိသည်ဆိုသည်မှာ သီအိုရီအရ သိခြင်း၊ အပေါ်ယံ နားလည်ခြင်းထက် မပိုကြောင်း သဘောမပေါက်ခဲ့ချေ။ ဘုရားသခင့်နှုတ်ကပတ်တော်၏ ဖော်ထုတ်မှုမှတစ်ဆင့် ကျွန်မ၏ သဘာ၀အမှန်ကို သိရှိရန် အထူး အလေးမပေးမိခဲ့ပေ။ ထို့ကြောင့် ဤအခြေအနေပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ကျွန်မ စကားပြော ဆက်ဆံသည့်အခါ ကျွန်မကိုယ်ကျွန်မ နားလည်သကဲ့သို့ ပြောတတ်သည်၊ လူသားတို့ကို ထုတ်ဖော်ရန် ဘုရားသခင် သုံးစွဲခဲ့သည့် နှုတ်ကပတ်တော်ကို လက်ခံ ခေါင်းညိတ်သည်၊ သို့သော် အမှန်တရားများနှင့် ရင်ဆိုင်ရသောအခါ၊ ဘုရားသခင် ထုတ်ဖော်လိုက်သည့် လူမျိုးဖြစ်ခြင်းကို ဝန်မခံမီ ကျွန်မ သေသွားလိမ့်မည်။ အတိတ်ကို ပြန်တွေးမိသည်။ ကျွန်မကိုယ် ကျွန်မ လူသားအသိနည်းကြောင်း အကြိမ်ကြိမ် ဝန်ခံပြောဆိုသော်လည်း တစ်ယောက်ယောက်က ကျွန်မသည် လူသားအသိနည်းကြောင်း ပြောလာလျှင် ချက်ချင်းငြင်းဆိုကာ ကျွန်မကိုကျွန်မ သေသည်အထိ ကာကွယ်မည်ဖြစ်သည်။ ကျွန်မ၏ တာဝန်များကို စိတ်မပါလက်မပါ ဆောင်ရွက်သည်ဟု ကျွန်မ နှုတ်ဖျားက အကြိမ်ကြိမ်ပြောသော်လည်း အခြားလူများက ပြောလာလျှင်တော့ အပြစ်လွတ်စေရန်အတွက် ကျွန်မကိုယ်ကျွန်မ ကာကွယ်ရန်၊ ရှင်းချက်ထုတ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံ စဉ်းစားမည်ဖြစ်သည်။ အခြားလူများရှေ့တွင် ကျွန်မသည် ဘာမျှမဟုတ်သူတစ်ဦးဖြစ်ကြောင်း အကြိမ်ကြိမ်ပြောသော်လည်း တစ်ယောက်ယောက်က ကျွန်မသည် မှန်ရာကို မလုပ်ကြောင်း ပြောလာသည့်အခါ မကြေမလည်ဖြစ်မိကာ စိတ်မရွှင်နိုင်ပဲ အဆိုး မြင်နေခဲ့သည်။ ကျွန်မသည့် အလုပ်လုပ်ရန်အတွက် အရည်အချင်း ညံ့ဖျင်းပြီး၊ စွမ်းရည်နည်းကြောင်း အကြိမ်ကြိမ် ပြောဆိုတတ်သော်လည်း ကျွန်မက အရည်အချင်းမရှိ၊ ခေါင်းဆောင်မဖြစ်နိုင်ဟု အခြားသူများကပြောလာသည်ကို ကြားသောအခါ လက်မြှောက်အရှုံးပေးကာ အလုပ်မလုပ်ဘဲနေတတ်သည်။ ကျွန်မမှာ အမှန်ပင် သူတော်ကောင်းယောင်ဆောင်သောသူ ဖြစ်ပေသည်။ ကျွန်မကိုယ်ကျွန်မ ဖောက်ပြန်ပျက်စီးနေသည်ဟုပြောလျှင် ဘာမှမဖြစ်သော်လည်း အခြားလူများက ပြောလာလျှင် လက်မခံနိုင်ဘဲ ငြင်းဆန်မိသည်။ ကျွန်မကိုယ်ကျွန်မ နားလည်သည်ဟု ဆိုခြင်းမှာ ပါးစပ်ကသာ နားလည်ခြင်းဖြစ်ကြောင်း ဤအရာက လုံလုံလောက်လောက် ပြသနေသည်။ အခြားလူများကို လိမ်လည်လှည့်ဖြားပြီး ဘဝင်မြင့်နေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းမှတစ်ဆင့် မိမိ၏ သဘာ၀အမှန်ကို ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်စွမ်းမရှိခဲ့သောကြောင့် ကျွန်မကိုယ်ကျွန်မ အမှန်တကယ် သိနားလည်ခြင်းထဲ မဝင်ရောက်နိုင်သေးပဲ ကျွန်မ၏ စိတ်သဘောထားလည်း မပြောင်းလဲခဲ့ပေ။

ထိုစဉ်က ကျွန်မ၏ အတ္တဆန်သည့် သဘောထားကို သုံးသပ်မိပြီး ရှက်စရာကောင်းကြောင်း သိသွားသည်။ ဘုရားသခင်၏ ထုတ်ဖော်ပြမှုများက ကျွန်မကို အမှန်တကယ် ယုံကြည်လက်ခံစေပြီး မိမိကိုယ်ကိုယ် အမှန်တကယ်နားမလည်သေးကြောင်း ရှင်းလင်းစွာ သိရှိလာစေသည်။ ယခုအချိန်မှစကာ လူသား၏ သဘာ၀ကို ဖော်ထုတ်ရန် ဘုရားသခင်သုံးသော နှုတ်ကပတ်တော်မှ တစ်ဆင့် ကျွန်မ၏ ဖောက်ပြန်ပျက်ဆီးသော အနှစ်သာရကို သိရှိလိုနေပါသည်။ ကျွန်မ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ရန်အတွက် အမှန်တရားများကို သတ္တိရှိစွာ ရင်ဆိုင်ကာ ကျွန်မကိုယ်ကျွန်မ စစ်မှန်စွာ နားလည်လိုပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူ ဖြစ်ရခြင်း၏ အမှန်တရားကို ကျွန်တော်သိမြင်ခဲ့ပါပြီ။

ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...

သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား

လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။