အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသော လျှို့ဝှက်ချက် တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင် နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိ ခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏ မြည်ဟည်းသော အသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ သင့်ကိုယ်သင် ကယ်မရန် ခွန်အားမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေး စေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန် မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သော သူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက် ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ အမြတ်တနိုးထားပြီး၊ ကိုးကွယ်ခြင်းပြု၍ အတူတကွ ရှင်ဖို့နှင့် သေဖို့ကို စိတ်နှစ်မြှုပ်လျက်၊ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်း အမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင် ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ကနဦးအစများကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သော သူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီး ထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင် ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏ စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏ စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။

အရုဏ်ဦးရောက်သည့်အခါ မိုးသောက်ကြယ်သည် အရှေ့အရပ်၌ စတင်ထွန်းလင်းလေ၏။ ဤကြယ်သည် ထိုနေရာ၌ ယခင်က တစ်ခါမျှမရှိဖူးသော ကြယ်ဖြစ်ပြီး ငြိမ်သက်အေးချမ်း၍ မှိတ်တုတ် မှိတ်တုတ်လင်းနေသော မိုးကောင်းကင်များကို အလင်းရောင်ပေးကာ လူတို့၏စိတ်နှလုံးများထဲ၌ ကွယ်ပျောက်စေခြင်းခံခဲ့ရသည့်အလင်းကို တဖန်လောင်မြိုက်စေ၏။ သင်နှင့် အခြားသူများအပေါ်၌ ထပ်တူထပ်မျှထွန်းလင်းသော ဤအလင်း၏ကျေးဇူးကြောင့် လူသားတို့သည် အထီးကျန်ခြင်း မဖြစ်တော့ချေ။ သို့သော်လည်း သင်တစ်ဦးတည်း ညအမှောင်ထဲ၌ နှစ်ခြိုက်စွာအိပ်ပျော်လျက်နေ၏။ သင်သည် အသံလည်းမကြား၊ အလင်းလည်းမမြင်ပေ၊ အသစ်သော ကောင်းကင်နှင့် မြေကြီးပေါ်ထွန်းကြောင်း၊ ခေတ်ကာလအသစ် ပေါ်ထွန်းကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် သင်၏အဖက “ငါ့သား၊ မထနှင့်ဦး၊ စောသေးသည်။ ရာသီဥတုလည်းအေးသည်၊ ထို့အတွက်ကြောင့် အပြင်သို့မသွားနှင့်၊ သင့်မျက်လုံးများ ဓါးလှံဖြင့် ထိုးမိမည့်အကြောင်း စိုးရိမ်စရာရှိ၍ဖြစ်၏” ဟု ဆိုသောကြောင့် ဖြစ်သည်။ သင်သည် သင့်အဖ၏ သတိပေးချက်များကိုသာ ယုံကြည်စိတ်ချ၏၊ အဘယ်ကြောင့်ဆိုသော် သင့်အဖသည် သင့်ထက် အသက်အရွယ်အိုမင်း၍ သင့်ကိုအလွန်အမင်းချစ်သောကြောင့် သင့်အဖသာမှန်သည်ဟု သင်ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ယင်းကဲ့သို့ သတိပေးချက်များနှင့် ချစ်ခြင်းသည် လောကကြီးထဲ၌ အလင်းရှိသည်ဟူသော ဒဏ္ဍာရီအပေါ် ယုံကြည်မှုကို ရပ်တန့်စေသည်၊ ၎င်းတို့သည် ဤလောကကြီးထဲ၌ သမ္မာတရား တည်ရှိသေးခြင်း ရှိမရှိကို အရေးမစိုက်ဘဲနေစေ၏။ သင်သည် အနန္တတန်ခိုးရှင်၏ ကယ်မခြင်းကို ဆက်လက်၍ မမျှော်လင့်ရဲတော့ချေ။ သင်သည် ရှိရင်းစွဲအခြေအနေအပေါ် တင်းတိမ်နေ၏၊ အလင်းပေါ်ထွန်းမှုကို မျှော်မှန်းခြင်း၊ ဒဏ္ဍာရီထဲ၌ ဆိုထားသကဲ့သို့ အနန္တတန်ခိုးရှင် ကြွလာခြင်းကို ရှာဖွေခြင်း မရှိတော့ချေ။ သင့်အနေနှင့်၊ လှပသောအရာမှန်သမျှသည် ပြန်လည်လန်းဆန်းစေနိုင်ခြင်း မရှိ၊ ၎င်းမှာ တည်ရှိနိုင်ခြင်းမရှိဟု ထင်လေ၏။ သင်၏အမြင်တွင် လူသားမျိုးနွယ်၏ နံနက်ဖြန်၊ လူသားမျိုးနွယ်၏ အနာဂတ်သည် ကွယ်ပျောက်သွား၍ ချေဖျက်ခြင်းခံရသည်ဟု မြင်လေ၏။ သင်၏ခွန်အားရှိသမျှဖြင့် သင့်အဖ၏အဝတ်အစားကို တွယ်ဖက် ထား၏၊ သူ၏အခက်အခဲများကို မျှဝေခံစားရန် လိုလားလျက်၊ သင်၏ခရီးသွားဖော်နှင့် သင်၏ ဝေးလံသောခရီး၏ ဦးတည်ချက် တို့အား ဆုံးရှုံးရမည်ကို အလွန်အမင်း ကြောက်ရွံ့လေ၏။ ကျယ်ပြောပြီး ဝိုးတိုးဝါးတားဖြစ်သော လူ့လောကကြီးသည် ဤလောက၏ မတူညီသော အခန်းကဏ္ဍများ၌ ဖြည့်စွက်ရာတွင် တွန့်ဆုတ်ခြင်း မရှိဘဲ တုန်လှုပ်ခြင်းကင်းမဲ့လျက်ရှိသော သင်တို့များစွာကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် သေခြင်းတရားကို မကြောက်ရွံ့သော “စစ်သည်” များစွာကို ဖန်တီးပေးခဲ့၏။ ထိုမျှမက ၎င်းသည် မိမိတို့ကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို မသိနားမလည်သည့် ထုံထိုင်း၍ တုံ့ဆိုင်းရပ်တန့်နေသော လူသားများကို တစ်သုတ်ပြီး တစ်သုတ် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်၏ မျက်လုံးများသည် ပြင်းပြင်းထန်ထန် ဖိစီးနှိပ်စက်ခံရသော လူသားမျိုးနွယ်ထဲမှ တစ်ဦးချင်းစီနှင့် မျိုးနွယ်ဝင်အယောက်တိုင်းကို ကြည့်ရှုသုံးသပ်လေ၏။ သူကြားရသောအရာမှာ ဒုက္ခဆင်းရဲ ခံနေရသောသူတို့၏ မြည်တမ်းသံဖြစ်၏၊ သူမြင်ရသောအရာမှာ ဖိစီးနှိပ်စက်ခံရသော သူတို့၏ အရှက်တရားကင်းမဲ့မှုဖြစ်ပြီး သူခံစား ရသောအရာမှာ ကယ်တင်ခြင်းကျေးဇူးတော်ကို ဆုံးရှုံးခဲ့ပြီးသော လူသားမျိုးနွယ် တစ်ခု၏ ခိုကိုးရာမဲ့မှုနှင့် စိုးရိမ်ပူပန်မှုဖြစ်၏။ လူသားမျိုးနွယ်သည် သူ၏စောင့်မခြင်းကို ငြင်းပယ်ကာ မိမိတို့ ကိုယ်တိုင်၏လမ်းကြောင်း၌ လျှောက်လှမ်းရန် ရွေးချယ်ကြပြီး သူ၏မျက်လုံးများဖြင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ရှောင်တိမ်းရန် ကြိုးစားကြ၍ ရန်သူနှင့်အတူ နက်ရှိုင်းသောပင်လယ်၏ခါးသီးမှုကို နောက်ဆုံးအစက်အထိပင် တစိမ့်စိမ့်အရသာခံရန် ပို၍နှစ်သက်ကြ၏။ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်းကို လူသားတို့ကြားရခြင်း မရှိတော့ချေ၊ အနန္တတန်ခိုးရှင်၏ လက်တော်များသည် ဝမ်းနည်းဖွယ်ရာဖြစ်သော ဤလူသားမျိုးနွယ်ကို ကြင်နာစွာ ထွေးပိုက်ရန် အလိုမရှိတော့ချေ။ သူသည် ကြိမ်ဖန်များစွာ ပြန်ဖမ်းပြီး ကြိမ်ဖန်များစွာ လက်လွှတ် ရပြန်သည်၊ သူပြုသောအမှုမှာ ဤကဲ့သို့ အဖန်တလဲလဲ ဖြစ်လေ၏။ ထိုအခိုက်အတန့်မှစ၍ သူသည် ပင်ပန်းခြင်း၊ စိတ်ကုန်ခြင်းတို့ကို စတင်ခံစားရသဖြင့် လက်ထဲမှ အလုပ်ကို သူရပ်ကာ လူသားမျိုးနွယ် အကြား၌ လျှောက်လှမ်းခြင်းကို ရပ်တန့်လေ၏...။ လူသားတို့သည် ဤအပြောင်းအလဲများအကြောင်း တစ်စုံတစ်ရာကိုမျှ လုံးလုံး သတိမမူမိကြဘဲ အနန္တတန်ခိုးရှင်၏ သွားခြင်းနှင့် လာခြင်း၊ ဝမ်းနည်းခြင်းနှင့် လွမ်းဆွေးခြင်းကို သတိမမူမိကြပေ။

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သတိမမူမိသောအရာကို မြင်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက ဖန်ဆင်းခြင်းခံရသော လူသားမျိုးနွယ် လိုက်လျှောက်သင့်သည် ဖြစ်တည်မှု၏ ဥပဒေသများကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနှုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင့် ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ် အဖို့အလို့ငှာ ဖြစ်၏။

အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များ အကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။

၂၀၀၃ ခုနှစ်၊ မေလ ၂၈ ရက်

အရှေ့သို့- ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။