မည်သည့် အသက်အရွယ်ဖြစ်စေ သမ္မာတရားကို လိုက်စားပါ

29.04.2024

ဒီနှစ်တွေထဲမှာ ကျွန်တော် သွေးတွေတိုးပြီး ကျန်းမာရေး တော်တော်ညံ့တာ။ အိမ်မှာပဲ အနားယူနေရတာ များပါတယ်။ ကိုယ်နိုင်တဲ့တာဝန်တချို့ပဲ လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ၊ ကျွန်တော်တို့ရဲ့ ရေလောင်းကြီးကြပ်သူက ကျွန်တော် လူသစ်တွေကို ရေလောင်းပေးဖူးတယ်ဆိုတာကို ကြားပြီး၊ ကျွန်တော့်ကို ရေလောင်းတဲ့ တာဝန်ပေးတယ်။ ဒီတာဝန်ကို ထပ်ပြီး ဆောင်ရွက်ရမယ်ဆိုတော့ ကျွန်တော် အရမ်း တက်ကြွသွားတယ်။ ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်မယ်လို့ ဆုံးဖြတ်တယ်။ ကြီးကြပ်သူနှစ်ယောက်ကလည်း သုံးဆယ်ဝန်းကျင်တွေ၊ အရည်အချင်းကောင်း ရှိသူတွေ၊ စည်းမျဉ်းတွေ အတတ်မြန်တယ်။ ပြီးတော့ ညီမရှင်းရှင်းဆိုရင် တက်ကြွတယ်၊ သင်ယူလေ့လာမှု မြန်တယ်ဆိုတာတွေကို မြင်ရတော့၊ ကျွန်တော်လည်း ရင်ထဲမှာ ပျော်မဆုံးဘူးပေါ့ဗျာ။ ကျွန်တော်က အဲဒီတုန်းက အသက်ခြောက်ဆယ်လေ၊ ဒီလို ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကိုယ့်တာဝန်ကို ဆောင်ရွက်ဖို့ အခွင့်အရေး ရနေတုန်းပဲဆိုတော့၊ ကိုယ်လည်း ပိုပြီး ငယ်ရွယ်သွားသလို ခံစားရတယ်။ လူသစ်တွေအတွက် ကျွန်တော် စီစဉ်ရတဲ့ စုဝေးပွဲတွေကို ကိုယ့်စက်ဘီးလေးနဲ့ သွားတော့တာပဲ။ လမ်းလျှောက်ရင်းလည်း ဓမ္မတေးတွေကို အမြဲ ညည်းနေတော့တာပဲ။ ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး တကယ်ကို စိတ်အားထက်သန်ခဲ့တာ။ အချိန်နည်းနည်း ကြာလာတော့၊ ကျွန်တော်က စည်းမျဉ်းကို သိနားလည်မှုမှာရော၊ အသက်တိုးတက်မှုမှာရော၊ တိုးပွားလာခဲ့ပြီဆိုတာ ခံစားမိတယ်။ ဒီတာဝန်ကို ပိုပြီးတော့တောင် သဘောကျသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်တက်ကြွမှုတွေနောက်မှာ တချို့ပြဿနာ အသစ်လေးတွေ ပေါ်လာရော။ ကျွန်တော် သွေးပေါင်တွေ အရမ်းတက်တယ်။ ကျန်းမာရေး ညံ့တယ်ပေါ့။ တစ်နေ့စာ အလုပ်လုပ်ပြီးရင် ခြေကုန်လက်ပန်းကျပြီး၊ လှဲပြီးတော့ပဲ အနားယူချင်နေတော့တယ်။ ရှင်းရှင်းနဲ့ ကျန်တဲ့လူတွေက စည်းဝေးပွဲတွေ ပြီးရင် သူတို့တာဝန်မှာ သွေဖည်သွားတာတွေကို ဆက်ပြီး အကျဉ်းချုပ်နိုင်ကြတယ်၊ နောက်နေ့အတွက်လည်း စီစဉ်နိုင်တယ်။ ကျွန်တော်လည်း ငယ်ရွယ်တဲ့အမှုဆောင်တွေလို အလုပ်တွေ ပိုပြီးချင်တာပေါ့။ ဒါပေမဲ့ ညစာစားပြီးပြီဆိုတာနဲ့ အိပ်ငိုက်လာပြီး မှေးခနဲဖြစ်သွားတော့တာပဲ။ အဲဒါနဲ့ အိပ်ရာပဲ စောစော ဝင်ရတော့တာပေါ့။ တစ်ခါကျတော့ ကျွန်တော် သုံးရက်ဆက်တိုက် ကောင်းကောင်း အိပ်လို့မရခဲ့ဘူး။ ကျွန်တော့်ခန္ဓာကိုယ်ကိုက မခံနိုင်တော့တာ။ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်မှန်း ကျွန်တော် သိတယ်၊ ဒါနဲ့ ရှင်းရှင်းကို ကျွန်တော့်အိမ်မှာ ကျွန်တော့်အစား စုဝေးပွဲလုပ်ပေးဖို့ ပြောရတယ်။ အဲဒီနောက်မှာ ကျွန်တော် တော်တော် စိတ်ဓာတ်ကျသွားရော။ ကျွန်တော်က ကိုယ့်ပုံမှန်တာဝန်တွေကိုတောင် မဆောင်ရွက်နိုင်ဘူး၊ တခြားလူကို အကူအညီတောင်းရတယ်။ မကြာခင် တာဝန်ကနေ ဖယ်ရှားခံရနိုင်မယ့် သဘောမျိုးပေါ့။ တစ်ခါတလေ ကြီးကြပ်သူက လူသစ်တွေကို ရေလောင်းပေးတဲ့ စည်းမျဉ်းတွေ၊ ကောင်းတဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေကို မိတ်သဟာယပြုပြီဆိုရင်၊ ရှင်းရှင်းနဲ့ ကျန်တဲ့လူတွေက ချက်ချင်း နားလည်ကြတယ်၊ စည်းမျဉ်းတွေကိုလည်း အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်ကြတယ်၊ သူတို့တာဝန်တွေမှာ လက်တွေ့ သုံးနိုင်ကြတယ်။ ကျွန်တော်ကျတော့ အဲဒါတွေကို အချိန်နည်းနည်း ကြာတဲ့အထိ တွေးကြည့်ရတယ်၊ တစ်ခါတလေ ကြီးကြပ်သူက ကျွန်တော့်ကို ထပ်ပြီး မိတ်သဟာယပြုပေးရရော။ အဲဒီအချိန်တစ်လျှောက်လုံးမှာ ကျွန်တော် အမြဲ စိတ်မအေးဖြစ်ရတယ်၊ ညဘက်လည်း အေးအေးချမ်းချမ်း အနားမယူနိုင်ခဲ့ဘူး။ အိုမင်းတဲ့ ကိုယ့်အရွယ်၊ ကျန်းမာရေး မကောင်းတာတွေ၊ အကြောင်းအရာတွေကို သဘောပေါက်နှေးတာတွေ၊ မေ့လျော့တတ်တာတွေကြောင့်၊ ကိုယ့်တာဝန်ကို မလုပ်နိုင်တော့တဲ့ နေ့တစ်နေ့ ရောက်လာခဲ့ရင်၊ ကျွန်တော့်အတွက် ယုံကြည်သူတစ်ယောက်ဆိုတဲ့ လမ်းကြောင်းက အဆုံးသတ်သွားမှာလားဆိုပြီး ပူပန်ခဲ့မိတယ်။ ကျွန်တော့်အနေနဲ့ ကယ်တင်ခြင်း ရရှိနိုင်ဦးမှာလားပေါ့။ ကျွန်တော် အမြဲလိုလို စိတ်ဆင်းရဲနေတယ်။ ကိုယ့်တာဝန်ကိုလည်း အာရုံမစိုက်နိုင်ဘူး။ ကိုယ့်တာဝန်မှာ ရှင်းရှင်းလောက်နီးပါး ကောင်းအောင် မလုပ်နေဘူးလေ။ အသက်ကြီးလာတာကိုပဲ တော်တော် စိတ်ကုန်သွားတာ၊ ကိုယ့်ကိုယ်ကိုယ် အိုနေပြီ အသုံးမကျဘူးလို့ သတ်မှတ်မိတယ်၊ တာဝန်ပြောင်းခံရမှာကိုလည်း အမြဲ စိုးရိမ်ခဲ့တယ်။ အဲဒီ ငယ်ရွယ်တဲ့လူတွေအားလုံးကို အားကျမိတာပေါ့။ နာရီကို နှစ်နှစ်ဆယ်စာ နောက်ပြန်လှည့်ပြီး နုပျိုတက်ကြွမှု ပြန်ရရင် ဘယ်လောက်ကောင်းမလဲပေါ့။ အဲဒါဆို ကျွန်တော်လည်း ဘုရားအတွက် အဆုံးသတ်အထိ ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်မယ်၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့လည်း မျှော်လင့်ချက် ရှိမသွားဘူးလား။ ဒါတွေကို စဉ်းစားမိတဲ့အချိန်မှာ၊ ကျွန်တော်လည်း ကိုယ့်ပန်းတိုင်နဲ့ပတ်သက်ပြီး မပူပန်ဘဲ မနေနိုင်ခဲ့ဘူး။

တစ်ရက်ကျတော့ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော် နေနေတဲ့နေရာကို ရောက်လာပြီး၊ ကျွန်တော့်ကို ပြောတယ်၊ “ခင်ဗျား အသက်အရွယ်ရလာတာရော၊ သွေးတိုးတာတွေရောဆိုတော့၊ ခင်ဗျားကို အထွေထွေကိစ္စတွေဘက် တာဝန်ပြောင်းပေးမယ်။ အဲဒီလိုဆို ခင်ဗျားလည်း တစ်ချိန်လုံး ပြေးလွှားမနေရတော့ဘူးပေါ့” တဲ့။ အဲဒီသတင်းကို လက်ခံရတာ ကျွန်တော် တော်တော် ခက်ခဲခဲ့တယ်။ ရေလောင်းတဲ့ ကိုယ့်တာဝန်ကို တကယ် သဘောကျခဲ့တာ၊ အဲဒါကို စွန့်လွှတ်ရမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။ ဒါပေမဲ့ အခု ကျွန်တော် ရုတ်တရက် တာဝန်ပြောင်းပေးတာကို ခံနေရပြီ။ ကျွန်တော်က အသက်ကြီးသထက် ကြီးလာနေတယ်၊ နောက်ပိုင်းမှာ ရေလောင်းတာ လုပ်နိုင်ဖို့ကိုတောင် ဖြစ်နိုင်ခြေ ပိုနည်းသွားတော့မှာ။ လူတစ်ယောက်က ကိုယ့်ခေါင်းပေါ်ကို ရေအေးအေးတစ်ပုံး လောင်းချလိုက်လို့၊ ကိုယ့်စိတ်နှလုံးထဲက စိတ်အားထက်သန်မှု မီးတောက်လေး ငြိမ်းသွားသလိုမျိုး ခံစားလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေကတော့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြပြီး ကိုယ်တော့်အလိုတော်ကို မိတ်သဟာယပြုပေးပေမဲ့ ကျွန်တော် နားမထောင်ခဲ့ဘူး။ အဲဒီမှာ ထိုင်နေရင်းနဲ့ကို မလှုပ်နိုင်ဘဲ မတ်မတ်မထိုင်နိုင်တော့ဘူး။ အဲဒီညမှာ ကျွန်တော် အိပ်ရာထဲ လှဲပြီး လူးလှိမ့်နေမိတယ်။ ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေ တက်ကြွပုံ၊ သွက်လက်မှုအပြည့်ရှိပုံ၊ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို မြန်မြန်ဆန်ဆန် နားလည်ပုံတွေကို တွေးမိတယ်။ သူတို့တွေက ပျိုးထောင်ပေးထိုက်တယ်။ ဒီလူငယ်တွေဟာ ရှေ့လျှောက်အများကြီး အသက်ရှင်ရဦးမှာ။ ကျွန်တော့်လို အဘိုးကြီးတစ်ယောက်ကျတော့၊ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ကို ကိုယ့်ကျန်းမာရေးက တားဆီးနေပြီ။ ကျွန်တော်က သမ္မာတရားတွေ အများကြီး နားမလည်နိုင်ခဲ့ဘူး၊ ပျိုးထောင်ပေးဖို့လည်း မထိုက်ဘူး။ အဲဒါအပြင် မမာလွန်းလို့ ခန္ဓာကိုယ်က အချိန်မရွေး အရုပ်ကြိုးပြတ်လဲသွားနိုင်တယ်။ ဘုရားက ကျွန်တော့်လို အဘိုးကြီးကို မျက်နှာသာမပေးခဲ့တာ ကျိန်းသေတယ်။ ကျွန်တော့်မှာ ကောင်းတဲ့ပန်းတိုင်တစ်ခု ရှိမှာလားဆိုတာလည်း မရေရာခဲ့ဘူး။ ကျွန်တော်သာ နှစ်နှစ်ဆယ်စာလောက် ပြန်ငယ်ရွယ်ပြီး၊ ဘုရားသခင်အတွက် အသုံးခံဖို့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်ရင် သိပ်ကောင်းမှာ။ ကျွန်တော်လည်း ပိုပြီးစဉ်းစားလေလေ ပိုပြီး ခံစားရလေပဲ၊ တကယ်ကို အားငယ်ခဲ့ရတယ်။ ကိုယ့်ရင်ဘတ်ပေါ် ကျောက်တုံးအလေးကြီးတစ်ခု ဖိစီးနေသလိုမျိုး ခံစားရတယ်၊ ရင်ဘတ်က တင်းကျပ်လွန်းနေတော့ အသက်တောင် ကောင်းကောင်းမရှူနိုင်ဘူး။ ကျွန်တော့်မှာ တာဝန်ပြောင်းခံရတာကို စိတ်ဆင်းရဲလွန်းလို့ တစ်ညလုံး တစ်မှေးမှ အိပ်လို့မရနိုင်ခဲ့ဘူး။

နောက်နေ့ကျတော့ ရေလောင်းတဲ့ အမှုဆောင်တွေ စုဝေးကြတာနဲ့ တိုက်ဆိုင်နေပြန်ရော။ ကျွန်တော့်အိမ်ဘေးကနေ ကြီးကြပ်သူ ကျောက်လျန် စက်ဘီးနဲ့ ဖြတ်သွားတာကိုလည်း မြင်လိုက်ရတယ်။ သူ စုဝေးပွဲကို စက်ဘီးနင်းသွားတာ မြင်ရတော့ အရှိုက်ကို အထိုးခံလိုက်ရသလိုမျိုးပဲ။ ကျွန်တော်သာ တာဝန်ပြောင်းမခံရရင်၊ ကျွန်တော်လည်း အဲဒီကို သူနဲ့အတူ သွားရမှာလေ၊ ဒါပေမဲ့ အခုတော့ အဲဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ။ ကျွန်တော့်မှာတော့ ဘာဖြစ်လို့ အိုမင်းပြီး မကျန်းမမာ ဖြစ်ရတာလဲ။ အဲဒါတွေအားလုံးကို စဉ်းစားရင်းနဲ့၊ စိတ်ထဲမှာ အရမ်းကို အနှစ်သာရမဲ့လာတယ်။ ကျွန်တော် ရှေ့ဆက်ရင်း ဘာလုပ်ရမယ်ဆိုတာ မသိတော့ဘူး။ အဲဒီက ကျွန်တော့်ထိုင်ခုံလေးမှာပဲ ရည်ရွယ်ချက်မရှိ ထိုင်ရင်း၊ ကောင်းကင်ကို ပြတင်းပေါက်ကနေ ငေးနေမိတယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်တော့်အလားအလာတွေက မကောင်းဘူး၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက် မရှိဘူးလို့ စဉ်းစားမိတယ်။ စဉ်းစားကြည့်လေလေ ပိုပြီး ခံစားရလေလေပဲ။ မျက်ရည်တွေလည်း စီးကျလာတာပေါ့ဗျာ။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းတယ်၊ “အို ဘုရားသခင်၊ ဒီတာဝန်ပြောင်းမှုကို ကျွန်တော် အမှန်တကယ် မနာခံနိုင်သေးပါဘူး၊ လက်မခံနိုင်ခဲ့ပါဘူး။ ဒါက ကိုယ်တော့်ကို ပုန်ကန်တာ၊ ရွံစေတာ ကျွန်တော်သိပါတယ်။ အို ဘုရားသခင်၊ ကျွန်တော့်ကိုယ်ကျွန်တော် သိပြီး နာခံမိအောင် လမ်းပြတော်မူပါ” ပေါ့။ နောက်တော့ ကျောက်လျန်က ကျွန်တော် မကောင်းတဲ့ အခြေအနေတစ်ခုထဲ ရောက်နေမှန်း မြင်သွားတော့၊ ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု ဖတ်ပြတယ်။ “သင်၏တာဝန်က ပြင်ဆင်ကိုက်ညှိခြင်း ခံရသည့်အခါတွင် ကျိုးနွံနာခံဖို့ သင်ယူသင့်သည်။ သင်၏ တာဝန်အသစ်တွင် အတန်ကြာ လေ့ကျင့်ပြီးဖြစ်ကာ ထိုတာဝန် ထမ်းဆောင်ရာတွင် ရလဒ်များ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင် သင်သည် ဤတာဝန် ထမ်းဆောင်ဖို့ ပို၍ သင့်တော်သည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး သင်၏ နှစ်သက်မှုများအရ တာဝန်များကို ရွေးချယ်ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း သဘောပေါက်လာလိမ့်မည်။ ဤသည်မှာ ပြဿနာကို မဖြေရှင်းပေးသလော။ အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်သည် အချို့သော တာဝန်များကို လူတို့ဖြည့်ဆည်းဖို့ စီစဉ်ပေးရာတွင် လူများ၏ နှစ်သက်မှုများကို အခြေပြုခြင်း မဟုတ်ဘဲ အလုပ်၏ လိုအပ်ချက်များအပေါ်နှင့် ထိုတာဝန်ကို လူတစ်ဦး ဖြည့်ဆည်းခြင်းက ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိအပေါ်တွင် အခြေပြုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတစ်ဦးချင်း၏ နှစ်သက်မှုများအရ တာဝန်များကို စီစဉ်ပေးသင့်သည်ဟု သင်တို့ဆိုမည်လော။ လူတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများကို ဖြည့်ဆည်းသည့် အခြေအနေပေါ် အခြေခံ၍ တာဝန်များအတွက် လူတို့ကို ရွေးချယ်သင့်သလော။ (မရွေးချယ်သင့်ပါ။) ဤအရာများထဲမှ မည်သည့်အရာသည် လူများကို အသုံးပြုရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ မည်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ ဘုရားအိမ်တော်အလုပ်၏ လိုအပ်ချက်များနှင့်အညီ၊ မိမိတို့၏ တာဝန်ကို လူတို့ဖြည့်ဆည်းခြင်း၏ ရလဒ်များနှင့်အညီ လူများကို ရွေးချယ်ခြင်းဖြစ်သည်။ သင်သည် အချို့သော ဝါသနာများနှင့် စိတ်ပါဝင်စားမှုများ ရှိပြီး သင်၏တာဝန်များကို ထမ်းဆောင်ရန် အလိုဆန္ဒအနည်းငယ်ရှိသည်။ သို့ရာတွင် သင်၏အလိုဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ဝါသနာများကို ဘုရားအိမ်တော်၏ အလုပ်ထက် ပို၍ဦးစားပေးသင့်သလော။ ‘ဤအလုပ်ကို ကျွန်ုပ် လုပ်ရမှ ဖြစ်မည်။ လုပ်ခွင့်မပြုလျှင် ကျွန်ုပ် အသက်မရှင်လိုပါ။ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်လိုပါ။ ဤအလုပ်ကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ရှိမည် မဟုတ်သကဲ့သို့ အပြည့်အဝ အားစိုက်ထုတ်မည်လည်း မဟုတ်ပါ’ ဟုဆိုလျက် ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောနေလျှင် ဤအရာက တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၌ ပြဿနာရှိကြောင်း ပြသည် မဟုတ်လော။ ယင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးလုံးလျားလျား ကင်းမဲ့ခြင်း မဟုတ်လော။ သင်၏ တစ်ကိုယ်ရေ အလိုဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ဝါသနာများကို ဖြည့်ဆည်းရန်အတွက် အသင်းတော်အလုပ်ကို ထိခိုက်စေဖို့နှင့် နှောင့်နှေးစေဖို့ သင် ဝန်မလေးပေ။ ဤအရာက သမ္မာတရားနှင့် ကိုက်ညီသလော။ လူတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော အရာများကို မည်သို့ သဘောထားသင့်သနည်း။ လူအချို့က ‘လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်’ ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) ဤပြောဆိုချက်သည် မည်သည့်ပြောဆိုချက်မျိုး ဖြစ်သနည်း။ (ဆိုးယုတ်သော အတွေးမှားဖြစ်ပါသည်။) ဤသည်မှာ မှားယွင်းသော ပြောဆိုချက်၊ လှည့်စားပြီး အယောင်ဆောင်ထားသော ပြောဆိုချက်ဖြစ်သည်။ ‘လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်’ ဟူသည့် စကားရပ်ကို သင်၏တာဝန်များ ထမ်းဆောင်သည့် အခြေအနေတွင် အသုံးပြုပါက သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်။ ဤအရာသည် အဘယ်ကြောင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသနည်း။ အကြောင်းမှာ သင်သည် မိမိ၏ကိုယ်ပိုင်ဆန္ဒကို ဘုရားသခင်အပေါ် ပြဋ္ဌာန်းနေသောကြောင့်ဖြစ်၏။ ယင်းသည် ပြစ်မှားစော်ကားခြင်းတည်း။ သင်သည် သင်၏ တစ်ကိုယ်ရေ စတေးမှုကို ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ကောင်းချီးများဖြင့် အလဲအလှယ်လုပ်ရန် ကြိုးစားနေသည်။ သင်၏ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ဖြစ်သည်။ သင်၏ မည်သည့်အရာကိုမျှ သင်စတေးပေးရန် ဘုရားသခင် မလိုအပ်ပေ။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူများအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူ့ဇာတိကို စွန့်လွှတ်ရန် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံနေခြင်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားယွင်းနေကာ အမှုကိစ္စများအပေါ် သင်၏အမြင်များက မမှန်ကန်ဘဲ သင်၏ ပြောဆိုချက်များသည် သမ္မာတရားနှင့် လုံးလုံး ဆန့်ကျင်ကွဲလွဲသောကြောင့် သင်၏တာဝန်ကို သင်ညံ့ဖျင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်သည် သင့်ထံမှ တာဝန်ထမ်းဆောင်ခွင့်ကို မဖယ်ရှားသေးပေ။ သင်သည် ဤတာဝန်နှင့် သင့်တော်ခြင်း မရှိသောကြောင့် သင်၏တာဝန်များကို ပြင်ဆင်ကိုက်ညှိပေးပြီး သင့်အတွက် သင့်တော်သည့် တာဝန်တစ်ခုသို့ တာဝန်ပြောင်းပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်ပြီး နားလည်ရန်လည်း လွယ်ကူပေသည်။ လူတို့သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) ကျမ်းပိုဒ်ကို ဖတ်ပြပြီးတော့ ကျောက်လျန်က ဒီလိုမိတ်သဟာယပြုတယ်ဗျ။ “ဘုရားရဲ့အိမ်တော်က လူတွေကို တာဝန်ပြောင်းပေးတယ်ဆိုတာ၊ သူတို့တာဝန်ကို လုပ်ဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ပိတ်ပင်နေတာ မဟုတ်ဘူး၊ အသင်းတော်ရဲ့လိုအပ်ချက်တွေအရ ထိုက်သင့်တဲ့ အစီအစဉ်တွေကိုပဲ ပြုလုပ်နေတာပါ။ ခင်ဗျားက နေထိုင်ကောင်းနေတာ မဟုတ်ဘူး၊ အသက်အရွယ်လည်း ပိုရလာပြီ၊ သွေးတိုးလည်း ရှိတယ်။ ကိုယ့်တာဝန်ကို ဆောင်ရွက်ဖို့ စက်ဘီးနင်းနေရင်းဖြစ်ဖြစ်၊ စုဝေးပွဲမျိုးစုံကို သွားတဲ့လမ်းမှာဖြစ်ဖြစ်၊ ခင်ဗျားသာ တစ်ခုခုဖြစ်သွားခဲ့ရင်၊ အသင်းတော်အတွက်လည်း မကောင်းသလို ခင်ဗျားအတွက်လည်း မကောင်းဘူး။ ခင်ဗျားရဲ့အိမ်တွင်းအသင်းတော်ကို ပြန်ပြီး အဲဒီမှာပဲ ကိုယ့်တာဝန်ကို လုပ်တာ ခင်ဗျားအတွက် အကောင်းဆုံးပဲ။ အရင်ဆုံး နာခံလိုက်ရအောင်။ ဘုရားဆီက လာတယ်လို့ လက်ခံကြမယ်။ ပြီးရင် သင်ခန်းစာယူကြမယ်” တဲ့။ ကျောက်လျန်ရဲ့မိတ်သဟာယကို နားထောင်ပြီးတော့ ကျွန်တော် တော်တော် ရှက်သွားတယ်။ ဘုရားကို အချိန်အကြာကြီး ယုံကြည်လာခဲ့ပြီးတာတောင် ကျွန်တော်က နည်းနည်းလေးမှ မနာခံသေးဘူးလေ။ ကျွန်တော်က ရေလောင်းရတဲ့ ကိုယ့်တာဝန်ကို သဘောကျတယ်။ လူငယ်တွေလိုပဲ စိတ်အားထက်သန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က အသက်ခြောက်ဆယ် ကျော်ခဲ့ပြီ၊ မကျန်းမမာလည်း ဖြစ်နေပြီဆိုတော့၊ ကိုယ်က သူတို့မှာ ရှိတဲ့ အကြောင်းအရာသစ်တွေကို သင်ယူနိုင်စွမ်းရော၊ အင်အားတွေ၊ မှတ်ဉာဏ်တွေရော မရှိတော့တာပါ။ ကျွန်တော့်ကို ဆက်ပြီး ရေလောင်းခွင့်ပြုမယ်ဆိုရင်၊ လူသစ်တွေကို ရေလောင်းပေးတဲ့ ရလဒ်တွေက အပျက်သဘော ထိခိုက်လာလိမ့်မယ်။ အသင်းတော်က ကျွန်တော့်အလုပ်ရဲ့ ရလဒ်တွေနဲ့ ကျန်းမာရေးကိစ္စတွေကို အခြေခံပြီး၊ ပိုပြီး သင့်တော်တဲ့ တာဝန်တစ်ခုကို ကျွန်တော့်အတွက် ပြောင်းပေးလိုက်တာပဲ။ ကျွန်တော်က ဆင်ခြင်တတ်ရမယ်၊ လက်ခံပြီး နာခံရမယ်လေ။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းတယ်၊ ကျွန်တော်က ကိုယ်တော့်အစီအစဉ်တွေကို နာခံချင်စိတ် ရှိပါတယ်၊ ကိုယ့်တာဝန်အသစ်မှာလည်း ပူးပေါင်းလုပ်ဆောင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်ပေါ့။ နောက်တော့ ကျွန်တော် စပြီး တွေးမိလာတယ်၊ တာဝန်ပြောင်းခံရတဲ့ အချိန်မှာ ကျွန်တော်က ဘာလို့ မနာခံခဲ့တာလဲ။ ဘာဖြစ်လို့ အရမ်းကို စိတ်ဓာတ်ကျလာခဲ့တာလဲ။ ရှာဖွေကြည့်ရင်း ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို တွေ့မိတယ်။ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း ရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို သတိမရသကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။ ဤအသက်အရွယ်တွင်၊ မည်သည့်အရာမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်ကို ယခု ငါ ယုံကြည်သည့်အတွက်၊ ငါ့မှာ နောက်ထပ် စိုးရိမ်မှုများမရှိတော့ပါ၊ စိတ်သောကရောက်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ ငါ၏ သားသမီးများ အရွယ်ရောက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ သို့မဟုတ် ပြုစုပျိုးထောင်ဖို့ ငါ့ကို မလိုအပ်ကြတော့ပါ။ ဘဝတွင် ငါ၏ အကြီးမားဆုံးသော ဆန္ဒမှာ သမ္မာတရားကို လိုက်စားရန်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်နှင့် နောက်ဆုံးတွင် ငါ့တွင် ကျန်ရှိသည့် နှစ်ကာလများ၌ ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သို့ရာတွင် ငါ၏ တကယ့် အခြေအနေဖြစ်သည့် အသက်အရွယ်ကြောင့် အမြင်ဝေဝါးပြီး၊ စိတ်ရှုပ်ထွေးခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းနှင့် တစ်ခါတရံ ငါ တတ်နိုင်သမျှ လုပ်ဆောင်ရန် ကြိုးစားချိန်တွင် ပြဿနာများ ဖန်တီးနေမိခြင်းတို့ကို ယခု ကြည့်သည့်အခါ၊ ကယ်တင်ခြင်း ရရှိခြင်းသည် ငါ့အတွက် လွယ်ကူမည်မဟုတ်သည့်ပုံ ပေါ်ပေသည်’ဟု တွေးလျက် စတင်စိုးရိမ်သောကရောက်ကြလေသည်။ ဤအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြပြီး၊ တိုး၍ ပူပန်သောကရောက်ကြပြီးနောက်၊ ‘လူငယ်များထံသို့သာ ကောင်းသည့်အရာများ ဖြစ်ပျက်ပြီး အိုမင်းသော လူများထံသို့ မဖြစ်ပျက်သည့်အလား ထင်ရသည်။ အမှုအရာများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို ငါ မွေ့လျော်နိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်’ဟု တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားလေလေ၊ ၎င်းတို့ စိုးရိမ်သောကရောက်ပြီး ကြောင့်ကြလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စိုးရိမ်ကြရုံမက၊ နာကျင်မှုကိုလည်းခံစားကြရလေသည်။ ၎င်းတို့ ငိုကြွေးလျှင်၊ အမှန်တကယ်တွင် ငိုကြွေးဖို့မထိုက်တန်ဟု ခံစားကြပြီး၊ မငိုကြွေးပါကလည်း၊ ထိုဝေဒနာ၊ ထိုနာကျင်မှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ အထူးသဖြင့်၊ မိမိတို့ အချိန်ရှိသမျှကို ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရင်းနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးချင်ကြသည့် သက်ကြီးရွယ်အိုအချို့ ရှိကြသော်လည်း၊ ၎င်းတို့သည် ရုပ်ပိုင်းအရ မကျန်းမာကြပေ။ အချို့မှာသွေးတိုးရှိပြီး တချို့မှာ သွေးထဲ သကြားဓာတ် မြင့်မားကြသည်၊ တချို့မှာ အစာအိမ်ပြဿနာများ ရှိကြပြီး၊ ၎င်းတို့၏ ကာယခွန်အားက ၎င်းတို့တာဝန်၏ တောင်းဆိုချက်များကို အမီမလိုက်နိုင်သောကြောင့် ၎င်းတို့ စိုးရိမ်သောကရောက်ကြလေသည်။ ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ ‘ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား’ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အံ့ဩဖွယ် အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် မုန်းတီးကာ မိမိတို့ကိုယ်ကိုယ် သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သညမဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားက သက်ကြီးရွယ်အိုတိုင်းရဲ့ စိတ်ထဲက အတွေးတွေကို ဖွင့်ဟပြတာပါ။ သက်ကြီးရွယ်အိုတွေကလည်း ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အသုံးခံချင်ကြတယ်၊ ဒါပေမဲ့ သူတို့ခန္ဓာကိုယ်တွေက မခံနိုင်ကြဘူး။ သူတို့မှာ လူငယ်တွေလို သင်ယူဖို့ ခွန်အားတို့၊ မှတ်ဉာဏ်တို့ မရှိဘူး။ ဒါကြောင့် သူတို့လုပ်နိုင်တဲ့ တာဝန်တွေကိုပဲ လုပ်လို့ရတယ်၊ ဒါပေမဲ့ သူတို့ ဘာမှမလုပ်သလောက် ဖြစ်မှာကိုရော၊ ဘုရားက အမှတ်မရဘဲ နေမှာကိုရော ပူပန်ကြတယ်။ သူတို့က အိုမင်းပြီ၊ အမြင်တွေ မကောင်းကြဘူး၊ ဒါကြောင့် သမ္မာတရားကို အများကြီး နားမလည်နိုင်တော့ဘူးဆိုတော့၊ စိတ်ဓာတ်ကျပြီး သောကဖြစ်ကြတယ်၊ သူတို့ရဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ပူပန်ကြတာပေါ့။ ကျွန်တော်လည်း ဘုရားသခင် ဖော်ထုတ်ပြတဲ့ အဲဒီ အခြေအနေမျိုးမှာပဲ ရှိခဲ့တာပါ။ ဘုရားရဲ့အိမ်တော်က ပျိုးထောင်ပေးတဲ့ လူတွေအများစုဟာ ငယ်ရွယ်တယ်၊ အစွမ်းအစကောင်းတယ်၊ တက်ကြွပြီး အတတ်မြန်တယ်ဆိုတာတွေကို ကျွန်တော် မြင်မိတယ်။ ကျွန်တော်ကျတော့ အများကြီး အသက်ကြီးသွားပြီ၊ ကိုယ့်တာဝန်ကို ဆောင်ရွက်ဖို့ စိတ်ဆန္ဒ ရှိနေလည်း၊ ကိုယ့်ခွန်အားနဲ့ မှတ်ဉာဏ်က လူငယ်တွေကို မမီတော့ဘူးလေ။ လူငယ်တွေက သူတို့တာဝန်တွေကို တစ်နေကုန် လုပ်ပြီးရင်လည်း ခွန်အားက ပြည့်နေတုန်းပဲ၊ သူတို့အလုပ်ထဲက ပြဿနာတွေနဲ့ လမ်းလွဲတာတွေအပြင် သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကိုပါ ပြန်ပြီး သုံးသပ်နိုင်ကြသေးတယ်။ ကျွန်တော့်မှာတော့ အိပ်ရာထဲ စောစော ဝင်ရတာပဲ။ တစ်ခါတလေ ကိုယ့်ခန္ဓာကိုယ်က အလုပ်ပမာဏကို မနိုင်နင်းတဲ့အခါကျရင်၊ ကျွန်တော့်ကိုယ်စား လူသစ်တွေကို ရေလောင်းပေးဖို့ သူများတွေကို ပြောရတယ်။ ကြီးကြပ်သူတွေက အသုံးတည့်တဲ့ စည်းမျဉ်းတွေ၊ နည်းလမ်းတွေကို မိတ်သဟာယပေးပြီဆိုရင်၊ လူငယ်တွေက ချက်ချင်း နားလည်ပြီး၊ သူတို့တာဝန်တွေမှာ အားလုံးကို အသုံးချကြရော။ ကျွန်တော့်မှာတော့ တစ်ခုခု သဘောပေါက်ဖို့ကို အများကြီး အချိန်ပိုယူရတာ။ ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်ကြည့်ရင်၊ တာဝန်တွေ ထမ်းဆောင်ရတာက ကျွန်တော့်အတွက် အများကြီးပိုပြီး အားစိုက်ရတယ်။ ကျွန်တော်လည်း အခြေအနေကို တော်တော် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာပေါ့၊ အသက်ကြီးနေလို့၊ ကိုယ့်တာဝန်မှာ အများကြီး မလုပ်နိုင်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်တော့်အနေနဲ့ သမ္မာတရားကို အားထုတ်မယ်ဆိုရင်တောင် အများကြီး နားလည်ခဲ့မှာမဟုတ်ဘူး၊ ဘုရားကလည်း သဘောမကျဖြစ်ခဲ့မှာပဲ။ ကျွန်တော်က ဘုရားကို နားလည်မှုလွဲမှားရင်း နေထိုင်ခဲ့တာပါ၊ ကိုယ့်အနာဂတ် ပန်းတိုင်ကိုလည်း မပူပန်ဘဲ မနေနိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော် သဘောပေါက်သွားပါပြီ၊ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေမှာ ရှိကြတဲ့ ခွန်အားနဲ့ မှတ်ဉာဏ် ပမာဏတွေက တူညီချင်မှ တူညီကြမယ်၊ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပတ်သက်လာရင်တော့ အားလုံးက အတူတူပါပဲ။ လူငယ်ရော လူကြီးရော မာနထောင်လွှားကြတာချည်းပါပဲ။ လူငယ်ရော လူကြီးရော တစ်ကိုယ်ကောင်းဆန်ကြတာချည်းပါပဲ။ ဘုရားသခင် စီစဉ်ညွှန်ကြားတဲ့ ကျွန်တော်တို့ မကြိုက်တဲ့ အခြေအနေတစ်ခုကို ကြုံရပြီဆိုရင် ကျွန်တော်တို့အားလုံးက ပုန်ကန်တဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြကြတာပါပဲ။ ကျွန်တော်တို့က ဘုရားရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မနာခံနိုင်ကြဘူး။ ကိုယ်ကျိုးနဲ့ပတ်သက်လာရင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဆုံး ဂရုစိုက်ကြတယ်။ ကိုယ့်ရဲ့ အတ္တကြီးပြီး စက်ဆုပ်စရာ ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြတယ်။ လူကြီးတွေရော လူငယ်တွေရော စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေကြတာချည်းပါပဲ။ ကျွန်တော်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ် မကြာမကြာ ဆင်ခြင်ကြည့်ဖို့ လိုတယ်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံဖို့နဲ့၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့လည်း လိုတယ်။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်တာဝန်မှာ ဆောင်ရွက်တဲ့ အလုပ်ပမာဏတွေဆိုတာ ဘုရားက ကျွန်တော့်ကို ချီးကျူးသင့်မသင့် ဆုံးဖြတ်ဖို့ အသုံးပြုတဲ့ စံတွေပဲလို့ ထင်ခဲ့မိတာ။ ဘုရားက လူအိုတွေကို မနှစ်သက်ဘူး၊ ငါ့မှာ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး နည်းနည်းပဲ ရှိတယ်လို့ ထင်ခဲ့မိတယ်။ ကျွန်တော့်အမြင်တွေ၊ အယူအဆတွေက တော်တော် အဓိပ္ပာယ်မရှိခဲ့တာပါ။ အခုတော့ ကျွန်တော် သိပြီ။ ဘုရားရဲ့အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နာခံရမယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့နဲ့ သိဖို့၊ ကိုယ့်တာဝန်မှာ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားဖို့ အာရုံစိုက်ရမယ်။ ဘာလို့လဲဆိုတော့ ဒါက ဘုရားရဲ့အလိုတော်နဲ့ ကိုက်ညီတဲ့အရာ ဖြစ်လို့ပဲ။ ဒါကို နားလည်သွားတော့ ကျွန်တော် စိတ်ကြည်လင်သွားတယ်။

တစ်မနက်ကျတော့ ဝတ်ပြုနေရင်း ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို အမှတ်မထင် တွေ့ပြန်ရော။ ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှု ကြီးမားတဲ့အပြင် ဘုရားရဲ့အလိုတော်ကို ပိုပြီး နားလည်အောင် ကူညီပေးတယ်ဗျ။ “ဘုရားအိမ်တော်တွင်၊ ပြီးလျှင် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ သက်ကြီးရွယ်အိုများသည် အထူးအုပ်စုတစ်ခု ဖြစ်ကြသလော။ မဟုတ်ကြပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင့်ဖောက်ပြန်ပျက်စီးခြင်း၏ နက်ရှိုင်းမှု၊ သမ္မာတရား လိုက်စားရန် သင် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ၊ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် သင် ကယ်တင်ခံရဖို့ ဖြစ်နိုင်ခြေအဘယ်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လာသည့်အခါတွင်ကဲ့သို့ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ အသက်အရွယ်သည် ဆက်စပ်မှုမရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သမ္မာတရားနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ငါတို့ မိတ်သဟာယပြုကြပြီးဖြစ်သော်လည်း၊ လူတို့၏ မတူကွဲပြားသော အသက်အရွယ်အများအတိုင်း မတူကွဲပြားသော သမ္မာတရား အမျိုးအစားများကို ငါတို့ လုံးဝ မိတ်သဟာယမပြုကြဖူးပေ။ ငယ်ရွယ်သည့် လူများအတွက်ဖြစ်စေ၊ သက်ကြီးရွယ်အိုများအတွက်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါတွင်မျှ အထူးသီးသန့် မိတ်သဟာယမပြုဖူးသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ထုတ်ဖော်ပြခြင်မရှိဖူးပေ။ ၎င်းတို့သည် အိုမင်းသည့် အရွယ်၊ တင်းမာသော အတွေးနှင့် အသစ်သောအရာများကို လက်ခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလိုအလျောက် ရပ်တန့်ကာ ပြောင်းလဲသွားသည်ဟုလည်း ပြောဆိုထားခြင်း မရှိလေပြီ။ ဤအရာများကို မည်သည့်အခါတွင်မျှ မပြောဆိုဖူးပေ။ လူတို့၏ အသက်အရွယ်အရနှင့် သက်ကြီးရွယ်အိုများကို ထည့်မတွက်ဘဲချန်ထာလျက် သမ္မာတရားတစ်ခုကိုမျှ သတ်သတ်မှတ်မှတ် မိတ်သဟာယ မပြုဖူးပေ။ သက်ကြီးရွယ်အိုများသည် အသင်းတော်တွင်၊ ဘုရားအိမ်တော်တွင် သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် အထူးအုပ်စုတစ်စု မဟုတ်ဘဲ၊ ထိုထက် အခြား မည်သည့်အသက်အရွယ်အုပ်စုမဆိုနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိ။ ၎င်းတို့အနေဖြင့် အခြားသူများထက် အနည်းငယ်ပို၍ ကြာရှည်စွာ အသက်ရှင်နေထိုင်ပြီးဖြစ်ခြင်း၊ အခြားသူများထက် နှစ်အနည်းငယ် စောစွာ ဤလောကထဲသို့ို့ ရောက်ရှိခဲ့ခြင်း၊ ၎င်းတို့၏ ဆံပင်များက အခြားသူများထက် အနည်းငယ် သာ၍ ဖြူခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အခြားသူများထက် အနည်းငယ် စောစီးစွာ အိုမင်းသွားခြင်းသာ ဖြစ်သည်။ ဤအရာများအပြင် မည်သည့် ကွာခြားမှုမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော် သိလိုက်ရတာက၊ ဘုရားရဲ့အိမ်တော်မှာ သက်ကြီးရွယ်အိုတွေဟာ သီးခြား ဖယ်ထုတ်ခံရမယ့် အုပ်စုတစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ သူတို့တွေက အိုမင်းမစွမ်းဖြစ်ပြီး အသက်နည်းနည်း ပိုကြီးတယ်ဆိုရုံပါပဲ။ သူတို့မှာ လူငယ်တွေရဲ့ခွန်အားနဲ့ တက်ကြွမှုမျိုး ရှိချင်မှရှိမယ်၊ တချို့ရောဂါတွေကိုလည်း ခံစားကောင်း ခံစားနေရနိုင်တယ်၊ ဒါပေမဲ့ သမ္မာတရားရှေ့မှောက်မှာ အသက်အရွယ်အရ ခြားနားမှုတွေ မရှိပါဘူး။ နောက်ဆုံးသောကာလမှာ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး တရားစီရင်ခြင်းအလုပ်ကို ပြုတဲ့အခါ၊ ဘုရားက လူငယ်နဲ့ လူကြီးဆိုပြီး မခွဲခြားပါဘူး။ သက်ကြီးရွယ်အိုဖြစ်ဖြစ်၊ ငယ်ရွယ်သူပဲဖြစ်ဖြစ်၊ အားလုံးက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေကြတဲ့အပြင်၊ ဘုရားရဲ့ကယ်တင်ခြင်းကိုလည်း အားလုံးက လိုအပ်ပါတယ်။ လူတစ်ယောက် ကယ်တင်ခြင်းခံရနိုင် မခံရနိုင်ဆိုတာက သူတို့အသက်အရွယ်အရဖြစ်စေ၊ သူတို့ထမ်းဆောင်တဲ့ တာဝန်အရဖြစ်စေ သတ်မှတ်တာ မဟုတ်ပါဘူး။ အဓိကက သူတို့ဟာ သမ္မာတရားကို လိုက်စားခြင်းလမ်းမှာ လျှောက်သလား မလျှောက်ဘူးလားဆိုတာပါပဲ၊ ဒါကို ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ ဆုံးဖြတ်ပေးပါတယ်။ လောကီ အသိုင်းအဝိုင်းထဲမှာတော့ အသက်ကြီးပိုင်း အလုပ်သမားတွေကို မနှစ်သက်စရာအဖြစ် များသောအားဖြင့် သဘောထားကြတယ်။ လူတွေက သူတို့ကို လိုက်မမီဘူး၊ မကြံ့ခိုင်ဘူး၊ အကျိုးရှိတဲ့အရာ ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အလုပ်ရှင်အများစုက ငယ်ရွယ်တဲ့အလုပ်သမားတွေကို သဘောကျပြီး အသက်ကြီးပိုင်းကိုတော့ မနှစ်သက်ဘူး။ ကျွန်တော်ဆိုလည်း မယုံကြည်သူတွေရဲ့ အယူအဆတွေအတိုင်း ဘုရားအပေါ် အမြင်ကျဉ်းခဲ့မိတယ်၊ ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေက တာဝန်တွေအများကြီး ထမ်းဆောင်နိုင်ပြီး အများကြီး ပါဝင်လုပ်ကိုင်နိုင်ကြလို့၊ သူတို့က ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး အများဆုံး ရှိတယ်ပေါ့၊ သက်ကြီးရွယ်အိုတွေကျတော့ မဖြစ်စလောက် တာဝန်တွေပဲ လုပ်ပြီး နည်းနည်းပဲ ပြီးမြောက်ကြတယ်၊ ဒါကြောင့် သူတို့က ဘုရားရဲ့နှစ်သက်ခြင်း မရကြတဲ့အပြင်၊ ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး နည်းတယ်လို့ ထင်ခဲ့မိတာပါ။ ကျွန်တော်က ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့တဲ့အပြင်၊ ကိုယ့်ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို အခြေခံပြီး ကိုယ်တော့်ကို အကဲဖြတ်ခဲ့မိတယ်။ ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားခဲ့တာပဲ။ ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်၊ ဘုရားက လူတိုင်းရဲ့ လုပ်ရပ်တွေကို သမ္မာတရားအရ အကဲဖြတ်တယ်ဆိုတာကိုလည်း ကျွန်တော် နားလည်လာတယ်။ ဒီညီမလေးတစ်ယောက်ကို ကျွန်တော် သိခဲ့ရသလိုမျိုးပေါ့၊ သူက ငယ်ရွယ်တယ်၊ ထက်မြက်တယ်၊ ခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံခဲ့တယ်။ ဒါပေမဲ့ သူက အလုပ်အစီအစဉ်တွေကို ချိုးဖောက်နှောင့်ယှက်ပြီး၊ အသင်းတော်ရဲ့အလုပ်ကို အလျဉ်ပြတ်အောင် နှောင့်ယှက်တယ်။ သူ့ကို အကြံပြုချက် ပေးတဲ့လူတွေကိုလည်း လက်တုံ့ပြန်ပြီး ဖိနှိပ်သေးတာ။ နောက်ဆုံးမှာ သူ့ကို ဆိုးယုတ်တဲ့ လူတစ်ယောက်လို့ သတ်မှတ်ပြီး အသင်းတော်ကနေ ထုတ်ပယ်တာပေါ့။ ဒါပေမဲ့ အသက်တော်တော်လေး ကြီးတဲ့ တခြားညီမတစ်ယောက်ကိုလည်း ကျွန်တော် သိခဲ့ရသေးတယ်။ သူက ပညာမတတ်ဘူး၊ ပျမ်းမျှ အစွမ်းအစပဲ ရှိတယ်၊ ဒါပေမဲ့ သူ့တာဝန်ကို တစ်သမတ်တည်းပဲ လုပ်နေတယ်။ သူ့မှာ ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတယ်၊ သူ့တာဝန်မှာ သစ္စာရှိတယ်။ ဒီ သက်ကြီးပိုင်း ညီအစ်ကိုမောင်နှမတွေက သန်မြန်ချင်မှ သန်မြန်မယ်၊ အကောင်းဆုံးဆိုတဲ့ မှတ်ဉာဏ် ရှိချင်မှရှိမယ်၊ ဒါပေမဲ့ သူတို့တာဝန်တွေမှာ အကောင်းဆုံး လုပ်ကြတယ်၊ သူတို့ကိုယ်သူတို့ သိခြင်း၊ ဆင်ခြင်ခြင်းကို အာရုံစိုက်ကြတယ်၊ သူတို့တာဝန်တွေမှာ စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားကြတယ်။ သူတို့တွေလည်း ဘုရားရဲ့ချီးမွမ်းခြင်းကို ခံရနိုင်တာပဲ၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိကြတာပဲ။ ကျွန်တော် ထပ်ပြီး နားလည်သွားတာက အိုမင်းရင့်ရော်တယ်ဆိုတာ ဘုရားသခင်အားဖြင့် ကြိုတင်ပြဋ္ဌာန်းထားတဲ့၊ ပြောင်းလဲလို့မရတဲ့ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ၊ ဒါကြောင့် ကျွန်တော်က အဲဒါကို နာခံသင့်တယ်၊ လက်ရှိအသက်အရွယ်အရ ကိုယ်လုပ်နိုင်တဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်သင့်တယ်ပေါ့။ တကယ်တော့ ကျွန်တော့်မှာ မှန်ကန်တဲ့ သဘောထား ရှိပြီး၊ ကိုယ့်တာဝန်အသစ်မှာ သမ္မာတရား ရှာဖွေတာကိုပဲ အာရုံစိုက်နေသရွေ့၊ ကျွန်တော်လည်း ဘုရားရဲ့ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို ရခဲ့နိုင်မှာပဲ မဟုတ်ဘူးလား။ ကိုယ့်ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့ယွင်းမှုတွေကို ကျွန်တော်လည်း သိလာနိုင်ခဲ့မှာ မဟုတ်ဘူးလား။ ကျွန်တော့်အနေနဲ့ သမ္မာတရားကို ဆက်ပြီး လိုက်စားလို့ မရနိုင်ခဲ့ဘူးလား။ ဘုရားက ကျွန်တော့်ကို ကိုယ့်တာဝန် လုပ်ဆောင်ခွင့်နဲ့ ကယ်တင်ခြင်း ရရှိခွင့်ကို မပိတ်ပင်ခဲ့ပါဘူး၊ ကျွန်တော့်ကို အသက်အရွယ်ကြောင့် ခွဲခြား ဆက်ဆံဖို့ဆိုတာ ပိုတောင် ဝေးပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားကို ကျေးဇူးမသိတတ်တဲ့အပြင်၊ လူအိုတွေကို မနှစ်သက်ဘူးလို့တောင် တလွဲ ထင်မိပြီး သူ့အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို အာခံနေခဲ့တယ်။ ကျွန်တော်က လုံးလုံး အဆင်အခြင်မဲ့ခဲ့တာပဲ။ ဒါတွေအားလုံးကို နားလည်သွားတဲ့အချိန်မှာ ကျွန်တော် တော်တော် နောင်တရမိတယ်။ ဘုရားကို ဆက်ပြီး ပုန်ကန်နေလို့၊ အထင်လွဲနေလို့ မဖြစ်တော့ဘူးလေ၊ ကိုယ့်သောကတွေနဲ့ ပူပန်တာတွေကို ဘေးဖယ်ပြီး၊ အသင်းတော်ရဲ့အလုပ် မနှောင့်နှေးရအောင် ကိုယ့်တာဝန်အသစ်မှာ ကောင်းကောင်းမွန်မွန် ပူးပေါင်းလုပ်ဆောင်ခဲ့ရတယ်။

အဲဒီနောက် ကျွန်တော် စတွေးမိတယ်၊ လူ့တာဝန်ဆိုတာ ကောင်းချီးတွေ၊ ကံဆိုးခြင်းတွေနဲ့ မသက်ဆိုင်မှန်း သိနေတာတောင်၊ ကျွန်တော်က ကိုယ် မကြိုက်တဲ့ တာဝန်တစ်ခုကို ပြောင်းပေးခံရပြီးတဲ့နောက်မှာ၊ ကိုယ့်ပန်းတိုင်နဲ့ပတ်သက်ပြီး မပူပန်ဘဲမနေနိုင် ဖြစ်လာနေသေးတယ်ဆိုတာ ဘာကြောင့်လဲပေါ့။ ကျွန်တော့်ပြဿနာရဲ့ရင်းမြစ်က ဘာလဲ။ စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခု ဖတ်ပြတယ်ဗျ၊ အဲဒီမှာ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော့်ပြဿနာရဲ့ ရင်းမြစ်ကို ဖော်ထုတ်မိတာပဲ။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)မိမိတို့၏ တာဝန်များ ထမ်းဆောင်ရန် မဆုံးဖြတ်မီ အန္တိခရစ်တို့သည် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲတွင် ၎င်းတို့၏ ရှေ့ရေးများ၊ ကောင်းချီးများအတွက်၊ ခရီးပန်းတိုင်ကောင်းအတွက်အပြင် သရဖူအတွက်ပင် မျှော်မှန်းချက်များဖြင့် ပြည့်လျှံနေကြသည်။ ၎င်းတို့သည် အဆုံးစွန် ယုံကြည်စိတ်ချမှုရှိကြသည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဘုရားသခင် တောင်းဆိုသည့် ရိုးသားမှု၊ စစ်မှန်သော ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုတို့ ပါဝင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို တာဝန်ယူ ဆောင်ရွက်ခြင်း မရှိမီ လုံးလုံးလျားလျား အပေးအယူဆန်သော စိတ်ဓာတ်တစ်ခုကို သိုထားသောကြောင့် ဤအချိန်တွင် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိမှု၊ သို့မဟုတ် ယုံကြည်မှု သို့မဟုတ် ရိုးသားမှုတို့ကို အကြင်သူသည် မမြင်နိုင်သေးပေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်ချရာတွင် ကိုယ်ကျိုးစီးပွားဖြင့် စေ့ဆော်ခြင်း ခံရသည့်အပြင် မရှိမဖြစ် တွဲပါနေသော ၎င်းတို့၏ လျှံထွက်နေသည့် ရည်မှန်းချက်များနှင့် အလိုဆန္ဒများကိုလည်း အခြေခံလေသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ “ငါ၏ တာဝန်ကို ဖြည့်ဆည်းလျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရားသခင် ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါထမ်းဆောင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားမှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်များကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားမှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်များကို ဤနည်းဟန်ဖြင့် ထမ်းဆောင်ကြသည့် အန္တိခရစ်တို့၏ သဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ လက်ခံရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်မှုကတစ်ဆင့်၊ ကျွန်တော် မြင်သွားတာက၊ ကျွန်တော်ဟာ အန္တိခရစ်တစ်ယောက်နဲ့ အတူတူပါပဲ၊ ကောင်းချီးတွေ ရဖို့နဲ့ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရဖို့အတွက်ပဲ ယုံကြည်ခဲ့တယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့မိတယ်။ ဘုရားကို ယုံကြည်ခြင်း မရှိခင်တုန်းကလည်း၊ မကောင်းတဲ့ အဆိပ်အတောက်တွေ ဖြစ်တဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” တို့၊ “ဆုလာဘ် မရှိဘဲ လုံးဝမလုပ်နှင့်” တို့ဆိုတာတွေနဲ့ပဲ ရှင်သန်ခဲ့တာပါ။ ကိုယ့်ကိုယ်ပိုင်အကျိုးကို ထည့်စဉ်းစားတာ မှန်တယ်၊ သင့်တော်တယ်လို့ ထင်ခဲ့တယ်။ တစ်ခုခုက ကျွန်တော့်ကို အကျိုးပြုနေသရွေ့၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခ ခံရခံရ၊ ဘယ်လို အဖိုးအခကိုပဲ ပေးရပေးရ ကျွန်တော် လုပ်မိမှာပဲ။ နောက်ဆုံးသောကာလမှာ ဘုရားရဲ့အမှုတော်ကို လက်ခံပြီးတော့၊ ကျွန်တော် ကြားမိတာက ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်၊ ထာဝရအသက်ကို ရနိုင်တယ်၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ပေါ့။ ဒီ ကောင်းချီးမင်္ဂလာကြီးကို ငွေတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ဝယ်လို့မရနိုင်ဘူးဆိုတာ မြင်တော့၊ ကျွန်တော်က မိသားစုကို စွန့်တယ်၊ ကိုယ့်အလုပ်ကို ထွက်ပြီး ဘုရားနောက် လိုက်လျှောက်တာ၊ ကိုယ့်တာဝန် ထမ်းဆောင်တာတွေ စလုပ်တယ်။ ဘုရားရဲ့အိမ်တော်က ကျွန်တော့်ကို ရေလောင်းတဲ့တာဝန် ပေးတဲ့အချိန်မှာ၊ ကိုယ့်ဘာသာကိုယ် တွေးမိသေးတယ်၊ ရေလောင်းတဲ့တာဝန်မှာ ငါက ဘုရားနှုတ်ကပတ်တော်တွေ အများကြီး ဖတ်လို့ရတယ်၊ သမ္မာတရားကို မိတ်သဟာယပြုဖို့ အခွင့်အရေးတွေလည်း အများကြီးရှိတယ်၊ အဲဒါတွေအားလုံးက ငါ့ကို သမ္မာတရားနဲ့ ကယ်တင်ခြင်း ရရှိဖို့ အခွင့်အရေးကောင်းတစ်ခု ပေးလိမ့်မယ်ပေါ့။ အဲဒါနဲ့ ကျွန်တော်က ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်ဖို့ တွန်းအားရပြီး၊ ငါတော့ ကယ်တင်ခြင်း ရလိမ့်မယ်၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ရမယ်လို့ မျှော်လင့်နေတာ။ ကျွန်တော်က ကိုယ့်တာဝန်အပေါ် အန္တိခရစ်တစ်ယောက်လို သဘောထားမျိုး ရှိခဲ့တာပါ။ ကောင်းချီးတွေ ရဖို့အတွက်ပဲ လုပ်ခဲ့တယ်၊ ဘုရားနဲ့ အရောင်းအဝယ်လုပ်ခဲ့တယ်။ ဘုရားက တော်တော်စက်ဆုပ်ခဲ့မှာပဲ။ ကျွန်တော်က ကိုယ့်တာဝန်မှာ တော်တော်ကို တက်ကြွခဲ့တယ်၊ ဒါပေမဲ့ ကျန်းမာရေး မကောင်းသလို၊ ငယ်ငယ်ရွယ်ရွယ်လည်း မဟုတ်တော့ဘူး။ လူငယ်တွေမှာ ရှိတဲ့ အင်အားတို့၊ ခွန်အားတို့၊ မှတ်ဉာဏ်တို့ဆိုတာ ကျွန်တော့်မှာ မရှိတော့ဘူး၊ ကိုယ့်တာဝန်ကို လုပ်ဖို့ သူများတွေဆီကတောင် အကူအညီ တောင်းခဲ့ရတယ်။ ကျွန်တော်သာ ရေလောင်းတဲ့တာဝန်ကို ဆက်လုပ်ခဲ့ရင် ကျွန်တော့်ကြောင့် နှေးကွေးကုန်မှာပါ၊ ရေလောင်းခြင်း ရလဒ်တွေလည်း ထိခိုက်ကုန်မှာပဲ။ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ်သိခြင်းနဲ့ အသိစိတ်သာ ရှိခဲ့ရင်၊ ကောင်းချီးတွေ လိုချင်တဲ့ ကိုယ့်ဆန္ဒကို စွန့်လွှတ်ပြီး၊ ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ဘေးဖယ်ပေးခဲ့မိမှာပဲ။ ဒါက အသင်းတော်ရဲ့အလုပ်အတွက်လည်း အကျိုးရှိသွားမယ်လေ။ ဒါပေမဲ့ ကျွန်တော် တွေးခဲ့တာတွေက ကောင်းချီးတွေကို ဘယ်လို ရအောင်လုပ်မလဲဆိုတာချည်းပဲ။ ဘုရားက ပေးတဲ့ တာဝန်ကို ကောင်းချီးတွေ လိုချင်တဲ့ ကိုယ့်ဆန္ဒ ပြည့်ဝဖို့ အသုံးချနေခဲ့တာ။ ကိုယ့်တာဝန်အသစ်ကနေ ကောင်းချီးတွေရဖို့ မျှော်လင့်ချက် မရှိတော့တဲ့ အချိန်ကျတော့ ကျွန်တော် မနာခံမိတော့ဘူး၊ ဘုရားကို အထင်လွဲပြီး အပြစ်တောင် တင်ခဲ့မိတယ်။ ကျွန်တော်ဟာ ဘုရားကို တကယ်နာခံပြီး ယုံကြည်ခြင်းရှိသူအဖြစ် ဘယ်လိုမှတ်ယူလို့ရမှာလဲ။ ကျွန်တော်က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ ဒီ မကောင်းတဲ့ အဆိပ်အတောက်နဲ့ ဆိုးဆိုးဝါးဝါး ဖျက်ဆီးခြင်း ခံထားရတာပဲ။ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံကြုံ အဲဒီကနေ အကျိုးအမြတ်ဖြစ်ဖြစ်၊ ကောင်းချီးတွေဖြစ်ဖြစ် ရနိုင်မလားဆိုတာကို အရင်ဆုံး စဉ်းစားပြီး၊ သမ္မာတရားထက် ကိုယ့်ကိုယ်ပိုင်အကျိုးကို ဦးစားပေးတော့တာပဲ။ ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားရင်း၊ အသင်းတော်ရဲ့အလုပ်ကို နည်းနည်းလေးမှ ထည့်မတွက်ခဲ့ဘူး။ ကျွန်တော်ဟာ ဘုရားရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရပြီး ယုံကြည်သူတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာအတွင်းမှာ၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းကို အများကြီး ခံစားခဲ့ရတယ်၊ သမ္မာတရားတချို့ကိုလည်း နားလည်ခဲ့တဲ့အပြင်၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေက ဘုရားရဲ့ကြီးမားတဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။ ဒါကိုတောင် ကျွန်တော်က ဘုရားကို ကျေးဇူးမတင်ခဲ့ဘူး၊ ကိုယ်တော့်မေတ္တာကို ဘယ်လို ပြန်ပေးဆပ်မလဲ မစဉ်းစားခဲ့ဘူး။ တစ်ခုခုက ကိုယ် ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူးဆိုရင်၊ ဘုရားကို အထင်လွဲပြီး အပြစ်တင်တော့တာပဲ။ ကျွန်တော်က လုံးဝကို မလျော်ကန်ခဲ့တာပါ။ ကျွန်တော့်ကို အချိန်မီ ဖော်ထုတ်ပြတဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်၊ အဲဒီလိုမဟုတ်ဘဲ၊ ကျွန်တော်က ကိုယ့်တာဝန်အပေါ် ဒီလို အရောင်းအဝယ်ဆန်ဆန် သဘောထား ဆက်ရှိနေမယ်ဆိုရင်၊ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရမှာ မဟုတ်တဲ့အပြင်၊ ဘုရားသခင်ကလည်း ကျွန်တော့်ကို ရွံရှာပြီး ဖယ်ရှားပစ်မှာပဲ။ ဒါတွေအားလုံးကို နားလည်သွားတော့ ကျွန်တော် နောင်တရသလို၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ “အို ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ပါတယ်၊ ဒါပေမဲ့ ကိုယ်တော့်ကို နည်းနည်းလေးမှ မနာခံခဲ့ပါဘူး၊ ကိုယ်တော့်အလိုတော်ကို အထင်လွဲမှားခဲ့ပါတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ထမ်းဆောင်သင့်တဲ့ တာဝန်ကို ကောင်းချီးတွေ လဲလှယ်နိုင်တဲ့ တိုကင်ပြားတစ်ခုအဖြစ် မှတ်ယူမိခဲ့ပါတယ်။ ကိုယ်တော်ဟာ ဒါကို ဘယ်လောက်များ ရွံရှာခဲ့မလဲ။ အို ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ဆီ နောင်တရဖို့ အသင့်ပါပဲ၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေနဲ့အညီ နေထိုင်မိအောင် ကျွန်တော့်ကို လမ်းပြတော်မူပါ” ပေါ့။

ဝတ်ပြုချိန်တွေအတွင်းမှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်တော် တွေ့မိပြန်တယ်။ ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်မှု လမ်းပေးခဲ့တယ်ဗျ။ “သက်ကြီးရွယ်အိုများသည် ၎င်းတို့ အသက်ရှင်နေစဉ်တွင်၊ သမ္မာတရားကို လိုက်စားရန်၊ အသက်ဝင်ရောက်မှုကို လိုက်စားပြီး၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်ညီအစ်ကို မောင်နှမများနှင့် အတူတကွ ညီညွှတ်စွာ အလုပ်လုပ်ရန် သာ၍ပင် ကြိုးပမ်းသင့်ကြပေသည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားနိုင်သည်။ သက်ကြီးရွယ်အိုများသည် မိမိတို့ကိုယ်ကိုယ် အခြားသူများအဖို့ ဝါရင့်သူအဖြစ် လုံးဝ မယူဆသင့်သကဲ့သို့၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကို ကြွားလုံးမထုတ်သင့်ပေ။ ငယ်ရွယ်သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ထုတ်ဖော်ပြနိုင်ကြပြီး၊ သင်သည်လည်း ထုတ်ဖော်ပြနိုင်၏။ ငယ်ရွယ်သည့်လူများက မိုက်မဲသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်ပြီး၊ သင်သည်လည်း လုပ်ဆောင်နိုင်၏။ ငယ်ရွယ်သော လူများသည် မိမိတို့၏ စိတ်အတွင်းတွင် အယူအဆများ ထားရှိကြပြီး သက်ကြီးရွယ်အိုများလည်းဤသို့လုပ်ဆောင်ကြသည်။ ငယ်ရွယ်သောလူများသည် ပုန်ကန်တတ်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ပုန်ကန်တတ်ကြသည်။ ငယ်ရွယ်သော လူများသည် အန္တိခရစ် စိတ်သဘောထားများ ထုတ်ဖော်ပြနိုင်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ထုတ်ဖော်ပြနိုင်ကြသည်။ ငယ်ရွယ်သောလူများသည် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ ရှိကြပြီး သက်ကြီးရွယ်အိုများလည်း အနည်းငယ်မျှ ကွာခြားမှုမရှိဘဲ ရှိကြသည်။ ငယ်ရွယ်သောလူများသည် အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေနိုင်ပြီး၊ အသင်းတော်မှ ဖယ်ရှားခံရနိုင်သကဲ့သို့ သက်ကြီးရွယ်အိုများလည်း ဖယ်ရှားခံရနိုင်သည်။ ထို့ကြောင့်၊ မိမိတို့တာဝန်ကို အစွမ်းကုန် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းအပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အမှုအရာများစွာ ရှိ၏။ သင် သည် ထုံအခြင်း၊ စိတ်မနှံ့ခြင်းမရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ခြင်း မရှိပါက၊ ပြီးလျှင် မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်ခြင်း မဟုတ်ပါက၊ သင် လုပ်ဆောင်သင့်သည့်အရာများစွာ ရှိ၏။ ငယ်ရွယ်သည့်လူများကဲ့သို့ပင်၊ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်သည်၊ သမ္မာတရား၏ စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းဖြစ်ပြီး၊ သင့်ထံတွင် အနည်းငယ်ဖျားနာမှု များစွာရှိသောကြောင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေခြင်းကြောင့် သင့်အနေဖြင့် စိတ်ဖိစီး၊ ပူပန်သောကမရောက်သင့်၊ သို့မဟုတ် မစိုးရိမ်သင့်ပေ။ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မဟုတ်ပေ။ ထိုအရာများသည် ယုတ္တိမရှိသည့် သရုပ်သကန်များ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်တော် သိသွားတာက၊ အသင်းတော်က ကျွန်တော့်ကို ဘယ်လိုတာဝန်ပဲ ပေးပေး၊ အဲဒါဟာ ကျွန်တော့်အနေနဲ့ ကိုယ့်တာဝန်ကတစ်ဆင့် သမ္မာတရားကို ရှာဖွေရမယ်၊ ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရမယ်၊ ကိုယ့်တာဝန်ထဲက အကြောင်းကိစ္စတွေကို စည်းမျဉ်းနဲ့အညီ လက်တွေ့ကိုင်တွယ်ရမယ်၊ နောက်ဆုံးမှာ ကယ်တင်ခြင်းဆီ သွားရာလမ်းပေါ် ခြေချရမယ်ဆိုတဲ့ ဘုရားရဲ့အလိုတော်ပါပဲ။ အခုဆို ကိုယ့်တာဝန်မှာ ကျွန်တော် လုပ်နိုင်တာ အားလုံးကို လုပ်တဲ့အပြင်၊ ပေါ်လာသမျှ ဖောက်ပြန်ပျက်စီးမှုတွေကို ကျွန်တော် တတ်နိုင်တဲ့ အချိန်တိုင်းမှာ ဆင်ခြင်ကြည့်တယ်၊ အတွေ့အကြုံကို အခြေခံတဲ့ သက်သေခံချက် ဆောင်းပါးတွေလည်း ရေးတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆုံတဲ့အခါ လူသစ်တွေမှာ ဘယ်လို အယူအဆတွေ ရှိသလဲဆိုတာကို ဆွေးနွေးကြတယ်၊ ကျွန်တော်ကလည်း ကိုယ်နားလည်သလောက် မိတ်သဟာယပြုပေးတယ်။ ဒီနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်နေတော့ ကျွန်တော် အရမ်း ငြိမ်းချမ်းတယ်၊ စိတ်သက်သာရာရတယ်။ ဒီအတွေ့အကြုံကနေ ကျွန်တော် အကြီးမားဆုံး ရလိုက်တာက ဘုရားဟာ လူအယောက်တိုင်းကို မျှမျှတတ ဆက်ဆံတယ်ဆိုတာပါပဲ။ ဘုရားက သမ္မာတရားကို အသုံးပြုပြီး အရာခပ်သိမ်းကို အကဲဖြတ်ပါတယ်၊ ကိုယ် အသက် ဘယ်လောက်ကြီးပြီ၊ ဘာတာဝန်ကို လုပ်တယ်ဆိုတာတွေကို ကိုယ်တော်က အရေးမစိုက်ပါဘူး။ ကိုယ်က သမ္မာတရား လိုက်စားခြင်းလမ်းကို လျှောက်သလားဆိုတာကိုပဲ ကိုယ်တော်က အရေးစိုက်တာပါ။ ကိုယ်က သမ္မာတရားကို ရှာဖွေပြီး မှန်ကန်တဲ့လမ်းကို လျှောက်နေသရွေ့၊ ကယ်တင်ခြင်း ရရှိမယ့် အခွင့်အရေး ရှိပါတယ်။ ဘုရားက သက်ကြီးရွယ်အိုတွေကို မနှစ်သက်တာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ဘုရားသခင်အပေါ် အထင်လွဲခဲ့ပုံတွေကို ပြန်စဉ်းစားမိတဲ့အခါတိုင်း၊ ကိုယ်တော့်ကို အကြွေးဆပ်ရမှာတွေ အများကြီးပဲလို့ ခံစားရတယ်၊ မျက်ရည်တွေပါ ဝဲလာတာပေါ့ဗျာ။ အခုအသက်အရွယ်မှာ ကျွန်တော်က ဖန်ဆင်းရှင်ကို ကြိုဆိုဖို့ အခွင့်အရေး ရှိနေတုန်းပါပဲ၊ ကျွန်တော်က ကံကောင်းလွန်းလို့ ဘုရားရဲ့အသံတော်ကို ကြားရတယ်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကိုလည်း ရရှိတယ်၊ ကိုယ့်တာဝန်တွေမှာလည်း ကိုယ်တော့်အတွက် အသုံးခံခွင့်ရပါတယ်။ ဒါက တကယ့် ကောင်းချီးမင်္ဂလာကြီးပါပဲ။ ကျွန်တော့်အနေနဲ့ ကောင်းချီးတွေကို ရရ မရရ၊ ကိုယ့်အဆုံးသတ်က ဘယ်လိုပဲ ဖြစ်လာဖြစ်လာ၊ သမ္မာတရားကိုပဲ ကြိုးကြိုးစားစား အားထုတ်ပါတော့မယ်၊ ဘုရားရဲ့မေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ကိုယ့်တာဝန်မှာ လုပ်နိုင်တာ အားလုံးကို လုပ်ပါတော့မယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားခြင်းတွင် ကြီးမားသော ပျော်ရွှင်မှု ရှိသည်

ဂန်အင်း၊ အန်းဟွီစီရင်စု ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်မိဘများက၊ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့်...

ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

ဟေးရီ၊ လျောင်နင်းစီရင်စု မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။...

ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်

မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။