အခန်း ၂၅

အချိန်သည် ကုန်လွန်ကာ မျက်စိတစ်မှိတ်အတွင်း မျက်မှောက်ခေတ် ရောက်ရှိလာပေပြီ။ ငါ့ဝိညာဉ်၏လမ်းပြမှုအောက်တွင်၊ လူအားလုံးသည် ငါ၏အလင်းအလယ် အသက်ရှင်ကြပြီး၊ မည်သူမျှ အတိတ်ကို မစဉ်းစားတော့ပေ၊ သို့မဟုတ် ယမန်နေ့ကို အာရုံစိုက်မှု တစ်စုံတစ်ရာမျှ မပြုကြတော့ပေ။ အဘယ်သူသည် မျက်မှောက်ခေတ်တွင် အသက်ရှင်ကာ မတည်ရှိဖူးသေးသနည်း။ အဘယ်သူသည် နိုင်ငံတော်တွင် အံ့သြဖွယ်ကောင်းသော ရက်များနှင့် လများကို မကုန်လွန်ရသေးသနည်း။ နေအောက်တွင် အဘယ်သူ အသက်မရှင်ရသေးသနည်း။ နိုင်ငံတော်သည် လူသားအလယ် ဆင်းသက်ပြီးဖြစ်သော်လည်း၊ ယင်း၏နွေးထွေးမှုကို မည်သူမျှ အမှန်တကယ် မတွေ့ကြုံရသေးပေ။ လူသားသည် ယင်း၏အနှစ်သာရကို နားလည်ခြင်းမရှိဘဲ၊ ယင်းကို အပြင်ပန်းမှသာ ကြည့်လေသည်။ ငါ၏နိုင်ငံတော် ဖွဲ့စည်းသည့်အချိန်အတောအတွင်းတွင်၊ ယင်းကြောင့် အဘယ်သူသည် ဝမ်းမြောက်ခြင်း မရှိဘဲနေသနည်း။ မြေကြီးပေါ်ရှိ နိုင်ငံများသည် အမှန်တကယ် လွတ်မြောက်နိုင်သလော။ အဆင်းနီသောနဂါးကြီးသည် ၎င်း၏ကောက်ကျစ်မှုကြောင့် အမှန်တကယ် လွတ်မြောက်နိုင်သလော။ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခွင်လုံး ကြေညာထား၏၊ ၎င်းတို့သည် လူအားလုံးအလယ် ငါ၏သြဇာအာဏာကို ပြဋ္ဌာန်းပြီး၊ စကြဝဠာအနှံ့ သက်ရောက်လာလေသည်။ မည်သို့ပင် ဖြစ်စေကာမူ လူသားသည် ဤအရာကို အမှန်တကယ် လုံးဝ မသိလေပြီ။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာသို့ ထုတ်ဖော်ပြချိန်တွင်၊ ယင်းမှာ ကမ္ဘာမြေပေါ်၌ ငါ၏အမှု ပြည့်စုံတော့မည့် အချိန်လည်းဖြစ်၏။ ငါသည် လူသားအားလုံးအကြား အုပ်စိုးပြီး အာဏာကိုင်စွဲသောအခါနှင့် ငါ့ကို တစ်ဆူတည်းသော ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သိမှတ်သော အချိန်တွင်၊ ငါ၏နိုင်ငံတော်သည် မြေကြီးဆီသို့ အပြည့်အဝ ဆင်းသက်လိမ့်မည်။ ယနေ့တွင် လူအားလုံး၌ လမ်းကြောင်းသစ်ပေါ်တွင် အသစ်သော အစပြုခြင်း ရှိကြသည်။ ၎င်းတို့သည် ဘဝသစ်ကို စတင်ကြပြီဖြစ်သော်လည်း၊ ကောင်းကင်နှင့်အလားတူသော မြေကြီးပေါ်က အသက်တာကို မည်သူမျှ အမှန်တကယ် တွေ့ကြုံဖူးခြင်းမရှိပေ။ သင်တို့သည် ငါ၏အလင်းအလယ်တွင် အမှန်တကယ် အသက်ရှင်ကြသလော။ ငါ၏ နှုတ်ကပတ်တော်များအကြားတွင် အမှန်တကယ် အသက်ရှင်ကြသလော။ မည်သူသည် ၎င်းတို့ကိုယ်တိုင်၏ မျှော်လင့်ချက်များကို မတွေးတောသနည်း။ မိမိတို့ကိုယ်တိုင်၏ ကံကြမ္မာကြောင့် မည်သူသည် စိတ်သောက မရောက်သနည်း။ ဒုက္ခပင်လယ်အလယ်တွင် မည်သူသည် မရုန်းကန်ဘဲ နေသနည်း။ မည်သူသည် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေရန် ဆန္ဒမရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ်၌ လူသား၏ အလုပ်ကြိုးစားမှုအတွက် အလဲအလှယ်အနေဖြင့် ပေးထားခြင်းဖြစ်သလော။ လူသား၏ စိတ်ဆန္ဒများအားလုံးသည် သူ ဆန္ဒရှိသည်အတိုင်း ဖြည့်ဆည်း၍ရနိုင်မည်လော။ ငါသည် တစ်ချိန်က နိုင်ငံတော်၏ လှပသောမြင်ကွင်းကို လူသားရှေ့မှောက်တွင် တင်ဆက်ခဲ့သော်လည်း၊ သူသည် ယင်းကို တပ်မက်သောမျက်လုံးများဖြင့် ငေးစိုက်ခြင်းသာ ပြုခဲ့ကာ ယင်းအထဲသို့ ဝင်ရောက်ရန် အမှန်တကယ် ဆန္ဒပြင်းပြခဲ့သူ မည်သူမျှ မရှိခဲ့ပေ။ တစ်ချိန်က ငါသည် လူသားထံ မြေကြီးပေါ်ရှိ စစ်မှန်သောအခြေအနေများကို “အစီရင်ခံခဲ့” သော်လည်း၊ သူသည် နားထောင်သည်ထက် မပိုခဲ့သကဲ့သို့၊ ငါ၏နှုတ်မှ လာခဲ့သည့် နှုတ်ကပတ်တော်များကို သူ၏နှလုံးသားဖြင့် ရင်မဆိုင်ခဲ့ပေ။ တစ်ချိန်က ငါသည် လူသားအား ကောင်းကင်ဘုံက အခြေအနေများကို ပြောပြခဲ့သော်လည်း၊ သူသည် ငါ၏နှုတ်ကပတ်တော်များကို နှစ်သက်ဖွယ်ကောင်းသော ပုံပြင်များကဲ့သို့ သဘောထားခဲ့ကာ၊ ငါ့နှုတ်က ဖော်ပြခဲ့သည့်အရာကို အမှန်တကယ် လက်မခံခဲ့ကြချေ။ ယနေ့တွင် နိုင်ငံတော်၏မြင်ကွင်းများသည် လူသားအလယ် ထုတ်ပြထားသော်လည်း၊ တစ်စုံတစ်ဦးသည် ယင်းကို ရှာဖွေရာတွင် “တောင်ထိပ်နှင့်တောင်ကြား ဖြတ်ကျော်” ဖူးသလော။ ငါ၏ တိုက်တွန်းမှုမပါဘဲ၊ လူသားသည် သူ၏အိပ်မက်များမှ နိုးထခဲ့လိမ့်ဦးမည် မဟုတ်ပေ။ သူသည် ကမ္ဘာမြေကြီးပေါ်က သူ၏ အသက်တာကို အမှန်တကယ် အလွန် နှစ်သက်ကြည်နူးနေသလော။ သူ၏ စိတ်နှလုံးတွင် မြင့်မားသော စံနှုန်းများ အမှန်တကယ် မရှိသလော။

ငါ၏လူများအဖြစ် ငါခွဲခန့်မှတ်သားထားသူများသည် မိမိတို့ကိုယ်ကိုယ် ငါ့အားဆက်ကပ်နိုင်ကြပြီး၊ ငါနှင့် သဟဇာတဖြစ်စွာ အသက်ရှင်နိုင်ကြသည်။ ၎င်းတို့သည် ငါ၏အမြင်တွင် တန်ဖိုးရှိကြပြီး၊ ငါ၏နိုင်ငံတော်တွင် ငါ့အတွက် ချစ်ခြင်းမေတ္တာဖြင့် ထွန်းလင်းကြ၏။ ယနေ့လူတို့၏အကြားတွင် ထိုသို့သော သတ်မှတ်ချက်များကို မည်သူဖြည့်ဆည်းသနည်း။ ငါ၏သတ်မှတ်ချက်များအရ အဆင့်မီနိုင်သူ မည်သူရှိသနည်း။ ငါ၏သတ်မှတ်ချက်များသည် လူသားအတွက် အမှန်တကယ် အခက်အခဲများ ဖြစ်စေသလော။ ငါသည် တမင်တကာ သူ့ကို အမှားများ ပြုလုပ်စေသလော။ ငါသည် လူအားလုံးအပေါ် သက်ညှာပြီး ၎င်းတို့ကို ဦးစားပေးဆက်ဆံ၏။ သို့ရာတွင် ဤသည်မှာ တရုတ်နိုင်ငံရှိ ငါ၏လူများအပေါ်သာ ဖြစ်၏။ ယင်းမှာ ငါသည် သင်တို့ကို အထင်သေး၍ မဟုတ်သကဲ့သို့၊ သင်တို့ကို မသင်္ကာ၍လည်း မဟုတ်ဘဲ၊ ငါသည် သင်တို့အပေါ် လက်တွေ့ကျပြီး စစ်မှန်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏အသက်တာများတွင် ၎င်းတို့၏ မိသားစုများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပိုမိုကျယ်ပြန့်သောလောကနှင့် စပ်လျဉ်း၍ဖြစ်စေ ဆုတ်ဆိုင်းမှုများကို မလွဲမသွေ ကြုံကြရသည်။ သို့ရာတွင် မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏လက်များဖြင့် စီစဉ်ဖူးသနည်း။ လူသားသည် ငါ့ကို သိနိုင်စွမ်းမရှိပေ။ သူသည် ငါ၏ အပြင်ပန်း သွင်ပြင်နှင့်ဆိုင်သည့် သိနားလည်မှုအချို့ ရှိသော်လည်း၊ ငါ၏အနှစ်သာရနှင့်ပတ်သက်၍ မသိနားမလည် ဖြစ်လေသည်။ သူသည် သူစားသည့် အစာ၏ ပါဝင်ပစ္စည်းများကို မသိပေ။ မည်သူသည် ငါ၏နှလုံးသားကို သေချာစွာ သိမြင်နိုင်သနည်း။ မည်သူသည် ငါ၏ မျက်မှောက်တွင် ငါ၏အလိုကို အမှန်တကယ် နားလည်နိုင်သနည်း။ ငါသည် ကမ္ဘာမြေပေါ်သို့ ကြွဆင်းလာချိန်တွင်၊ ကမ္ဘာမြေသည် အမှောင်ထုဖြင့် ဖုံးအုပ်နေပြီး လူသားသည် “အိပ်မောကျ” နေ၏။ ငါသည် နေရာအားလုံးအကြား လျှောက်လှမ်းပြီး၊ ငါတွေ့မြင်သမျှအရာအားလုံးမှာ စုတ်ပြတ်နေပြီး မကြည့်ရက်နိုင်စရာ ဖြစ်သည်။ ယင်းမှာ လူသားသည် မွေ့ပျော်ရန်သာ လိုလားလျက်ရှိပြီး “ပြင်ပလောကမှ အမှုအရာများ” ကို ဂရုပြုရန် ဆန္ဒမရှိသည့်အလား ဖြစ်၏။ လူအားလုံးမသိဘဲ၊ ငါသည် ကမ္ဘာမြေတစ်ခုလုံးကို ဆန်းစစ်လေ့လာ၏၊ သို့ရာတွင် အသက်နှင့်ပြည့်ဝသော နေရာတစ်ခုကိုမျှ ငါမတွေ့ပေ။ ချက်ချင်းပင် ငါသည် အလင်းနှင့်အပူတို့ကို ထွန်းလင်းစေပြီး၊ တတိယကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ကြည့်၏။ အလင်းသည် မြေကြီးပေါ်သို့ကျကာ အပူသည် ယင်းအပေါ် ပျံနှံ့သော်လည်း၊ အလင်းနှင့် အပူတို့သာ ဝမ်းမြောက်နေပုံရ၏။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် အကြိုက်တွေ့နေသည့် လူသားအထဲတွင် မည်သည့်အရာကိုမျှ နှိုးဆော်ခြင်းမရှိပေ။ ဤသည်ကိုမြင်ရလျက်၊ ငါသည် လူသားအကြားတွင် ငါအသင့်ပြင်ထားသော “လှံတံ” ကို ချက်ချင်း အပ်နှင်း၏။ လှံတံ ကျသည်နှင့်အမျှ၊ အလင်းနှင့်အပူတို့သည် တဖြည်းဖြည်း လွင့်ပြယ်သွားကာ ကမ္ဘာမြေကြီးသည် ချက်ချင်း တိတ်ဆိတ် ခြောက်ကပ်သွား၍ မှောင်မဲသွား၏— ပြီးလျှင် အမှောင်ထုကြောင့် လူသားသည် ဆက်လက်ပျော်ပါးရန် အခွင့်အရေးကို လက်မလွှတ်တမ်းအသုံးချ၏။ လူသားသည် ငါ၏ လှံတံရောက်လာခြင်းနှင့် သက်ဆိုင်သည့်အသိ ရေးရေးရှိသော်လည်း၊ သူသည် မတုံ့ပြန်ဘဲ၊ ၎င်း၏ “မြေကြီးပေါ်ရှိ ကောင်းချီးမင်္ဂလာများ” ကို ဆက်လက် မွေ့လျော်လေ၏။ ၎င်းနောက်၊ ငါ၏နှုတ်သည် လူသားအားလုံးနှင့်ဆိုင်သည့် ပြစ်တင်ဆုံးမခြင်းကို ကြေညာပြီး စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ကားတိုင်တွင် ဇောက်ထိုး သံမှိုရိုက်နှက်ခံရကြ၏။ ငါ၏ပြစ်တင်ဆုံးမခြင်း လာသည့်အခါတွင်၊ လူသားသည် တောင်များပြိုကျခြင်းနှင့် မြေကြီး ပြိုကွဲနေခြင်း၏ ဆူညံသံအားဖြင့် တုန်လှုပ်လေ၏၊ ယင်းနောက်တွင် သူသည် လန့်နိုးသွားသည်။ တုန်လှုပ်ကာ ကြောက်ရွံ့လျက်၊ သူသည် ထွက်ပြေးလိုစိတ် ရှိသော်လည်း၊ လွန်စွာနောက်ကျသွားပေသည်။ ငါ၏ပြစ်တင်ဆုံးမမှု ကျရောက်သည်နှင့်အမျှ၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ဆင်းသက်ကာ နိုင်ငံအားလုံးသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားရင်းနှင့် မည်သည့်အရာမျှ ချန်မထားဘဲ၊ အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းခံရလေသည်။

နေ့စဉ် ငါသည် စကြဝဠာ၏ မျက်နှာပြင်ပေါ် ကြည့်ပြီး၊ နေ့စဉ် ငါသည် လူသားအကြား ငါ၏အမှုအသစ်ကို လုပ်ဆောင်၏။ သို့ရာတွင် လူအားလုံးသည် မိမိတို့၏ အလုပ်တွင် နစ်မြုပ်နေကြပြီး၊ မည်သူမျှ ငါ့အမှု၏ အင်အားများကို အာရုံမစိုက်ကြချေ၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ကျော်လွန်၍ အမှုအရာများ၏ အခြေအနေကို သတိမထားကြချေ။ ယင်းမှာ လူတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားသည့် ကောင်းကင်အသစ်နှင့် မြေကြီးအသစ်တွင် အသက်ရှင် ကြပြီး၊ အခြားမည်သူမျှ အနှောင့်အယှက်ပေးသည်ကို မလိုချင်သည့်အလား ဖြစ်၏။ ၎င်းတို့အားလုံးသည် ပျော်ပါးသည့်အလုပ်နှင့် ၎င်းတို့၏ “ကာယလေ့ကျင့်ခန်းများ” ကို လုပ်ဆောင်သည်နှင့်အမျှ မိမိတို့ကိုယ်ကိုယ် သဘောကျခြင်းတို့ကို အာရုံစိုက်လျက် ရှိကြသည်။ လူသား၏ နှလုံးသား၌ ငါ့အတွက် နေရာ အမှန်တကယ် လုံးဝ မရှိသလော။ ငါသည် လူသား၏နှလုံးသားကို အုပ်စိုးသူ အမှန်တကယ် ဖြစ်နိုင်စွမ်းမရှိသလော။ လူသား၏ဝိညာဉ်သည် သူ့အား အမှန်တကယ် ထားရစ်လေပြီလော။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို မည်သူသည် သေချာစွာ တွေးဆဖူးသနည်း။ ငါ့နှလုံးသား၏ဆန္ဒကို မည်သူသည် သိမြင်ဖူးသနည်း။ လူသား၏နှလုံးသားကို အခြားအရာအချို့က အမှန်တကယ် သိမ်းပိုက်လေပြီလော။ ငါသည် လူသားထံ ဟစ်အော်ခေါ်သည့် ကြိမ်ဖန်များစွာ ရှိပြီးဖြစ်သော်လည်း၊ မည်သူမဆို ကရုဏာသက်ဖူးသလော။ မည်သူမဆို လူ့သဘာဝ၌ အသက်ရှင်ဖူးသလော။ လူသားသည် ဇာတိပကတိ၌ အသက်ရှင်ကောင်း ရှင်နိုင်သော်လည်း၊ ၎င်း၌ လူ့သဘာဝမရှိပေ။ ၎င်းသည် တိရစ္ဆာန်တိုင်းပြည်တွင် မွေးဖွားခဲ့သလော။ သို့မဟုတ် ၎င်းသည် ကောင်းကင်ဘုံတွင် မွေးဖွားခဲ့ပြီး ဘုရား၏သဘောသဘာဝ ရှိသလော။ ငါသည် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များ ပြုလုပ်သော်လည်း၊ သူသည် ငါ၏နှုတ်ကပတ်တော်များကို နားမလည်သည့်အလား၊ ငါသည် သူနှင့် တခြားစီဖြစ်သည့် ချဉ်းကပ်၍မရသော ကြောက်မက်ဖွယ် ဧရာမသတ္တဝါအလား ဖြစ်၏။ ငါသည် လူသားကြောင့် စိတ်ပျက်ခဲ့ရသည်မှာ ကြိမ်ဖန်များစွာ ရှိပြီဖြစ်၏၊ ငါသည် သူ၏ညံ့ဖျင်းသော ဆောင်ရွက်မှုကြောင့် ဒေါသ အမျက်ထွက်ခဲ့ရသည်မှာ ကြိမ်ဖန်များစွာ ရှိပြီဖြစ်ပြီး၊ ငါသည် သူ၏ အားနည်းမှုအားကြောင့် စိတ်ထိခိုက်ခဲ့ရသည်မှာ ကြိမ်ဖန်များစွာ ရှိပြီဖြစ်၏။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ ခံစားချက်ကို မနှိုးဆော်နိုင်သနည်း။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာကို မလှုံ့ဆော်နိုင်သနည်း။ လူသားသည် ငါ့အား အဘယ်ကြောင့် သူ၏အသည်းကြော်အဖြစ် ဆက်ဆံရန် လိုလိုလားလား မရှိသနည်း။ လူသား၏နှလုံးသားသည် သူ၏ကိုယ်ပိုင်နှလုံးသား မဟုတ်သလော။ သူ၏ စိတ်ဝိညာဉ်တွင် အခြားအရာတစ်စုံတစ်ရာက ဝင်ရောက် နေထိုင်လေပြီလော။ လူသားသည် အဘယ်ကြောင့် မရပ်မနား ငိုကြွေးမြည်တမ်းသနည်း။ သူသည် အဘယ်ကြောင့် စိတ်မချမ်းမြေ့သနည်း။ သူသည် ဝမ်းနည်းသည့်အခါတွင်၊ ငါ၏တည်ရှိမှုကို အဘယ်ကြောင့် လျစ်လျူရှုသနည်း။ ငါသည် သူ့ကို စိတ်အနှောင့်အယှက်ပေးမိ၍ ဖြစ်နိုင်သလော။ ငါသည် သူ့အား တမင်တကာ စွန့်ပစ်ထားမိ၍ ဖြစ်နိုင်သလော။

ငါ၏အမြင်တွင်၊ လူသားသည် အရာခပ်သိမ်းကို အုပ်စိုးသူဖြစ်သည်။ ငါသည် သူ့ကို- တောင်တန်းများပေါ်ရှိ မြက်ခင်း၊ သစ်တောများအကြားရှိ တိရစ္ဆာန်များနှင့် ရေထဲက ငါးများ- ကမ္ဘာမြေကြီးပေါ်က အရာခပ်သိမ်းကို စီမံခန့်ခွဲခွင့်ပေးလျက်၊ ပေးခဲ့သည့် ဩဇာအာဏာ ပမာဏမှာ မသေးပေ။ သို့ရာတွင် ဤအရာကြောင့် ပျော်ရွှင်ရမည့်အစား လူသားသည် စိုးရိမ်ပူပန်မှုဖြင့် ဝိုင်းရံဖိစီးခြင်းကို ခံရသည်။ သူ၏အသက်တာ တစ်ခုလုံးသည် မချိတင်ကဲ ဝေဒနာခံရသည့် အသက်တာနှင့် ဟိုဟိုသည်သည် အလုပ်ရှုပ်သည့်၊ အနှစ်မဲ့ခြင်းကို အပျော်ဆင့်သည့် အသက်တာတစ်ခု ဖြစ်သည်။ သူ၏ အသက်တာတစ်ခုလုံး၌ အသစ်သော တီထွင်မှုများနှင့် ဖန်တီးမှုများ မရှိချေ။ ဤအနှစ်သာရမရှိသော အသက်တာမှ မည်သူမျှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်၊ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို မည်သူမျှ ရှာဖွေတွေ့ရှိဖူးခြင်း မရှိသကဲ့သို့၊ စစ်မှန်သောအသက်တာကို မည်သူမျှ တွေ့ကြုံဖူးခြင်းမရှိပေ။ ယနေ့ လူအားလုံးသည် ငါ၏တောက်ပသော အလင်းအောက်တွင် အသက်ရှင်ကြသော်လည်း၊ ကောင်းကင်ဘုံရှိ အသက်တာနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ မသိကြချေ။ အကယ်၍ ငါသည် လူသားအပေါ် ကရုဏာစိတ်မရှိသကဲ့သို့၊ လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူအားလုံးသည် အချည်းနှီး ရောက်လာကြခဲ့ပြီဖြစ်သည်၊ ကမ္ဘာပေါ်ရှိ ၎င်းတို့၏ အသက်တာများသည် အဓိပ္ပာယ်မရှိသကဲ့သို့၊ ၎င်းတို့သည် ဂုဏ်ယူစရာဘာမျှမရှိဘဲ အချည်းနှီး ထွက်ခွာသွားကြလိမ့်မည် ဖြစ်၏။ ဘာသာတရားတိုင်း၊ လူမှုအဖွဲ့အစည်း ကဏ္ဍတိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူအားလုံးသည် ကမ္ဘာမြေကြီးပေါ်က အနှစ်မဲ့ခြင်းကို သိကြပြီး ၎င်းတို့အားလုံးသည် ငါ့ကိုရှာဖွေကြကာ ငါ၏ပြန်လာခြင်းကို စောင့်ဆိုင်းကြသည်- သို့ရာတွင် ငါ ကြွရောက်ချိန်တွင်၊ မည်သူသည် ငါ့ကိုသိနိုင်စွမ်း ရှိသနည်း။ ငါသည် အရာခပ်သိမ်းကို ပြုလုပ်ခဲ့သည်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းခဲ့ပြီး၊ ယနေ့တွင် ငါသည် လူသားအလယ် ဆင်းသက်ခဲ့လေပြီ။ သို့သော် လူသားသည် ငါ့ကို တုံ့ပြန်ထိုးနှက်တိုက်ခိုက်ပြီး ငါ့အပေါ် လက်စားချေ၏။ လူသားအပေါ် ငါပြုသောအမှုသည် သူ့အဖို့ အကျိုးမရှိသလော။ ငါသည် လူသားကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်စွမ်း မရှိသလော။ လူသားသည် ငါ့ကို အဘယ်ကြောင့် ငြင်းပယ်သနည်း။ လူသားသည် ငါ့အပေါ် အဘယ်ကြောင့် အေးစက်စက်နိုင်ကာ ဂရုမစိုက်သနည်း။ ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် လူသေ အလောင်းများဖြင့် ဖုံးလွှမ်းထားသနည်း။ ဤသည်မှာ လူသားအတွက် ငါ ဖန်တီးခဲ့သည့် ကမ္ဘာလောက၏ အခြေအနေ အမှန်ပင်လော။ ငါသည် လူသားအား နှိုင်းယှဉ်၍မရသော ကြွယ်ဝချမ်းသာမှုများ ပေးထားသော်လည်း၊ အပြန်အလှန်အားဖြင့် သူသည် ငါ့အား ဘာမျှမရှိသော လက်နှစ်ဘက် ပေးသည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် အဘယ်ကြောင့် ငါ့အား အမှန်တကယ် မချစ်သနည်း။ သူသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငါ့ရှေ့မှောက် မလာသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် အမှန်တကယ် အချည်းနှီး ဖြစ်ပြီလော။ ငါ၏ နှုတ်ကပတ်တော်များသည် ရေမှအပူကဲ့သို့ ပျောက်ကွယ်သွားပြီလော။ လူသားသည် ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် လိုလိုလားလား မရှိသနည်း။ ငါ၏နေ့ရက်ရောက်ရှိခြင်းသည် လူသား၏သေဆုံးခြင်း အခိုက်အတန့် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော်ကို ဖွဲ့စည်းသည့်အချိန်တွင် ငါသည် လူသားကို အမှန်တကယ် ဖျက်ဆီးနိုင်မည်လော။ ငါ၏စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး ကာလအတွင်းတွင် ငါ၏ရည်ရွယ်ချက်များကို အဘယ်ကြောင့် မည်သူမျှ သဘောပေါက်ဖူးခြင်း မရှိသနည်း။ ငါ၏နှုတ်မှ မိန့်မြွက်ချက်များကို ချစ်မြတ်နိုးမည့်အစား လူသားသည် ယင်းတို့ကို အဘယ်ကြောင့် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သနည်း။ ငါသည် မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ၊ လူအားလုံးကို တည်ငြိမ်မှုဆီသို့ ပြန်လာစေပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းအမှုကို ပြုစေရုံမျှ ပြုသည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၇ ရက်

အရှေ့သို့- အခန်း ၂၄

နောက်တစ်ခုသို့- လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။