သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော ကျွန်ုပ်၏ စိတ်ထင့်မှုများ
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက အသင်းတော်အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုအတွက် တာဝန်ယူခဲ့ရပြီး ကျောက်တင်းက အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ရှေးရိုးစွဲ တရုတ်မိသားစုမှာ မွေးဖွားခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ကျွန်မကို ပညာကောင်ကောင်းတတ်၊ အသိတရားရှိပြီး ယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်ဖို့၊ လူကြီးသူမတွေကိုတွေ့ရင် ရိုရိုသေသေနှုတ်ဆက်ဖို့၊ မရိုင်းစိုင်းဖို့ သင်ပေးခဲ့တယ်။ မဟုတ်ရင် သူများတွေက ကျွန်မကို မိမဆုံးမ ဖမဆုံးမကလေးလေးလို့ ပြောကြမှာလေ။ ကျောင်းစတက်တဲ့နောက်ပိုင်းမှာလည်း ဆရာ၊ ဆရာမတွေက ကျွန်မတို့ကို ခဏခဏ ပြောပြတယ်၊ တရုတ်ပြည်ဟာ ရှေးအစဉ်အဆက်ကတည်းက ရိုးရာဓလေ့နဲ့ ကျင့်ဝတ်တွေကို အလေးထားတဲ့နိုင်ငံဖြစ်တယ်၊ သူများတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လူတွေဟာယဉ်ကျေးမှုရှိရမယ်လို့ပေါ့။ ကျွန်မရဲ့ ကျောင်းစာအုပ်တွေထဲမှာလည်း ခေါင်ရောင်းက သစ်တော်သီးအကြီးတွေကို စွန့်လွှတ်တဲ့ပုံပြင်လိုမျိုး ကိုယ်ကျင့်တရားဆိုင်ရာ ပုံပြင်တွေကို မကြာခဏ တွေ့ရတတ်တယ်။ ဒီပုံပြင်တွေက ကျွန်မစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို စွဲထင်သွားခဲ့တယ်။ ကျွန်မထင်ခဲ့တာက လူတစ်ယောက်ဟာ ကောင်းမွန်တဲ့ အမူအကျင့်ရှိသင့်တယ်၊ လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်သင့်တယ်ပေါ့။ အဲဒီလိုမှသာ လိမ္မာယဉ်ကျေးတဲ့ လူကောင်းတစ်ယောက် ဖြစ်နိုင်မယ်လို့ပေါ့။ တစ်လျှောက်လုံး ကျွန်မက ဒီထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအတိုင်းပဲ နေထိုင်ခဲ့တာ၊ လူကြီးသူမတွေကို ရိုသေလေးစားမှု၊ ယဉ်ကျေးမှုပြပြီး သူတို့ကို ဘယ်တော့မှ မစော်ကားခဲ့ဘူး။ သူတို့ တစ်ခုခု မှားလုပ်တာကို မြင်တဲ့အချိန် ရှိခဲ့ရင်တောင် သူတို့ရှေ့မှာ ကျွန်မ ဘယ်တော့မှ ထောက်မပြရဲခဲ့ဘူး။ ဘုရားသခင်ကို စပြီးယုံကြည်၊ တာဝန်တွေ စထမ်းဆောင်တဲ့နောက်ပိုင်းမှာလည်း အသင်းတော်ထဲမှာ ပညာကောင်းကောင်းတတ်ပြီး အသိတရားရှိရမယ်၊ လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူကို ဂရုစိုက်ရမယ်ဆိုတဲ့ ထုံးတမ်းစဉ်လာ အတွေးအခေါ်တွေနဲ့ပဲ ကျွန်မ အသက်ရှင်နေထိုင်တုန်းပဲ။ အထူးသဖြင့် အသက်ပိုကြီးတဲ့ ညီအစ်ကိုမောင်နှမတွေကို သဘောထားပုံနဲ့ ပတ်သက်လာရင် ကျွန်မ သူတို့ကို ဘယ်တော့မှနာမည်တပ်ပြီး မခေါ်ဘဲ၊ သူများတွေက ကျွန်မကို စဉ်းစဉ်းစားစား လုပ်ကိုင်တတ်ပြီး ယဉ်ကျေးတယ်လို့ ထင်အောင်လို့ “ဦးဘယ်သူ၊ ဒေါ်ဘယ်သူ” ဆိုပြီး ရိုရိုသေသေ အမြဲ ခေါ်ဝေါ်ခဲ့တယ်။ ကျွန်မက အသက်ကြီးတဲ့ ညီအစ်ကိုမောင်နှမတချို့နဲ့ တွဲဖက်အလုပ်လုပ်ရတဲ့အခါ သူတို့တာဝန်တွေမှာ ပြဿနာတချို့ရှိတာကို မြင်ပေမဲ့ သူတို့ကို ကျွန်မ ထုတ်မပြောရဲခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီညီအစ်ကိုမောင်နှမတွေက အားလုံး ငါ့မိဘအရွယ်တွေပဲ၊ တချို့တွေဆို ငါ့အဘိုးအဘွားအရွယ်တောင် ဖြစ်နေပြီ။ သူတို့ပြဿနာတွေကို ငါ တိုက်ရိုက်ထောက်ပြလိုက်ရင် ငါ့က ရိုသေလေးစားမှုမရှိဘူး၊ မိမဆုံးမ ဖမဆုံးမပဲလို့ ပြောကြမှာမဟုတ်လား” လို့ပေါ့။ ဒါကြောင့် သူတို့ပြဿနာတွေကို ကျွန်မ တော်ရုံတန်ရုံ မထောက်ပြခဲ့ဘူး။ တစ်ခုခုပြောရင်တောင် သူတို့မာနကို မထိခိုက်အောင် အရင်ဆုံး သင့်တော်တဲ့စကားလုံးတွေရှာပြီး နူးညံ့တဲ့လေသံနဲ့ ပြောခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပြီး ရည်မွန်တဲ့ပုံစံနဲ့ နေထိုင်ပြုမူခဲ့လို့ လူတိုင်းက ကျွန်မကို ရင့်ကျက်တည်ငြိမ်ပြီး လူ့သဘာဝကောင်းရှိတယ်လို့ ထင်ကြတယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မ သမ္မာတရားကို လက်တွေ့ကျင့်သုံးနေတယ်လို့လည်း ကျွန်မ ထင်ခဲ့တယ်။
နောက်ပိုင်းမှာ အသင်းတော်မှာ စာပေအလုပ်နဲ့ဆိုင်တဲ့ တာဝန်ကို ကျွန်မ ယူဖြစ်ခဲ့တယ်။ တစ်ခါက ခေါင်းဆောင်က စာပေအလုပ်မှာ လူလိုနေတယ် လို့ပြောတယ်။ သူက ပြောတယ်၊ ညီအစ်ကို ဝမ်ထောင်က အရင်က စာပေအလုပ်တာဝန် လုပ်ခဲ့ဖူးတော့ စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်ထားတယ်တဲ့။ ဒီတော့ သူ့ကို ဒီအလုပ်မှာ ပါဝင်ဖို့အတွက် စီစဉ်ပေးချင်လို့ သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ကျွန်မကို တောင်းဆိုလာတယ်။ ကျွန်မ ညီအစ်ကို ဝမ်ထောင်ဆီကို သွားမိတ်သဟာယဖွဲ့ပေးပြီးတဲ့နောက်မှာ သူက ဒီတာဝန်ကို လုပ်ဖို့ဆန္ဒရှိနေခဲ့တယ်၊ တစ်ခုပြောတာက သူ့ကျန်းမာရေး သိပ်မကောင်းလို့ အလုပ်အများကြီးလုပ်လို့တော့ မရဘူးတဲ့။ သူ့ကျန်းမာရေးအခြေအနေနဲ့ အဆင်ပြေမဲ့ အလုပ်ပမာဏကို ကျွန်မတို့ စီစဉ်ပေးလို့ရတဲ့အကြောင်း၊ အဲဒီလိုဆိုရင် သူ့ကျန်းမာရေးရော၊ အင်အားပါ မထိခိုက်တော့မဲ့အကြောင်း ကျွန်မ သူ့ကို ပြောလိုက်တယ်။ သူလည်း သဘောတူခဲ့တယ်။ ဒါပေမဲ့ နှစ်ရက်လောက်ပဲ ကြာသေးတယ်၊ ခေါင်းဆောင်က ညီအစ်ကိုဝမ်ထောင်က သူ့ကို စာတစ်စောင်ရေးပို့တယ်၊ သူ့ကျန်းမာရေးမကောင်းလို့ စာပေအလုပ်တာဝန်အစား ဧဝံဂေလိပဲ ဖြန့်ဝေချင်တယ်လို့ ပြောလာတယ်။ ခေါင်းဆောင်က ကျွန်မကို ညီအစ်ကိုဝမ်ထောင်ဆီ နောက်တစ်ခေါက် မိတ်သဟာယသွားဖွဲ့ခိုင်းခဲ့တယ်။ ကျွန်မ စိတ်ထဲမှာတော့ “သူ ဧဝံဂေလိဖြန့်ဝေရင် ပုံမှန် ဟိုဒီပြေးလွှား အလုပ်များမှာပဲ၊ ဒါလည်း ဒုက္ခခံရမှာပဲ မဟုတ်လား။ သူက ဘာလို့ ဧဝံဂေလိဖြန့်ဝေချင်ပြီး စာပေအလုပ်တာဝန်ကိုကျတော့ မလုပ်ချင်ရတာလဲ။ သူမှာ အခက်အခဲတစ်ခုခုများ ရှိနေလို့လား။ ဒါမှမဟုတ် စာပေအလုပ်တာဝန်က သူ့ကို မထင်ပေါ်စေမှာ မဟုတ်ဘူးလို့များ ထင်နေလို့လား” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ ဒါကြောင့် ကျွန်မ သူနဲ့ မိတ်သဟာယဖွဲ့ချင်ခဲ့တယ်၊ ဒါပေမဲ့လည်း၊ ဒီအကြောင်းကို တိုက်ရိုက် သွားပြောလိုက်ရင် သူ ကျွန်မကို ဘယ်လိုများ ထင်သွားမလဲဆိုတာကိုလည်း စိုးရိမ်မိတယ်။ သူက ကျွန်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ မာနကြီးတယ်၊ “နင်က ဘုရားကို ယုံကြည်တာ ဘာမှမကြာသေးဘူး၊ ငါ့ပြဿနာတွေကိုတောင် လာ ထောက်ပြနေပြီပေါ့။ တော်တော် ရိုင်းပြီး လေးစားမှုမရှိတာပဲ” လို့ ပြောလာနိုင်တယ်လေ။ ကျွန်မနဲ့စာရင် ညီအစ်ကို ဝမ်ထောင်ကို သူ့အသက်အရွယ်အရ လူကြီးသူမတစ်ယောက်အနေနဲ့ သတ်မှတ်လို့ရတယ်။ ပြီးတော့ သူ့ကိုတွေ့တဲ့အခါ ကျွန်မက “ဦးဝမ်” လို့ပဲ ခေါ်နေကျလေ။ ဒီတစ်ခါသာ သူ့ပြဿနာတွေကို တိုက်ရိုက် ထောက်ပြလိုက်ရင် ကျွန်မက မိမဆုံးမ ဖမဆုံးမဖြစ်ပြီးတော့ မရိုမသေလုပ်တယ်လို့ အဓိပ္ပာယ်သက်ရောက်သွားမှာ မဟုတ်လား။ ဒီလိုတွေးမိတော့ ကျွန်မ ပါးစပ်ပိတ်ထားတာပဲ ကောင်းပါတယ်လေလို့ တွေးလိုက်တယ်။ နောက်တစ်နေ့ ညီအစ်ကို ဝမ်ထောင်နဲ့ ကျွန်မတွေ့တဲ့အခါ၊ သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ သူ့တာဝန်နဲ့ပတ်သက်လို့ စိုးရိမ်စရာတစ်ခုခုများ ရှိသလား ဆိုတာလောက်ပဲ မေးလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုအခြေခံပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ နောက်ဆုံးမှာတော့ သူက စာပေအလုပ်တာဝန်ကို ဆက်လုပ်ဖို့ သဘောတူခဲ့တယ်။
သိပ်မကြာခင်မှာပဲ၊ စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုဝမ်ထောင်က သူ့အခြေအနေအကြောင်း ပြောပြတော့ ညီအစ်မတစ်ယောက်က သူ့ပြဿနာတွေကို ဒီလို ထောက်ပြခဲ့တယ်၊ “အစ်ကို စာပေအလုပ်တာဝန်ကို မလုပ်ချင်လောက်အောင် အခက်အခဲတစ်ခုခုများ ရှိနေလို့လား။ ဒါမှမဟုတ် အဲဒီနောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခုများ ရှိနေလို့လား။ ဒီတာဝန်က လူမမြင်ကွယ်ရာမှာ လုပ်ရတဲ့အလုပ်မို့လို့လား၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်များလား” တဲ့။ ဒီညီအစ်မရဲ့ သတိပေးမှုကြောင့် ညီအစ်ကိုဝမ်ထောင်က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လာခဲ့ပြီး သူက တာဝန်တွေကို ရွေးချယ်တာဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် သူ့ရဲ့ လိုအင်ဆန္ဒက လွှမ်းမိုးနေလို့ပဲဆိုတာကို သူ သဘောပေါက်ခဲ့တယ်။ သူထင်တာက ဧဝံဂေလိဖြန့်ဝေတာက သူ့ကို ထင်ပေါ်စေပြီး ဘယ်နေရာပဲသွားသွား ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်ကြီးလေးစားကြမှာဖြစ်ပေမဲ့ စာပေအလုပ်တာဝန်ကကျတော့ သူ့ကို မထင်ပေါ်စေဘဲ သူ ဘယ်လောက်အလုပ်လုပ်တယ်ဆိုတာကို ဘယ်သူကမှ သိမှာမဟုတ်ဘူးလို့ပေါ့။ ဒါကြောင့် သူက ဧဝံဂေလိဖြန့်ဝေချင်ခဲ့တာ၊ သူ့ကို ထင်ပေါ်စေမဲ့ တာဝန်ကိုပေါ့။ ဒီနောက်မှာ ညီအစ်ကိုဝမ်ထောင်က ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လို့ သိအောင်ကြိုးစားခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူလိုက်စားရာမှာ သူက ပေါလုရဲ့လမ်းကြောင်းကို လျှောက်နေခဲ့မှန်း သူ သဘောပေါက်ခဲ့တယ်။ သူက သူ့တာဝန်တွေကို ရှုမြင်ခဲ့တဲ့ မှားယွင်းတဲ့အမြင်ကို လုံးဝပြောင်းပစ်လိုက်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ ဒီအကြောင်းကြားတော့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး တွေးမိတယ်၊ “ညီအစ်ကိုဝမ်ထောင် စာပေအလုပ်တာဝန် မလုပ်ချင်တဲ့နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုရှိတယ်ဆိုတာ ငါလည်း သိနေတာပဲ၊ ဒါဆို ဘာလို့ ငါက တုံ့ပြန်မှု ဒီလောက်နှေးပြီး သူ့ပြဿနာတွေကို မထောက်ပြချင်ခဲ့ရတာလဲ။ ငါ့ကို ဒီနေရာမှာ အတိအကျ ဘာက ထိန်းချုပ်နေတာလဲ” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ် “အသင်းတော်တွင် လူတစ်ယောက်သည် အသက်ကြီးလျှင်၊ သို့မဟုတ် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လျှင် သင်သည် အစဉ်သဖြင့် ထိုလူကို အရိုအသေပေးလိုသည်။ ၎င်းကို စကားပြီးအောင်ပြောခွင့်ပေးသည်။ ထိုသူက အဓိပ္ပာယ်မရှိသည့်အရာကို ပြောနေလျှင်ပင် ကြားဖြတ်မပြောပေ။ ပြီးလျှင် ထိုသူက မှားယွင်းသော တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး ပြုပြင်ခြင်းခံရဖို့ လိုအပ်သောအခါတွင်ပင် သင်က ထိုသူကို သိက္ခာဆည်ရန် ကြိုးစားပြီး သူတစ်ပါးတို့ရှေ့တွင် ထိုသူအား ဝေဖန်ခြင်းကို ရှောင်ကြဉ်ဆဲဖြစ်ကာ ထိုသူ၏ လုပ်ရပ်များက မည်မျှ ကျိုးကြောင်းမသင့်ပါစေ၊ သို့မဟုတ် ဆိုးရွားပါစေ လူတိုင်းက ထိုသူကို ခွင့်လွှတ်ပြီး သည်းခံရန် လိုအပ်ဆဲဖြစ်သည်ဟု ထင်သည်။ သင်သည် သူတစ်ပါးတို့အား ‘ကျွန်ုပ်တို့သည် လူကြီးသူမကို အရိုအသေအနည်းငယ်ပေးသင့်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို မထိခိုက်သင့်ပါ။ ကျွန်ုပ်တို့သည် လူငယ်များဖြစ်သည်’ ဟုလည်း မကြာခဏ သင်ကြားပေးသည်။ ဤ ‘လူငယ်များ’ ဟူသည့် ဝေါဟာရသည် မည်သည့်နေရာမှ လာသနည်း။ (ရိုးရာယဉ်ကျေးမှုဖြစ်သည်။) ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့အပြင် အသင်းတော်တွင် သွင်ပြင်အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီးဖြစ်သည်။ ထိုနေရာတွင် လူတို့က ပိုမိုအသက်ကြီးသော ညီအစ်ကိုမောင်နှမများကို တွေ့သောအခါတွင် ၎င်းတို့အား ‘ကိုကြီး’၊ ‘မကြီး’၊ ‘အဒေါ်’၊ သို့မဟုတ် ‘အစ်ကိုကြီး’ ဟူ၍ နွေးထွေးစွာ ရည်ညွှန်းပြောဆိုသည်။ လူတိုင်းက မိသားစုကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အလားပင် ဖြစ်သည်။ ဤအသက်ပိုကြီးသောလူတို့သည် ပို၍ လေးစားခြင်းခံရသည်။ ဤအရာက အခြားလူများ၏ စိတ်တွင် ထိုငယ်ရွယ်သောသူတို့အပေါ် အကောင်းမြင်စေသည်။ ရိုးရာယဉ်ကျေးမှု၏ ဤအရိပ်အယောင်များသည် တရုတ်လူမျိုးတို့၏ အတွေးနှင့် ရိုးတွင်းချဉ်ဆီထဲတွင် နက်နဲစွာ အမြစ်တွယ်နေခဲ့သည်မှာ အသင်းတော်အသက်တာတွင် ထိုသွင်ပြင်အခြေအနေကို ဆက်တိုက်ဖြန့်ပြီး ပုံဖော်သည်အထိ ဖြစ်သည်။ လူတို့သည် ဤအယူအဆများ၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို မကြာခဏခံရသောကြောင့် ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုထောက်ခံရုံမက၊ ဤဦးတည်ချက်တွင် လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန် ကြိုးစားရန်မကဘဲ အခြားလူများအားလည်း ဤသို့ပြုလုပ်ခြင်းကို အသိအမှတ်ပြုကာ လိုက်လံလုပ်ဆောင်ရန် ၎င်းတို့ကို ညွှန်ကြားသည်။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရားမဟုတ်။ ဤသည်မှာ သေချာသည်။ သို့သော် သမ္မာတရားမဟုတ်သည်ကို လူတို့သိရုံမျှဖြင့် လုံလောက်သလော။ ယင်းက သမ္မာတရားမဖြစ်သည်မှာ တစ်ကဏ္ဍဖြစ်သည်။ ယင်းကို ငါတို့ အဘယ်ကြောင့် စိစစ်သင့်သနည်း။ ယင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ ပြဿနာ၏ အနှစ်သာရက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤအရာများကို မည်သို့ လက်လွှတ်နိုင်သနည်း။ ရိုးရာယဉ်ကျေးမှုကို စိစစ်ခြင်းသည် သင့်စိတ်နှလုံးအတွင်းထဲတွင် ဤကဏ္ဍ၏ သဘောတရားများ၊ အတွေးအခေါ်များ၊ အမြင်များကို အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းတစ်ခု ပံ့ပိုးပေးရန် ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤ အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းကို မည်သို့ ရရှိနိုင်သနည်း။ ဦးစွာ ရိုးရာယဉ်ကျေးမှုသည် စာတန်ထံမှ ပေါ်ပေါက်လာသည်ကို သင်သိရမည်။ စာတန်က ဤရိုးရာယဉ်ကျေးမှု အရိပ်လက္ခဏာများကို လူသားများအတွင်းသို့ မည်သို့ သွတ်သွင်းသနည်း။ ခေတ်ကာလတိုင်းတွင် စာတန်သည် ဤ ဆိုရိုးစကားများနှင့် သဘောတရားများဆိုသော ဤအတွေးအခေါ်များကို ဖြန့်ရန် နာမည်ကြီးသော ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သူများကို အသုံးပြုသည်။ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် ဤအယူအဆများသည် စနစ်တကျဖြစ်လာပြီး ခိုင်မာလာကာ လူတို့၏ ဘဝများနှင့် အစဉ် ပို၍နီးကပ်လာသည်။ နောက်ဆုံးတွင် ယင်းတို့သည် လူတို့ကြားတွင် ပျံ့နှံ့လာသည်။ အနည်းငယ်ချင်းစီဖြင့် ဤစာတန်ဆန်သော အတွေးအခေါ်များ၊ ဆိုရိုးစကားများ၊ သဘောတရားများသည် လူတို့၏ စိတ်အတွင်းသို့ သွတ်သွင်းခြင်းခံရသည်။ လူတို့သည် အယူဝါဒသွတ်သွင်းခြင်း ခံရပြီးနောက်တွင် စာတန်ထံမှလာသော ဤအတွေးအခေါ်များနှင့် သဘောတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် အပြုသဘောအဆောင်ဆုံးသောအရာများအဖြစ် မှတ်ယူကြသည်။ ထို့နောက်တွင် စာတန်က လူတို့၏ စိတ်များကို အကျဉ်းချပြီး ထိန်းချုပ်ရန်အတွက် ဤအရာများကို အသုံးပြုသည်။ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ရှိအချိန်ထိ တစ်လျှောက်လုံး ဤသို့သော အခြေအနေများအောက်တွင် ပညာသင်ကြားပေးခြင်း၊ ပုံစံသွင်းခြင်း၊ ထိန်းချုပ်ခြင်းခံရပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် မှန်ပြီး ကောင်းသည်ဟု ဤမျိုးဆက်များအားလုံးက ယုံကြည်ကြသည်။ ဤကောင်းပြီး မှန်သောအရာများဟူသည့် အရာများ၏ မူလဇာစ်မြစ် သို့မဟုတ် အရင်းအမြစ်ကို မည်သူကမျှ မစိစစ်ပေ။ ဤသည်မှာ ပြဿနာကို ဆိုးရွားစေသော အရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို နှစ်များစွာ ဖတ်ပြီးသူ ယုံကြည်သူအချို့သည်ပင် ဤအရာများသည် မှန်ကန်ပြီး အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ထင်ဆဲဖြစ်သည်မှာ ဤအရာများသည် သမ္မာတရားကို အစားထိုးနိုင်သည်၊ ဘုရားနှုတ်ကပတ်တော်ကို အစားထိုးနိုင်သည်ဟု ယုံကြည်သည်အထိ ဖြစ်သည်။ ထို့အပြင် လူအချို့က ‘ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မည်မျှဖတ်သည်ဖြစ်စေ လူတို့ကြားတွင် နေထိုင်လျက်ဖြင့် နာခံခြင်းသုံးချက်နှင့် ကောင်းခြင်းလေးဖြာ အပြင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း ဟူသည့် အယူအဆများကဲ့သို့သော ရိုးရာအယူအဆများနှင့် ယဉ်ကျေးမှု၏ ရိုးရာအရိပ်လက္ခဏာများဆိုသည့်အရာများကို စွန့်ပစ်၍ မရနိုင်ပါ။ ဤသည်မှာ ယင်းတို့သည် ပညာရှိများဖြစ်သော ကျွန်ုပ်တို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရုံသက်သက်ဖြင့် ကျွန်ုပ်တို့ ဘိုးဘေးများ၏ သွန်သင်မှုများကို မဆန့်ကျင်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်တို့ ဘိုးဘေးများနှင့် ထိုရှေးပညာရှိများ၏ သွန်သင်မှုများကို ကျွန်ုပ်တို့ မပြောင်းလဲနိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပါ’ ဟု တွေးကြသည်။ ဤသို့သော အတွေးများနှင့် နားလည်သဘောပေါက်မှုသည် လူတို့၏ စိတ်နှလုံးတွင် တည်ရှိသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူတို့အားလုံးသည် ဤရိုးရာယဉ်ကျေးမှု အရိပ်လက္ခဏာများ၏ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရဆဲ ဖြစ်သည်။ ဥပမာ သင်က အသက်နှစ်ဆယ်ကျော်အရွယ်တွင် ရှိသည်ကို ကလေးတစ်ယောက်က မြင်ပြီး သင့်အား ‘ဦးလေး’ ဟု ခေါ်သောအခါ သင်က ဝမ်းမြောက်ပြီး ကျေနပ်အားရသည်။ သူက သင့်နာမည်ကို တိုက်ရိုက်ခေါ်လျှင် သင်က စိတ်မသက်မသာဖြစ်ပြီး ကလေးက မယဉ်ကျေးသကဲ့သို့ ဆူပူကြိမ်းမောင်းသင့်သည်ဟု ထင်သည်။ ပြီးလျှင် သင်၏ သဘောထားက ပြောင်းလဲသည်။ အမှန်တကယ်တွင် သူက သင့်ကို ဦးလေးဟု ခေါ်သည်ဖြစ်စေ၊ သင့်အမည်ကို ခေါ်သည်ဖြစ်စေ ယင်းမှာ သင်၏ တည်ကြည်မှုနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ဤသို့ဆိုလျှင် သင့်အား ဦးလေးဟု မခေါ်သောအခါတွင် သင်က အဘယ်ကြောင့် မပျော်မရွှင်ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ရိုးရာယဉ်ကျေးမှု၏ အုပ်စိုးခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရသောကြောင့် ဖြစ်သည်။ ယင်းသည် သင့်စိတ်တွင် အမြစ်တွယ်နှင့်ပြီးသားဖြစ်ကာ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် သဘောထားခြင်း၊ အမှုအရာအားလုံးကို အကဲဖြတ်ခြင်းနှင့် ဝေဖန်အပြစ်တင်ခြင်းအတွက် အခြေခံအကျဆုံးသော စံနှုန်းဖြစ်လာခဲ့သည်။ သင်၏ စံနှုန်းက မှားယွင်းသောအခါ သင့်လုပ်ရပ်များ၏ သဘောသဘာဝက မှန်ကန်နိုင်သလော။ လုံးဝ လုံးဝ မမှန်ကန်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်ရမယ်၊ ယဉ်ကျေးသိမ်မွေ့ပြီး ပြုစုပျိုးထောင်ခံရတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေရဲ့ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးတာကို ခံခဲ့ရတာ။ ငယ်ငယ်ကတည်းက အိမ်ကရော ကျောင်းကပါ သင်ပေးလိုက်တာက ကျွန်မဟာ အမူအကျင့်ကောင်းမွန်ပြီး၊ ပညာကောင်းကောင်းတတ်၊ အသိတရားရှိမှသာ လူကောင်းတစ်ယောက်လို့ သတ်မှတ်ခံရနိုင်တယ်၊ လူကြီးသူမတွေကို မတော်မလျော် ခေါ်ဝေါ်သုံးနှုန်းပြီး ရိုသေလေးစားမှုမရှိတဲ့သူတွေက မိမဆုံးမ ဖမဆုံးမတွေဖြစ်ပြီးတော့ လူတွေရဲ့ လေးစားမှုကို မခံထိုက်ဘူးလို့ ယုံကြည်သွားစေခဲ့တယ်။ ကျွန်မက ဘာသာတရားမရှိသူတွေနဲ့ ဆက်ဆံနေတာပဲဖြစ်ဖြစ်၊ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ထမ်းဆောင်နေတာပဲဖြစ်ဖြစ်၊ ဒီရိုးရာအတွေးအခေါ်တွေအတိုင်းပဲ ကျွန်မ အမြဲတမ်း နေထိုင်ခဲ့တယ်။ အဲဒါတွေကို ကျင့်ကြံပြုမူဖို့အတွက် ဥပဒေသတွေအဖြစ် သတ်မှတ်ပြီး ဒီလိုပြုမူတာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတဲ့ သဘောပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မထက် အသက်ကြီးတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ ကျွန်မက လိမ္မာယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုပြီး သူတို့ အကောင်းမြင်တာ လိုချင်လို့ သူတို့ကို ဘယ်တော့မှ နာမည်တပ်ပြီး မခေါ်ခဲ့ဘူး၊ အဲဒီအစား “ဦး” ဒါမှမဟုတ် “ဒေါ်” လို့ ရိုရိုသေသေ ခေါ်ဝေါ်ခဲ့တယ်။ တစ်ခါတလေ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ထုတ်ဖော်ပြမှုတချို့ကို ကျွန်မ သတိပြုမိတဲ့အခါမှာ ကျွန်မက ရိုးသားတဲ့သူတစ်ယောက်ဖြစ်သင့်ပြီး ဒီအကြောင်းကို သူတို့ကို ထုတ်ပြောသင့်တယ်၊ အဲဒါကို ဖြေရှင်းဖို့ သမ္မာတရားကို သူတို့ ရှာဖွေအောင် ကူညီပေးသင့်တယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ စိတ်နှလုံးထဲမှာ ကျွန်မကို အကောင်းမြင်နေတာ မပျက်စီးသွားအောင်လို့ အဲဒီအရာတွေကို သူတို့ဆီ တိုက်ရိုက် ကျွန်မ ဘယ်တော့မှ ထောက်မပြရဲခဲ့ဘူး။ ဒီလိုလုပ်လိုက်ရင် ကျွန်မက မိမဆုံးမ ဖမဆုံးမဖြစ်ပြီး ရိုင်းစိုင်းတယ်လို့ ပြရာရောက်မယ်၊ ကျွန်မက တစ်ခုခုပြောရင်တောင် ဝေ့ကာဝိုက်ကာ၊ ပါးပါးနပ်နပ်နဲ့ပဲ အစပျိုးတတ်တော့ လုံးလုံးကို မထိရောက်ပါဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ အရင်တစ်ခေါက်ကလိုပဲပေါ့၊ ဝမ်ထောင်နဲ့ သူ့တာဝန်တွေနဲ့ပတ်သက်တဲ့ ဒီကိစ္စကို ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တုန်းက၊ သူ့တာဝန်ကို ပယ်ချတဲ့ သူ့ပြဿနာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး သူ့ကို ထောက်ပြပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်၊ သင်ခန်းစာယူအောင် ကူညီပေးသင့်ခဲ့ပေမဲ့၊ သူက ကျွန်မကို လေးစားမှုမရှိတဲ့ မိမဆုံးမ ဖမဆုံးမလို့ ထင်မှာစိုးလို့၊ သူ့ကို တိုက်ရိုက် ထုတ်မပြောဘဲ ရှောင်ခဲ့တယ်။ စကားလုံးတချို့၊ အယူဝါဒတချို့ကို ပြောရင်း အပေါ်ယံပဲ အရိပ်အမြွက်ပြောသွားခဲ့ပြီး အဲဒါက ပြဿနာကို ဖြေရှင်းဖို့ လုံလောက်ပြီလို့ ထင်ခဲ့တယ်။ တကယ်တမ်းမှာတော့ အဲဒါက သူ့အတွက် နည်းနည်းလေးမှ အထောက်အကူ မဖြစ်ခဲ့ဘူး။ ကျွန်မ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ကို ထိခိုက်စေခဲ့တာပဲ။ လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်တာက သမ္မာတရားမဟုတ်ဘူး၊ ကျင့်ကြံပြုမူဖို့ စည်းမျဉ်းလည်း မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ လူ့သဘာဝကို အကဲဖြတ်ဖို့ အခြေခံအကြောင်းရင်းလည်း မဟုတ်ဘူးဆိုတာကို ကျွန်မ နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။
ဒီနောက်မှာတော့ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ် “သူတစ်ပါးတို့ကို လူက အကဲဖြတ်ရာတွင် ဘုရားသခင်သည် သူ့ကို မည်သည့်အရာအပေါ် အခြေခံစေသနည်း။ လူများနှင့် အမှုအရာများကို လူက ရှုမြင်ရာတွင် ဘုရားသခင်သည် သူ့ကို မည်သည့်အရာနှင့်အညီ ရှုမြင်စေသနည်း။ (ဘုရားနှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ဘုရားသခင်သည် လူကို သူ၏ နှုတ်ကပတ်တော်နှင့်အညီ လူတို့အပေါ် ရှုမြင်စေသည်။ အတိအကျဆိုရလျှင် ဤသည်မှာ လူတစ်ယောက်တွင် လူ့သဘာဝရှိမရှိကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အကဲဖြတ်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထို့အပြင် ထိုသူက သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိ၊ သမ္မာတရားအား ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အခြေခံသည်။ ဤအရာတို့သည် အသေးစိတ်အချက်များ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူသည် အခြားလူ၏ ကောင်းမြတ်ခြင်းကို အကဲဖြတ်ရာ၌ မည်သည့်အရာကို အခြေခံသနည်း။ ထိုသူသည် ရည်မွန်ယဉ်ကျေးပြီး စည်းမျဉ်းကို ကောင်းစွာလိုက်နာခြင်းရှိမရှိ၊ အစာစားသောအခါတွင် ပါးစပ်မှ အသံမြည်ခြင်း၊ သို့မဟုတ် တို့ကနန်းဆိတ်ကနန်းဖြင့် မွှေနှောက်နေခြင်းရှိမရှိ၊ အစာစားရာတွင် ကိုယ်တိုင်မထိုင်မီ လူကြီးသူမများထိုင်သည်အထိ စောင့်ဆိုင်းခြင်းရှိမရှိတို့အပေါ်တွင် အခြေခံသည်။ လူသည် သူတစ်ပါးတို့ကို အကဲဖြတ်ရန်အတွက် ဤသို့သောအရာများကို အသုံးပြုသည်။ ဤအရာများကို အသုံးပြုခြင်းသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတို့ကို အပြုအမူအတွက် စံနှုန်းအနေဖြင့် အသုံးပြုခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော အကဲဖြတ်မှုများသည် မှန်ကန်တိကျသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီသည်မှာ အလွန်ရှင်းသည်။ ဤသို့ဆိုလျှင် ထိုသို့ အကဲဖြတ်ခြင်းမှ အဆုံး၌ မည်သည့်အရာကို ရရှိသနည်း။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသူ မည်သူမဆိုသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု အကဲဖြတ်သူက ယုံကြည်သည်။ သင်က ထိုသူကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့စေလျှင် သူသည် လူတို့အား ထိုအိမ်တွင်းစည်းကမ်းများနှင့် အဆုံးအမများအပြင် အပြုအမူကောင်းများကို စိတ်ထဲတွင် စွဲမှတ်အောင် အစဉ် သွန်သင်လိမ့်မည်ဖြစ်သည်။ ထိုသူက လူတို့၏ စိတ်ထဲတွင် ဤအရာများကို စွဲမှတ်အောင် သွန်သင်ခြင်းအားဖြင့် အဆုံး၌ ရရှိလာသည့်အရာမှာ လူတို့ကို အပြုအမူကောင်းများ ရရှိအောင် သူဦးတည်ပေးခြင်းဖြစ်၏။ သို့သော်လည်း ထိုလူများ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကမူ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့်ရော ဘုရားနှုတ်ကပတ်တော်များနှင့်ပါ အလွန်ဝေးကွာလှသည်။ ဤသို့သောသူများသည် ကောင်းသော အပြုအမူအနည်းငယ်ကို ပိုင်ဆိုင်ခြင်းသာဖြစ်၏။ ဤသို့ဖြစ်ရာ ၎င်းတို့အတွင်းတွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကောင်းသော အပြုအမူကြောင့် ပြောင်းလဲနိုင်သလော။ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းကို ၎င်းတို့ရရှိနိုင်သလော။ လုံးဝကို မရရှိနိုင်ပေ။ ဤလူများသည် မည်သူအဖြစ်သို့ ပြောင်းလဲသွားသနည်း။ အပြင်ပန်း အပြုအမူကောင်းသာရှိသော်လည်း အခြေခံအားဖြင့် သမ္မာတရားကို နားမလည်သော၊ ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်သော ဖာရိရှဲများအဖြစ် ပြောင်းလဲသွားသည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဖာရိရှဲများကို ကြည့်လော့။ ပုံပန်းသဏ္ဌာန်အရ ၎င်းတို့သည် အပြစ်အနာအဆာ မကင်းသလော။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ဥပုသ်နေ့တွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အပြောအဆို ယဉ်ကျေးသည်။ အလွန်ပင် စည်းကမ်းရှိပြီး စည်းမျဉ်းများကို လိုက်နာသည်။ အလွန်ပင် ရည်မွန်သည်။ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး အသိပညာကြွယ်ဝသည်။ ၎င်းတို့သည် ဟန်ဆောင်ကောင်းပြီး ဘုရားသခင်အား လုံးဝ မကြောက်ရွံ့ဘဲ ဘုရားသခင်ကို ဝေဖန်ပြီး ရှုတ်ချသောကြောင့် အဆုံးတွင် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည်။ ဘုရားသခင်သည် ၎င်းတို့အားလုံးကို မကောင်းမှုပြုသူများဖြစ်သော ကြောင်သူတော် ဖာရိရှဲများအဖြစ် ကြေညာခဲ့သည်။ အလားတူပင် မိမိတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုအတွက် စံသတ်မှတ်ချက်အနေဖြင့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် အပြုအမူကောင်းကို အသုံးပြုသည့် လူစားမျိုးသည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်သည်မှာ ထင်ရှား၏။ ၎င်းတို့က သူတစ်ပါးတို့ကို အကဲဖြတ်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန်အတွက် ဤစည်းကမ်းကို အသုံးပြုသောအခါတွင် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် လူတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုကို ဝေဖန်သုံးသပ်သောအခါ ထိုဝေဖန်သုံးသပ်မှုအတွက် စံနှုန်းနှင့် အခြေပြုချက်က သမ္မာတရားနှင့် မညီဘဲ သမ္မာတရားကို ချိုးဖောက်သည်။ ၎င်းတို့အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ လူတစ်ယောက်၏ အပြုအမူနှင့် နည်းလမ်းများ ဖြစ်သည်။ ထိုသူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို မဟုတ်ပေ။ ၎င်းတို့၏ အခြေပြုချက်မှာ ဘုရားနှုတ်ကပတ်တော်များမဟုတ်၊ သမ္မာတရား မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ အကဲဖြတ်ချက်များသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ဤအပြုအမူစံနှုန်းကို အခြေခံသည်။ ဤသို့သော အကဲဖြတ်ခြင်း၏ ရလဒ်မှာ လူတစ်ယောက်တွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူကောင်းများရှိသရွေ့ ထိုသူသည် ကောင်းမွန်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်ဟူ၍ ဖြစ်သည်။ လူတို့သည် ဤသို့သော အမျိုးအစားခွဲခြင်းများကို ခံယူကျင့်သုံးသောအခါတွင် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အား သိသာစွာပင် ဆန့်ကျင်ပြီး ရပ်တည်သည်။ ပြီးလျှင် လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်ရန် ဤအပြုအမူဆိုင်ရာ စံသတ်မှတ်ချက်ကို ၎င်းတို့ ပို၍အသုံးပြုလေ ထိုမှ ရရှိလာသောအရာသည် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့် ပို၍ ဝေးကွာစေလေပင် ဖြစ်သည်။ ထိုအချိန်တွင်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာကို နှစ်သက်ပြီး သမ္မာတရားအား ၎င်းတို့လိုက်စားနေသည်ဟု ယုံကြည်ကြသည်။ ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်ကောင်း အနည်းငယ်ကို စောင့်ထိန်းရာတွင် ၎င်းတို့သည် သမ္မာတရားနှင့် စစ်မှန်သော လမ်းခရီးကို စောင့်ထိန်းနေခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ထိုအရာများကို မည်သို့ပင် လိုက်နာစောင့်ထိန်းပါစေ၊ ထိုအရာများကို မည်သို့ပင် မလျှော့တမ်းလုပ်ဆောင်ပါစေ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍လည်းကောင်း မည်သည့်အတွေ့အကြုံ၊ သို့မဟုတ် နားလည်သဘောပေါက်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်အား အနည်းငယ်မျှပင် ကျိုးနွံနာခံမည်လည်း မဟုတ်ပေ။ ဘုရားသခင်အား အမှန်တကယ် ကြောက်ရွံ့စိတ် ပေါ်လာရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ဤသည်မှာ လူတို့က အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့ ကောင်းသော အပြုအမူမှန်သမျှကို စောင့်ထိန်းသောအခါတွင် ဖြစ်ပျက်သောအရာဖြစ်သည်။ လူသည် ကောင်းသော အပြုအမူကိုလည်းကောင်း၊ ထိုအပြုအမူဖြင့် အသက်ရှင်နေထိုင်ခြင်းကိုလည်းကောင်း၊ ထိုအပြုအမူကို လိုက်စားခြင်းကိုလည်းကောင်း အာရုံစိုက်လေလေ ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးကွာလေလေဖြစ်သည်။ လူသည် ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးကွာလေလေ သမ္မာတရားကို ပို၍ နားမလည်နိုင်လေလေဖြစ်သည်။ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တော့၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) အပေါ်ယံမှာတော့ ရိုးရာယဉ်ကျေးမှုက ကျွန်မတို့ကို ပညာကောင်းကောင်းတတ်၊ အသိတရားရှိပြီး မြင့်မြတ်တဲ့လူတွေ ဖြစ်လာအောင် ကူညီပေးပုံရတယ်၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဘယ်လို အယောင်ဆောင်ရမယ်၊ ဘယ်လို ဖုံးကွယ်ရမယ်၊ ပြီးတော့ လူတွေကို လှည့်စားဖို့ အပေါ်ယံ အတုအယောင် ပုံပန်းသဏ္ဌာန်တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကိုပဲ သင်ပေးနေတာ။ ဒီရိုးရာယဉ်ကျေးမှုအတိုင်း နေထိုင်ခြင်းတော့ ကျွန်မတို့က ယာယီ အတုအယောင် အပြုအမူကောင်းကိုပဲ ပြနိုင်ပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို လုံးဝ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအတိုင်း နေထိုင်ခြင်းတော့ ကျွန်မတို့ ဘယ်တော့မှ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့၊ ကိုယ်တော်က ကျွန်မတို့အပေါ်ထားတဲ့ တောင်းဆိုချက်က ဒီလိုပါ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)) တစ်နည်းအားဖြင့်ပြောရရင် လူတွေဟာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံးနဲ့ စကားပြော၊ ပြုမူသင့်တယ်၊ သူတို့တာဝန်တွေမှာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်သင့်တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ တကယ့်ကို ပွင့်လင်းပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်သင့်တယ်၊ အသက်ဝင်ရောက်မှုမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်တယ်။ ဒါက လူတွေ ပိုင်ဆိုင်သင့်တဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း မကျင့်ကြံခဲ့ဘူး၊ အဲဒီအစား ပညာတတ်ကောင်းကောင်းရမယ်၊ အသိတရားရှိရမယ်၊ ယဉ်ကျေးသိမ်မွေ့ပြီး ပြုစုပျိုးထောင်ခံရတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ စာတန်က ကျွန်မတို့ထဲကို သွတ်သွင်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှုကိုပဲ စွဲကိုင်ထားရမဲ့ သမ္မာတရားတွေအဖြစ် သတ်မှတ်ပြီး အပေါ်ယံ အပြုအမူကောင်းကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် မျက်နှာပန်းပြခဲ့တယ်။ အထူးသဖြင့် အသက်ကြီးတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ တွဲဖက်လုပ်ဆောင်တဲ့အခါ၊ စိတ်ထဲမှာ သူတို့ကို ရှင်းရှင်းလင်းလင်း မကြိုက်ပေမဲ့ အပေါ်ယံမှာတော့ သူတို့အပေါ် စိတ်ရှည်ပြီး ချစ်ခင်ဟန်ဆောင်ခဲ့တယ်၊ ဒီလိုနည်းနဲ့ လူတွေကို အထင်အမြင်မှားစေပြီး ကျွန်မကို အကောင်းမြင်အောင် လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေကို မြင်တဲ့အခါ၊ ကျွန်မက သူတို့ကို ထောက်ပြပြီး ကူညီတာမျိုး မလုပ်ခဲ့ဘဲ သူတို့ခံစားချက်တွေကိုပဲ အမြဲတမ်း ထည့်စဉ်းစားပြီး ထုတ်ပြောလိုက်လို့ သူတို့ကို နာကျင်သွားမှာ ကြောက်ခဲ့တယ်။ ဒီလိုပြုမူတာက ညီအစ်ကိုမောင်နှမတွေကို ရိုသေလေးစားရာရောက်ပြီး ယဉ်ကျေးသိမ်မွေ့မှုကို ပြသရာရောက်တယ်လို့ ကျွန်မ ထင်ခဲ့ပေမဲ့၊ တကယ်တမ်းမှာတော့ ဒါကို ယဉ်ကျေးသိမ်မွေ့ပြီး ပြုစုပျိုးထောင်ခံရတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ပဲ ကျွန်မ အသုံးပြုခဲ့တာ။ ကျွန်မလိုလူတစ်ယောက်က ဘယ်လိုလုပ် လူ့သဘာဝရှိနိုင်မှာလဲ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တယ်၊ လူတွေကို အထင်အမြင်မှားစေခဲ့တဲ့ အဲဒီ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေနဲ့ ဘာမှမခြားဘူး။ ကျွန်မက ဒီရိုးရာယဉ်ကျေးမှုအတိုင်း နေထိုင်ခဲ့ပြီး အသိစိတ်၊ ဆင်ခြင်တုံတရားမရှိဘဲ ပိုပိုပြီး မရိုးမသားဖြစ်လာတယ်၊ လှည့်ဖြားတတ်လာတယ်။ ကျွန်မ နားလည်လာခဲ့တယ်၊ ဘုရားသခင် တောင်းဆိုတဲ့ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဆိုတာ အပေါ်ယံမှာ အပြုအမူကောင်းကို ဟန်ဆောင်ပြတာမဟုတ်ဘဲ၊ အဲဒီအစား အရာရာကို သမ္မာတရားစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နိုင်ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း မနေထိုင်တော့တာပဲ ဆိုတာကိုပေါ့။ ဒီကြားထဲမှာ ကျွန်မက လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်ရမယ်ဆိုတဲ့ ဒီလို ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအနေနဲ့ တလွဲ သဘောထားပြုမူခဲ့ပြီး ဒီအပေါ်ယံ အပြုအမူကောင်းတွေကို စွဲကိုင်ထားသရွေ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာပဲလို့ ထင်ခဲ့တဲ့အပြင် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဘုရားရဲ့ တောင်းဆိုချက်တွေကိုတော့ မေ့ထားခဲ့တယ်။ ကျွန်မ တကယ်ပဲ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဟုတ်ရဲ့လား။ ဒီအပြုအမူကောင်းတွေကို ကျွန်မ ဘယ်လောက်ပဲ ကောင်းကောင်း စွဲကိုင်ထားပါစေ၊ အဲဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတယ်လို့ အဓိပ္ပာယ်သက်ရောက်မှာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ကျွန်မ ရရှိဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။
နောက်ပိုင်းမှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာဖွေခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ် “လူတို့စကားနှင့် လုပ်ရပ်များ၏ အခြေခံပြုချက်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုစကားနှင့် လုပ်ရပ်များသည် လူတို့အဖို့ အပြုသဘောဆောင်ရမည် ဖြစ်ပါသည်။) မှန်ပေသည်။ အခြေခံအကျဆုံး အချက်အနေဖြင့် သင်သည် အမှန်အတိုင်း ပြောရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို မလိမ်လည်ရ၊ မလှည့်စားရ၊ မသရော်ရ၊ ပြက်ရယ်မပြုရ၊ မလှောင်ရ၊ မပြောင်ရ၊ ဘောင်မခတ်ရ၊ ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။ ဘုရားသခင်က မည်မျှကျယ်လောင်စွာ သင်စကားပြောရမည်ဟု ပြောဆိုထားသလော။ စံသတ်မှတ်ထားသော ဘာသာစကားကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ လှပသော အလင်္ကာ၊ သို့မဟုတ် အဆင့်မြင့်သော၊ ယဉ်ကျေးသော ဘာသာစကားပုံစံကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ (တောင်းဆိုမထားပါ။) ထိုအပေါ်ယံဆန်သော၊ ကြောင်သူတော်ဆန်သော၊ မှားယွင်းသော၊ လက်ဆုပ်လက်ကိုင် အကျိုးမပြုသော အရာများတစ်ခုမျှ မရှိပေ။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးမှာ ပုံမှန်လူများက ပိုင်ဆိုင်သင့်သောအရာများ၊ လူ၏ ဘာသာစကားနှင့် အပြုအမူအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။ လူတစ်ယောက်က မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ၊ မည်သည့်ဘာသာစကားကို ပြောသည်ဖြစ်စေ အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သင်ပြောသည့် စကားများက၊ ထိုစကားများ၏ အသုံးအနှုန်းနှင့် အကြောင်းအရာက အခြားသူများအတွက် တည်ဆောက်စရာဖြစ်ရမည်။ ထိုစကားများက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ရမည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများသည် ထိုစကားများကို ကြားပြီးသည့်အခါ ထိုစကားများက မှန်ကန်သည်ဟု ခံစားရကာ ထိုစကားများမှ တိုးတက်မှုနှင့် အကူအညီကို ရရှိ၍ သမ္မာတရားကို နားလည်နိုင်သွားသည့်အပြင် ရှုပ်ထွေးခြင်း မရှိတော့သကဲ့သို့ အခြားသူများ၏ အထင်အမြင်မှားအောင် လုပ်ခြင်းကို အလွယ်တကူ ခံရခြင်းတို့ မရှိတော့ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို အမှန်အတိုင်း ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန် တောင်းဆိုပြီး အခြားသူများအပေါ် မလိမ်လည်ရ၊ သို့မဟုတ် မလှည့်စားရ၊ သို့မဟုတ် မသရော်ရ၊ သို့မဟုတ် ပြက်ရယ်မပြုရ၊ သို့မဟုတ် ရယ်သွမ်းမသွေးရ၊ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရဟု တောင်းဆိုသည်။ ဤအရာတို့သည် စကားပြောခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်ဖို့၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ထုတ်ပြောသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အချို့သော အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ် ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်၏၊ ဟုတ်သည် မဟုတ်လော။...အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ တည်ဆောက်မပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ လူတို့အပေါ် အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သော အရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံများအပြင် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်း လမ်းကြောင်းကို နားလည်နိုင်စေရမည်။ ၎င်းတို့ကို အသက်ဝင်ရောက်မှု ရစေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းများရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းရဲ့ စည်းမျဉ်းတွေဟာ ရိုးရာယဉ်ကျေးမှုက ကျွန်မတို့ကို သင်ပေးခဲ့သလို လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်တာ၊ အမူအကျင့်ကောင်းမွန်တာတွေနဲ့ မပတ်သက်ဘဲ ကျွန်မတို့က နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးတဲ့၊ ပျိုးထောင်ခံရတဲ့ပုံစံနဲ့ စကားပြောသလား၊ မပြောဘူးလားဆိုတာနဲ့လည်း မသက်ဆိုင်ဘူး။ အဲဒီအစား ကျွန်မတို့ပြောတဲ့စကားက သမ္မာတရားနဲ့ ကိုက်ညီရဲ့လား၊ ညီအစ်ကိုမောင်နှမတွေအတွက် တည်ဆောက်စရာဖြစ်ရဲ့လားဆိုတာကို ကြည့်ရတာမျိုး ပါဝင်တယ်ဆိုတာကိုပေါ့။ ဘုရားအိမ်တော်မှာ ညီအစ်ကိုမောင်နှမတွေကို အဆင့်အတန်းအလိုက် ခွဲခြားထားတာမရှိဘူး၊ လူတွေကို အသက်အကြီးဆုံး၊ ဒါမှမဟုတ် ဘုရားသခင်ကို အကြာဆုံးယုံကြည်ခဲ့တဲ့သူအပေါ်မူတည်ပြီး ဝါစဉ်အလိုက် စီစဉ်ထားတာလည်း မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေက အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်တဲ့သူတိုင်းက တန်းတူရည်တူ အဆင့်အတန်းရှိတယ်။ လူတွေက တခြားသူတွေရဲ့ ပြဿနာတွေကို သတိပြုမိတဲ့အခါ၊ သူတို့က သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်တယ်၊ လိုအပ်ရင် ပြဿနာတွေကို တိုက်ရိုက်ထောက်ပြပြီး ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး မိတ်သဟာယဖွဲ့၊ လမ်းညွှန်၊ ပြုပြင်နိုင်တယ်။ သူများတွေကို တမင်သက်သက် နိုင်ကွက်ယူပြီး တိုက်ခိုက်မဲ့အစား လူတစ်ယောက်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အကျိုးပြုနိုင်သရွေ့ သူတို့က ပိုပြီးပြင်းထန်တဲ့လေသံနဲ့ ပြောရင်တောင် အဆင်ပြေတယ်။ သမ္မာတရားကို လိုက်စားတဲ့သူတွေက ကျွန်မ စကားပြောပုံနဲ့ လေသံကြောင့် ကျွန်မအပေါ် အမြင်စောင်းမှာ မဟုတ်ဘူး၊ ကျွန်မ အသက်ငယ်လို့ဆိုပြီး ကျွန်မကို အထင်သေးမှာလည်း မဟုတ်ဘူး။ အဲဒီအစား သူတို့က ဘုရားသခင်ဆီက အမှုအရာတွေကို ခံယူမယ်၊ သမ္မာတရားကို ရှာဖွေမယ်၊ သူတို့ပြဿနာတွေကို နားလည်အောင် ကြိုးစားကြလိမ့်မယ်။ ကျွန်မမှာ ဘာစိုးရိမ်ကြောင့်ကြမှု၊ သံသယမှ ရှိစရာအကြောင်းမရှိဘူး။ ဝမ်ထောင်ရဲ့ ပြဿနာတွေကို ထောက်ပြခဲ့တဲ့ ညီအစ်မကလည်း အတော်လေးငယ်သေးတယ်၊ သူက ပြဿနာတစ်ခုကို အတိအကျဖော်ထုတ်တဲ့အခါ၊ သူက တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခဲ့ပြီး ဝမ်ထောင်ကို သူ့ကိုယ်သူ နားလည်အောင် ကူညီပေးခဲ့တယ်။ ဝမ်ထောင်က အဲဒီညီအစ်မ အသက်ငယ်လို့ဆိုပြီး စိတ်ဆိုးခဲ့တာမျိုး မရှိဘဲ၊ အဲဒီအစား သူပြောတာကို ပွင့်လင်းတဲ့စိတ်နဲ့ လက်ခံခဲ့တဲ့အပြင် သမ္မာတရားကိုလည်း ရှာဖွေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိအောင်ကြိုးစားခဲ့တယ်၊ စစ်မှန်တဲ့အကျိုးကျေးဇူးတွေကိုလည်း တွေ့ကြုံခံစားခဲ့ရတယ်။ ကျွန်မကတော့ လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်ရမယ်ဆိုတဲ့ ရိုးရာယဉ်ကျေးမှုအတိုင်းပဲ ဆက်ပြီး နေထိုင်ခဲ့တယ်။ ဝမ်ထောင်ရဲ့ ပြဿနာတွေကို ကျွန်မ သတိပြုမိတဲ့အခါ၊ ကျွန်မက တုံ့ပြန်မှုနှေးကွေးပြီး ထောက်မပြရဲခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့နဲ့ သူ ကျွန်မအပေါ် အကောင်းမြင်အောင်လုပ်ဖို့ အပေါ်ယံ၊ မရိုးသားတဲ့စကားနည်းနည်းပဲ ပြောခဲ့တယ်။ ကျွန်မ ဒီလိုပြုမူခဲ့တာက ဝမ်ထောင်အတွက် အကျိုးမရှိခဲ့သလို၊ အသင်းတော်အလုပ်အတွက်လည်း ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး။ ကျွန်မ နားလည်လာခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာအတွက် အကျိုးရှိတယ်ဆိုတာကိုပေါ့။ အဲဒီနောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ဖောက်ပြန်ပျက်စီးမှုတွေ ထုတ်ဖော်တာ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အရာတွေ လုပ်တာကို ကျွန်မ သတိပြုမိတဲ့အခါ၊ သူတို့ အသက်ကြီးကြီး၊ ငယ်ငယ် ကျွန်မက သူတို့ကို ကူညီဖို့ ထောက်ပြပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့က အစပိုင်းမှာ သူတို့ပြဿနာတွေကို မသိမြင်နိုင်ဘဲ ကျွန်မအကူအညီကို လက်မခံနိုင်ခဲ့ပေမဲ့၊ နောက်ဆုံးမှာ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ရှာဖွေ၊ ပြန်သုံးသပ်တော့ သူတို့က ကျွန်မအကြံပြုချက်တွေကို လက်ခံနိုင်ခဲ့ကြပြီး အဲဒီကနေ သင်ခန်းစာတချို့လည်း ရရှိခဲ့ကြတယ်။
တစ်ချိန်တုန်းကလည်း ခေါင်းဆောင်က နေ့တိုင်း အလုပ်တော်တော်များများ လုပ်နေပုံပေါ်ပေမဲ့ တကယ်တမ်းမှာတော့ သူက စည်းမျဉ်းအတိုင်းပဲ လုပ်နေပြီး အလုပ်ကို အကောင်အထည်ဖော်ရာမှာ ညွှန်ကြားချက်တွေကိုပဲ လက်ဆင့်ကမ်းနေခဲ့တာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူက အသင်းတော်အလုပ်မှာ သိသာထင်ရှားတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့တောင် မစဉ်းစားခဲ့ဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကိုလည်း တကယ်တမ်း မမေးခဲ့ဘူး။ ဒီအတိုင်းဆက်သွားရင် အသင်းတော်အလုပ်က ကောင်းတဲ့ရလဒ်တွေ ရရှိဖို့ ခက်ခဲလိမ့်မယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီပြဿနာကို အရင်က သူ့ကို သွယ်ဝိုက်ပြီး ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက ဒီကိစ္စရဲ့ ဆိုးရွားမှုကို သဘောပေါက်ပုံမပေါ်ဘူး။ သူ့ကို နောက်တစ်ခေါက်လောက် ထပ်ပြောသင့်သလား” လို့ပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ဒီခေါင်းဆောင်က ကျွန်မအမေနဲ့ အသက်အတူတူပဲ၊ ကျွန်မရဲ့ လူကြီးပဲ၊ ငယ်ငယ်ကတည်းက သူ့ကို ရိုရိုသေသေ ခေါ်ဝေါ်ခဲ့ပုံတွေကို ကျွန်မ တွေးမိတယ်။ သူ့ကို တကယ့်အလုပ်မလုပ်ဘူး၊ အယောင်ဆောင်ခေါင်းဆောင်လို ပြုမူတယ်လို့ စွပ်စွဲလိုက်ရင်၊ သူက ကျွန်မကို ရိုင်းတယ်လို့ ထင်မှာမဟုတ်ဘူးလား။ အထက်ခေါင်းဆောင်တွေကို တိုင်ပြီး သူတို့ကိုပဲ သူနဲ့ မိတ်သဟာယဖွဲ့ခိုင်းတာ ပိုကောင်းမယ်ထင်တယ်။ ဒီအတွေးဝင်လာတဲ့အခါ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို သတိရလိုက်တယ် “သင်သည် အမှန်အတိုင်း ပြောရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ စကားသည် လူတို့ကို တည်ဆောက်ပေးရမည်...” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွန်မရဲ့အမြင်မှားနေမှန်း ရုတ်တရက် သဘောပေါက်သွားတယ်။ ဒီခေါင်းဆောင်က သူ့တာဝန်မှာ ပြဿနာတွေရှိနေတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့ပြီး၊ သူ့ကို ကျွန်မ ထောက်ပြသင့်တယ်၊ သူ့ပြဿနာတွေကို သူသိမြင်ပြီး ချက်ချင်းလမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကူညီဖို့ပေါ့။ ဒီလိုလုပ်တာက သူ့အတွက်ရော အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိမှာ။ ဒါပေမဲ့ ကျွန်မက ချီတုံချတုံဖြစ်ပြီး မပြောရဲခဲ့ဘူး၊ လူကြီးသူမကို ရိုသေလေးစားပြီး ငယ်ရွယ်သူတွေကို ဂရုစိုက်ရမယ်ဆိုတဲ့ ရိုးရာအတွေးအခေါ်တွေရဲ့ ထိန်းချုပ်မှုကို ခံနေရတုန်းပဲ၊ စာတန်ရဲ့ ရှင်သန်မှုဥပဒေသတွေအတိုင်း နေထိုင်နေတုန်းပဲ။ ဒီညီအစ်မက သူ့မှာရှိနေတဲ့ ပြဿနာတွေကို အခုလက်ရှိမှာ သတိမထားမိသေးဘူး၊ သူ့ပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမတွေက သူ့ကို ထောက်ပြပြီး မေတ္တာနဲ့ ကူညီဖို့ လိုအပ်နေတယ်။ သူ့ပြဿနာတွေကို ကျွန်မ သတိပြုမိခဲ့တဲ့အတွက် သူ့ကို ကျွန်မ ပြောပြသင့်တယ်။ အဲဒါက ကျွန်မရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့ပုံစံပဲ။ ဒီနောက်မှာ ခေါင်းဆောင်နဲ့ နောက်တစ်ခေါက်တွေ့တဲ့အခါ၊ ကျွန်မက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်၊ စုဝေးပွဲတွေပဲလုပ်ပြီး ပြဿနာတွေကို တကယ်တမ်းမဖြေရှင်းဘဲနေတာက အယောင်ဆောင်ခေါင်းဆောင်ရဲ့ လမ်းစဉ်ကို လျှောက်နေတာပဲလို့ ထောက်ပြခဲ့တယ်။ သူက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အယောင်ဆောင်ခေါင်းဆောင်ရဲ့ သရုပ်သကန်တွေ ပြသခဲ့တာကို ဝန်ခံခဲ့ပြီး ဇာတိပကတိကို ထောက်ထားပြီး စိတ်ပူပန်တာ၊ အဖိုးအခပေးရမှာကို မလိုလားခဲ့ပုံတွေကို ပြန်သုံးသပ်ခဲ့တယ်၊ ရှေ့ဆက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့လည်း ဆန္ဒရှိခဲ့တယ်။ ဒီနောက်မှာ သူ နည်းနည်းပြောင်းလဲလာခဲ့တယ်၊ သူ့အလုပ်မှာ ပိုပြီးအသေးစိတ်ကျလာတယ်၊ ပြဿနာတချို့ကို ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒီအတွေ့အကြုံကို ကြုံတွေ့ရတော့၊ စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုအတိုင်း နေထိုင်တော့ ကျွန်မတို့က အပေါ်ယံမှာ ရိုသေလေးစားတတ်ပြီး ယဉ်ကျေးပုံပေါ်နိုင်တယ်၊ သူများတွေရဲ့ လေးစားမှုကိုလည်း ရရှိအောင် ကူညီနိုင်တယ်၊ ဒါပေမဲ့ အဲဒါက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲစေဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီအရာတွေအတိုင်း နေထိုင်တာက မျက်နှာဖုံးတစ်ခု တပ်ထားသလိုပဲ၊ ပိုပိုပြီး သူတော်ကောင်းယောင်ဆောင်လာတယ်၊ လူတွေအပေါ် မရိုးမသား ပြုမူတယ်။ ဘုရားနှုတ်ကပတ်တော်တွေ၊ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လူတွေနဲ့ အမှုအရာတွေကို ရှုမြင်၊ ကျင့်ကြံပြုမူပြီး အလုပ်လုပ်မှသာ လူတစ်ယောက်လုပ်သမျှတိုင်းက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာအတွက် အကျိုးရှိမှာဖြစ်ပြီး၊ အဲဒီအခါမှသာ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နိုင်မှာဖြစ်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက အသင်းတော်အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုအတွက် တာဝန်ယူခဲ့ရပြီး ကျောက်တင်းက အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်။...
အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...
ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...
ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...