ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။ ယနေ့၊ သင်တို့အား သိမ်းပိုက်ထားပြီးဖြစ်သည်၊ သို့သော် ဤသိမ်းပိုက်ခံရမှုကို သင်တို့အထဲတွင် မည်သို့ဖော်ပြပါသနည်း။ လူအချို့တို့က- “ကျွန်ုပ်၏ သိမ်းပိုက်ခံရခြင်းမှာ ဘုရားသခင်၏ အမြင့်ဆုံးသော ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်သည်။ ယခုမှပင် ကျွန်ုပ် သတိပြုမိသည်မှာ လူ့အသက်သည် ဗလာသက်သက်ဖြစ်ပြီး ထူးခြားမှုမရှိပါ။ လူသည် ရင်သွေးများ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် မွေးဖွားပျိုးထောင်ပြီး သူ့အသက်တာတွင် အလောသုံးဆယ် နေထိုင်ခဲ့ကာ နောက်ဆုံးတွင် ဘာမျှမကျန်ရှိပါ။ ယနေ့၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်မှသာလျှင် ဤသို့အသက်ရှင်ခြင်းမှာ အဖိုးမတန်ကြောင်း ကျွန်ုပ်သိမြင်ခဲ့ရသည်၊ ယင်းမှာ စင်စစ် အဓိပ္ပာယ်ကင်းမဲ့သော အသက်တာပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း သေပြီး ပြီးပြတ်သွားနိုင်သည်တကား။” ဟု ပြောကြသည်။ ထိုသို့သော သိမ်းပိုက်ခံရပြီးသူများကို ဘုရားသခင် ရယူနိုင်မည်လော။ သူတို့သည် နမူနာများနှင့် စံပုံစံများ ဖြစ်လာနိုင်မည်လော။ ထိုသူများသည် အပျက်သဘောဆောင်ခြင်း၌ ပြယုဂ်တစ်ခုဖြစ်သည်၊ သူတို့တွင် ရည်မှန်းချက်များမရှိဘဲ သူတို့ကိုယ်ကို တိုးတက်လာအောင်လည်း မကြိုးပမ်းကြချေ။ သူတို့သည် သိမ်းပိုက်ခံပြီးသူများဟု ယူဆကြသော်လည်း ထိုသို့သော အပျက်သဘောဆောင်သည့် လူများသည် စုံလင်အောင်ပြုခြင်း မခံရနိုင်ကြ။ သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းမထွန်းတောက်နိုင် သောကြောင့် မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်ထား သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းသာဖြစ်သည်။ သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သောကြောင့်အပြင်၊ လူသားက လိုအပ်သောကြောင့်၊ လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်။ လူသည် ပြစ်တင်ဆုံးမခံရဖို့နှင့် တရားစီရင်ခံရဖို့ လိုအပ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့တွင် သင်တို့ လုံးဝ လက်ခံယုံကြည်သွားပြီ ဖြစ်သော်လည်း၊ သင်တို့သည် အနည်းငယ်မျှသော ဆုတ်ဆိုင်းမှုကို ကြုံရသည့်အခါ၊ ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ဆဲဖြစ်ပြီး၊ သင်သည် ပိုမိုနက်ရှိုင်းသော အသိကို ရရှိရန်အလို့ငှာ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပိုမိုကြုံတွေ့ရန် လိုအပ်ဆဲဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု အချို့ရှိပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ ပြီးလျှင် သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကို သင်တို့သိသော်လည်း၊ ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့ကို ကြီးမားသောချစ်ခြင်း မရှိပေ။ သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဖြစ်ကာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးပေ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုကို အမှန်တကယ် ကြုံရချိန်တွင်၊ သင်တို့သည် သက်သေခံခြင်း မရှိသေးသကဲ့သို့၊ သင်တို့၏ အလွန်နည်းပါးသော ဝင်ရောက်မှုကသာ အခြေအနေဖန်တီးလုပ်ဆောင်ပြီး၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့မသိပေ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများ၌သာ တိတ်တဆိတ် ချစ်ကြသော်လည်း၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းကြချေ။ စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။ ယင်းမှာ ပေတရု တွေ့ကြုံခဲ့သည့် အရာကဲ့သို့သာ ဖြစ်သည်- သူ၏ အားအနည်းဆုံး ဖြစ်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး၊ “အို ဘုရားသခင်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရသည်ကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက၊ ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက၊ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော့်ထံ ကျွန်ုပ် မည်သို့ပေးနိုင်မည်နည်း၊ ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးကို မည်သို့ လုပ်ဆောင်ပြီး၊ ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်သို့ ဖြည့်ဆည်းကာ ကျွန်ုပ်ရှိသမျှ အားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော် သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်နိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး၊ ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ ကျွန်ုပ် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့တွင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်နေပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ရန် ကျွန်ုပ်အား ကိုယ်တော် အခွင့်ပေးပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်သည် ကိုယ်တော်ကို ချစ်နိုင်စွမ်းမရှိပါ၊ ပြီးလျှင် ယနေ့တွင် ကျွန်ုပ်သည် အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းနိုင်စွမ်းမရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။ ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ချို့ငဲ့လွန်းလှသည်။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲကို ဓားဖြင့် အမွှေခံခဲ့ရသည့်အလား ခံစားရသည်။ သူ မချိမဆံ့ဝေဒနာ ခံစားနေရသည်။ ထိုသို့သော အခြေအနေများအောက်တွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သူ မသိခဲ့ပေ။ သို့တိုင် သူက “အို ဘုရားသခင်။ လူသည် ကလေးဆန်သော ဝိညာဉ်ရင့်ကျက်မှု ရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့ပြီး ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့တွင် ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိသကဲ့သို့၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင် ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန်သာ ကျွန်ုပ်ဆန္ဒရှိပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ယူဆောင်သွားသောအရာများ မည်သို့ဖြစ်ပါစေ၊ ကိုယ်တော့်အပေါ် အနည်းငယ်မျှ စောဒကတက်ခြင်းမှ ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ညည်းမိခဲ့ပြီး ဖြူစင်မှုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်း မရှိခဲ့ပါ။ ကိုယ်တော်၏မေတ္တာနှင့်ဆိုင်သည့် ကျွန်ုပ်၏ ပြန်လည်ပေးဆပ်မှုသည် မလုပ်မနေလုပ်ရခြင်းမှ ပေါက်ဖွားပြီး၊ ဤအခိုက်အတန့်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသည်” ဟု ဆက်လက် ဆုတောင်းဆဲ ဖြစ်သည်။ ဤနည်းဖြင့် ပေတရုဆုတောင်းခဲ့သည်မှာ ဘုရားသခင်ကို ပိုမိုဖြူစင်သည့်မေတ္တာဖြင့် ချစ်ခြင်းကို သူ ရှာဖွေခဲ့သောကြောင့် ဖြစ်သည်။ သူသည် ရှာဖွေနေခဲ့ပြီး တောင်းပန်တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန် စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်သကဲ့သို့ ခံစားခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးခဲ့သည်၊ သို့သော် သူသည် အတော်အတန် ဝမ်းနည်းခဲ့ပြီး မတုန်မလှုပ်ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒများအတွက် လုံလောက်အောင် မကောင်းမွန်သည့်အလား ထိုသို့ သူ အမြဲခံစားခဲ့ရပြီး၊ သူသည် အစွမ်းကုန် မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ ပေတရုသည် ယောဘ၏ ယုံကြည်မှုကို လိုက်စားဆဲဖြစ်သည်။ ယောဘက သူရှိခဲ့သည့် အရာရာတိုင်းကို ဘုရားသခင်က အပ်နှင်းထားခဲ့ခြင်း ဖြစ်ကာ၊ သူ့ထံမှ အရာရာတိုင်းကို ယူဆောင်ရန်သည် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သူ ဆန္ဒရှိသည့်သူ မည်သူမဆိုကို ပေးမည်ဖြစ်ကြောင်းတို့ကို သိရှိခဲ့သည့်အတွက်၊ ယောဘ၏ ယုံကြည်ခြင်း မည်မျှကြီးမားခဲ့ပြီး ဖြစ်သည်ကို သူမြင်ခဲ့သည်- ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ယောဘသည် စောဒကတက်ခြင်းများ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲ ဖြစ်ခဲ့သည်။ ပေတရုသည်လည်း မိမိကိုယ်ကိုယ် သိခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင်၊ “ကျွန်ုပ်၏အတွေးများသည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့်၊ ပြီးလျှင် ကိုယ်တော့်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်ုပ် မြင်နိုင်စွမ်း မရှိသောကြောင့်၊ ယနေ့တွင် ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုလျက်၊ ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ ကျွန်ုပ်ပြန်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှဖြင့် ကျွန်ုပ် မကျေနပ်မရောင့်ရဲသင့်ပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ရန် မသင့်တော်သေးသောကြာင့်၊ ကျွန်ုပ်တွင်ရှိသမျှ အရာများအားလုံးကို ကိုယ်တော့်ထံသို့ ဆက်ကပ်အပ်နှံနိုင်စွမ်းကို ကျွန်ုပ် ပျိုးထောင်ရမည်၊ ယင်းကို ကျွန်ုပ် လိုလိုလားလား လုပ်ဆောင်ပါမည်။ ကိုယ်တော် လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်ဖြစ်ပြီး၊ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပါ၊ ပြီးလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် ရှုမြင်ရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်မှတစ်ဆင့် ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျွန်ုပ် ပြောနိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမြှောက်နိုင်ရပါမည်။ ကိုယ်တော့်အဖို့ ဤသက်သေခံချက်တွင် ကျွန်ုပ်မြဲမြံစွာ ရပ်တည်ရန် လိုလားနေပါသည်။ အို ဘုရားသခင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် အဖိုးတန်ပြီး လှပလွန်းလှပါ၏။ ဆိုးယုတ်သောသူတစ်ဦး၏ လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ရန် ဆန္ဒရှိနိုင်ပါမည်နည်း။ ကျွန်ုပ်ကို ကိုယ်တော် ဖန်ဆင်းခဲ့သည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံး ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် အသက်ရှင်ရန် ကျွန်ုပ်သာ၍ နှစ်သက်ပါမည်။ ကျွန်ုပ်သည် ဆိုးယုတ်သောသူ၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကျွန်ုပ်သည် ဖြူစင်စေခြင်းခံရနိုင်ကာ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ စာတန်ကို ကျွန်ုပ်စက်ဆုပ်ပြီး သူ၏အုပ်စိုးမှု အောက်တွင် အသက်မရှင်လိုသည့်အတွက်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ ခန္ဓာနှင့်စိတ်ကို ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ပူဇော်ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကျွန်ုပ်ကို တရားစီရင်ခြင်းမှတစ်ဆင့်၊ ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ်မျှ မရှိပါ။ သတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်ပါက၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်၊ ယင်းမှတစ်ဆင့် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိလာမည်ဖြစ်ကာ၊ ဆိုးယုတ်သောသူ၏ သြဇာလွှမ်းမိုးမှုမှ မိမိကိုယ်ကိုယ် ကျွန်ုပ်ဖယ်ရှားနိုင်ပါမည်” ဟု ဆုတောင်းခဲ့သည်။ ပေတရုသည် ထိုသို့ အမြဲဆုတောင်းခဲ့သည်၊ ထိုသို့ အမြဲရှာဖွေခဲ့သည်၊ ပြီးလျှင် နှိုင်းယှဉ်ချက်အားဖြင့် ပြောရမည်ဆိုပါက၊ မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူ ပြန်လည်ပေးဆပ်နိုင်ခဲ့သည်သာမက၊ သာ၍အရေးကြီးသည်မှာ သတ္တဝါတစ်ဦးအဖြစ် သူ၏ တာဝန်ကိုလည်း သူ ဖြည့်ဆည်းခဲ့သည်။ သူသည် သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမက၊ အသိစိတ်၏ စံနှုန်းများကို ကျော်လွန်နိုင်ခဲ့သည်။ သူ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆက်လက်တက်သွားခဲ့သည်မှာ သူ၏ ပြင်းပြသော ဆန္ဒများသည် ယခင်ထက် ပိုမိုမြင့်မားပြီး၊ သူ၏ ဘုရားသခင်ကို ချစ်ခြင်းသည် ယခင်ထက် ပိုမိုကြီးမားခဲ့သည်။ သူသည် မချိမဆံ့ နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ ဘုရားသခင်အား ချစ်ရန် သူ မမေ့ခဲ့သေးသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းအား ရရှိရန် သူ ကြိုးစားဆဲ ဖြစ်ခဲ့သည်။ သူ၏ ဆုတောင်းချက်များတွင် သူသည် အောက်ပါစကားများကို မြွက်ဆိုခဲ့သည်- “ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းထက် မည်သည့်အရာကိုမျှ မပြီးမြောက်လေပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံခြင်း မရှိသေးပါ၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ် မိမိကိုယ်ကိုယ် မလွတ်မြောက်စေသေးသကဲ့သို့၊ ဇာတိပကတိအလယ်၌ အသက်ရှင်ဆဲ ဖြစ်သည်။ စာတန်ကို အနိုင်ယူရန်၊ ၎င်းကို အရှက်ရစေရန် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုရန်နှင့် ထိုသို့ဖြင့် ကိုယ်တော်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကျွန်ုပ်ဆန္ဒရှိပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ စာတန်ထံ မိမိကိုယ်ကိုယ် အနည်းငယ်မျှ မပေးဖို့၊ ကိုယ်တော့်ထံ ကျွန်ုပ်၏ အလုံးစုံကို ပေးအပ်ရန် ကျွန်ုပ်ဆန္ဒရှိပါသည်။” ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေခဲ့လေလေ၊ သူပိုမို တို့ထိခံခဲ့ရလေဖြစ်ပြီး၊ ဤကိစ္စများနှင့်ဆိုင်သည့် သူ၏ အသိပညာ သာ၍ မြင့်မားလေလေ ဖြစ်သည်။ ယင်းကို နားမလည်လိုက်ဘဲနှင့်၊ သူသည် မိမိကိုယ်ကိုယ် စာတန်၏စွမ်းအားမှ လွတ်မြောက်စေသင့်ပြီး၊ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် လုံးဝ ပြန်သွားသင့်သည်ကို သူသိလာခဲ့သည်။ ယင်းမှာ သူ ကြိုးပမ်းရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏စွမ်းအားကို ကျော်လွန်ခဲ့ပြီး၊ ဇာတိပကတိ၏ သာယာမှုများနှင့် ပျော်ရွှင်မှုများမှ မိမိကိုယ်ကိုယ် ဖယ်ရှားခဲ့ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှစ်ခုလုံးကို သာ၍ နက်နဲစွာ တွေ့ကြုံရန် လိုလားနေခဲ့သည်။ သူက၊ “ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု အလယ်၌ အသက်ရှင်ရသော်လည်း၊ ဖြစ်ပေါ်စေသော အခက်အခဲများကို ပဓာနမထားဘဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်း မရှိသေး၊ စာတန်၏လှည့်စားမှုကို ခံစားရန် ကျွန်ုပ် လိုလားခြင်းမရှိသေးပါ။ ကိုယ်တော်၏ ကျိန်ခြင်းများအလယ် အသက်ရှင်ခြင်းမှ ဝမ်းမြောက်မှုကို ကျွန်ုပ် ရယူပြီး စာတန်၏ ကောင်းချီးများ အကြားတွင် အသက်ရှင်ခြင်းက ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ အသက်ရှင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ဤအရာက ကျွန်ုပ်ကို ကြီးမားသော ဝမ်းမြောက်ခြင်း ဆောင်ကြဉ်း ပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ယင်းသည် ကျွန်ုပ်ကို သန့်ရှင်းစေဖို့နှင့် ထို့ထက်ပို၍ပင် ကျွန်ုပ်ကို ကယ်တင်ရန်အလို့ငှာ ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှု အောက်တွင် ကျွန်ုပ်ရှိနိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ တရားစီရင်မှု အလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားရန် ကျွန်ုပ်သာ၍ နှစ်သက်ပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှ ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်းမရှိပါ။ ကိုယ်တော်၏ သန့်စင်စေခြင်းကို ကျွန်ုပ်ခံရန် ဆန္ဒရှိပါ၏။ အခက်အခဲကို ခံစားရလျှင်ပင်၊ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို ခံရန် ကျွန်ုပ် လိုလားခြင်းမရှိပါ။ ဤသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော် ပိုင်ဆိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပြီး၊ ပြစ်တင်ဆုံးမသင့်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ရပြီးဖြစ်သည့်အတွက်၊ ကျွန်ုပ်အား ကိုယ်တော် ကောင်းချီး ပေးရန် လိုလားသည့်အခါ၊ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ပါ၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်ပြီး စာတန်၏အုပ်စိုးမှုအောက်တွင် အသက်မရှင်သင့်သကဲ့သို့၊ စာတန်၏ အသုံးချခြင်းကို မခံသင့်ပါ။ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်မည့်အစား ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ကျွန်ုပ်သည် ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု အလယ်၌သာ အသက်ရှင်ပါမည်၊ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ဤအရာက ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း၊ ကိုယ်တော်အားဖြင့် ပြစ်တင်ဆုံးမခံရခြင်းနှင့် တရားစီရင် ခံရခြင်းတို့ကို ကျွန်ုပ်ပျော်မွေ့ပါသည်။ ဤသည်မှာ ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်ရှိပြီး၊ ကျွန်ုပ်အပေါ် အမျက်ဒေါသ ရှိသော်လည်း၊ ကျွန်ုပ်သည် ကိုယ်တော့်ကို စွန့်ခွာနိုင်စွမ်း မရှိသေးသကဲ့သို့၊ ကိုယ်တော်ကို လုံလောက်စွာ မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်အသက်ရှင်ရန် သာ၍ နှစ်သက်ပါမည်၊ ကိုယ်တော်အားဖြင့် ကျိန်ခြင်းခံရဖို့၊ ပြစ်တင်ဆုံးမခြင်းခံရကာ၊ ရိုက်နှက်ခြင်းခံရဖို့ ကျွန်ုပ်သာ၍ နှစ်သက်ပြီး၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ရန် လိုလားခြင်း မရှိသကဲ့သို့၊ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ ပြေးလွှားကာ မိမိကိုယ်ကိုယ် အလုပ်များစေရန် ကျွန်ုပ် လိုလားခြင်း မရှိပါ” ဟု ပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းနှင့်ဆိုင်သော အတွေ့အကြုံဖြစ်ပြီး စုံလင်စေခြင်းခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်သည်။ သာ၍ အဓိပ္ပာယ်ရှိသော အသက်တာ မရှိပေ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ မည်သည့်အရာကမျှ သာ၍ အဖိုးထိုက်တန်ခြင်း မရှိခဲ့ပေ။ သူက၊ “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ကျွန်ုပ်အား ပေးသော်လည်း ယင်းတို့ကို ကျွန်ုပ် တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်လာသည်- ဤတွင် ကျွန်ုပ်သည် ကျေးဇူးပြုခြင်းခံရသည်၊ ဤတွင် ကျွန်ုပ်သည် ပျော်ရွှင်မှုကို ရှာတွေ့ရှိသကဲ့သို့၊ ဤတွင် ကျွန်ုပ်သည် ကောင်းချီးခံစားရပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်မည် မဟုတ်၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဆဲ ဖြစ်ပေမည်၊ ၎င်း၏ထိန်းချုပ်ခြင်းနှင့် ကွပ်ကဲခြင်းကို ခံရဆဲ ဖြစ်ပေမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနိုင်စွမ်း ရှိမည် မဟုတ်သည့်အတွက်၊ မည်သည့်အခါတွင်မျှ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်လာမည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ အလုံးစုံကို ဘုရားသခင်ထံ ဆက်ကပ်ပြီးလေမည် မဟုတ်ပေ။ ကျွန်ုပ်၏အထဲတွင် မီးလောင်ကျွမ်းနေသည့်အလား၊ အထဲ၌ နှစ်သိမ့်မှုမရှိဘဲနှင့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့မရှိဘဲ ကျွန်ုပ်ကို ချန်ရစ်ရင်း၊ ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးသော်လည်း၊ ပြီးလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့က ကျွန်ုပ်ထံမှ လုံးဝ မခွဲခွာသော်လည်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအရာတွင် ကျွန်ုပ် ပျော်ရွှင်ဝမ်းမြောက်ပါသည်။ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍ အဓိပ္ပာယ်ရှိသောအရာ မရှိပါ။ ကိုယ်တော်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာပြီးဖြစ်သော်လည်း၊ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစေကာ၊ ကျွန်ုပ်ကို ပြောင်းလဲပေးနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုမို နီးစေနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်အား ပိုမိုချစ်စေနိုင်ပြီး၊ ကျွန်ုပ်၏ ဘုရားသခင်ကိုချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်သည့်အတွက်၊ ဤအရာများတွင် ကျွန်ုပ် မွေ့လျော်ဆဲဖြစ်သည်။ ဤအရာက သတ္တဝါ တစ်ဦးအဖြစ် ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်အား ဖြည့်ဆည်းစေနိုင်ပြီး၊ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေမခံတော့ဖို့အလို့ငှာ၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်အား ဆောင်ယူကာ စာတန်၏ စွမ်းအားမှ ကင်းဝေးစေသည်။ စာတန်၏ အုပ်စိုးမှု အောက်တွင် ကျွန်ုပ် အသက်မရှင်သကဲ့သို့၊ မည်သည့်အရာကိုမျှ ချုပ်တည်းထားခြင်းမရှိဘဲ ကျွန်ုပ်၌ရှိသမျှ အရာရာတိုင်းနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အရာအားလုံးတို့ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်သည့် အချိန်- ယင်းသည် ကျွန်ုပ် အပြည့်အဝ စိတ်ကျေနပ်သည့် အချိန် ဖြစ်လိမ့်မည်။ ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်ပြီး ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြား၍ မရနိုင်ပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှု အောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲ အသက်ရှင်သွားရမည်ဖြစ်သည့်အပြင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ဖို့ အခွင့်အရေး သို့မဟုတ် နည်းလမ်းများ ရှိပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ မစွန့်ခွာမှသာ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း ခံရနိုင်ပေလိမ့်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထား၊ ပြီးလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းတို့ဖြင့်သာ ကျွန်ုပ်သည် အထွတ်အထိပ် ကွယ်ကာမှု ရရှိပြီးဖြစ်ကာ အလင်းတွင် အသက်ရှင်လာရပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သန့်ရှင်းစေခြင်းခံရဖို့နှင့်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် စာတန်ထံမှ လွတ်မြောက်စေကာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဖို့- ဤသည်မှာ ယနေ့တွင် ကျွန်ုပ်၏အသက်တာ၌ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရု တွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်သည်။

ယင်းမှာ စုံလင်စေခြင်းခံရပြီးသည့်နောက် လူသားက ကြိုးပမ်းရရှိရမည့် အခြေအနေ အတိအကျဖြစ်သည်။ သင်သည် ဤမျှ စွမ်းဆောင်မရရှိနိုင်ပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို သင် အသက်မရှင်နိုင်ပေ။ လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအားဖြင့် မိနေခြင်းမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး မနာခံသည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းမခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာ၍သာ ရှိနေသည်ကို ယခု သင်သိပြီလော။ သင်သည် ထိုအစွမ်းအစ ပိုင်ဆိုင်ပါသလော။ ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်၍ သင်မည်မျှ သိသနည်း။ ပေတရု သိလာခဲ့သော အရာများထဲမှ သင် မည်မျှပိုင်ဆိုင်သနည်း။ အကယ်၍ ယနေ့တွင် သင်မသိနိုင်ပါက နောင်တွင် ဤအသိပညာကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ကို သိရှိနိုင်စွမ်း ရှိသလော။ သင်သည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ သာယာမှုများကို လိုက်စားပါက၊ သင်သည် သန့်ရှင်းခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင် အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်ဖြစ်ပြီး၊ ဇာတိပကတိ ဖြစ်သည့်အတွက်၊ အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွားရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေတွင် များစွာသော လူတို့သည် အသက်ကို မလိုက်စားကြပေ၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းစေခြင်းခံရခြင်းအကြောင်း သို့မဟုတ် သာ၍ နက်ရှိုင်းသော အသက်တာ အတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို ဂရုမစိုက်ကြဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် မည်သို့ စုံလင်စေခြင်းခံရနိုင်မည်နည်း။ အသက်ကို မလိုက်စားသော သူတို့သည် စုံလင်စေခြင်းခံရရန် အခွင့်အရေးမရှိသကဲ့သို့၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသောသူများ၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားသော သူတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားကို လွတ်မြောက်နိုင်စွမ်း မရှိပေ။ ဟိတ်ဟန်နောက်လိုက်ရုံမျှလိုက်ပြီး ပုံမှန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ရုံမျှ တက်ရောက်ကြသည့်၊ ဘာသာတရား၌ ယုံကြည်သော သူများကဲ့သို့သာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများထဲသို့ ၎င်းတို့၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍၊ အလေးအနက် မထားကြပေ။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင် လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။

စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို လိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သင်သည် သက်သေခံပြီးဖြစ်လိမ့်မည်၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

လူတို့ သိမ်းပိုက်ခံရပြီးသည့်နောက်၊ ၎င်းတို့သည် မည်သည့် ထူးကဲသော သက်သေခံချက်မျှ မရှိပေ။ ၎င်းတို့သည် စာတန်အား အရှက်ရစေရုံမျှ အရှက်ရစေသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင်နေကြခြင်း မရှိလေပြီ။ သင်သည် ဒုတိယအကြိမ် ကယ်တင်ခြင်းကို မရသေးချေ။ သင်သည် အပြစ်ဖြေရာယဇ်ကို ရရုံသာဖြစ်ပြီး သင်သည် စုံလင်စေခြင်း မခံရသေးပေ- ဤသည်မှာ မဟာဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ သင်တို့ ဝင်ရောက်သင့်သည့်အရာနှင့် သင်တို့ အသက်ရှင်နေထိုင်သင့်သည့် အရာတို့ကို သင်တို့ နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ယင်းတို့အထဲသို့ သင်တို့ ဝင်ရောက်ရမည်။ အဆုံးတွင် သင်သည် စုံလင်စေခြင်းခံရခြင်းကို မပြီးမြောက်ပါက၊ သင်သည် စစ်မှန်သောလူသားတစ်ဦး ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ နောင်တဖြင့် ပြည့်ပေလိမ့်မည်။ အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသောလူများ ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အထဲ၌ ရှိနေစဉ်တွင် ၎င်းတို့သည် အညစ်အကြေးနှင့် မစွန်းထင်းဘဲ သန့်ရှင်းခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါကို သစ္စာဖောက်ခြင်းနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မသိခဲ့ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ စွမ်းအား နှောင့်ယှက်မှုမရှိခဲ့ကြသောကြောင့်၊ စာတန်၏ အဆိပ်မရှိခဲ့သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့်အညစ်အကြေးမျှဖြင့် ညစ်ညမ်းစေခြင်း မခံရဘဲ၊ ဇာတိပကတိ၏ စရိုက်လက္ခဏာ မရှိသကဲ့သို့၊ ယေဟောဝါအား ရိုသေလေးမြတ်ခြင်းဖြင့် အသက်ရှင်ခဲ့ကြသည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ၎င်းတို့ခံရသည့်အခါ၊ ၎င်းတို့သည် မြွေ၏ အဆိပ်နှင့် ယေဟောဝါအား သစ္စာဖောက်ရန် စိတ်ဆန္ဒရှိခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ အစအဦး၌ ၎င်းတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့ကြသည်။ ဤအခြေအနေတွင်သာ ၎င်းတို့ လူသားဖြစ်ခဲ့ကြသည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက်၊ ၎င်းတို့သည် ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့သည် တဖြည်းဖြည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး လူသား၏ မူလပုံသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူသားသည် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့သည်၊ အနည်းငယ်မျှ မနာခံခြင်း မရှိခဲ့သကဲ့သို့ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု မရှိခဲ့ပေ။ ထိုအချိန်တွင် လူသည် စစ်မှန်သော လူသားဖြစ်ခဲ့၏။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်၊ လူသည် သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်လာခဲ့သည်။ သူ၏အတွေးတို့သည် ကောင်းမြတ်ခြင်း သို့မဟုတ် သန့်ရှင်းခြင်းမရှိဘဲ၊ မကောင်းမှုနှင့် အညစ်အကြေးတို့ဖြင့် ပြည့်နှက်ခဲ့သည်။ ဤသည်မှာ စာတန် ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုများစွာကို တွေ့ကြုံပြီးဖြစ်သော်လည်း၊ ပြောင်းလဲခြင်းမရှိသေးပေ သို့မဟုတ် သန့်ရှင်းစေခြင်း မခံရသေးပေ။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက် အသက်ရှင်ဆဲဖြစ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသေးပေ။ ဤသည်မှာ သိမ်းပိုက်ခံရပြီးဖြစ်သော်လည်း၊ စုံလင်စေခြင်း မခံရသေးသည့် သူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ထိုသို့သောလူသည် စုံလင်စေခြင်းမခံရသေးဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူသည် အသက် သို့မဟုတ် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသကဲ့သို့ ဇာတိပကတိ၏ အပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ တပ်မက်သောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများ မရှိသကဲ့သို့၊ ဘုရားသခင် ဖန်ဆင်းထားသည့်အတိုင်း လူ၏မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိလေပြီ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်သည်၊ ၎င်းတို့သည် ဝိညာဉ်မရှိသော အသေကောင်များ ဖြစ်ပေသည်။ စိတ်ဝိညာဉ်ထဲက ကိစ္စရပ်များနှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသူများ၊ သန့်ရှင်းခြင်းကို မလိုက်စားသူများနှင့် သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းအား မလိုက်စားသူများ၊ အပျက်သဘောဆောင်သည့် ဘက်တွင် သိမ်းပိုက်ခံရဖို့သာ ကျေနပ်ရောင့်ရဲသူများနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်မရှင်နိုင်သကဲ့သို့ သန့်ရှင်းသော လူသားများ ဖြစ်မလာနိုင်သူများ- ဤသည်တို့မှာ ကယ်တင်ခြင်း မခံရသေးသော သူများဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရား မရှိပါက၊ လူသည် ဘုရားသခင်၏ စမ်းသပ်မှု အတွင်းတွင် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှု အတွင်း ခိုင်မြဲစွာ ရပ်တည်နိုင် သူများသာ ကယ်တင်ခြင်းခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့သော လူများ၊ စုံလင်အောင်ပြုခံရခြင်းကို လိုက်စားသော လူများဖြစ်၏။ ယနေ့၏ သမ္မာတရားကို တမ်းတပြီး ရှာဖွေသူများအား ထိုသမ္မာတရားကို ပေးထားပေသည်။ ဤကယ်တင်ခြင်းကို ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ တမ်းတသူများကို ပေးထားကာ၊ သင်တို့၏ ရယူခြင်းခံရဖို့သာ မရည်ရွယ်ပေ။ ယင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ရယူနိုင်ဖို့အလို့ငှာ သင်တို့က ဘုရားသခင်ကို ရယူပေသည်။ ယနေ့တွင် ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ သင်တို့သည် ယင်းတို့ကို ကြားရပြီးဖြစ်သကဲ့သို့၊ သင်တို့သည် ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ကြပေသည်။ အဆုံးတွင် ဤနှုတ်ကပတ်တော်များကို သင်တို့ လက်တွေ့လုပ်ဆောင်သည့် အချိန်သည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သင်တို့ကို ငါရယူပြီးဖြစ်သည့် အခိုက်အတန့် ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင်၊ သင်တို့သည် ဤနှုတ်ကပတ်တော်များကိုလည်း ရရှိပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ သင်တို့သည် ဤအထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ သင်တို့သည် သန့်ရှင်းစေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်စွမ်းမရှိပါက သို့မဟုတ် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိပါက၊ သင်သည် သမ္မာတရား မရှိသောကြောင့်၊ ဆိုလိုသည်မှာ သင်သည် ယေဟောဝါ၏ ဇီဝအသက်မရှိသကဲ့သို့၊ ထိုသို့ဖြင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦး ဖြစ်သောကြောင့်၊ လူသားတစ်ဦး မဟုတ်ဘဲ၊ လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်၊ သားရဲတစ်ကောင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သိမ်းပိုက်ခံရပြီးနောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း၊ သင်ရရှိသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး၊ သင်သည် ဝိညာဉ်ပိုင်ဆိုင်သည့် သက်ရှိတစ်ဦး ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ အကျိုးဆက်အနေဖြင့် သင်၏စိတ်သဘောထားက အသစ်ပြုပြင်ခြင်းမခံရပေ သို့မဟုတ် ပြောင်းလဲခြင်းမရှိပေ။ သင်သည် ယခင်ပုံစံအတိုင်း ရှိဆဲဖြစ်ပြီး၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ကာ သန့်ရှင်းစေခြင်း မခံရသေးပေ။ စုံလင်စေခြင်းကို ခံရပြီးသူများသာ တန်ဖိုးရှိပြီး၊ ဤကဲ့သို့သော လူများသည်သာ စစ်မှန်သော အသက်ကို ရရှိကြပြီး ဖြစ်သည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက သင့်ကို၊ “သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရပြီးဖြစ်သည်၊ ထို့ကြောင့် သူ၏အမှုတော်က အဘယ်ကဲ့သို့ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ပြောဆိုလော့။ ဒါဝိဒ်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ရသည်၊ မောရှေသည်လည်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ရပြီး၊ ၎င်းတို့နှစ်ဦးလုံးသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ဖော်ပြနိုင်ခဲ့ပြီး၊ ယေဟောဝါ၏ အံ့သြဖွယ်ဖြစ်ခြင်းကို ပြောဆိုနိုင်ခဲ့ကြသည်။ သင်တို့သည် နောက်ဆုံးသောကာလ အတောအတွင်း လူ့ဇာတိခံ ဘုရားသခင်ပြုသည့်အမှုကို ရှုမြင်ကြရပြီးဖြစ်သည်။ သူ၏ ဉာဏ်ပညာနှင့်သက်ဆိုင်၍ သင်ပြောပြနိုင်သလော။ သူ့အမှုတော်၏ အံသြဖွယ်ဖြစ်ခြင်းနှင့် သက်ဆိုင်၍ သင်ပြောပြနိုင်သလော။ ဘုရားသခင်သည် သင်တို့အပေါ် မည်သည့် တောင်းဆိုချက်များပြုပြီး ယင်းတို့ကို သင်တို့ မည်သို့ တွေ့ကြုံခဲ့ရသနည်း။ သင်တို့သည် နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်၏ အမှုတော်ကိုကြုံကြရပြီးဖြစ်သည်- သင်တို့၏ အကြီးမားဆုံး ရူပါရုံမှာ အဘယ်အရာနည်း။ ဤအရာနှင့်သက်ဆိုင်၍ သင်တို့ ပြောဆိုနိုင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်သက်ဆိုင်၍ သင်တို့ပြောဆိုနိုင်သလော” ဟု ပြောလိမ့်မည်။ ဤမေးခွန်းများကို သင်ရင်ဆိုင်ရချိန်တွင် သင်မည်သို့ ပြန်ဖြေလိမ့်မည်နည်း။ သင်က “ဘုရားသခင်သည် အလွန်ဖြောင့်မတ်၏။ သူသည် ကျွန်ုပ်တို့ကို ပြစ်တင်ဆုံးမပြီး တရားစီရင်ကာ ကျွန်ုပ်တို့အား မညှာမတာ ဖော်ထုတ်သည်။ ဘုရားသခင်၏ စိတ်သဘောထားက လူတို့၏ ပုန်ကန်ပြစ်မှားမှုများကို အမှန်တကယ် သည်းမခံပါ။ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် စက်ဆုပ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်သိလာရပြီးဖြစ်ကာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ် အမှန်တကယ် ရှုမြင်ရပြီးဖြစ်သည်” ဟု သင်ပြန်ဖြေပါက၊ အခြားလူတစ်ဦးက သင့်အား၊ “ဘုရားသခင်နှင့်သက်ဆိုင်၍ အခြား မည်သည့်အရာကို သင်သိသေးသနည်း။ တစ်ဦးတစ်ယောက်သည် အသက်ထဲသို့ မည်သို့ ဝင်ရောက်သနည်း။ သင်သည် ကိုယ်ရေးကိုယ်တာ ပြင်းပြသော ဆန္ဒများတစ်ခုတစ်လေ ရှိပါသလော” ဟု ဆက်လက် မေးမြန်းလိမ့်မည်။ သင်က၊ “စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ သတ္တဝါများသည် သားရဲတိရစ္ဆာန်များ ဖြစ်လာခဲ့ကြပြီး၊ မြည်းသတ္တဝါများနှင့် မကွာခြားတော့ပါ။ ယနေ့တွင် ကျွန်ုပ်သည် ဘုရားသခင်၏ လက်တော်ထဲတွင် အသက်ရှင်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ဖန်ဆင်းရှင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး သူ သွန်သင်သည့် မည်သည့်အရာကိုမဆို လိုက်နာရပါမည်။ ကျွန်ုပ်တွင် အခြားရွေးချယ်စရာ မရှိပါ” ဟု သင် ပြန်ဖြေလိမ့်မည်။ သင်သည် ထိုသို့ ယေဘုယျသဘောများဖြင့်သာ ပြောဆိုပါက၊ သင် ပြောနေသည့်အရာကို ထိုလူက နားလည်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် မည်သည့် အသိပညာ ရှိသည်ကို သင့်အား ၎င်းတို့ မေးမြန်းသည့်အခါ၊ ၎င်းတို့သည် သင်၏ကိုယ်ပိုင် အတွေ့အကြုံများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံပြီးနောက် ယင်းနှင့်သက်ဆိုင်၍ မည်သည့်အသိပညာ သင် ရှိသည်ကို ၎င်းတို့က မေးမြန်းနေခြင်း ဖြစ်ပြီး၊ ဤတွင် ၎င်းတို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများကို ရည်ညွှန်းနေခြင်းဖြစ်ကာ၊ သမ္မာတရားနှင့် သက်ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုရန် သင့်ကို တောင်းဆိုနေခြင်း ဖြစ်သည်။ သင်သည် ထိုသို့သော အရာများကို မပြောဆိုနိုင်ပါက၊ ဤအရာက သင်သည် ယနေ့၏ အမှုနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မသိရှိသည်ကို သက်သေပြပေသည်။ သင်သည် ဟုတ်မှန်သယောင်ယောင်ရှိသော်လည်း စင်စစ်မှားနေသော စကားများ၊ သို့မဟုတ် လူတိုင်းသိသော အရာများကိုသာ သင်အမြဲပြောဆိုသည်။ သင်၏ အသိပညာတွင် အနှစ်သာရရှိဖို့ မဆိုထားနှင့်၊ သင်သည် တိကျသည့် အတွေ့အကြုံများ မရှိသကဲ့သို့၊ စစ်မှန်သော သက်သေခံချက်များလည်း မရှိပေ၊ ထို့ကြောင့် အခြားသူများက သင့်ကို လက်ခံယုံကြည်ခြင်း မရှိကြချေ။ ဘုရားသခင်၏ မတုန်မလှုပ်သော နောက်လိုက်တစ်ဦး မဖြစ်နှင့်၊ ပြီးလျှင် သင့်ကို စူးစမ်းလိုစိတ် ဖြစ်စေသည့်အရာနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းမှတစ်ဆင့်၊ သင်သည် မိမိကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာကို နှောင့်နှေးစေလိမ့်မည်။ သင်သည် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ဖို့အလို့ငှာ၊ ထိုသို့သော မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့မှ မိမိကိုယ်ကိုယ် ဖယ်ရှားရမည်ဖြစ်ပြီး၊ အပြုသဘောဆောင်သော အရာများကို လိုက်စားခြင်းနှင့် သင်၏ ကိုယ်ပိုင်အားနည်းချက်များကို အောင်မြင်ကျော်လွှားရာတွင် ကျွမ်းကျင်လာရမည်ဖြစ်သည်။ သင်၏ အားနည်းချက်များနှင့်ပတ်သက်၍ စိုးရိမ်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ သင်၏ အားနည်းချက်များသည် သင်၏ အကြီးမားဆုံးပြဿနာ မဟုတ်ပေ။ သင်၏အကြီးမားဆုံး ပြဿနာနှင့် အကြီးမားဆုံးသော အားနည်းချက်မှာ သင်၏ မပူမအေးဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေရန် စိတ်ဆန္ဒကင်းမဲ့ခြင်း ဖြစ်သည်။ သင်တို့အားလုံးနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အမှုအရာများကို ဖြစ်သည့်အတိုင်း သင်တို့ ကျေနပ်အားရသည့် သတ္တိကြောင်သော စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်ဆိုင်းနေခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ သင်တို့၏ သမ္မာတရား လိုက်စားခြင်းအဖို့ သင်တို့၏ အကြီးမားဆုံးသော အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူ ဖြစ်သည်။ ငါပြောသောစကားများက အလွန်နက်နဲ သိမ်မွေ့သောကြောင့်သာ သင်နာခံပါက၊ သင်သည် အသိပညာကို အမှန်တကယ် မပိုင်ဆိုင်သကဲ့သို့၊ သမ္မာတရားကို တန်ဖိုးထားခြင်းလည်း မရှိပေ။ သင်၏နာခံခြင်းမျိုးကဲ့သို့သော နာခံခြင်းသည် သက်သေခံချက် မဟုတ်သကဲ့သို့၊ ထိုသို့သော နာခံမှုကို ငါ လက်မခံပေ။ တစ်စုံတစ်ယောက်က သင့်အား၊ “သင်၏ ဘုရားသခင်သည် အဘယ်နေရာမှ အတိအကျ လာခဲ့နည်း။ သင်၏ ဤဘုရားသခင်၏ အနှစ်သာရမှာ အဘယ်နည်း” ဟု မေးကောင်းမေးနိုင်သည်။ သင်က၊ “သူ၏ အနှစ်သာရမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သူက၊ “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာနှင့် ပြည့်စုံပြီး ချစ်ခင်သည် မဟုတ်လော။ ဤသည်ကို သင်မသိသလော” ဟု ဆက်မေးလိမ့်မည်။ သင်က “ယင်းမှာ အခြားသူများ၏ ဘုရားသခင်ဖြစ်သည်။ ဘာသာတရားနှင့်ဆိုင်သော လူများက ယုံကြည်သည့် ဘုရားသခင်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဘုရားသခင် မဟုတ်ပါ” ဟု ပြောလိမ့်မည်။ သင့်လိုလူများသည် ဧဝံဂေလိတရားကို ဖြန့်ဝေသောအခါ၊ မှန်သောလမ်းခရီးကို လိုရာဆွဲ၍ မမှန်မကန် ပြောဆိုကြသည်၊ ထို့ကြောင့် သင်သည် မည်သည့် အသုံးဝင်မှု ရှိပါသနည်း။ သင့်ထံမှ မှန်သောလမ်းခရီးကို အခြားသူများ အဘယ်သို့ ရနိုင်မည်နည်း။ သင်သည် သမ္မာတရားမရှိသကဲ့သို့၊ သမ္မာတရားနှင့် သက်ဆိုင်သည့် မည်သည့်အရာမျှ သင် မပြောဆိုနိုင်သည့်အပြင်၊ သမ္မာတရားကို သင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိပေ။ ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ရန် မည်သည့်အရာက သင့်ကို အရည်အချင်း ပြည့်မီစေသနည်း။ ဧဝံဂေလိတရားကို အခြားသူများထံ သင် ဖြန့်ဝေသောအခါ၊ ပြီးလျှင် သမ္မာတရားအကြောင်း သင် မိတ်သဟာယပြုကာ ဘုရားသခင်အဖို့ သက်သေခံသောအခါ၊ ၎င်းတို့ကို သင် စည်းရုံးနိုင်စွမ်းမရှိပါက သင့်စကားများကို ၎င်းတို့ ငြင်းကြလိမ့်မည်။ သင်သည် အသုံးမဝင်သူတစ်ဦး မဟုတ်လော။ သင်သည် အလွန်များစွာသော ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်သော်လည်း၊ သမ္မာတရားအကြောင်း သင်ပြောဆိုသောအခါ၊ နားလည်သဘောပေါက်စေခြင်း မရှိစေပေ။ သင်သည် အသုံးမကျသူတစ်ဦး မဟုတ်လော။ သင်သည် မည်သည့် အသုံးဝင်မှု ရှိပါသနည်း။ သင်တို့သည် ဘုရားသခင်၏အမှုကို များစွာ ကြုံတွေ့ပြီးဖြစ်သော်လည်း၊ သူနှင့်သက်ဆိုင်သည့် အသိပညာ စိုးစဉ်းမျှ အဘယ်သို့ မရှိနိုင်ရသနည်း။ ၎င်းတို့က ဘုရားသခင်နှင့်သက်ဆိုင်၍ မည်သည့် စစ်မှန်သော အသိပညာ သင် ရှိသည်ကို မေးကြသည့်အခါ၊ သင်သည် စကားစရှာမရပေ၊ သို့မဟုတ်ပါက- ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်တော်မူကြောင်း၊ သင်ရရှိပြီးသော ကြီးမားသည့် ကောင်းချီးမင်္ဂလာများမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း အမှန်တကယ် ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ ရှုမြင်နိုင်ဖို့ထက် ပိုကြီးမားသော အခွင့်ထူးမရှိကြောင်းတို့ကို ပြောရင်း- မဆီလျော်သည့် အရာတစ်ခုဖြင့် ပြန်ဖြေလေသည်။ ဤအရာပြောဆိုရာတွင် မည်သည့်တန်ဖိုး ရှိပါသနည်း။ ယင်းတို့သည် အသုံးမကျသည့်၊ အနှစ်မဲ့သော စကားများဖြစ်၏။ ဘုရားသခင်၏အမှု အလွန်များလှစွာ တွေ့ကြုံသည့်နောက်တွင်၊ ဘုရားသခင်၏ ချီးမြှောက်ခြင်းက သမ္မာတရား ဖြစ်သည်ကိုသာ သင်သိပါသလော။ သင်သည် ဘုရားသခင်၏အမှုကို သိရမည်ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်အဖို့ စစ်မှန်သော သက်သေခံချက်တစ်ခုကို သင် သက်သေခံနိုင်လိမ့်မည်။ သမ္မာတရားကို မရရှိသေးသောသူများသည် ဘုရားသခင်အဖို့ မည်သို့သက်သေခံ နိုင်မည်နည်း။

သင့်အပေါ် အလွန်များလှစွာသော အမှုနှင့် အလွန်များလှစွာသော နှုတ်ကပတ်တော်များက အကျိုးသက်ရောက်မှု မရှိပြီးဖြစ်ပါက၊ ဘုရားသခင်၏ အမှုကို ဖြန့်ဝေရန် အချိန်ကျလာသောအခါတွင်၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အရှက်ရကာ အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် သင်သည် ဘုရားသခင်အပေါ် အကြွေး အလွန်များလှသည်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာက အလွန် အပေါ်ယံဆန်သည်ကို သင်ခံစားရလိမ့်မည်။ ဘုရားသခင် အမှုပြုနေစဉ် ယနေ့တွင် သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို မလိုက်စားပါက၊ နောက်ပိုင်းတွင် အလွန် နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်သည် ပြောစရာ မည်သည့် အသိပညာမျှ ရှိလိမ့်မည်မဟုတ်- သင်သည် မည်သည့်အရာမျှမရှိဘဲ၊ ဗလာနတ္ထိ ဖြစ်ကျန်ရစ်ရလိမ့်မည်။ ဘုရားသခင်ထံ ပြောပြရန် သင် မည်သည့်အရာကို အသုံးပြုလိမ့်မည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင်သည် မျက်နှာပြောင် အတင့်ရဲသလော။ အဆုံးတွင် သင်သည် ပေတရုကဲ့သို့၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က လူသားအဖို့ မည်မျှ အကျိုးကျေးဇူးရှိပြီး၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမရှိဘဲ လူသည် ကယ်တင်ခြင်း မခံရနိုင်သကဲ့သို့၊ ဤညစ်ညူးသောမြေထဲသို့၊ နွံထဲသို့ ယခင်ထက်သာ၍ နစ်ရုံသာ နစ်နိုင်သည်ကို သင်သိရှိဖို့အလို့ငှာ၊ ယခု သင်၏ လိုက်စားမှုတွင် သင် ကြိုးစားသင့်ပေသည်။ လူများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ အချင်းချင်း မတော်မတရားလျှို့ဝှက်ကြံစည်ကြကာ၊ အချင်းချင်း လုံးဝ လျစ်လျူရှုကြပြီး ဖြစ်သည်၊ ဘုရားသခင်အား ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို ဆုံးရှုံးကြပြီးဖြစ်သည်။ ၎င်းတို့၏ မနာခံမှုက အလွန် ကြီးမားသည်၊ ၎င်းတို့၏ အယူအဆများက အလွန်များပြားပြီး အားလုံးသည် စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိဘဲနှင့်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်၍မရနိုင်သကဲ့သို့၊ သူသည် ကယ်တင်ခံရနိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ လူ့ဇာတိ၌ အမှုက ဖော်ပြသည့်အရာမှာ ဝိညာဉ်တော် ဖော်ပြသည့်အရာ အတိအကျ ဖြစ်ပြီး သူ လုပ်ဆောင်သည့် အမှုကို ဝိညာဉ်တော်က လုပ်ဆောင်သည့် အရာအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယနေ့တွင်၊ ဤအမှုနှင့်ဆိုင်သည့် အသိပညာ သင် မရှိပါက၊ သင်သည် အလွန်မိုက်မဲပြီး အလွန်များစွာ ဆုံးရှုံးရပြီး ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးပါက၊ သင်၏ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာတရားနှင့်ဆိုင်သည့် ခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ သင်သည် မသုံးတော့သော အယူဝါဒကို မြဲမြံစွာ စွဲကိုင်ထားသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင် ဆုံးရှုံးပြီးဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်းအား ရရှိအောင် အားထုတ်သည့် အခြားသူများသည် သမ္မာတရားနှင့် အသက်ကို ရရှိနိုင်ကြသည်၊ သင်၏ ယုံကြည်ခြင်းမှာမူ ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်စွမ်း မရှိချေ။ ယင်းအစား၊ သင်သည် ဒုစရိုက်ကိုပြုသူတစ်ဦး၊ ဖျက်ဆီးတတ်ပြီး မနှစ်သက်ဖွယ် အပြုအမူများကို ကျူးလွန်သူ တစ်စုံတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ သင်သည် စာတန်၏ လှောင်ပြောင်စရာတစ်ဦးနှင့် စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်ဘဲ၊ လူ၏ချစ်ခြင်းကို ခံရန်နှင့် လူ၏ လိုက်စားခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်သည်။ ယနေ့ သင် မလိုက်စားပါက၊ သင်က “ယခင်အချိန်က ငါသည် ဘုရားသခင်နောက်သို့ အဘယ်ကြောင့် ကောင်းစွာမလိုက်ခဲ့သနည်း၊ ကိုယ်တော့်ကို အဘယ်ကြောင့် ကောင်းစွာ စိတ်ကျေနပ်စေခြင်း မရှိခဲ့သနည်း၊ ငါ၏အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို အဘယ်ကြောင့် ငါ မလိုက်စားခဲ့သနည်း။ ထိုအချိန်က ဘုရားသခင်ထံ မကျိုးနွံမနာခံနိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် အသိပညာကို မလိုက်စားခဲ့ခြင်းအား ငါနောင်တ ရလိုက်လေခြင်း။ ထိုအချိန်က ဘုရားသခင်သည် အလွန်များစွာ ပြောခဲ့သည်။ ငါ အဘယ်သို့များ မလိုက်စားနိုင်လေပြီနည်း။ ငါသည် အလွန် မိုက်မဲခဲ့သည်တကား” ဟု ပြောသည့် နေ့ရက် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာ တစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။ လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်ပြီး လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်သမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် အဖြောင့်မတ်ဆုံး ဖြစ်သည့်အတွက်၊ သူသည် လူသားအပေါ် ဧကန်မုချ သမာသမတ်ကျလိမ့်မည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ သူ့နောက်သို့ လိုက်ပါက၊ ဘုရားသခင်သည် လူသားကို ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။ လူအချို့က “ယနေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် အလုပ်များပါ၏။ အဆုံးသတ်ရောက်သောအခါ၊ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည်၊ “သင်သည် ငါ့နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီးပြီလော။” သင်ပြောဆိုသော ဖြောင့်မတ်မှုသည် အရောင်းအဝယ် တစ်ခုအပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ တကယ့်အဆုံးထိ ငါ့နောက်လိုက်သူအားလုံးသည် ကယ်တင်ခြင်းကို ခံရပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ သေချာသည်ဟုသာ သင်ထင်သည်။ “တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် ကယ်တင်ခံရဖို့ သေချာသည်” ဟူသော ငါ့နှုတ်ကပတ်တော်များတွင် သိုဝှက်သော အဓိပ္ပာယ်ရှိသည်- တကယ့်အဆုံးထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါ၏ အပြည့်အဝ ရယူခြင်း ခံရမည့်သူများ ဖြစ်သည်၊ ၎င်းတို့သည် ငါ၏ သိမ်းပိုက်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေကာ စုံလင်စေခြင်း ခံကြရသူများဖြစ်သည်။ မည်သည့် သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိပြီး ပြီနည်း။ သင်သည် တကယ့်အဆုံးထိ ငါ့နောက်လိုက်ခြင်းကိုသာ စွမ်းဆောင်ရရှိပြီး ဖြစ်သည်၊ သို့သော် အခြားမည်သည့်အရာရှိသေးသနည်း။ ငါ့စကားများကို သင် လိုက်နာစောင့်ထိန်းပြီးပြီလော။ သင်သည် ငါ၏ သတ်မှတ်ချက် ငါးခုထဲမှ တစ်ချက်ကိုပြီးမြောက်ပြီးဖြစ်သော်လည်း၊ ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် သင် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကိုသာ တွေ့ရှိပြီးဖြစ်ကာ၊ ကံကောင်းဖို့သာ မျှော်လင့်နေသည့် သဘောထားတစ်ခုဖြင့် ယင်းကို လိုက်စားပြီး ဖြစ်သည်။ သင်ကဲ့သို့သော ထိုလူတစ်ဦးအပေါ် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံခြင်းတစ်ခုဖြစ်ပြီး ယင်းသည် မကောင်းမှု ပြုလုပ်သူအားလုံးနှင့်ဆိုင်သည့် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသော သူအားလုံးသည် တကယ့်အဆုံးထိ ၎င်းတို့လိုက်လျှောက်လျှင်ပင် ဧကန်မုချ အပြစ်ပေး ခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ ဤဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးရာတွင် ဖော်ပြသည့်အခါ၊ လူသားသည် မှင်တက်ကာ၊ ဘုရားသခင် နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်းခရီး၌ မလျှောက်ခဲ့သည်ကို သူနောင်တရလိမ့်မည်။ “ထိုအချိန်တွင်၊ ဘုရားသခင် နောက်လိုက်စဉ် ငါသည် အနည်းငယ်သာ ဒုက္ခခံစားခဲ့သော်လည်း ဘုရားသခင်၏လမ်းခရီး၌ မလျှောက်လှမ်းခဲ့ပါ။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။” သို့တိုင် သူ့စိတ်ထဲတွင် သူက၊ “မည်သို့ပင်ဆိုစေ၊ တကယ့်အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမလျှင်ပင်၊ ယင်းသည် အလွန်ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း မဖြစ်နိုင်သကဲ့သို့၊ ဤပြစ်တင်ဆုံးမမှုကို အရယူပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်ကို အလိုရှိလိမ့်ဦးမည် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သကဲ့သို့၊ ကျွန်ုပ်အား ထိုနည်းဖြင့် အစဉ်ထာဝရ ဆက်ဆံလိမ့်မည် မဟုတ်သည်ကို ကျွန်ုပ် သိပါ၏။ အဆုံးတွင်တော့၊ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရမည့် သူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရမည့်သူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပြစ်တင်ဆုံးမခြင်းမှာမူ သာ၍ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသကဲ့သို့ မဟုတ်ပေ။ မိမိတို့ အပြစ်များကို ဝန်ခံရာတွင် တော်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည်မှာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းခြင်းဖြစ်ပြီး လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော စိတ်သဘောထားတစ်ခု ဖြစ်ကာ၊ ညစ်ညူးသော အရာများ နှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသော အရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်ဘဲ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံတော်အတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး၊ ဤစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့၊ မပြောင်းလဲသေးသောသူ မည်သူမဆိုနှင့်ဆိုင်သည့် ဖြောင့်မတ်သော အပြစ်ပေးခြင်းဖြစ်ကာ၊ ကယ်တင်ခြင်းအတွက် အကန့်အသတ်အတိုင်းအတာ မရှိပေ။ အကြောင်းမှာ လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားသည့်အခါ၊ ကောင်းသောသူများသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောသူများသည် အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ခရီးပန်းတိုင်ကို ရှင်းလင်းစေလိမ့်မည့် အချိန် ဖြစ်သည်။ ကယ်တင်ခြင်းအမှု အဆုံးသတ်မည့် အချိန်ဖြစ်သည်၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်း အမှုကို နောက်ထပ် လုပ်ဆောင်တော့မည်မဟုတ်သကဲ့သို့၊ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်းအပေါ်သို့ ကျရောက်လိမ့်မည်။ လူအချို့က “ဘုရားသခင်သည် သူ့အနားတွင် မကြာခဏရှိသော သူတိုင်းကို အမှတ်ရသည်။ ကျွန်ုပ်တို့ထဲမှ မည်သူ့ကိုမျှ သူမေ့လျော့လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်မှာ သေချာပါသည်။ အောက်တွင်ရှိသော သူများထဲမှ မည်သူကိုမျှ သူ အမှတ်ရမည်မဟုတ်၊ အောက်၌ရှိသော လူများထဲမှ စုံလင်စေခြင်းကို ခံရမည့်သူများသည် ဘုရားသခင်အား မကြာခဏ ကြုံရသော ကျွန်ုပ်တို့ထက် နည်းပါးမည်မှာ သေချာသည်။ ကျွန်ုပ်တို့ထဲတွင် မည်သူ့ကိုမျှ ဘုရားသခင် မမေ့လျော့လေပြီ၊ ကျွန်ုပ်တို့ အားလုံးသည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ စုံလင်စေခြင်းခံရမည်မှာ သေချာပါသည်” ဟု ပြောကြသည်။ သင်တို့အားလုံးသည် ထိုသို့သော အယူအဆများ ရှိကြသည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းလော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီလော သို့မဟုတ် မလုပ်ဆောင်ရသေးသလော။ သင်သည် ဤကဲ့သို့သော ကောလာဟလများကို အမှန်တကယ် ဖြန့်နေသည်- သင့်မှာ အရှက်မရှိပါတကား။

ယနေ့တွင် လူအချို့သည် ဘုရားသခင် အသုံးပြုခံရခြင်းကို လိုက်စားကြသော်လည်း၊ သိမ်းပိုက်ခံရပြီးနောက် ၎င်းတို့ကို တိုက်ရိုက် အသုံးပြု၍ မရနိုင်ပေ။ ယနေ့ပြောဆိုသည့် နှုတ်ကပတ်တော်များ အတွက်မူ၊ ဘုရားသခင်က လူတို့ကို အသုံးပြုသည့်အခါ၊ သင်သည် ယင်းတို့ကို မပြီးမြောက်နိုင်သေးပါက၊ သင်သည် စုံလင်စေခြင်းကို မခံရသေးပေ။ တစ်နည်းအားဖြင့်၊ လူသည် စုံလင်စေခြင်းခံရသည့် အချိန်ကာလ အဆုံးသတ် ရောက်ရှိခြင်းက လူသားသည် ဘုရားသခင်၏ ပယ်ထုတ်ခြင်း ခံရမည်လော သို့မဟုတ် အသုံးပြုခြင်း ခံရမည်လော ဆိုသည်ကို အဆုံးအဖြတ်ပေးလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်ဖြစ်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့၏ ဥပမာများထက် ဘာမျှမပိုပေ။ ၎င်းတို့သည် နမူနာများနှင့် စံပုံစံများဖြစ်သော်လည်း၊ ၎င်းတို့သည် ဆန့်ကျင်ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသား၏ အသက်စိတ်သဘောထား ပြောင်းလဲပြီး အိတ်သွန်ဖာမှောက် ပြောင်းလဲမှုများကို ရရှိပြီးအချိန်မှသာ၊ သူသည် အပြည့်အဝ စုံလင်စေခြင်းခံရပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် မည်သည့်အရာကို သင်အလိုရှိသနည်း- သိမ်းပိုက်ခံရခြင်းလော၊ သို့မဟုတ် စုံလင်အောင်ပြုခံရခြင်းလော။ မည်သည့်အရာကို စွမ်းဆောင်ရရှိရန် သင် ဆန္ဒရှိသနည်း။ စုံလင်အောင်ပြုခံရခြင်းအတွက် သတ်မှတ်ချက်များကို သင်ဖြည့်ဆည်းပြီးပြီလော။ မည်သည့် သတ်မှတ်ချက်များ သင်ကင်းမဲ့ဆဲဖြစ်သနည်း။ သင့်ကိုယ်သင် မည်သို့ ပြင်ဆင်သင့်ပြီး၊ သင်၏ ချို့တဲ့ခြင်းများအတွက် မည်သို့ ထေမိစေသင့်သနည်း။ စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်သည် မည်သို့ လုံးဝ ကျိုးနွံနာခံသင့်သနည်း။ သင်သည် စုံလင်စေခြင်းခံရရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သန့်ရှင်းခြင်းကို သင် လိုက်စားသလော။ သင်သည် သန့်စင်ခြင်းခံရနိုင်ဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို တွေ့ကြုံခံစားဖို့ ကြိုးစားသည့် လူတစ်ဦး ဖြစ်ပါသလော။ သင်သည် သန့်ရှင်းစေခြင်းကို လိုက်စားသည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ပတ်သက်သည့် အသိပညာ တစ်ခု ရှိပါသလော။ ယနေ့တွင် သင့်အပေါ် သူပြုသော အမှုအများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်၏။ သင့်အပေါ် ဆောင်ရွက်ပြီးဖြစ်သည့် ဤအမှုနှင့် ပတ်သက်သည့် အသိပညာသည် အဘယ်နည်း။ သင်တွေ့ကြုံပြီးဖြစ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပြီးပြီလော။ ယင်းသည် သင့်ကို ပြောင်းလဲစေပြီးပြီလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိပြီးပြီလော။ ယနေ့၏ အမှုများစွာကို- ကျိန်ခြင်းများ၊ တရားစီရင်ခြင်းနှင့် ဖွင့်ဟမှုများကို- သင် ငြီးငွေ့ပါသလော- သို့မဟုတ် ဤအရာများသည် သင့်အတွက် ကြီးစွာ အကျိုးပြုသည်ဟု သင် ခံစားရသလော။ သင်သည် ဘုရားသခင်ကို ချစ်၏၊ သို့သော် အဘယ်ကြောင့် သူ့ကို သင် ချစ်သနည်း။ သင်သည် ကျေးဇူးတော် အနည်းငယ် ရရှိသောကြောင့် ဘုရားသခင်ကို ချစ်သလော။ သို့မဟုတ် သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိပြီးသည့်နောက်တွင် ဘုရားသခင်ကို ချစ်သလော။ သို့မဟုတ် သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အားဖြင့် သန့်ရှင်းစေခြင်း ခံရပြီးသည့်နောက် ဘုရားသခင်ကို သင်ချစ်သလော။ မည်သည့်အရာ အတိအကျက သင့်အား ဘုရားသခင်ကို ချစ်စေသနည်း။ ပေတရုသည် စုံလင်စေခြင်းခံရရန်အလို့ငှာ မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့သနည်း။ သူသည် စုံလင်စေခြင်းခံခဲ့ရသည့်နောက်တွင်၊ ယင်းကို ဖော်ပြသည့် အရေးပါသောလမ်းမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ပေတရုသည် သခင်ယေရှုကို တောင့်တခဲ့သောကြောင့် သို့မဟုတ် သူသည် သခင်ယေရှုကို မမြင်နိုင်ခဲ့သောကြောင့် သို့မဟုတ် သူသည် ပြစ်တင်ခြင်းခံခဲ့ရပြီးဖြစ်သောကြောင့် သခင်ယေရှုကို ချစ်ခဲ့သ‌လော။ သို့မဟုတ် သူသည် အတိဒုက္ခများကို ခံစားရခြင်းအား လက်ခံခဲ့ပြီးဖြစ်ကာ သူ၏ ကိုယ်ပိုင် ညစ်ညမ်းမှုနှင့် မနာခံတတ်မှုတို့ကို သိရှိလာခဲ့ပြီးဖြစ်သောကြောင့်၊ သခင်၏ သန့်ရှင်းခြင်းကို သိရှိလာခဲ့ပြီးဖြစ်သောကြောင့်၊ ပေတရုသည် သခင်ယေရှုကို သာ၍ပင် ချစ်ခဲ့သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သို့မဟုတ် အခြားတစ်စုံတစ်ရာကြောင့် ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာခဲ့သလော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်နှင့် ယနေ့တွင် သူသည် သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ် ပေးပြီးပြီဖြစ်သောကြောင့် ဘုရားသခင်ကို ချစ်ခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာလော။ ဘုရားသခင်ကို သင် မည်သို့ ချစ်သင့်သနည်း။ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင် လက်ခံပြီး၊ သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက်တွင်၊ သင့်အနေဖြင့် သူ့ကို လုံးဝ လက်ခံယုံကြည်ပြီး သူနှင့်ဆိုင်သည့် အသိပညာ သင်ရှိသည်အထိ သူ့ကို အမှန်တကယ် သင် ချစ်နိုင်သင့်သလော။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင် ပါသလော။ သင် လိုက်စားသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သိမ်းပိုက်ခံရရန် ဖြစ်သလော သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပြီးသည့်နောက် သန့်ရှင်းစေခြင်းခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် စောင့်ရှောက်ခံရရန် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်စားသနည်း။ သင်၏အသက်တာသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု ဖြစ်သလော သို့မဟုတ် ယင်းသည် အဓိပ္ပာယ်မဲ့ကာ တန်ဖိုးမရှိလေသလော။ သင်သည် ဇာတိပကတိကို လိုချင်သလော သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒ ရှိသလော သို့မဟုတ် သက်သောင့်သက်သာ ဖြစ်ခြင်းကို သင် ဆန္ဒရှိသလော။ ဘုရားသခင်၏အမှုကို အလွန်များစွာ တွေ့ကြုံပြီးသည့်နောက်၊ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ရပြီးသည့်နောက်၊ သင်သည် မည်သို့ လိုက်စားသင့်သနည်း။ ဤလမ်းကြောင်းကို သင်မည်သို့ လျှောက်လှမ်းသင့်သနည်း။ သင်၏ ဘုရားသခင်ကို ချစ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အထဲ၌ သက်ရောက်မှု တစ်ခုတစ်လေ စွမ်းဆောင်ရရှိပြီးပြီလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် အသိပညာ သင် ရှိခြင်း၊ မရှိခြင်းသည် သင်အသက်ရှင်နေထိုင်သည့်အရာနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား ချစ်သည်ဟုဆိုသော်လည်း၊ သင် အသက်ရှင်နေထိုင်သည်မှာ အိုဟောင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်သည် အသိတရား ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းပင် မရှိပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ချစ်သလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို သစ္စာစောင့်သိသလော။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်ပါသလော။ သင်က ဘုရားသခင်ကို ချစ်ကာ သူ့ကို ယုံကြည်ပါသည်ဟု ပြောသော်လည်း သင်၏ အယူအဆများကို သင် လက်မလွှတ်ပေ။ သင်၏ အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင်၊ ဘုရားသခင်အား သင်၏ချစ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များ မရှိသကဲ့သို့၊ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိပေ။ ဤသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ရရှိပြီးသောသူ တစ်ဦးဖြစ်သလော။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ပေတရု ဖြစ်နိုင်မည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သော အသက်တာကို အသက်ရှင်နေထိုင်ရန် လူသား လိုအပ်သည့် သတ်မှတ်ချက်မှာ အဘယ်နည်း။ ပေတရု၏ ဆုတောင်းချက်များသည် သူ့နှုတ်မှထွက်လာသော စကားများထက် မည်သည့်အရာမျှ မပိုခဲ့သလော။ ယင်းတို့သည် သူ၏ နှလုံးသား အတွင်းနက်နက်မှ စကားများ မဟုတ်ခဲ့သလော။ ပေတရုသည် ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သလော။ သင်လိုက်စားမှုမှာ မည်သူ့အတွက်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအတွင်းတွင် သင်သည် ကွယ်ကာမှုနှင့် သန့်ရှင်းစေခြင်းတို့ကို မိမိကိုယ်ကိုယ် မည်သို့ ရရှိစေသင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူသားအဖို့ အကျိုးမရှိပါသလော။ တရားစီရင်ခြင်းအားလုံးသည် အပြစ်ပေးခြင်းဖြစ်သလော။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂ သက်သောင့်သက်သာ ဖြစ်ခြင်းတို့သည်သာ လူ၏အသက်အတွက် အကျိုးရှိသည်မှာ ဖြစ်နိုင်မည်လော။ လူသည် တရားစီရင်ခြင်း အသက်တာ မရှိဘဲ၊ သာယာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်နေထိုင်ပါက၊ သူသည် သန့်ရှင်းစေခြင်း ခံရနိုင်မည်လော။ လူသည် ပြောင်းလဲပြီး သန့်ရှင်းစေခြင်းခံရရန် ဆန္ဒရှိပါက၊ စုံလင်အောင်ပြုခြင်းကို သူ မည်သို့လက်ခံသင့်သနည်း။ ယနေ့ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။

အရှေ့သို့- မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

နောက်တစ်ခုသို့- သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။