အခန်း ၄၇

လူတို့၏အသက်တာကို ရင့်ကျက်စေရန်နှင့်၊ လူတို့နှင့် ငါသည် တူညီသည့်ရည်မှန်းချက်တစ်ခုရှိကာ အကျိုးရလဒ်များ ရရှိနိုင်စေဖို့အလို့ငှာ၊ ငါသည် ၎င်းတို့အား ငါ၏ နှုတ်ကပတ်တော်မှ အာဟာရနှင့် ထောက်ပံ့မှုတို့ကို ရရှိခွင့်နှင့် ငါ၏ကြွယ်ဝမှုအားလုံးကို လက်ခံရရှိခွင့် ပေးလျက် ၎င်းတို့အား ကင်းလွတ်ခွင့် အစဉ် ပေးတော်မူခဲ့သည်။ အရှက်ရစေဖို့အကြောင်းကို လူတို့အား ငါ မည်သည့်အခါမျှ မပေးခဲ့သော်လည်း၊ လူတို့သည် ငါ၏ခံစားချက်များကို ဘယ်သောအခါမျှ မထောက်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် စာနာစိတ်ကင်းမဲ့ပြီး ငါမှလွဲ၍ အရာအားလုံးအပေါ် “စက်ဆုပ်ရွံရှာ”သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အားနည်းချက်များကြောင့် ငါသည် ၎င်းတို့ကို အလွန်စာနာမိသည်၊ ဤအကြောင်းကြောင့် ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့ရှိစဉ်အချိန် ၎င်းတို့ကျေနပ်တင်းတိမ်သည်အထိ ကမ္ဘာမြေ၏ကြွယ်ဝမှုအားလုံးကို ၎င်းတို့ခံစားနိုင်စေခြင်းငှာ ငါသည် ၎င်းတို့အတွက် အနည်းငယ်ထက်ပို၍ ကြိုးစားအားထုတ်ခဲ့သည်။ ငါသည် လူတို့ကို မတရား ဆက်ဆံခြင်းမပြုသကဲ့သို့ ၎င်းတို့ ငါ့နောက်သို့ နှစ်များစွာ လိုက်ခဲ့ကြသည်ကို ထောက်ထားသောအားဖြင့် ထိုသူတို့အတွက် ငါ၏နှလုံးသားသည် နူးညံ့ပျော့ပြောင်းသွားခဲ့သည်။ ယင်းမှာ ငါ၏အမှုတော်ကို ထိုသူတို့အပေါ်တွင် လုပ်ဆောင်ခြင်းကို ငါမခံနိုင်သည့်အလား ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို ချစ်သည်နည်းတူ ငါ့ကိုချစ်ကြသော ဤပိန်လှီသည့် လူများကို ငါတွေ့မြင်ရသောအခါ ငါ၏ စိတ်နှလုံးထဲတွင် နားလည်ရခက်သည့် နာကျင်မှုခံစားချက်တစ်ခု အမြဲရှိနေသည်။ သို့သော် ဤအတွက်ကြောင့် အဘယ်သူသည် အစဉ်အလာကို ချိုးဖောက်နိုင်သနည်း။ ဤအတွက်ကြောင့် အဘယ်သူသည် မိမိကိုယ်မိမိ အနှောင့်အယှက်ဖြစ်စေမည်နည်း။ မည်သို့ပင်ဆိုစေ၊ ၎င်းတို့ အစွမ်းကုန်ပျော်မွေ့ရန်အတွက် ငါ၏ ရက်ရောမှု အားလုံးကို လူတို့အား အပ်နှင်းခဲ့ပြီး၊ ဤကိစ္စတွင် လူတို့ကို ငါမတရားမပြုခဲ့ပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်သည် ငါ၏သနားကရုဏာနှင့်ပြည့်စုံပြီး စေတနာရှိသောမျက်နှာကို တွေ့မြင်ရဆဲဖြစ်သည်။ ငါသည် အစဉ်သည်းခံခဲ့ကာ အစဉ်စောင့်ဆိုင်းလျက်ရှိခဲ့သည်။ လူတို့သည် ၎င်းတို့ အတော်အတန်ပျော်မြူးပြီး ငြီးငွေ့လာကြသည့်အချိန်တွင် ငါသည် ၎င်းတို့တောင်းဆိုမှုများကို စတင်ဖြည့်ဆည်းပေးမည်ဖြစ်ပြီး လူတို့အား ၎င်းတို့၏ နှစ်သာရမဲ့သောဘဝများမှ လွတ်မြာက်ခွင့်ပေးပြီး၊ ငါသည် မည်သည့်အခါမျှ လူသားမျိုးနွယ်နှင့် တစ်ဖန် အဆက်အဆံပြုတော့မည်မဟုတ်။ ကမ္ဘာမြေပေါ်တွင် လူတို့ကို ဝါးမျိုရန် ငါသည် ပင်လယ်ရေကို အသုံးပြုခဲ့၏၊ အစာခေါင်းပါးခြင်းဖြင့် ၎င်းတို့ကို ထိန်းချုပ်ခဲ့၏၊ အင်းဆက်ပိုးမွှားတို့၏ကပ်ဘေးဖြင့် ၎င်းတို့ကို ခြိမ်းခြောက်ခဲ့ပြီး၊ ၎င်းတို့ကို “ရေလောင်း” ဖို့ သည်းထန်သော မိုးရေတို့ကို ငါအသုံးပြုခဲ့သည်၊ သို့သော် ၎င်းတို့သည် ဘဝ၏အနှစ်မဲ့ခြင်းကို မည်သည့်အခါမျှ မခံစားခဲ့ဖူးပေ။ ယခုတွင်ပင် လူတို့သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်ခြင်း၏ အဓိပ္ပာယ်ကို နားမလည်ကြသေးပေ။ ငါ့မျက်မှောက်၌ အသက်ရှင်ခြင်းသည် လူ့ဘဝ၏ အလေးနက်ဆုံးအဓိပ္ပာယ်များ ဖြစ်နိုင်သလော။ ငါ့ထဲ၌ အသက်ရှင်ခြင်းသည် လူတစ်ဦးကို ဘေးအန္တရာယ်၏ခြိမ်းခြောက်မှုမှ လွတ်မြောက်စေသလော။ ကမ္ဘာမြေပေါ်တွင် အသွေးအသားခန္ဓာမည်မျှသည် မိမိ၏ပျော်မွေ့ခြင်း လွတ်လပ်မှုထဲတွင် အသက်ရှင်ခဲ့ပြီနည်း။ ဇာတိပကတိထဲ၌ အသက်ရှင်ခြင်း၏ အနှစ်သာရကင်းမဲ့မှုမှ မည်သူလွတ်မြောက်ခဲ့ပြီနည်း။ ယခု ယင်းကို မည်သူသတိပြုနိုင်သနည်း။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်မှစ၍ ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်အရှိဆုံးသောဘဝ၌ မည်သူမျှ အသက်မရှင်နိုင်ခဲ့၊ ထို့ကြောင့် လူသားမျိုးနွယ်သည် လုံးဝအဓိပ္ပာယ်မဲ့သောဘဝ၌ အမြဲ အချိန်ဖြုန်းခဲ့သည်။ မည်သူမျှ ဤအကျပ်အတည်းမှ လွတ်မြောက်ရန် လိုလိုလားလားမရှိဘဲ၊ မည်သူမျှ ဤအနှစ်သာရမဲ့သော စိတ်ပင်ပန်းငြီးငွေ့ဖွယ်ဘဝကို ရှောင်ရှားရန် မလိုလားပေ။ လူတို့၏အတွေ့အကြုံတွင် ၎င်းတို့သည် ငါ၌မွေ့လျော်ခြင်းမှ အကျိုးအမြတ်ရကြသော်လည်း၊ ဇာတိပကတိ၌ အသက်ရှင်သောသူ မည်သူမျှ လူ့လောက၏ ထုံးတမ်းဓလေ့များမှ မလွတ်မြောက်ခဲ့ကြပေ။ ယင်းအစား ၎င်းတို့သည် အမှုအရာများကို အစဉ်ဖြစ်ခွင့်ပြုပြီး၊ ကိုယ့်ကိုကိုယ် ဆက်လက်၍ လှည့်စားခဲ့ကြသည်။

လူသားမျိုးနွယ်၏ရှင်သန်မှုကို ငါအပြည့်အဝ အဆုံးသတ်ပြီးချိန်တွင် ကမ္ဘာမြေပေါ်တွင် ကမ္ဘာမြေကြီး၏ နှိပ်စက်ညှဉ်ပန်းခြင်းကို ကြံ့ကြံ့ခံရန် မည်သူမျှ ကျန်ရှိလိမ့်မည် မဟုတ်ပေ၊ ထိုအခါမှသာ ငါ၏ကြီးမြတ်သောအမှု လုံးလုံးလျားလျား ပြီးမြောက်ပြီဟု ဆိုနိုင်ပေမည်။ ငါ လူ့ဇာတိခံယူထားချိန် နောက်ဆုံးသောကာလတွင် ငါပြီးမြောက်လိုသောအမှုမှာ ဇာတိပကတိ၌ အသက်ရှင်ခြင်း၏ အနှစ်သာရမဲ့ခြင်းကို လူတို့အား နားလည်သဘောပေါက်စေရန် ဖြစ်ပြီး၊ ငါသည် အသွေးအသားခန္ဓာကို ကွယ်ပျောက်စေရန် ဤအခွင့်ကောင်းကို အသုံးချမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ကမ္ဘာမြေကြီးပေါ်တွင် မည်သည့်လူသားမျှ ရှိလိမ့်မည်မဟုတ်၊ ကမ္ဘာမြေ၏ အနှစ်သာရမဲ့ခြင်းအကြောင်းကို မည်သူမျှထပ်မံ ငိုကြွေးလိမ့်မည်မဟုတ်၊ ဇာတိပကတိ၏ အခက်အခဲများအကြောင်းကို မည်သူမျှနောက်တစ်ဖန် ပြောဆိုလိမ့်မည် မဟုတ်၊ ငါသည် တရားမျှတမှုမရှိဟု မည်သူမျှ မည်သည့်အခါမျှ နောက်တစ်ဖန် ညည်းညူလိမ့်မည် မဟုတ်ဘဲ လူအားလုံးနှင့် အရာခပ်သိမ်းတို့သည် ချမ်းသာထဲသို့ ဝင်ရကြလိမ့်မည်။ ထို့နောက်တွင် မြေကြီးပေါ်တွင် လူတို့သည် ဟိုဟိုသည်သည် အပြေးအလွှားသွားကြကာ မဟုတ်ကာ အစဉ်မအားမလတ်ဖြစ်တော့မည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ဟိုရှာသည်ရှာ ဖြစ်တော့မည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့ကိုယ်တိုင်အတွက် သင့်လျော်သော ခရီးပန်းတိုင်တစ်ခုကို ၎င်းတို့ တွေ့ရှိကြပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့အားလုံး၏မျက်နှာများပေါ်တွင် အပြုံးများကို ထွက်ပေါ်လာကြလိမ့်မည်။ ထို့နောက် ငါသည် လူတို့ထံမှ မည်သည့်အရာကိုမျှ ထပ်မံတောင်းဆိုတော့မည် မဟုတ်သကဲ့သို့ ၎င်းတို့နှင့် နောက်ထပ် အငြင်းပွားတော့မည်လည်း မဟုတ်ပေ၊ ငါတို့အကြားတွင် နောက်ထပ် ငြိမ်းချမ်းရေးသဘောတူညီချက် ရှိတော့မည်မဟုတ်။ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေပြီး၊ လူတို့သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ကြသည်၊ ငါသည် ထိုသူတို့နှင့်အတူ အသက်ရှင်လျက်နေထိုင်၏။ ၎င်းတို့အားလုံးသည် ငါ့မျက်မှောက်တော်၏မွေ့လျော်မှုကို ခံစားကြရသောကြောင့် ထိုသူတို့သည် အကြောင်းပြချက်မရှိဘဲ စွန့်ခွာရန် ဆန္ဒမရှိကြ၊ ယင်းအစား ငါအနည်းငယ်မျှ ပို၍ကြာကြာနေသည်ကို ၎င်းတို့က လိုလားကြလိမ့်မည်။ ကူညီမစရန် လက်ညှိုးတစ်ချောင်းကို ချီမခြင်းမရှိဘဲ ကမ္ဘာမြေပေါ်ရှိ အနိဌာရုံမြင်ကွင်းများကို ငါ အဘယ်သို့ မြင်တွေ့ရန် ခံရပ်နိုင်သနည်း။ ငါသည် ကမ္ဘာမြေကြီးနှင့် မသက်ဆိုင်ပေ၊ ငါသည် ယနေ့အထိ ဤကမ္ဘာမြေပေါ်တွင် ဆက်လက်ရှိနေရန် မိမိကိုယ်ကိုတွန်းအားပေးခဲ့ခြင်းမှာ စိတ်ရှည်သည်းခံမှုအားဖြင့် ဖြစ်သည်။ လူတို့၏အဆုံးမရှိသော အသနားခံခြင်းများကြောင့်သာမဟုတ်လျှင် ငါသည် ကြာမြင့်စွာသောအချိန်ကတည်းက စွန့်ခွာခဲ့ပြီးဖြစ်မည်။ ယခုခေတ်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြပြီး ၎င်းတို့သည် ရင့်ကျက်ကြပြီဖြစ်ပြီး ၎င်းတို့ကိုကျွေးမွေးရန် ငါ့ကို မလိုအပ်ကြသောကြောင့် ငါ၏ အကူအညီကို မလိုအပ်ကြပေ။ ထို့ကြောင့် ငါသည် လူသားမျိုးနွယ်နှင့်အတူ “အောင်ပွဲခံအခမ်းအနား” ကျင်းပရန် စီစဉ်နေသည်၊ ထို့နောက်တွင် ဤအရာကို ၎င်းတို့သတိမပြုမိခြင်း မရှိရန်အလို့ငှာ ငါသည် ၎င်းတို့ကို နှုတ်ဆက်ခွဲခွာမည်။ ဟုတ်ပေ၏၊ မသင့်မမြတ်ခွဲခွာခြင်းသည် ကောင်းသည့်အရာတစ်ခု ဖြစ်လိမ့်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ငါတို့ကြားတွင် အမျက်သိုခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငါတို့ကြားက ခင်မင်ရင်းနှီးမှုက ထာဝရတည်တံ့လိမ့်မည်ဖြစ်သည်။ ငါတို့လမ်းခွဲပြီးနောက် လူတို့အနေဖြင့် ငါ၏ “အမွေဥစ္စာ” ကို ဆက်လက်ထမ်းရွက်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏အသက်တာတစ်လျှောက်တွင် ငါပေးခဲ့သော သွန်သင်ချက်များကို မေ့လျာ့ခြင်းရှိလိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။ ငါ၏နာမကို အသရေပျက်စေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြရန်နှင့် ငါ၏နှုတ်ကပတ်တော်ကို သတိရှိကြရန် ငါမျှော်လင့်၏။ ငါစွန့်ခွာပြီးနောက်တွင် လူတို့သည် ငါ့ကို စိတ်ကျေနပ်မှုပေးရန် အကောင်းဆုံးကြိုးစားမည်ဟု ငါမျှော်လင့်သည်။ လူတို့သည် ငါ၏နှုတ်ကပတ်တော်ကို ၎င်းတို့အသက်တာများ၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုကြပြီး၊ ငါ၏မျှော်လင့်ချက်များပြည့်မီအောင် အသက်ရှင်ရန် ပျက်ကွက်မည်မဟုတ်ဟု ငါမျှော်လင့်၏။ အကြောင်းမူကား ငါ၏စိတ်နှလုံးသည် လူတို့အပေါ် အမြဲစိုးရိမ်ပူပန်မှုရှိပြီး၊ ငါသည် ၎င်းတို့အပေါ် အမြဲသံယောဇဉ်ရှိခဲ့သောကြောင့် ဖြစ်သည်။ တစ်ချိန်က လူသားမျိုးနွယ်နှင့် ငါသည် အတူတကွစုဝေးခဲ့ပြီး၊ ကောင်းကင်ဘုံ၌ရှိသည့် ကောင်းချီးမင်္ဂလာများကိုပင် မြေကြီးပေါ်တွင် ခံစားခဲ့ကြရ၏။ ငါသည် လူတို့နှင့်အတူ အသက်ရှင်ပြီး ၎င်းတို့နှင့်အတူ နေထိုင်ခဲ့သည်၊ လူတို့က ငါ့ကို အမြဲချစ်ခဲ့ပြီး၊ ငါသည် သူတို့ကို အမြဲချစ်ခဲ့၏။ ငါတို့သည် အချင်းချင်း ရင်းနှီးမှုရှိခဲ့ကြသည်။ လူတို့နှင့်အတူရှိခဲ့သည့် ငါ၏အချိန်ကို ပြန်အမှတ်ရသောအခါ၊ ငါတို့၏နေ့ရက်များ ရယ်မောခြင်းနှင့် ဝမ်းမြောက်ခြင်းများ ပြည့်နေခဲ့သည်ကို ငါပြန်သတိရမိပြီး၊ စကားများမှုများလည်း ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ငါတို့ကြားက ချစ်ခြင်းမေတ္တာသည် ဤအခြေခံအကြောင်းအရင်းအပေါ် တည်ခဲ့ပြီး ငါတို့အချင်းချင်း ဆက်ဆံရေးမှာ မည်သည့်အခါမျှ ပြတ်တောက်ခဲ့ခြင်း မရှိပေ။ ငါတို့ထိတွေ့မှုရှိခဲ့သည့် နှစ်များစွာအတွင်း၊ လူတို့သည် ငါ့အပေါ်တွင် နက်ရှိုင်းသည့်ထင်မြင်ချက်တစ်ခုကို ချန်ရစ်ခဲ့ပြီး၊ လူတို့ပျော်မွေ့ဖို့ ကြီးမားသောအရာများစွာကိုလည်း ငါပေးခဲ့ကာ၊ ၄င်းတို့အတွက် လူတို့သည် အမြဲပင် နှစ်ပြန် ကျေးဇူးတင်ရှိခဲ့ပေသည်။ ယခုတွင် ငါတို့၏ တွေ့ဆုံပွဲများသည် ယခင်ကကဲ့သို့ မည်သည့်အခါမျှ တူညီတော့မည် မဟုတ်ပေ၊ အဘယ်သူသည် ငါတို့၏ ဤခွဲခွာခြင်းအခိုက်အတန့်မှ ထွက်ပြေးနိုင်သနည်း။ လူတို့သည် ငါ့အပေါ်တွင် လေးနက်သည့်ချစ်ခင်မှုရှိပြီး၊ ငါသည် ၎င်းတို့အပေါ်တွင် အဆုံးမဲ့ ချစ်ခြင်းမေတ္တာရှိ၏၊ သို့သော် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ အဘယ်သူသည် ကောင်းကင်ဘုံ၌ရှိသော ဖခမည်းတော်၏ သတ်မှတ်ချက်များကို ချိုးဖောက်ဝံ့သနည်း။ ငါ့အမှု၏ အစိတ်အပိုင်းနောက်တစ်ခုကို ငါပြည့်စုံစေမည့်နေရာဖြစ်သည့် ငါ၏နေအိမ်တော်သို့ ငါပြန်မည်။ ပြန်လည်ဆုံတွေ့ဖို့ အခွင့်အလမ်းတစ်ခု ငါတို့ ရကောင်းရပါလိမ့်မည်။ လူတို့အနေဖြင့် ပူဆွေးသောကကို လွန်စွာမခံစားဘဲ ကမ္ဘာမြေပေါ်တွင် ငါ့ကို စိတ်ကျေနပ်မှုပေးလိမ့်မည်ဟု ငါမျှော်လင့်သည်။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ဝိညာဉ်တော်သည် ၎င်းတို့အပေါ် မကြာခဏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည်။

နောက်ဆုံးသောကာလတွင် ငါ၏စိတ်နှင့် တစ်ညီတစ်ညွတ်တည်းဖြစ်သော လူတစ်စုကို ဖန်တီးမည်ဟု ငါသည် ဖန်ဆင်းခြင်းအချိန်က ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောကာလတွင် ကမ္ဘာမြေပေါ်၌ စံတစ်ခုကို ဆောက်တည်ပြီးနောက် ငါ၏နေအိမ်တော်သို့ ပြန်မည်ဟု ငါကြိုတင်ပြောခဲ့ပြီးဖြစ်သည်။ လူတို့အားလုံးက ငါ့ကို စိတ်ကျေနပ်မှုပေးပြီးနောက်တွင် သူတို့ထံမှ ငါ၏တောင်းဆိုချက်များကို သူတို့ဖြည့်စွမ်းပြီး ဖြစ်လိမ့်မည် ဖြစ်ကာ ငါသည် ၎င်းတို့ထံမှ အဘယ်အရာကိုမျှ လိုအပ်တော့မည် မဟုတ်။ ယင်းအစား လူတို့နှင့် ငါသည် ငါတို့၏အတိတ်ကာလနေ့ရက်များက ဇာတ်ကြောင်းများကို ဖလှယ်ကြမည်ဖြစ်ပြီး၊ ယင်းနောက်တွင် လမ်းခွဲကြလိမ့်မည်။ ငါသည် ဤအမှုကို စတင်လုပ်ဆောင်ပြီဖြစ်ပြီး၊ လူတို့ ငါ့ကို နားလည်မှု မလွဲစေရန်အလို့ငှာ သို့မဟုတ် ငါ့ကို ရက်စက်ကြမ်းကြုတ်သည် သို့မဟုတ် အကြင်နာကင်းမဲ့သည်ဟု မထင်စေဖို့ရန်အလို့ငှာ ၄င်းတို့အား မိမိကိုယ်ကိုယ် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ရန်နှင့် ငါ၏ရည်ရွယ်ချက်များကို နားလည်ရန် ခွင့်ပြုခဲ့သည်။ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အကြင်နာကင်းမဲ့ခြင်းသည် ငါ၏ရည်ရွယ်ချက်မဟုတ်ပေ။ လူတို့သည် ငါ့ကိုချစ်လျက်ပင် သင့်လျော်သောကျိန်းဝပ်ရာအရပ်ကို ငါရရှိစေဖို့ ငြင်းဆန်သလော။ ၎င်းတို့သည် ငါ့ကိုယ်စား ကောင်းကင်ဘုံ၌ရှိသောခမည်းတော်ထံ အသနားခံဖို့ မလိုလားဘဲရှိနေသလော။ လူတို့သည် ငါနှင့်အတူ ကိုယ်ချင်းစာမျက်ရည်များ မကျခဲ့သလော။ ငါတို့၊ ဖခမည်းတော်နှင့် သားတော်တို့၏ စောလျင်သော ပြန်လည်ဆုံစည်းမှုတစ်ခုကို ဖြစ်မြောက်စေရာတွင် လူတို့သည် မကူညီခဲ့သလော။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုသူတို့သည် ယခု လိုလိုလားလား မရှိသနည်း။ ကမ္ဘာမြေပေါ်က ငါ၏အမှုတော်သည် ပြည့်စုံပြီဖြစ်ပြီး၊ လူတို့နှင့်ငါ လမ်းခွဲပြီးနောက်တွင် ၎င်းတို့ကို ငါဆက်လက်ကူညီဦးမည်၊ ယင်းသည် မကောင်းသလော။ ငါ၏အမှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိဖို့ရန်နှင့် နှစ်ဉီးနှစ်ဖက် အကျိုးရှိဖို့ရန်အတွက် ငါတို့သည် နာကျင်သော်လည်း လမ်းခွဲရပေမည်။ ငါတို့၏ မျက်ရည်များကို တိတ်ဆိတ်စွာ ကျစေလော့။ လူသားမျိုးနွယ်ကို ငါသည် အပြစ်တင်တော့မည် မဟုတ်။ အတိတ်ကာလတွင် လူတို့၏အသည်းနှလုံးကိုပင် စူးစေပြီး၊ ၎င်းတို့အား ဝမ်းနည်းခြင်း မျက်ရည်များ စီးဆင်းစေသည့် အရာများစွာကို ငါပြောခဲ့သည်။ ယင်းအတွက် ငါသည် ဤနေရာတွင် လူတို့ကို တောင်းပန်ပြီး၊ သူတို့၏ ခွင့်လွှတ်ခြင်းကို တောင်းဆို၏။ ဤအရာအားလုံးသည် ၎င်းတို့ကောင်းဖို့အတွက်သာ ဖြစ်သောကြောင့် ငါ့ကို မမုန်းတီးကြရန် ၎င်းတို့ကို ငါတောင်းဆို၏။ ထို့ကြောင့် လူတို့သည် ငါ့နှလုံးသားကို နားလည်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ယခင်အချိန်များတွင် ငါတို့ အငြင်းပွားမှုများရှိခဲ့၏၊ သို့သော် ပြန်တွေးတောကြည့်ရာတွင် ငါတို့နှစ်ဦးနှစ်ဖက်လုံး အကျိုးခံစားခဲ့ကြရသည်။ ဤအငြင်းပွားမှုများကြောင့် ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် ခင်မင်ရင်းနှီးမှု တံတားတစ်ခုကို တည်ဆောက်ခဲ့ပေသည်။ ယင်းမှာ ငါတို့၏ ပူပေါင်းလုပ်ဆောင်သော အားထုတ်မှုများ၏ အသီးအပွင့်ပင် မဟုတ်လော။ ဤအရာကို ငါတို့အားလုံး မွေ့လျော်သင့်သည်။ ငါ၏ယခင်က “အမှားများ” ကို ခွင့်လွှတ်ဖို့ လူတို့ကို ငါတောင်းဆို၏။ ၎င်းတို့၏ ပြစ်မှားလွန်ကျူးခြင်းများကိုလည်း ငါမေ့ပျောက်လိုက်လိမ့်မည်။ အနာဂတ်တွင် ၎င်းတို့က ငါ့ကို ချစ်ခြင်းမေတ္တာ ပြန်ပေးနိုင်သရွေ့၊ ယင်းသည် ကောင်းကင်ဘုံ၌ရှိသော ငါ၏ဝိညာဉ်တော်ကို နှစ်သိမ့်မှု ပေးလိမ့်မည်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ လူတို့၏ ဆုံးဖြတ်ချက်မှာ အဘယ်အရာဖြစ်သည်- ငါ၏ နောက်ဆုံးတောင်းဆိုချက်အား လူတို့က ဖြည့်ဆည်းပေးရန် လိုလိုလားလား ရှိ၊ မရှိကို ငါမသိပေ။ လူတို့ဆီမှ အခြားမည်သည့်အရာကိုမျှ ငါတောင်းဆိုနေခြင်းမဟုတ်၊ ၎င်းတို့က ငါ့ကို ချစ်သည် ဆိုရုံမျှသာဖြစ်သည်။ ယင်းသည် လုံလောက်ပေ၏။ ဤအရာကို ရနိုင်သလော။ ငါတို့ကြားတွင်ဖြစ်ပျက်ခဲ့သော မနှစ်မြို့ဖွယ်သောအရာ အားလုံးတို့သည် အတိတ်တွင် ကျန်ရစ်စေလော့၊ ငါတို့ကြားတွင် ချစ်ခြင်းမေတ္တာ အစဉ်အမြဲ ရှိစေလော့။ ငါသည် လူတို့ကို ချစ်ခြင်းမေတ္တာများစွာ ပေးခဲ့ပြီးဖြစ်သကဲ့သို့ ၎င်းတို့သည် ငါ့ကိုချစ်ရန် ကြီးမားလှသည့် အဖိုးအခတစ်ခုကို ပေးခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ငါတို့၏ ချစ်ခြင်းမေတ္တာသည် လူ့လောကတစ်ခုလုံးဆီသို့ ရောက်ရှိသွားပြီး၊ ထာဝရ လက်ဆင့်ကမ်းဖို့အလို့ငှာ လူတို့သည် ငါတို့ကြားတွင် စစ်မှန်ပြီး ဖြူစင်သောချစ်ခြင်းမေတ္တာကို တန်ဖိုးထားမည်ဟု ငါမျှော်လင့်၏။ ငါတို့ပြန်ဆုံချိန်တွင်၊ ငါတို့၏ချစ်ခြင်းမေတ္တာသည် ထာဝရဆက်လက်တည်ရှိပြီး လူအားလုံးက ချီးကျူးထောမနာပြုကာ ဖြန့်ဝေကြရန်အလို့ငှာ ငါတို့သည် ချစ်ခြင်းမေတ္တာ၌ ဆက်လက်၍ ချိတ်ဆက်လျက်ရှိကြစို့။ ဤအရာက ငါ့ကို စိတ်ကျေနပ်စေမည်ဖြစ်ပြီး၊ ငါ၏အပြုံးမျက်နှာကို လူတို့အား ငါပြမည်။ လူတို့သည် ငါ၏တိုက်တွန်းနှိုးဆော်ချက်များကို မှတ်မိကြလိမ့်မည်ဟု ငါမျှော်လင့်သည်။

၁၉၉၂ ခုနှစ်၊ ဇွန်လ ၁ ရက်

အရှေ့သို့- အခန်း ၄၆

နောက်တစ်ခုသို့- အခန်း ၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။