စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၅)

ငါ့ဝိညာဉ်၏ အသံသည် ငါ၏ စိတ်သဘောထားတစ်ခုလုံး၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သင်တို့ နားလည်သလော။ ဤအချက်ကို မရှင်းလင်းခြင်းသည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်သည့်သဘော သက်ရောက်ပေမည်။ ဤတွင်ရှိသော အရေးပါမှုကို သင်တို့ စစ်မှန်စွာ သိမြင်ပြီးပြီလော။ ငါသည် သင်တို့အပေါ်သို့ မည်မျှအားထုတ်မှု၊ မည်မျှ အားအင် အသုံးပြုသည်ကို သင်တို့ အမှန်တကယ် သိပါသလော။ ငါ့ရှေ့မှောက်တွင် သင်တို့လုပ်ခဲ့သောအရာနှင့် သင်တို့ မည်သို့ ပြုမူပြီးဖြစ်သည်ကို အမှန်တကယ် ဖော်ထုတ်ဝံ့ပါသလော။ ငါ့ရှေ့တွင် သင်တို့ကိုယ်သင်တို့ ငါ၏လူများဟု ခေါ်ဆိုဝံ့သလော- သင်တို့သည် အသိစိတ်ရှိဖို့ မဆိုထားနှင့်၊ အရှက်တရားပင် မရှိပေ။ သင်တို့ကဲ့သို့သော လူများသည် ငါ၏အိမ်မှ အနှေးနှင့်အမြန် ပယ်ထုတ်ခံရပေလိမ့်မည်။ သင်သည် ငါ့အတွက် သက်သေခံ ရပ်တည်ပြီးဖြစ်သည်ဟု ယူဆရင်း ငါ့အား သင် မလှည့်ဖြားနှင့်။ ဤသည်မှာ လူ့သဘာဝက လုပ်ဆောင်နိုင်စွမ်း ရှိသော အရာတစ်ခုလော။ သင့်ရည်ရွယ်ချက်များနှင့် သင့်ရည်မှန်းချက်များမှ မည်သည့်အရာမျှ မကျန်ရှိခဲ့ပါက၊ သင်သည် အချိန်ကြာမြင့်စွာကပင် ကွဲပြားသော လမ်းတစ်ခုသို့ ထွက်သွားပြီး ဖြစ်ပေမည်။ လူသား၏ နှလုံးသားက မည်မျှ ထိန်းထားနိုင်သည်ကို ငါမသိဟု သင်ထင်သလော။ ဤအချိန်မှစ၍ အရာရာ၌ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက် ရမည်။ အတိတ်တွင် သင် လုပ်ဆောင်ခဲ့သကဲ့သို့ ရောက်တတ်ရာရာ ပြောနေရုံမျှက၊ သင့်ကို အဆင်ပြေ စေတော့မည်မဟုတ်ပေ။ အတိတ်တွင်၊ သင်တို့ အများစုသည် ငါ့အမိုးအောက်တွင် ကပ်ရပ်နေနိုင်ခဲ့ကြသည်။ ယနေ့ ခိုင်မာစွာ သင်ရပ်တည်နိုင်သည့် အချက်မှာ ငါ့နှုတ်ကပတ်တော်များ၏ ပြင်းထန်မှုကြောင့် လုံးဝဖြစ်၏။ ငါသည် အလျဉ်းသင့်သလို ရည်ရွယ်ချက်မရှိဘဲ၊ ပြောနေသည်ဟု သင်ထင်သလော။ မဖြစ်နိုင်ပေ။ အရာအားလုံးကို ငါသည် အမြင့်မှ အောက်သို့ ငုံ့ကြည့်ပြီး အရာအားလုံးအပေါ်သို့ အမြင့်မှ အုပ်စိုးမှုကို ငါ ကျင့်သုံး၏။ ထိုနည်းတူ၊ ငါ၏ ကယ်တင်ခြင်းကို ကမ္ဘာမြေပေါ်သို့ ငါ နေရာချထားပြီးဖြစ်သည်။ လူသားများ၏ လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့် အရာတိုင်းကို ငါ၏လျှို့ဝှက်သော နေရာမှ ငါ စောင့်ကြည့်နေခြင်း မရှိသည့် အခိုက်အတန့်ဟူ၍ လုံးဝမရှိပေ။ ငါ့အဖို့ လူသားများသည် ခန့်မှန်းရလွယ်သောသူများ ဖြစ်သည်- ငါသည် ၎င်းတို့ တစ်ဦးစီနှင့် အားလုံးကို မြင်ကာ သိ၏။ လျှို့ဝှက်သော နေရာသည် ငါ၏ဘုံဗိမာန်ဖြစ်ပြီး၊ ကောင်းကင် အမိုး တစ်ခုလုံးသည် ငါ လဲလျောင်းရာ အိပ်ရာဖြစ်သည်။ ငါသည် ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်လျှံလျက် ရှိသည့်အတွက်၊ စာတန်၏ အင်အားစုများသည် ငါ့ထံသို့မရောက်နိုင်။ ပြောမပြတတ်လောက်အောင် ဖြစ်သော နက်နဲမှုသည် ငါ့နှုတ်ကပတ်တော်များ၌ ရှိ၏။ ငါစကား ပြောနေသောအခါတွင်၊ သင်တို့၏ စိတ်ဝိညာဉ်သည် ထုံထိုင်းတွေဝေသည့် အခြေအနေတစ်ခုထဲသို့ ကျရောက်ပြီး ဖြစ်သောကြောင့်၊ သင်တို့သည် စိတ်ရှုပ်ထွေးမှုဖြင့် လွှမ်းလျက် ရေထဲသို့ ပစ်ချခံလိုက်ရသည့် ကြက်ငှက်များကဲ့သို့ ဖြစ်သွားကြသည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ သိပုံမရဘဲ၊ ယခုပင် ထိတ်လန့်ဖွယ် တခုကို ကြုံလိုက်ရသည့် ကလေးငယ်များကဲ့သို့ ဖြစ်သွားကြလေသည်။ လျှို့ဝှက်သော နေရာသည် ငါ့ဘုံဗိမာန်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါ့နှုတ်ကပတ်တော်များ၏ ပိုမိုနက်နဲသော အဓိပ္ပာယ်ကို သင်သိသလော။ လူသားများထဲတွင် မည်သူသည် ငါ့ကို သိနိုင်သနည်း။ မိမိတို့ကိုယ်တိုင်၏ မိခင်နှင့် ဖခင်ကို သိသကဲ့သို့၊ ငါ့အား မည်သူ သိနိုင်စွမ်းရှိသနည်း။ ငါ့ဘုံဗိမာန်ထဲတွင် အနားယူရင်း၊ ငါ သေချာစွာ လေ့လာ၏- ကမ္ဘာမြေပေါ်ရှိ လူများအားလုံးသည် ၎င်းတို့၏ကံကြမ္မာနှင့် ၎င်းတို့၏အနာဂတ် အတွက်သာ၊ “ကမ္ဘာလှည့် ခရီးသွားခြင်း” နှင့် သွားလိုက် ပြန်လိုက် ပြေးလွှားရင်း ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ သို့သော် တစ်ဦးတစ်ယောက်ကမျှ ငါ့နိုင်ငံတော် တည်ဆောက်ခြင်းအတွက် ချန်ထားဖို့ အားအင် မရှိကြပေ၊ အသက်ရှူဖို့ သုံးသည့် အားထုတ်မှုမျှပင် မရှိချေ။ ငါသည် လူသားများကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့ကို အတိဒုက္ခမှ ကြိမ်ဖန်များစွာ ငါကယ်ဆယ်ပြီးဖြစ်သည်၊ သို့သော် ဤလူသားများ အားလုံးသည် ကျေးဇူးကန်းသူများ ဖြစ်ကြသည်- ယင်းတို့အထဲတွင် တစ်ဦးတစ်ယောက်ကမျှ ငါ၏ ကယ်တင်ခြင်း ဖြစ်စဉ်အားလုံးကို မရေတွက်နိုင်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ လက်ရှိနေ့ရက်အထိ နှစ်ပေါင်းများစွာ- ရာစုနှစ်ပေါင်းများလှစွာ- ရှိပြီးဖြစ်သည်။ ငါသည် အံ့ဖွယ်နိမိတ်လက္ခဏာများစွာကို ပြုပြီးဖြစ်ကာ ငါ၏ဉာဏ်ပညာကို အကြိမ်များစွာ ထင်ရှားစေပြီးဖြစ်သည်။ သို့သော် လူတို့သည် စိတ်ဝေဒနာသည်တစ်ဦးကဲ့သို့ စိတ်မနှံ့ဖြစ်ကာ ထုံထိုင်းသကဲ့သို့၊ ငါ၏အရေးကိစ္စများကို အရေးစိုက်ခြင်းငှာ ရည်ရွယ်ချက် အနည်းငယ်မျှမရှိဘဲ၊ တစ်ခါတစ်ရံတွင်ပင် သစ်တောထဲတွင် ယမ်းခါနေသည့် သားရဲရိုင်းများကဲ့သို့ ဖြစ်ကြလေသည်။ ကြိမ်ဖန်များစွာ၊ ငါသည် လူသားများကို သေမိန့်ပေးပြီးဖြစ်ကာ ၎င်းတို့ကို သေစေရန် စီရင်ချက်ချခဲ့သော်လည်း၊ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်သည် မည်သူအားဖြင့်မျှ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်၊ ငါ၏ လက်ထဲတွင် လူသားများသည် မိမိတို့ ဖက်တွယ်သည့် ဟောင်းသောအရာများကို ဆက်လက် ထုတ်ဖော်ပြ ကြလေသည်။ ငါ၏ အမှုအဆင့်ဆင့်ကြောင့် ဆုတ်ယုတ်သည့်၊ အကျင့်ပျက်သည့်၊ ညစ်ညူးပြီး ယုတ်ညံ့သော မိသားစုကြီး တစ်ခုထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့ကို ငါ တစ်ဖန် ကယ်ဆယ်ပြီးဖြစ်သည်။

ငါစီစဉ်ထားသော အမှုသည် တစ်ခဏပင် မရပ်နားဘဲ၊ ရှေ့သို့သာ အပူတပြင်း ရှေ့ဆက်မြဲရှေ့ဆက်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရွှေ့ပြောင်းပြီးနောက်၊ ပြီးလျှင် သင်တို့ကို ငါ၏လူများအဖြစ် ငါ့နိုင်ငံတော်ထဲသို့ သယ်ဆောင် သွားပြီးနောက်၊ ငါ၌ သင်တို့အပေါ် အခြား တောင်းဆိုမှုများ ရှိပေမည်။ ဆိုလိုသည်မှာ၊ ဤခေတ်ကို ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်။

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ- ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။ ငါ၏လူများကို ငါတောင်းဆိုသည့်အရာနှင့် စပ်လျဉ်း၍၊ ဤပညတ်ချက်များတွင် ယခု ငါရပ်ထားမည် ဖြစ်ပြီး၊ အခြေအနေများ ပြောင်းလဲပုံပေါ် မူတည်ပြီး နောက်ထပ် အရေးယူမှုများ ပြုလုပ်ရန် စောင့်ဆိုင်းမည်ဖြစ်သည်။

လွန်ခဲ့သည့် နေ့ရက်များတွင်၊ လူအများစုက ငါသည် ဉာဏ်ပညာနှင့်သက်ဆိုင်သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်၊ လူသားများ၏ စိတ်နှလုံးထဲထိ နက်နက်ရှိုင်းရှိုင်း မြင်သည့် တကယ့် ဘုရားသခင်ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဤသည်မှာ အပေါ်ယံအပြောသာ ဖြစ်သည်။ လူသားများသည် ငါ့အား အမှန်တကယ် သိရှိခဲ့ကြပြီးဖြစ်ပါက၊ အလျင်အမြန် ကောက်ချက်များ ချဝံ့မည်မဟုတ်ဘဲ၊ ယင်းအစား ငါ့နှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့အားသိရန် ကြိုးစားမြဲကြိုးစားနေကြပေမည်။ ငါ၏ လုပ်ဆောင်ချက်များကို ၎င်းတို့ အမှန်တကယ် တွေ့မြင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်အခါမှသာ ငါ့ကို အမြော်အမြင် ရှိပြီး အံ့ဖွယ်ဖြစ်သောသူဟု ခေါ်ဆိုဖို့ ထိုက်တန်ကြပေမည်။ ငါနှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် မလေးနက်လှပေ။ ခေတ်ကာလများ တစ်လျှောက်လုံးတွင်၊ များစွာသောလူတို့သည် ငါ့အား နှစ်ပေါင်းများစွာ အစေခံကြပြီး ဖြစ်ကာ ငါ၏ လုပ်ဆောင်ချက်များကို မြင်ကြပြီးနောက်၊ ငါနှင့်သက်ဆိုင်၍ တစ်စုံတစ်ရာကို စစ်မှန်စွာ သိရှိလာကြသည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့သည် ငါ့ခြေရာများကို ရှာဖွေရန် ခက်ခဲလှသောကြောင့် ငါ့အား ဆန့်ကျင်ရန် ရည်ရွယ်ချက် အနည်းငယ်မျှ သိုထားဝံ့ခြင်းမရှိဘဲ၊ ငါ့အပေါ် ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခု အမြဲ ရှိလေ့ရှိခဲ့ကြသည်။ ဤလူများ အလယ်တွင် ငါ၏ လမ်းပြမှုကင်းမဲ့ပါက၊ ၎င်းတို့သည် အလောတကြီး လုပ်ဆောင်ဝံ့ကြမည်မဟုတ်ပေ။ ထို့ကြောင့်၊ နှစ်ပေါင်းများစွာ အတွေ့အကြုံကို ရှင်သန်ဖြတ်သန်းပြီးသည့် နောက်တွင်၊ ၎င်းတို့သည် ငါ့ကို အမြော်အမြင်ရှိသူ၊ အံ့ဖွယ်ဖြစ်ပြီး တိုင်ပင်ဘက်အဖြစ်၊ ငါ့နှုတ်ကပတ်တော်များသည် အသွားနှစ်ဘက်ပါသော ဓားကဲ့သို့ဖြစ်သည်၊ ငါ၏ လုပ်ဆောင်ချက်တို့သည် ကြီးမြတ်ပြီး အလွန်အံ့အားသင့်ဖွယ်ဖြစ်ကာ အံ့သြဖွယ်ဖြစ်သည်၊ ငါသည် ဘုန်းအာနုဘော်ဖြင့် ခြုံလွှမ်းထားသည်၊ ငါ၏ ဉာဏ်ပညာသည် မိုးမျက်နှာကြက်နှင့် အခြား ထိုးထွင်းသိမြင်မှုတို့ထက် မြင့်မားသည်ဟု ခေါ်ဆိုရင်း၊ ငါနှင့် ပတ်သက်သည့် အသိပညာ အစိတ်အပိုင်းတစ်ခုကို နောက်ဆုံးတွင် ခြုံငုံ၍ ကောက်ချက်ချ ခဲ့ကြလေသည်။ သို့သော် ယနေ့တွင် ငါနှင့်ပတ်သက်သည့် သင်တို့၏ အသိပညာသည် ၎င်းတို့ခင်းထားသော အုတ်မြစ်အပေါ် အခြေပြုရုံမျှ ပြုထားလေသည်၊ ထို့ကြောင့် သင်တို့ အများစုသည်- ကြက်တူရွေးများကဲ့သို့- ၎င်းတို့ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို ရေရွတ်နေခြင်းသာ ဖြစ်သည်။ သင်တို့ကို ပြစ်တင်ဆုံးမမှု များလှစွာ ငါ သက်ညှာခဲ့သည်မှာ သင်တို့ ငါ့ကိုသိရှိပုံသည် မလေးနက်လှသကဲ့သို့၊ သင်တို့၏ “ပညာရေး” သည် ညံ့ဖျင်းလှသည်ကို ငါထည့်သွင်း စဉ်းစားသောကြောင့်သာ ဖြစ်သည်။ သို့သော်ငြားလည်း၊ သင်တို့အများစုသည် သင်တို့ကိုယ်သင်တို့ မသိကြသေးပေ၊ သို့မဟုတ် သင်တို့၏ လုပ်ဆောင်မှုများတွင် ငါ၏အလိုကို ဖြည့်ဆည်းဖို့ ဆန္ဒပြင်းပြနှင့်ကြပြီးဖြစ်ကာ၊ ဤအကြောင်းကြောင့်၊ တရားစီရင်ခြင်းမှ လွတ်ကင်းကြပြီး ဖြစ်သည်ဟု တွေးထင်ကြလေသည်၊ သို့မဟုတ် လူ့ဇာတိခံယူပြီးနောက်၊ ငါသည် လူသားမျိုးနွယ်၏ လုပ်ရပ်များကို လုံးဝ မသိတော့ဘဲ၊ ဤအကြောင်းကြောင့် သင်တို့ ပြစ်တင်ဆုံးမမှုမှလည်း လွတ်ကင်းခဲ့သည်ဟု တွေးထင်ကြသည်၊ သို့မဟုတ် သင်တို့ ယုံကြည်သော ဘုရားသခင်သည် စကြဝဠာ၏ ကျယ်ပြန့်သော နေရာများတွင် မတည်ရှိဟု တွေးထင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းအား အလဟဿဖြစ်မည့် အချိန်ကို အပျင်းပြေကုန်လွန်စေခြင်း နည်းလမ်း တစ်ခုအဖြစ် အသုံးပြုရင်း၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်တို့၏ နှလုံးသားထဲတွင် သိမ်းထားရမည့် အရာတစ်ခုအစား သင်တို့၏ အားလပ်ချိန်တွင် လုပ်ဆောင်ရမည့် ငြီးငွေ့ဖွယ်ကောင်းသော အလုပ်တစ်ခုအဖြစ် ချောင်ထိုးထားကြသည်။ သင်တို့၏ အရည်အချင်းများ၊ ဆင်ခြင်တုံတရားနှင့် ထိုးထွင်းအမြင်များ ကင်းမဲ့မှုကို ငါမသနားခဲ့ပါက၊ သင်တို့အားလုံးသည် တည်ရှိခြင်းမှ ဖယ်ရှားခံရလျက်၊ ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးကြမည်ဖြစ်သည်။ သို့သော်၊ ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမှု ပြီးစီးသည်အထိ လူသားမျိုးနွယ်အပေါ် ငါ ဆက်လက်၍သက်ညှာဦးမည်။ ဤသည်မှာ သင်တို့အားလုံး သိရမည့်အရာဖြစ်ပြီး၊ သင်တို့ အားလုံးသည် အကောင်း နှင့် အဆိုးတို့ကို မရှင်းမလင်း ဖြစ်ခြင်းကို ရပ်တန့်ရမည် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

အရှေ့သို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၄)

နောက်တစ်ခုသို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။