အခန်း ၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သည့်အတွက်၊ ပြီးလျှင် ငါ၏နိုင်ငံတော်၌ သင်သည် သစ္စာစောင့်သိသည့်အတွက်၊ သင်လုပ်ဆောင်သမျှ အားလုံးတွင် သင်သည် ငါ၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို လိုက်နာစောင့်ထိန်းရမည်။ သင့်ကို လွင့်မျောနေသော တိမ်တစ်ခုထက် ဘာမျှမပိုရန် ငါ တောင်းဆိုသည်မဟုတ်ဘဲ၊ ဝင်းလက် တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် ယင်း၏အနှစ်သာရကို ပိုင်ဆိုင်ရန်၊ ထို့ထက်ပို၍ပင် ယင်း၏တန်ဖိုးကို ပိုင်ဆိုင်ရန်သာ တောင်းဆိုသည်။ ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့်၊ သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာသည့်အတွက်၊ အမည်သာရှိပြီး အနှစ်သာရမရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။ အသစ်သော ကောင်းကင်သည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာပြီး အသစ်သော ကမ္ဘာမြေသည် မိုးကောင်းကင်တစ်လွှားတွင် ပျံ့နှံ့လေသော အချိန်သည်လည်း လူသားများအလယ် ငါသည် တရားဝင်အမှုပြုသော အချိန် ဖြစ်သည်။ လူသားမျိုးနွယ်ထဲတွင် မည်သူသည် ငါ့ကို သိကျွမ်းသနည်း။ မည်သူသည် ငါ၏ဆိုက်ရောက်ခြင်း အခိုက်အတန့်ကို ရှုမြင်ခဲ့သနည်း။ ငါသည် အမည်သာ ရှိသည် မဟုတ်သည့်အပြင်၊ အနှစ်သာရလည်း ပိုင်ဆိုင်သည်ကို မည်သူ တွေ့မြင်ပြီးဖြစ်သနည်း။ ငါသည် ဖြူသောတိမ်များကို ငါ့လက်ဖြင့် ဖယ်ရှားပြီး မိုးကောင်းကင်များကို သေချာစွာ လေ့လာသည်။ အာကာသဟင်းလင်းပြင်တွင် ငါ၏ လက်ဖြင့် မစီစဉ်သောအရာ ဘာမျှမရှိသကဲ့သို့၊ ယင်း၏အောက်တွင် ငါ၏တန်ခိုးကြီးမားသော လုပ်ငန်းကို ပြီးမြောက်ခြင်းအပေါ် မိမိ၏သေးငယ်သော လုံ့လဖြင့် မပံ့ပိုးသည့် လူသားတစ်ယောက်မျှမရှိ။ ငါသည် အမြဲလက်တွေ့ကျသော ဘုရားသခင် ဖြစ်သည့်အတွက်၊ ပြီးလျှင် ငါသည် လူသားများကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့သည် ကောင်းစွာသိသော အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူများကို ကြီးလေးသော တောင်းဆိုမှုများ မပြုပေ။ ခပ်သိမ်းသောလူတို့သည် အနန္တတန်ခိုးရှင်၏ မျက်စိရှေ့တွင် ရှိကြသည်။ ကမ္ဘာမြေကြီး၏ အဝေးလံဆုံး အရပ်များတွင် ရှိသည့် လူများသည်ပင် ငါ့ဝိညာဉ်၏ စိစစ်ခြင်းကို အဘယ်သို့ ရှောင်ရှားနိုင်မည်နည်း။ လူတို့သည် ငါ၏ဝိညာဉ်ကို ‘သိကျွမ်း’ ကြသော်ငြားလည်း၊ ၎င်းတို့သည် ငါ့ဝိညာဉ်ကို ပုန်ကန်ပြစ်မှားဆဲဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာအပြင် ၎င်းတို့၏ အတွင်းကျကျ အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေပေါ်ရှိ အရာအားလုံးကို ငါ၏စိစစ်ခြင်းအလယ်၌ လဲကျကြစေသည်။ သို့သော်၊ လဲကျကြသော်ငြားလည်း ၎င်းတို့၏ နှလုံးသားများသည် ငါ့ထံမှ အဝေးသို့ လမ်းလွဲမသွားဝံ့ပေ။ ဖန်ဆင်းခြင်း အရာဝတ္ထုများအလယ်တွင်၊ မည်သူသည် ငါ၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်အနေဖြင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။ မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ အကျိုးဆက်အနေဖြင့် ငါ့ကို မတမ်းတဘဲ ရှိသနည်း။ ငါ၏ချစ်ခြင်းမေတ္တာ၏ အကျိုးဆက်အနေဖြင့် မည်သူ့ထံတွင် သံယောဇဉ်တွယ်သည့် ခံစားချက်များ မပေါက်ဖွားသနည်း။ လူသားများသည် ငါတောင်းဆိုသည့် အခြေအနေသို့ မရောက်ရှိနိုင်လေသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်သာ ဖြစ်သည်။ စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင်ဆန်သည့် ဤခေတ်ကာလ- သို့မဟုတ် လူသားများသည် ၎င်းတို့၏ ကိုယ်ခန္ဓာတစ်ခုလုံး အညစ်အကြေးဖြင့် ဖုံးသွားသည်အထိ စာတန်၏ အလွန် နင်းခြေခြင်းခံရသော အချိန်- ယနေ့ကို မဆိုထားနှင့်၊ ငါသတ်မှတ်ထား တောင်းဆိုသည့် အနိမ့်ဆုံးသော စံနှုန်းများသည်ပင် လူသားထဲ၌ ဒွိဟများ ဖြစ်ပေါ်စေသည်။ လူသားများ၏ အကျင့်ပျက်ခြင်း အကျိုးဆက်အနေဖြင့် ငါ့နှလုံးသားကို အရေးစိုက်ရန် လူသားများ၏ပျက်ကွက်ခြင်းသည် မည်သည့်အချိန်တွင် ငါ့အား ပူဆွေးသောက မဖြစ်စေလေပြီနည်း။ ယင်းမှာ ငါသည် စာတန်အား သနား၍ ဖြစ်နိုင်မည်လော။ ယင်းမှာ ငါသည် ငါ၏ချစ်ခြင်းမေတ္တာ၌ အမှားပြုမိသောကြောင့် ဖြစ်နိုင်မည်လော။ လူတို့ ငါ့ကို မနာခံကြသောအခါတွင်၊ ငါ၏နှလုံးသားသည် တိတ်တဆိတ် ငိုကြွေး၏၊ ၎င်းတို့ ငါ့ကို ဆန့်ကျင်ကြသောအခါ၊ ငါသည် ၎င်းတို့ကို ပြစ်တင်ဆုံးမ၏၊ ၎င်းတို့သည် ငါအားဖြင့် ကယ်တင်ခြင်းခံရပြီး သေရာမှ ရှင်ပြန်ထမြောက်သောအခါ၊ ငါသည် ၎င်းတို့ကို အဆုံးစွန်သော ဂရုစိုက်ခြင်းဖြင့် အာဟာရဖြစ်စေသည်။ ၎င်းတို့ ငါ့ကို ကျိုးနွံနာခံကြသောအခါ၊ ငါ၏နှလုံးသားသည် သက်သာစွာ အနားယူပြီး ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၌ ကြီးစွာသော ပြောင်းလဲခြင်းများကို ချက်ချင်း သတိပြုမိ၏၊ လူသားများက ငါ့ကို ချီးမွမ်းကြသောအခါ၊ ငါသည် အဘယ်သို့ မမွေ့လျော်ဘဲနေနိုင်မည်နည်း။ ၎င်းတို့သည် ငါ့ကို သက်သေခံကြပြီး၊ ငါ၏ ရယူခြင်းခံကြရသောအခါ၊ ငါသည် အဘယ်သို့ ဘုန်းအသရေ မရရှိဘဲ နေနိုင်မည်နည်း။ လူသားတို့ ပြုမူကာ ဆောင်ရွက်သမျှ မည်သည့်အရာမဆို ငါ၏ အုပ်စိုးခြင်းနှင့် ထောက်ပံ့ပေးခြင်း မခံရသည်များ ဖြစ်နိုင်မည်လော။ ငါသည် လမ်းညွှန်မှု မပေးသောအခါတွင်၊ လူတို့သည် ထုံထိုင်းကာ ငြိမ်သွားကြသည်။ ထို့အပြင် ငါ၏ နောက်ကွယ်တွင် ၎င်းတို့သည် ထို ‘ချီးကျူးထိုက်သော’ ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြသည်။ ငါ့ကိုယ်ငါ ယူတင်ဝတ်ဆင် ထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏ အပြုအမူနှင့် သင်၏ စကားများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှမသိဟု သင်ထင်သလော။ နှစ်ပေါင်းများစွာ ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ထို့ကြောင့် လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ငါတွေ့ကြုံခံစားပြီး ဖြစ်သည်။ သို့သော် သာ၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ၊ မည်သည့် ချိုမြိန်မှုကမျှ ဇာတိပကတိရှိသည့် လူသားကို ငါ့အပေါ် စိမ်းကားစေဖို့၊ စိတ်ပျက်စေဖို့၊ သို့မဟုတ် အထင်အမြင်သေးစေဖို့ ဖြစ်စေနိုင်ရန်မဆိုထားနှင့်၊ မည်မျှသော မည်သည့် ဆင်းရဲဒုက္ခ ပမာဏကမျှ ဇာတိပကတိရှိသည့် လူသားမျိုးနွယ်ကို ငါအထဲတွင် မျှော်လင့်ချက် မဆုံးရှုံးစေနိုင်ပေ။ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဆင်းရဲဒုက္ခ ကင်းမဲ့ခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းဖြင့် အမှန်တကယ် ကန့်သတ်ထားပါသလော။

ယနေ့တွင်၊ ငါသည် လူ့ဇာတိ၌ နေထိုင်ပြီး၊ ငါလုပ်ဆောင်ရမည့် အမှုကို တရားဝင်စတင် ဆောင်ရွက်ပြီး ဖြစ်သည်။ လူသားများသည် ငါ့ဝိညာဉ်တော်၏အသံကို ကြောက်ရွံ့ကြသော်ငြားလည်း၊ ၎င်းတို့သည် ငါ့ဝိညာဉ်တော်၏အနှစ်သာရကို ဆန့်ကျင်ကြ၏။ ငါ၏နှုတ်ကပတ်တော်များ ထဲတွင် လူ့ဇာတိနှင့်ဆိုင်သည့် ငါ့ကို သိကျွမ်းရန် လူသားမျိုးနွယ်အတွက် မည်မျှခက်ခဲသည်ဆိုသည်နှင့် ပတ်သက်၍၊ ငါ အသေးစိတ် ဖော်ပြရှင်းလင်းရန် မလိုအပ်ပေ။ ယခင်က ငါပြောပြီးသည့် အတိုင်း၊ ငါသည် ငါ၏သတ်မှတ်ချက်များ၌ အတင်းတောင်းဆိုခြင်း မဟုတ်သကဲ့သို့၊ ငါနှင့်ပတ်သက်သည့် ပြည့်ဝသော အသိပညာကို စွမ်းဆောင်ရရှိရန် သင်တို့အတွက် မလိုအပ်ပေ (အကြောင်းမှာ လူသားများသည် ချို့တဲ့နေကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ပင်ကိုအခြေအနေ တစ်ခုဖြစ်ပြီး၊ ရရှိသော အခြေအနေက ယင်းကို အစားမထိုးနိုင်ပေ)။ လူ့ဇာတိ ပုံသဏ္ဌာန်ဖြင့် ငါ လုပ်ဆောင်ကာ ပြောဆိုခဲ့သော အရာအားလုံးကိုသာ သင်တို့ သိရန် လိုအပ်သည်။ ငါ၏သတ်မှတ်ချက်များသည် အတင်းတောင်းဆိုနေခြင်း မဟုတ်သည့်အတွက် သင်တို့အားလုံးအနေဖြင့် ဤလုပ်ဆောင်ချက်များနှင့် နှုတ်ကပတ်တော်များကို သိရှိလာပြီး အောင်မြင်စွာရယူခြင်းကို စွမ်းဆောင်ရရှိလာရန်မှာ ငါ၏မျှော်လင့်ချက်ပင် ဖြစ်သည်။ သင်တို့သည် ဤညစ်ညူးသော လောကကြီးထဲရှိ မိမိတို့၏မစင်ကြယ်မှုများကို မိမိတို့ကိုယ်ကိုယ် ဖယ်ရှားရမည်၊ ဤခေတ်နောက်ကျသော “ဧကရာဇ်မင်းများ၏ အမျိုးအနွယ်” ထဲတွင် တိုးတက်မှု ပြုလုပ်ရန် သင်တို့ ကြိုးပမ်းရမည်ဖြစ်ပြီး၊ သင်သည် မိမိတို့ကိုယ်ကိုယ် မည်သည့် လျှော့ပေါ့ခြင်းမျှ လုံးဝ မရှိစေရ။ သင်သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မသက်ညှာသင့်ကြပေ။ တစ်နေ့အတွင်း ငါမိန့်မြွက်ခဲ့သော အရာကို သိရန်အလို့ငှာ သင်သည် ကြီးစွာသော အချိန်နှင့် လုံ့လကို စိုက်ထုတ်ရန် လိုအပ်မည်ဖြစ်ပြီး၊ ငါပြောဆိုခဲ့သော စာတစ်ကြောင်းတည်း မှပင် အသိပညာကို တွေ့ကြုံပြီး၊ ရရှိဖို့ တစ်သက်တာလုံး အချိန်ယူရပေမည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များသည် မရေမရာ မဖြစ်သကဲ့သို့ စိတ်ကူးသက်သက်လည်း မဟုတ်ပေ။ ယင်းတို့သည် အနှစ်မဲ့သော စကားမဟုတ်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ရရှိရန် မျှော်လင့်ကြသော်လည်း၊ ငါသည် ၎င်းတို့ကို အလေးဂရုပြုခြင်းမရှိ။ များစွာသောလူတို့သည် ငါ၏ကြွယ်ဝခြင်းကို ဆာငတ်ကြသော်လည်း၊ ငါသည် ၎င်းတို့ကို တစ်စိုးတစ်စိမျှပင် မပေး။ များစွာသော လူတို့သည် ငါ၏မျက်နှာကို မြင်တွေ့ရန် ဆန္ဒရှိကြသော်လည်း၊ ငါသည် ယင်းကို အစဉ် ကွယ်ဝှက်ထား၏။ များစွာသောလူတို့သည် ငါ၏အသံကို စူးစိုက်စွာ နားထောင်ကြသော်လည်း၊ ၎င်းတို့၏ “တမ်းတခြင်း” ဖြင့် စိတ်ထိခိုက်ခြင်း မရှိဘဲ၊ ငါသည် ငါ၏မျက်လုံးကို မှိတ်ကာ ငါ၏ဦးခေါင်းကို နောက်ဘက်သို့ တိမ်း၏၊ များစွာသော လူတို့သည် ငါ့အသံ၏မြည်သံကို ကြောက်ရွံ့ကြသော်လည်း၊ ငါ၏ နှုတ်ကပတ်တော်များသည် အမြဲ ထိုးစစ်ဆင်နေ၏၊ များစွာသော လူတို့သည် ငါ၏မျက်နှာကို မြင်တွေ့ခြင်းဖြင့် ကြောက်လန့်ကြသော်လည်း၊ ငါသည် ၎င်းတို့ကို ဒဏ်ခတ်ရန် ထိုသို့ တမင်တကာ ပေါ်လာ၏။ လူသားများသည် ငါ၏မျက်နှာကို မည်သည့်အခါမျှ အမှန်တကယ် မမြင်ဖူးသကဲ့သို့၊ ငါ၏အသံကိုလည်း မည်သည့်အခါမျှ အမှန်တကယ် မကြားဖူးကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မသိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ့အားဖြင့် ဒဏ်ခတ်ခြင်း ခံကြရမည် ဖြစ်သော်လည်း၊ ၎င်းတို့သည် ငါ့ကို စွန့်ခွာကြမည် ဖြစ်သော်လည်း၊ ပြီးလျှင် ၎င်းတို့သည် ငါ၏လက်ဖြင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရမည် ဖြစ်သော်လည်း၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် ငါကိုယ်တိုင်၏ နှလုံးသားနှင့် အမှန်တကယ် ညီညွှတ်ခြင်း ရှိသည်၊ မရှိသည်ကို ၎င်းတို့ မသိကြသေးသကဲ့သို့၊ ငါ၏နှလုံးသားကို မည်သူအား အတိအကျ ထုတ်ဖော်ပြသည်ကို ၎င်းတို့ မသိနားမလည်ဖြစ်ကြသေး၏။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက၊ မည်သူကမျှ ငါ့ကို အမှန်တကယ် မသိဖူးကြပေ၊ သို့မဟုတ် ငါ့ကို အမှန်တကယ် မမြင်ဖူးကြပေ၊ ပြီးလျှင် ငါသည် ယနေ့တွင် လူ့ဇာတိခံယူပြီးဖြစ်သော်လည်း၊ သင်တို့သည် ငါ့ကို မသိကြဆဲ ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ လူ့ဇာတိ၌ ငါ၏လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားတို့၏ အနည်းငယ်မျှကိုပင် သင်မြင်ဖူးပါသလော။

ကောင်းကင်ဘုံသည် ငါကျောခင်းရာ အရပ်ဖြစ်ပြီး ကောင်းကင်ဘုံ၏ အောက်အရပ်သည် ငါအနားယူရာ အရပ် ဖြစ်သည်။ ငါ၌ ကျိန်းဝပ်ရန် တစ်နေရာရာရှိပြီး ငါ၏ တန်ခိုးများကို ငါ ပြသသည့်အချိန်အတွက်လည်း အချိန်ကာလတစ်ခု ရှိ၏။ အကယ်၍ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် မရှိခဲ့ပါက၊ အကယ်၍ ငါသည် လူ့ဇာတိအတွင်း ငါ့ကိုယ်ငါ ဖုံးကွယ်ထားခြင်း မရှိခဲ့ပါက၊ ပြီးလျှင် ငါသည် မနှိမ့်ချသကဲ့သို့ ကွယ်ဝှက်၍ မနေခဲ့ပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ကြာမြင့်စွာကတည်းက ပြောင်းလဲနှင့်ပြီး ဖြစ်မည် မဟုတ်လော။ ငါ၏လူများဖြစ်ကြသော သင်တို့သည် ငါ၏အသုံးပြုခြင်းကို ခံရနှင့်ပြီးဖြစ်မည် မဟုတ်လော။ သို့သော်လည်း ငါ၏လုပ်ဆောင်ချက်များအဖို့ ဉာဏ်ပညာရှိပြီး၊ ငါသည် လူသားများ၏ လှည့်ဖြားတတ်ခြင်းကို အပြည့်အဝ သိသော်လည်း၊ ၎င်းတို့၏ စံနမူနာနောက် ငါ မလိုက်လျှောက်ဘဲ၊ ယင်းအစား ၎င်းကို အလဲအလှယ် အနေဖြင့် တစ်စုံတစ်ရာ ငါပေး၏။ ဝိညာဉ်လောကရှိ ငါ၏ ဉာဏ်ပညာသည် မကုန်ခမ်းနိုင်သကဲ့သို့၊ လူ့ဇာတိတွင်ရှိသော ငါ၏ဉာဏ်ပညာသည် ထာဝရတည်တံ့၏။ ဤသည်မှာ ငါ၏လုပ်ဆောင်ချက်များကို ပေါ်လွင်သည့် တကယ့် အခိုက်အတန့် ဖြစ်သည် မဟုတ်လော။ ငါသည် လူသားကို နိုင်ငံတော်ခေတ်ထဲဖြစ်သည့် ယနေ့ထက်ထိတိုင် ကြိမ်ဖန်များစွာ ခွင့်လွတ်ပေးကာ ချမ်းသာပေးပြီး ဖြစ်သည်။ ငါသည် ငါ၏အချိန်ကို အမှန်တကယ် အနည်းငယ်မျှ ကြာကြာ ရွှေ့ဆိုင်းထားနိုင်မည်လော။ ငါသည် အထိမခံသော လူသားများအပေါ် အတော်အတန် သာ၍သနားကရုဏာ ရှိပြီးဖြစ်သော်လည်း၊ ငါ၏အမှု ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက်၊ ငါသည် အမှုဟောင်းကို လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကိုယ် ဒုက္ခ ရောက်စေနိုင်ဦးမည်လော။ စာတန်အား ငါ့ကို စွပ်စွဲဖို့ တမင်တကာ ငါ ခွင့်ပြုမည်လော။ လူသားများအနေဖြင့် ငါ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားနှင့် ယင်းတို့၏ မူရင်း အနက်အဓိပ္ပာယ်ကို လက်ခံရန်မှလွဲ၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေသည်။ သင်တို့သည် အလွန် သေးနုပ်ပြီး အလွန်ထုံထိုင်း လာကြပြီး ဖြစ်သည့်အတွက်၊ ငါ၏နှုတ်ကပတ်တော်များသည် ရိုးစင်းသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့သည် ခက်ခဲရှုပ်ထွေးလေသည်။ ငါသည် ငါ၏နက်နဲမှုများကို တိုက်ရိုက် ထုတ်ဖော်ပြပြီး လူ့ဇာတိ၌ ငါ၏ အလိုကို ပေါ်လွင်စေသောအခါ၊ သင်တို့သည် အာရုံမစိုက်ကြ။ သင်တို့သည် အသံများကို နားထောင်ကြသော်လည်း ယင်းတို့၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ ငါသည် ဝမ်းနည်းခြင်းဖြင့် မွှန်ထူသွားသည်။ ငါသည် လူ့ဇာတိ၌ ရှိသော်ငြားလည်း၊ လူ့ဇာတိ၏ အမှုတော်နှင့်ဆိုင်သည့်အမှုကို မလုပ်ဆောင်နိုင်ပေ။

အဘယ်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များမှ လူ့ဇာတိ၌ ငါ၏လုပ်ဆောင်ချက်များကို သိရှိလားပြီးပြီနည်း။ ငါသည် ငါ၏နက်နဲမှုများကို အရေးအသားဖြင့် ထုတ်ဖော်ပြသောအခါ သို့မဟုတ် ယင်းတို့ကို အသံထွက်၍ ပြောဆိုသောအခါ၊ လူအားလုံးသည် ကြက်သေသေသွားကြ၏။ ၎င်းတို့သည် ၎င်းတို့၏မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်ကြသည်။ ငါပြောဆိုသော အရာသည် လူသားများအဖို့ အဘယ်ကြောင့် နားမလည်နိုင်ဖြစ်ရသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ အဘယ်ကြောင့် အလွန် ဉာဏ်မမီနိုင်ဖြစ်ရသနည်း။ ၎င်းတို့သည် ငါ၏လုပ်ဆောင်ချက်များကို အဘယ်ကြောင့် အလွန် မသိမြင်ရသနည်း။ မည်သူသည် ငါ့ကိုမြင်တွေ့နိုင်ပြီး မည်သည့်အခါမျှ မမေ့လျော့နိုင်သနည်း။ ၎င်းတို့ထဲမှ မည်သူသည် ငါ၏အသံကိုကြားပြီး ယင်းအသံအား ၎င်းတို့ကို လွန်သွားခွင့် မပြုနိုင်သနည်း။ မည်သူသည် ငါ၏အလိုကို သိရှိနိုင်ပြီး ငါ၏နှလုံးသားကို အားရကျေနပ်စေနိုင်သနည်း။ ငါသည် လူတို့အလယ်တွင် နေထိုင်ကာ လှုပ်ရှား၏။ ၎င်းတို့၏ဘဝများကို ကြုံတွေ့ခံစားရန် ငါ လာပြီးဖြစ်သည်- ပြီးလျှင် လူသားမျိုးနွယ်အတွက် ခပ်သိမ်းသောအရာတို့ကို ငါ ဖန်ဆင်းပြီးသည့်နောက်တွင် ထိုအရာတို့သည် ကောင်းပေသည်ဟု ငါ ခံစားခဲ့ရသော်ငြားလည်း၊ လူသားတို့အလယ်ရှိ အသက်တာမှ ငါသည် ဝမ်းမြောက်မှု မခံယူသကဲ့သို့၊ ၎င်းတို့အလယ်က မည်သည့် ပျော်ရွှင်မှုမဆိုအားဖြင့် ငါသည် ဝမ်းမြောက်ဝမ်းသာ မဖြစ်ပေ။ ငါသည် ၎င်းတို့ကို မစက်ဆုပ်သကဲ့သို့ မငြင်းပယ်ပေ၊ သို့သော် ၎င်းတို့အပေါ် သံယောဇဉ်တွယ်ခြင်းလည်း မရှိပေ- လူသားများသည် ငါ့ကို မသိကြသည့်အတွက်၊ အမှောင်ထဲတွင် ငါ၏မျက်နှာကို ရှာတွေ့ရန် ၎င်းတို့ အခက်တွေ့ကြသည်။ ပွက်လောရိုက်သံများ အလယ်တွင် ၎င်းတို့သည် ငါ၏အသံကိုကြားခြင်းငှာ ခက်ခဲကြပြီး၊ ငါပြောသည့်အရာကို မသိမြင်နိုင်ကြချေ။ ထို့ကြောင့် အပေါ်ယံအားဖြင့် သင်တို့ လုပ်ဆောင်သမျှ အားလုံးသည် ငါ့ကို ကျိုးနွံနာခံခြင်းတွင် ရှိသော်လည်း၊ သင်တို့၏ နှလုံးသားများထဲ၌မူ သင်တို့သည် ငါ့ကို မနာခံကြဆဲ ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ သဘာဝဟောင်းနှင့် တူသောအရာဖြစ်သည်ဟု ပြော၍ရနိုင်သည်။ မည်သူသည် ခြွင်းချက်ဖြစ်သနည်း။ မည်သူသည် ငါ၏ပြစ်တင်စီရင်ခြင်း ခံရသူတစ်ဦး မဟုတ်သနည်း။ သို့သော် မည်သူသည် ငါ၏သည်းခံခြင်း အောက်တွင် အသက်မရှင်သနည်း။ အကယ်၍ လူသားမျိုးနွယ် အားလုံးသည် ငါ၏ အမျက်ဒေါသဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရမည်ဆိုပါက၊ ကောင်းကင်နှင့် မြေကြီးကို ငါဖန်ဆင်းခြင်း၏ အရေးပါမှုမှာ မည်သည့်အရာ ဖြစ်မည်နည်း။ ငါသည် တစ်ချိန်က များစွာသော လူတို့ကို သတိပေးခဲ့သည်၊ များစွာသော လူတို့ကို တိုက်တွန်းခဲ့ပြီး များစွာသော လူတို့ကို ပွင့်ပွင့်လင်းလင်း တရားစီရင်ခဲ့သည်- ဤသည်မှာ လူသားမျိုးနွယ်ကို တိုက်ရိုက်ဖျက်ဆီးခြင်းထက် များစွာ သာ၍ကောင်းသည် မဟုတ်လော။ ငါ၏ရည်မှန်းချက်မှာ လူတို့ကို သေခြင်းသို့ ပို့ရန် မဟုတ်ဘဲ၊ ငါ၏တရားစီရင်ခြင်း အလယ်တွင် ငါ၏လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့အား သိစေဖို့ ဖြစ်သည်။ သင်တို့သည် အနက်ဆုံးသော တွင်းမှ တက်လာကြသောအခါ- ဆိုလိုသည်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ငါ၏တရားစီရင်ခြင်းမှ လွတ်မြောက်စေကြသောအခါ- သင်တို့၏ ကိုယ်ရေးကိုယ်တာ ထည့်သွင်းစဉ်းစားမှုများနှင့် အစီအစဉ်များအားလုံး ပျောက်ကွယ် သွားကြလိမ့်မည်ဖြစ်ပြီး အယောက်တိုင်းသည် ငါ့ကို စိတ်ကျေနပ်စေရန် ဆန္ဒပြင်းပြကြလိမ့်မည်။ ဤတွင် ငါသည် ငါ၏ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။

၁၉၉၂ ခုနှစ်၊ မတ်လ ၁ ရက်

အရှေ့သို့- အခန်း ၈

နောက်တစ်ခုသို့- အခန်း ၁၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။