စစ်မှန်သော ခြင်းပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း

05.09.2019

ကျင်းယူ ဟေးနန်စီရင်စု၊ နန့်ယန်းမြို့တော်

အစ်ကိုမောင်တစ်ယောက်ကဖြစ်ဖြစ်၊ ညီအစ်မတစ်ယောက်ကဖြစ်ဖြစ် ကျွန်မ၏ကျရှုံးမှုများကို ထောက်ပြခဲ့ သောအခါ၊ ဒါမှမဟုတ် ကျွန်မ၏ အမြင်သဘောထားကို ဂရုမစိုက်သောအချိန်မှာ ကျွန်မအနေနှင့် လက်မခံဟု ခံစားရခြင်း သို့မဟုတ် သူတို့နှင့် ငြင်းခုံခဲ့ပါသည်။ နောက်မှ ကျွန်မ၏ အပြုအမူများကို နောင်တရသည်၊ သို့သော်လည်း ဒီအရာများနှင့် ရင်ဆိုင်ရသောအခါမှာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထား ကိုလည်း ဘယ်လိုမှ ပြင်လို့မရခဲ့ပါ။ ဤအတွက် ကျွန်မ တော်တော်လေး ဒုက္ခရောက်ခဲ့ရသည် ပြီးလျှင် “ဘာကြောင့် လူတကာရဲ့ဝေဖန်စကားများက ကျွန်မကို စိတ်ဆိုး စေရတာလဲ။ ဘုရားသခင်ရဲ့နောက်တော်ကို ၈ နှစ် လုံးလုံးလိုက်ခဲ့တာတောင် အခုအချိန်ထိ ကျွန်မဘာကြောင့် နည်းနည်းလေးမှ မပြောင်းလဲလာသေးတာလဲ” ဟု တွေးမိခဲ့သည်။ ကျွန်မ စိုးရိမ်စိတ်များ ဝင်လာကာ အဖြေတစ်ခုရဖို့အတွက် ဘုရားသခင်ကို ထပ်ကာထပ်ကာ ဖွေရှာခဲပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ရခြင်း အကြောင်းအရင်း၏ ဇစ်မြစ်ကို သိရှိနိုင်ရန် ကျွန်မအား ဉာဏ်အလင်းပြဖို့ တောင်းလျှောက်ခဲ့ပါသည်။

တစ်နေ့့တွင် ကျွန်မဘုရားရှိခိုးနေစဉ်အတွင်း ကျမ်းစာပိုဒ် တစ်ပိုဒ်ကို တွေ့လိုက်ရသည်။ “လူတိုင်းဟာ သူတို့မှာရှိတဲ့ စိတ်ကြီးဝင်မှု၊ ဘဝင်မြင့်မှု၊ မရိုးဖြောင့်မှုနဲ့ လူလည်ကျမှုတွေကို စက်ဆုပ်ရွံရှာကြတယ်။ လူအများစုက အထိုက်အလျောက် ပြောင်းလဲကြပါတယ်၊ မာနကြီးပြီး ဘဝင်မြင့်တဲ့သူတွေရယ်၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့သူ၊ ဆိုးညစ်ပြီး လူလည်ကျတဲ့ စရိုက် သဘာဝရှိတဲ့ သူတွေရယ်ဟာ အနည်းငယ်သာ ပြောင်းလဲတယ်ဆိုရုံလေး ပြောင်းလဲပြီး သူတို့ရဲ့ စကား အသုံးအနှုန်းတွေနဲ့ စရိုက်တွေကတော့ မပြောင်းလဲသလောက်ပါပဲ၊ မာနကြီးပြီး စိတ်ကြီးဝင်တတ်တာရယ်၊ ဘဝင်မြင့်တတ်တာရယ်၊ ဆိုးညစ်ပြီး လူလည်ကျတတ်တာတွေရယ်ဟာ သူတို့ဆီမှာ အထင်းသား တွေ့နေရတုန်းပါပဲ။ ဒါဟာ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ဆက်စပ်နေပါတယ်။ အစမှ အဆုံးတိုင်အောင် သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့မကြိုးစားဘဲ တခြားသူတွေ အသက်တာထဲကို ဘယ်လို ဝင်ရောက်သွားတယ် ဆိုတာကိုသာ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေကြတယ်။ ဒီတော့ ရလဒ်အနေနဲ့ သူတို့ဟာ နောက်မှာပဲ ကျန်နေခဲ့ရတော့တာပေါ့။ တစ်ပါးသူရဲ့ မာနကြီးပြီး စိတ်ကြီး ဝင်တတ်မှုကိုသာ ကွက်ပြီးမြင်တတ်ကြတဲ့အတွက် တစ်ပါးသူတွေကိုသာ ဘုရားသခင်က တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေ ပြုလိမ့်မယ်လို့ ယုံကြည်ကြတယ်။ ဘုရားသခင်အပေါ် ဆန့်ကျင်သူမဟုတ်ဘူးလို့ သူတို့ကိုယ်သူတို့ ယူဆထားကြတဲ့အတွက် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေဟာ တစ်ပါးသူတွေအတွက်ပဲ ဖြစ်တယ်လို့ ထင်နေကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဒီလို နားလည်ထားတာဟာ တစ်မျိုးကြီးဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူတို့တွေ မပြောင်းလဲကြတာ မဆန်းပါဘူး။” (အသင်းတော် ခေါင်းဆောင်များနှင့် လုပ်သားများအား ခရစ်တော်၏ ပြောဆိုချက် မှတ်တမ်းများထဲမှ “စိတ်သဘောထားတွင်း ပြောင်းလဲမှုကို ရှာဖွေခြင်း၌ ဝိညာဉ်ရေးရာ အသက်တာအား အလေးထားရန် လိုအပ်သည်”) ဤအချိန်မှာတော့ ကျွန်မက အမြင်မှန်ရပြီး နိုးထလာခဲ့ရသည်။ ဘုရားသခင်၏ နောက်တော်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သည့်တိုင် ကျွန်မ ပြောင်းလဲခြင်း မရှိခဲ့ခြင်းက ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်ခဲ့ သော်လည်းကျွန်မ၏စိတ်သဘောထားကို ပြောင်းလဲဖို့ မကြိုးစားခဲ့သောကြောင့် ဆိုခြင်းကို နားလည်သဘောပေါက်ခဲ့သည်။ အခြားသူများ အသက်တာထဲကို မည်သည့်နည်းနှင့် ဝင်ရောက်သွားသည်ဆိုခြင်းကိုသာ အာရုံစိုက်ပြီး မိမိ၏ အသက်ခြင်းထဲ ဝင်ရောက်ခြင်းကို အာရုံမစိုက်ခဲ့မိသောကြောင့် ပင်ဖြစ်သည်။ ယခုအခါတွင် အဆောတလျင် “လုပ်ဆောင်ရင်း” အလျင်စလို ရုန်းကန်နေရသော ကျွန်မ၏ ရုပ်ပုံလွှာများကို မတွေးဘဲ မနေနိုင်တော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်နေသော အချိန်မှာ ကျွန်မ၏ ကိုယ်ပိုင် အခြေအနေများကို ဆန်းစစ်ဖို့ ၎င်းတို့ကို အသုံးမပြုခဲ့ပါ။ ကျွန်မက အမြဲတမ်း တခြားသူများကို သင်ကြားပေးခဲ့ပြီး သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော် များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။ အစည်းအဝေးများမှာလည်း သမ္မာတရားကို ကျွန်မပြောဆိုသောအခါ တခြားသူများ၏ ပြဿနာများနှင့် အခက်အခဲများကိုသာ ဖြေရှင်းဖို့သက်သက်ပဲ ပြောဆိုခဲ့ပြီး ကျွန်မကိုယ်တိုင် ဝင်ရောက်သင့်သည့် အရာကို လုံးဝမရှာဖွေခဲ့မိပါ။ လူများ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ပတ်သက်သော ဘုရားသခင့် ဖွင့်ပြချက်များ၏ နှုတ်ကပတ်တော်ကို ကျွန်မပြောပြ သော အခါမှာ ကျွန်မ၏ ဥပမာပေးမှုများက အခြား ညီအစ်ကို မောင်နှမများသာ ဖြစ်နေခဲ့ပြီး ကျွန်မကိုယ်ကျွန်မ တရားစီရင်ခြင်းက လွတ်ရှောင်နေသောအချိန် တခြားသူများကို သတိပေးချက်များအနေနှင့် အသုံးပြုခဲ့သည်။ ကိုယ်ပိုင် အခြေအနေများအကြောင်း နားလည်ဖို့နှင့် ဝင်ရောက်ခြင်းကို ရှာဖွေဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်ဆိုခြင်း အရမ်းကို ရှားပါသည်။ ထိုသို့ဖြင့် တစ်နှစ်ပြီးတစ်နှစ်သာ ကုန်သွားသည်၊ အသက်တာထဲကို ဝင်ရောက်ဖို့အတွက် ကျွန်မ မစွမ်းဆောင်နိုင်ခဲ့ပါ။ သို့သော် ကျွန်မက ကရုဏာတရား ကြီးမားသောသူဖြစ်ကြောင်း၊ ကျွန်မ၏ညီအစ်ကို မောင်နှမများ၏ အသက်တာက ဝန်ထုပ်ကို ထမ်းပိုးနေရခြင်း ဖြစ်ကြောင်းပင် ထင်ခဲ့မိသေးသည်။ အထူးသဖြင့် မနှစ်ကစပြီး အခုလက်ရှိအချိန်ထိ အသင်းတော်က ကျွန်မကို တာဝန်များထမ်းဆောင်ဖို့ တွဲဘက်ညီမတစ်ယောက်နှင့်အတူ ထားပေးထား ပါသည်။ ကျွန်မကလည်း ကိုယ့်''ဝန်ထုပ်''ကို ဆက်လက်ထမ်းပိုးနေခဲ့ပြီး သူမ၏ အသက်တာထဲဝင်ရောက်မှုကိုပဲ အလေးပေးခဲ့သည်။ ထိုညီမက သူ့ကိုယ်သူ စိတ်ကြီးဝင်သောပုံ ပြလာသောအချိန်နှင့် အယူအဆများ ထုတ်ဖော်လာသော အချိန်မှာလည်း ကျွန်မက ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အဆောတလျင် သုံးပြီး သူမကို ပြောပြဆုံးမပေးခဲ့သည်။ သို့သော်လည်း ကျွန်မစိတ်ထဲမှာမူ “ညီမက သိပ်ပြီး ဘဝင်မြင့်ခြင်းပဲ” ဟု သတ်မှတ်ခဲ့သည်။ သူမ၏ အနာဂတ်ဘဝ နှင့်ကံကြမ္မာက စစ်ဆေးခံနေရသောအတွက် ထိုညီမက အပျက်သဘောမှနေ ရုန်းမထွက်နိုင်သော အချိန်မှာ ကျွန်မကပဲ သူမနှင့်အတူ စားသောက်ဖို့ သင့်တင့်လျောက်ပတ်သော နှုတ်ကပတ်တော်များကို ရှာဖွေခဲ့ပြီး ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့ အလိုရှိသည်ဟု ပြောပြခဲ့သော်လည်းကျွန်မစိတ်ထဲမှာမူ “အချိန်သိပ်မကျန်တော့ တာတောင်မှ ညီမက ကောင်းချီးတွေကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေနေတုန်းပဲလား” ဟု ဆိုကာ အထင်သေးနေခဲ့သည်။ သူမက လူများကို ခဏခဏ ဘယ်လိုမျိုး သံသယဖြစ်နေကြောင်း ကျွန်မကို ဖွင့်ပြောလာသောအချိန်မှာ ကျွန်မက ရိုးသားသောသူတစ်ယောက် ဖြစ်ခြင်း၏ သမ္မာတရားကို ပြောပြခဲ့သည်။ သို့သော် စိတ်ထဲတွင်မူ “ညီမက တော်တော်ဒုက္ခပေးတဲ့သူပဲ”ဟု သတ်မှတ်ခဲ့သည်။ ထိုညီမက ဆိုးရွားသော အခြေအနေထဲ ရောက်နေချိန်တွင် မိမိကိုယ်ကိုယ်ပြန်ဆန်းစစ်ဖို့၊ သူမ၏သဘောသဘာဝကို စိတ်ဖြာဆွေးနွေးဖို့ ကျွန်မက ဆုံးမနိုင်ခဲ့သော်လည်း ကျွန်မကိုယ်တိုင်မှာမူ ကျွန်မထုတ်ဖော်သော အရာများကနေ ကျွန်မကိုယ်ကျွန်မ နားလည်ဖို့နှင့် ခွဲခြမ်းစိတ်ဖြာဖို့၊ ကိုယ်တော့်၏ နှုတ်ကပတ်တော်များကို အသုံးပြုဖို့ အာရုံမစိုက်ခဲ့မိပါ။ ယင်းမှာ အခြား သူများကသာ ယိုယွင်းပျက်စီးနေပြီးလျှင်၊ သူတို့သာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရသင့်သည်ဟု တွေးနေခဲ့ပြီး ကျွန်မကိုယ်ကျွန်မကျတော့ ဘုရားသခင်၏ နှုတ်ကပတ်တော် အထက်မှာ နေရာချထားခဲ့ခြင်း မဟုတ်လား။ တခြားသူများ၏ အသက်တာထဲ ဝင်ရောက်မှုကိုပဲ အလေးထားနေခဲ့ပြီး မိမိကိုကိုယ် နောက်မှာ ကျန်ရစ်နေစေခဲ့ခြင်းပဲ မဟုတ်ပါလား။ ဒီလို အမြင်မှန်ရလာသောအချိန်မှာပဲ ကျွန်မက လမ်းဘေးမှ တစ်ပြားမျှ မရှိသည့် သူတောင်းစားတစ်ယောက်ကဲ့သို့ သိပ်ကို သနားစရာကောင်းနေမှန်း သိလိုက်ရပြီး ကျွန်မနှလုံးသားက နောင်တများဖြင့်ပြည့်နေခဲ့သည်။

ဘုရားသခင်၏ လမ်းညွှန်မှုအောက်မှာ ကိုယ်တော့်၏ နှုတ်ကပတ်တော်တို့က- “‘မျှော်လင့်ချက်များကို ဘေးသို့ဖယ်ထားကြ၊ ပို၍လက်တွေ့ကျကျနေကြ’ ဟူသောအရာများကို လူတို့ပြောကြသည်။ လူတို့အနေဖြင့် ကောင်းချီးမင်္ဂလာခံစားရရန်ဟူသည့် အတွေးများကို ဘေးချိတ်ထားကြရန် သင်တောင်းဆိုသည်၊ သို့သော် သင်ကိုယ်တိုင်ရော အဘယ်သို့ဖြစ်သနည်း။ သင်သည် ကောင်းချီးမင်္ဂလာခံစားရရန်ဟူသည့် လူတို့၏ အတွေးအခေါ်များကို ငြင်းပယ်သော်လည်း သင်ကိုယ်တိုင်ကမူ ကောင်းချီးမင်္ဂလာများကို ရှာသလော။ သင်သည် အခြားလူများကို ကောင်းချီးမင်္ဂလာများရရှိရန် အခွင့်မပေးဘဲ သင်ကိုယ်တိုင်ကမူ ထိုအရာများအကြောင်းကို လျှို့ဝှက်စွာတွေးသည်၊ ထိုသို့ပြုခြင်းက သင့်ကို မည်သို့သောလူဖြစ်စေသနည်း။ လိမ်စားသူတစ်ဦး ဖြစ်စေသည်။ ဤကဲ့သို့ သင်ပြုမူသည့်အခါ သင်၏သြတ္တပ္ပစိတ်သည် စွဲချက်မတင်ခံရသလော။ သင်သည် အကြွေးတင်ရှိသကဲ့သို့ သင်၏စိတ်နှလုံးထဲတွင် မခံစားရသလော။ သင်သည် လူလိမ်တစ်ဦး မဟုတ်သလော။ သင်သည် အခြားသူတို့၏ စိတ်နှလုံးထဲမှ စကားလုံးများကို တူးယူသော်လည်း သင်၏စိတ်နှလုံးထဲမှ အရာများအကြောင်းကိုမူ တစ်ခွန်းမျှ မဟချေ၊ သင်သည် သုံးစားမရသော အမှိုက်တစ်စ ဖြစ်လေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၂)) ဟု ပြောထားသည်ကို ကျွန်မ တွေ့မြင်ခဲ့သည်။ ဓားသွားကဲ့သို့ ထက်မြက်လှသော ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မနှလုံးသားထဲအထိ ထိုးဖောက်သွားပြီးသောနောက်၊ ကျွန်မကို ကြီးစွာသော အရှက်ရခြင်း ဖြစ်ကျန်စေသည်။ ကျွန်မလုပ်ရပ်များ အားလုံးကို ပြန်မြင်ယောင်မိသည်။ ဘုရားသခင် ထုတ်ဖော်သည့်အတိုင်း ကျွန်မက လူလိမ်ဖြစ်နေခဲ့ခြင်း မဟုတ်ပါလား။ အပေါ်ယံမှာတော့ ကျွန်မက မိမိတာဝန်ကို ထမ်းဆောင် နေသော်လည်း၊ အမှန်တကယ်မှာ ကျွန်မက မိမိအတ္တကို ရှေ့တန်းတင်ပြီး ဘုရားသခင်၏ ယုံကြည်မှုကို လိမ်ညာနေသူပင် ဖြစ်သည်။ အပေါ်ယံတွင် ညီအစ်ကိုမောင်နှမများကို ကူညီနေသော်လည်း တကယ်တမ်းမှာမူ နှုတ်ကပတ်တော်နှင့် အယူဝါဒများကိုသုံးပြီး သူတို့နှလုံးသားထဲတွင် ကျွန်မကို နေရာပေးချင်လာအောင် သူတို့၏ လေးစားယုံကြည်မှုများကို လိမ်ညာယူနေခြင်းသာ ဖြစ်ပါသည်။ ဂုဏ်အဆင့်အတန်းနောက်ကို မလိုက်ဖို့၊ မထောင်လွှားကြဖို့ တခြားသူများကို ကျွန်မပြောသော်လည်း ကျွန်မက သူတို့ကို မကြာမကြာ အထင်သေးသော မျက်စိနှင့် ကြည့်သည်။ ညီအစ်ကို မောင်နှမများ၏ ကျရှုံးမှုများကိုလည်း ကောင်းကောင်း တည့်မတ်မပေးနိုင်ခဲ့သည့်အပြင်၊ ကျွန်မကိုယ်တိုင်လည်း သူတပါးဆီ အောက်ကျို့ရမှာကို ငြင်းဆန်ခဲ့သည်။ အခြား သူများ ကောင်းချီးများ ရရှိဖို့ သူတို့၏ ရည်ရွယ်ချက်များကို လက်လျှော့စေခဲ့ပြီး၊ သူတို့၏ အနာဂတ်နှင့် ကံကြမ္မာ၏ ထိန်းချုပ်ခြင်းကို မခံကြစေဖို့ လုပ်ဆောင်ခဲ့သော အချိန်မှာ ကျွန်မမှာမူ မိမိအနာဂတ်အတွက် အစီအစဉ်များဆွဲရင်းနှင့် ဤအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။ တခြားသူများ၏ လိမ်လည်လှည့်စားခြင်း နှင့် သံသယများကို ကျွန်မ စိတ်ရှုပ်ခဲ့သည် သူတို့၏ စကားအသုံးအနှုန်းများကို သတိထား စောင့်ကြည့်ရင်း ကျွန်မအပေါ် မည်သို့မြင်မည်ကို စိုးရိမ်မိသည်။ ကျွန်မက တခြားသူများကို ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့၊ သူတို့၏ သိုဝှက်ထားသော အတွင်းစိတ်များကို သေချာစိတ်ဖြာကြည့်ကြဖို့ တိုက်တွန်းပေမဲ့ ကျွန်မကိုယ်တိုင်ကတော့ တပါးသူအပေါ် မလိုမုန်းထားစိတ်ကို ဖျောက်မရသေးပါ၊ ကျွန်မ၏ စကားအသုံးအနှုန်း၊ အမူအရာများကလည်း ဘုရားသခင်၏ အထိန်းအကွပ် ကင်းမဲ့နေခဲ့ပါသည်။...နှစ်ပေါင်းများစွာ ကြာအောင် ကျွန်မသည် စကားကြီးကြီးမားမားကိုသာ ပြောလေ့ရှိခဲ့ပြီး၊ အယူဝါဒများကြောင်း လေကြောရှည်ရသည်ဖြင့်သာ ရောင့်ရဲနေခဲ့သော်လည်း၊ ကျွန်မသည် သရုပ်မှန်ထဲသို့ ဝင်ရောက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ဖို့ အာရုံမစိုက်ခဲ့ပါ။ ရလဒ်တစ်ခုအနေဖြင့် ကျွန်မသည် မိမိကိုယ်ကို နားလည်နိုင်စွမ်း မရှိဆဲဖြစ်ခဲ့သကဲ့သို့၊ ကျွန်မ၏ စိတ်သဘောထားသည်လည်း ထိုမျှ ပြောင်းလဲခြင်း မရှိခဲ့ပါ။ သို့သော် ယင်းသည် ပို၍သာ မာနထောင်လွှားခဲ့ပါသည်။ “အယူဝါဒများကို ၎င်းတို့ ပို၍နားလည်လေလေ၊ ၎င်းတို့၏ စိတ်သဘောထားများမှာ ပို၍မောက်မာလေလေ ဖြစ်လာသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဟု ဘုရားသခင် မိန့်တော်မူသည်နှင့် အညီပင် ဖြစ်ပါတော့သည်။ အယူဝါဒတရားများကို ကျွန်မ၏ကိုယ်ပိုင် အရင်းအနှီးတစ်ခုလို မှတ်ယူသော်လည်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့၊ ဝင်ရောက်မှုအတွက် အားထုတ်ကြိုးပမ်းဖို့၊ သမ္မာတရားကိုရရှိဖို့ အာရုံမစိုက်ခဲ့ပါ။ သို့ပါက ကျွန်မ၏ စိတ်သဘောထားများကို မည်သို့ ပြောင်းနိုင်မည်နည်း။ ဘုရားသခင်၏ လက်တွေ့ကျသော အမှုတော်နှင့် နှုတ်ကပတ်တော်က ကျွန်မတို့ လိုအပ်နေသော သမ္မာတရား အားလုံးကို ပေးစွမ်းမည့်အပြင်၊ ထိုသမ္မာတရားကို သဘောပေါက်ဖို့ ဘုရားသခင်က အလိုရှိပါသည်၊ ပြီးလျှင် ကျွန်မတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းကနေတစ်ဆင့် ကျွန်မတို့ ရရှိခဲ့သော အလင်းနှင့် ဉာဏ်အလင်းဖွင့်ပြခြင်းကို ကျွန်မတို့၏ နေ့စဉ် အတွေ့အကြုံများနှင့် ဝင်ရောက်မှုများထဲ ယူဆောင်လာပြီး ထိုအရာများကို ညီအစ်ကို မောင်နှမများထံ ထောက်ပံ့ပေးဖို့ ကိုယ်တော်က အလိုရှီပါသည်။ သို့သော် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အယူဝါဒများနှင့် ဖြည့်သွင်းရင်း အယူဝါဒများကို ပြောဆိုရခြင်းက ကျွန်မ၏ တာဝန်ဟု မှတ်ယူခဲ့သည်၊ တခြားသူများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် ကိုယ်ကျိုးမငဲ့ဘဲ ထောက်မပေးခဲ့ပြီး၊ အခြားသူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံး ခိုင်းနေသော အချိန်မှာ ကျွန်မကိုယ်တိုင်ကျတော့ ဝင်ရောက်ခြင်း မရှိခဲ့ပါ။ ရလဒ်အနေဖြင့် ကျွန်မက နောက်မှာကျန်ရစ် နေခဲ့ရပြီး၊ ကျန်သောညီအစ်ကို မောင်နှမများကိုပါ ဒုက္ခတွင်းထဲ ဆွဲသွင်းသလို ဖြစ်ခဲ့ရသည်။ ကျွန်မသည် အမှန်မှာမူ ခေတ်သစ်ရှင်ပေါလု သာ ဖြစ်ပါတော့သည်။

ဘုရားသခင်၊ ကိုယ်တော့်ကို နှစ်ပေါင်းများစွာယုံကြည်ခဲ့ခြင်းက အသက်တာကို ဝင်ရောက်ဖို့အတွက် အာရုံစိုက်ခြင်းမရှိဘဲ မိမိကိုယ်ကိုယ် အယူဝါဒတရားများနှင့် လက်ကိုင်ထားပြီး ကြွားဝါဖို့အတွက် အလုပ်ကိုပဲ အာရုံစိုက်နေခြင်း ကြောင့်သာဖြစ်သော်လည်း ကျွန်မ၏ စိတ်သဘောထား ပြောင်းလဲဖို့မတတ်နိုင် ဖြစ်နေခြင်းကို မြင်စေခဲ့သော ကိုယ်တော်၏ အလင်းဖွင့်ပြမှုနှင့် ရှင်းလင်းပြသမှုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ကျွန်မသည် မာနထောင်လွှားပြီး ပညာမဲ့ခဲ့ခြင်းများ၊ သမ္မာတရားကို မမြတ်နိုးခဲ့ခြင်းများကို မုန်းတီးပါသည်၊ ထို့ကြောင့် သမ္မာတရားထဲ ဝင်ရောက်ပြီး ပြောင်းလဲခြင်းကို ရှာဖွေနိုင်မည့် အခွင့်အရေးကောင်းများကို လက်လွတ်ဆုံးရှုံး ခဲ့ရသည်။ ယခုအခါတွင်မူ ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သမ္မာတရားကို ပိုပြီးနားလည်အောင် လုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သာ၍ နက်ရှိုင်းစွာ နားလည်ခြင်းကို ရှာဖွေဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်အားထက်သန်စွာနှင့် လက်တွေ့ကျကျ ကျင့်သုံးဖို့နှင့် သမ္မာတရားထဲ ဝင်ရောက်ဖို့၊ ကိုယ်တော့်ကို ပြန်လည် ပေးဆပ်ဖို့ တို့အတွက် လက်တွေ့ကျသော အသက်ရှင်နေထိုင်မှုကို အသုံးပြုဖို့ ဆန္ဒရှိနေပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူတစ်ဦးကို မျက်ကန်းယုံကြည်ခြင်း၏ အကျိုးဆက်များ

လီရွှမ်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပေါ့၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်မဝမ်ကို လက်တွေ့ကျကျ...

လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။