ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

ယောဟန်သည် ယေရှုအတွက် ခုနစ်နှစ် အမှုထမ်းခဲ့ပြီး ယေရှုရောက်လာချိန်တွင် လမ်းခင်းနှင့်ပြီးဖြစ်သည်။ ယင်းမတိုင်မီ၊ ယောဟန် ဟောကြားခဲ့သည့် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ကြားနေခဲ့ရပြီဖြစ်ပြီး၊ သို့ဖြစ်၍ ယင်းသည် ယုဒပြည်တစ်လျှောက် ပျံ့နှံ့နေခဲ့ပြီး၊ လူတိုင်းက သူ့ကို ပရောဖက်ဟု ခေါ်ဝေါ်နေခဲ့ကြသည်။ ထိုအချိန်က၊ ဟေရုဒ်မင်းကြီးသည် ယောဟန်ကို သတ်ပစ်လိုခဲ့သော်လည်း၊ လူအများက ယောဟန်ကို အထူး လေးစားခဲ့ကြသောကြောင့်၊ ဟေရုဒ်မင်းကြီးက ယောဟန်ကို သတ်ပစ်လျှင် လူများက သူ့ကို ဆန့်ကျင် ပုန်ကန်လာကြမည်ကို ကြောက်နေခဲ့၍ မသတ်ဝံ့ခဲ့ပေ။ ယောဟန် လုပ်ဆောင်ခဲ့သည့် အမှုမှာ သာမန်လူများအကြားတွင် အမြစ်တွယ်ခဲ့ပြီး ယုဒလူတို့ကို ယုံကြည်သူများ ဖြစ်လာစေခဲ့သည်။ သူသည် ခုနစ်နှစ်ကြာ ယေရှုအတွက် လမ်းခင်းခဲ့ပြီး ယေရှုက သူ့သာသနာတော်ကို စတင်သည့်အချိန်အထိ ဖြစ်သည်။ ထိုအကြောင်းကြောင့် ယောဟန်သည် ပရောဖက်အားလုံးအကြားတွင် အကြီးမြတ်ဆုံးပရောဖက် ဖြစ်ခဲ့သည်။ ယောဟန် အကျဉ်းချခံလိုက်ရသည့်နောက်မှသာ ယေရှုသည် သူ၏တရားဝင် အမှုတော်ကို စတင်ခဲ့သည်။ ယေရှု မတိုင်မီ၊ ဘုရားသခင်သည် မည်သည့်အခါမျှ၊ လူ့ဇာတိကို မခံယူခဲ့သောကြောင့်၊ ယောဟန် မတိုင်မီတွင် ဘုရားသခင်အတွက် လမ်းခင်းပေးခဲ့သူ မည်သူမျှမရှိခဲ့ဖူးပေ။ သို့ဖြစ်သောကြောင့်၊ ယောဟန် မတိုင်မီထိ ပရောဖက်များအားလုံး၌၊ သူသည် လူ့ဇာတိခံ ဘုရားအတွက် လမ်းခင်းပေးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့ခြင်းဖြင့်၊ ယောဟန်သည် ဓမ္မသစ်နှင့် ဓမ္မဟောင်းနှစ်ခုလုံးအတွက် အကြီးမြတ်ဆုံးသောပရောဖက် ဖြစ်လာခဲ့သည်။ ယောဟန်သည် ယေရှု၏ ဗတ္တဇံခံခြင်း မတိုင်မီ၊ ခုနစ်နှစ်ကြာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ကြက်ခဲ့သည်။ လူအများအတွက် သူ၏ လုပ်ဆောင်ခဲ့သည့် အလုပ်သည် ယေရှု၏ နောက်ဆက်တွဲ အမှုတော်၏ အထက်တွင် ရှိခဲ့ပုံရသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ပရောဖက် တစ်တပါးမျှသာ ဖြစ်သေး၏။ သူ လုပ်ဆောင်၊ ပြောကြားခဲ့သည်မှာ ဗိမာန်တော်အတွင်းတွင် မဟုတ်ခဲ့ဘဲ၊ ယင်း၏ ပြင်ပရှိ မြို့များနှင့် ရွာများတွင် ဖြစ်သည်။ သူ ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ၊ ယုဒလူမျိုးများ အကြားတွင်၊ အထူးသဖြင့် ဆင်းရဲသူများအကြားတွင်၊ ဖြစ်ခဲ့သည်မှာ အမှန်ပေ၏။ ယောဟန်သည် လူ့အဖွဲ့အစည်း အထက်တန်းလွှာမှ လူများနှင့် ထိတွေ့ခဲပြီး၊ ယုဒပြည်၏ သာမန် ပြည်သူတို့ အကြားမှာသာ ဧဝံဂေလိတရားကို ဖြန့်ကြက်ခဲ့သည်။ ယင်းသည် သခင်ယေရှုအတွက် မှန်ကန်သည့် လူများကို ပြင်ဆင်နိုင်ရန်နှင့် ကိုယ်တော် အမှုတော်ပြုရန်အတွက် သင့်တော်သည့် နေရာများကို ပြင်ဆင်ပေးဖို့ရန်အလို့ငှာ ဖြစ်သည်။ လမ်းခင်းပေးရန် ယောဟန်ကဲ့သို့သော ပရောဖက်ရှိသည့်အတွက်၊ သခင်ယေရှုသည် ရောက်လာသည်နှင့် တစ်ပြိုင်နက် လက်ဝါးကားတိုင်ဆီသွားရာ လမ်းခရီးပေါ် တိုက်ရိုက် စတင်နိုင်ခဲ့သည်။ ဘုရားသခင်က မိမိအမှုတော်ကို ဆောင်ရွက်ရန် လူ့ဇာတိခံယူလိုက်သည့် အခါ၊ သူသည် လူများအား ရွေးချယ်ခြင်းအမှုကို လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ လူများ သို့မဟုတ် အလုပ်လုပ်ရန် နေရာများကို သူကိုယ်တိုင် ရှာရန်လည်း မလိုအပ်ခဲ့ပေ။ သူကြွလာချိန်၌ ယင်းကဲ့သို့သော အလုပ်ကို မလုပ်ဆောင်ခဲ့ပေ၊ သင့်တော်သော ပုဂ္ဂိုလ်က သူရောက်မလာမီတွင် ထိုကဲ့သို့သော အရာများကို ပြင်ဆင်ပေးထားခဲ့ပြီး ဖြစ်သည်။ ယေရှုက သူ့အလုပ်ကို မစတင်မီတွင် ယောဟန်မှ ထိုအလုပ်ကို လုပ်ဆောင်ပြီးနှင့်ခဲ့ပြီ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံ ဘုရားသခင်က မိမိအမှုကို လုပ်ဆောင်ရန် ကြွလာချိန်တွင်၊ သူ့ကို အချိန်ကြာစွာ စောင့်စားနေခဲ့ကြသူတို့အပေါ် ချက်ချင်းမဆိုင်းမတွ စတင်ပြီး လုပ်ဆောင်ခဲ့သည်။ ယေရှု ကြွလာခဲ့သည်မှာ လူသား၏ ပြုပြင်သည့်အလုပ်ကို လုပ်ရန် မဟုတ်ခဲ့ပေ။ သူကြွလာခဲ့သည်မှာ သူ့အနေနှင့် ဆောင်ရွက်ပေးရမည့် အမှုတော်ကို လုပ်ဆောင်ရန် အတွက်သာ ဖြစ်သည်၊ အခြားအရာ အားလုံးတို့သည် သူနှင့် မည်သို့မျှ သက်ဆိုင်မှု မရှိခဲ့ကြပေ။ ယောဟန် ရောက်ရှိလာသည့် အခါ၌၊ သခင် ယေရှု လုပ်ဆောင်မည့်အမှု၏ ရည်မှန်းထားသော ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ဖို့ရန် ဗိမာန်တော်နှင့် ယုဒလူမျိုးများအထဲမှ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို လက်ခံခဲ့ကြသည့် လူတစ်စုကို ထုတ်ပေးသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်ခဲ့ပေ။ ယောဟန်သည် ခုနစ်နှစ်ကြာ လုပ်ဆောင်ခဲ့သည်၊ တနည်းဆိုရလျှင်၊ သူသည် ဧဝံဂေလိတရားတော်ကို ခုနစ်နှစ်ကြာ ဖြန့်ကြက်ခဲ့၏။ သူ၏ အလုပ်အတွင်းတွင်၊ အံ့ဖွယ်ရာ အရာများကို အများအပြား မပြုလုပ်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အလုပ်မှာ လမ်းခင်းပေးရသည့် အလုပ်ဖြစ်သောကြောင့်၊ ပြင်ဆင်ပေးရသည့် အလုပ် ဖြစ်သောကြောင့် ဖြစ်သည်။ ယောဟန်သည် ကျန်သည့် လုပ်ဆောင်ချက်အားလုံးဖြစ်သည့် ယေရှု မှ လုပ်ဆောင်ပေးရမည့် အမှုမှာ၊ သူနှင့် မသက်ဆိုင်ခဲ့ပေ၊ သူသည် လူသားအား ကယ်တင်ခံရဖို့အလို့ငှာ သူ၏ အပြစ်များကို ဝန်ခံလျက် နောင်တရဖို့ကိုသာ တောင်းဆိုခဲ့ပြီး ဗတ္တိဇံပေးခဲ့သည်။ သူ ဆောင်ရွက်ပေးခဲ့သည်မှာ အမှုအသစ် ဖြစ်ပြီး လူသားတို့ ယခင်တုန်းက လုံး၀မလျှောက်ခဲ့ဖူးသည့် လမ်းခရီး ဖြစ်ခဲ့သော်လည်း၊ သူသည် ယေရှုအတွက် လမ်းခင်းပေးခြင်းသာ ဖြစ်ဆဲဖြစ်သည်။ သူသည် ကြိုတင်ပြင်ဆင်ခြင်းအမှုကို လုပ်ဆောင်ပေးခဲ့သည့် ပရောဖက်မျှသာ ဖြစ်ခဲ့ပြီး ယေရှု၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဦးဆုံး ဟောကြားခဲ့သူမှာ ယေရှု မဟုတ်သော်လည်း၊ ထို့အပြင် သူသည် ယောဟန်မှ စတင်ပေးခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်လျှောက်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူ့အမှုကို ဆောင်ရွက်ပေးနိုင်မည့် အခြားသူ မည်သူမျှ မရှိခဲ့ဘဲ ယင်းအမှုက ယောဟန်၏ အမှု အထက်တွင် ရှိခဲ့၏။ ယေရှုသည် မိမိကိုယ်တိုင်၏ လမ်းခရီးကို မပြင်ဆင်နိုင်ခဲ့ပေ၊ ဘုရားသခင် ကိုယ်စား သူ့အမှုကို တိုက်ရိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယောဟန်သည် နှစ်ပေါင်းမည်မျှပင် လုပ်ဆောင်ခဲ့သည်မဆို၊ သူသည် ပရောဖက်တစ်ပါး ဖြစ်ဆဲဖြစ်ပြီး လမ်းခင်းပေးခဲ့သူ ဖြစ်ဆဲဖြစ်သည်။ သူ့အမှု၏ အနှစ်သာရမှာ မတူသည့်အတွက်၊ ယေရှု လုပ်ဆောင်ခဲ့သည့် သုံးနှစ်ကြာ အမှုက ယောဟန်၏ ခုနစ်နှစ်ကြာခဲ့သည့် လုပ်ဆောင်ချက်ကို ကျော်လွန်ခဲ့သည်။ ယောဟန်၏ အမှု ပြီးဆုံးသွားချိန်ဖြစ်သည့် ယေရှုသူ့အမှုတော်ကို စတင်လုပ်ဆောင်ချိန်တွင်၊ သခင်ယေရှုမှ အသုံးပြုရန်အတွက် လုံလောက်သည့် လူများနှင့် နေရာများကို ယောဟန်မှ ပြင်ဆင်ပေးထားပြီ ဖြစ်ပြီး၊ ၎င်းတို့မှာ သခင်ယေရှအနေဖြင့် သုံးနှစ်ကြာ အမှုတော်ကို စတင်ရန် လုံလောက်ခဲ့သည်။ ထို့ကြောင့်၊ ယောဟန်၏အလုပ် ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်၊ သခင်ယေရှုသည် သူ၏အမှုတော်ကို တရားဝင် စတင်ခဲ့ပြီး၊ ယောဟန် ပြောကြားခဲ့သည့် စကားများက ဘေးဖယ်ခြင်းခံခဲ့ရပေသည်။ ယင်းမှာ ယောဟန် ဆောင်ရွက်ပေးခဲ့သည့် အလုပ်က ကူးပြောင်းခြင်းသက်သက်အတွက်သာ ဖြစ်ပြီး လူသားကို ကြီးထွားမှုအသစ်ဆီသို့ ခေါ်ဆောင်မည့် အသက်၏ နှုတ်ကပတ်တော်များ မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် သူ့စကားများမှာ ယာယီသုံးရန်သာ ဖြစ်ခဲ့ကြသည်။

ယေရှု လုပ်ဆောင်ခဲ့သည့်အမှုမှာ သဘာဝလွန် မဟုတ်ခဲ့ပေ၊ ယင်းအတွက် လုပ်ငန်းစဉ် ရှိခဲ့ပြီး၊ အားလုံးမှာ ဖြစ်ရိုးဖြစ်စဉ် နိယာမများနှင့်အညီ တိုးတက်ဖြစ်ပွားလာခဲ့သည်။ ယေရှုသည် သူ့ဘဝ၏ နောက်ဆုံးခြောက်လ ရောက်သည့်အခါ၊ သူလာခဲ့သည်မှာ ယင်းအမှုကို လုပ်ဆောင်ရန်နှင့် လက်ဝါးကပ်တိုင်ပေါ်မှာ သံမှိုရိုက် ခံရရန်အတွက် ဖြစ်ခဲ့ကြောင်းကို သေချာပေါက် သိနေခဲ့သည်။ သူ ကားစင်တင် မခံရမီတွင်၊ ဂေသရှေမန် ဥယျာဉ်၌ သုံးကြိမ် ဆုတောင်းခဲ့သကဲ့သို့၊ ခမည်းတော် ဘုရားသခင်အား စဉ်ဆက်မပြတ် ရှိခိုးဆုတောင်းနေခဲ့ပါသည်။ ယေရှုသည် ဗတ္တိဇံခံပြီးနောက်၊ သုံးနှစ်ခွဲကြာ သူ့အမှုတော်ကို လုပ်ဆောင်လာခဲ့ပြီး၊ သူ၏ တရားဝင် အမှုမှာ နှစ်နှစ်ခွဲ ကြာခဲ့သည်။ ပထမနှစ်အတွင်းတွင် သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရပြီး၊ လူသား၏ နှောင့်ယှက်ခြင်းခံခဲ့ရကာ လူသား၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ယေရှုသည် သူ့အမှုတော်ဆောင်ရွက်စဉ် များစွာသော စုံစမ်းသွေးဆောင်ခြင်းများကို ဖြတ်ကျော်ခဲ့ရသည်။ ယေရှု မကြာမီ ကားစင်တင်ခံရတော့မည့်အချိန် နောက်ဆုံး ခြောက်လ အတွင်း၊ သူသည် အသက်ရှင်သော ဘုရား၏သားတော် ဖြစ်ပြီး သူသည် ခရစ်တော် ဖြစ်ကြောင်း ပေတရု၏ နှုတ်မှ စကားများ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်ကျမှသာ သူ၏အမှုတော်ကို အားလုံး သိလာခဲ့ကြပြီး ထိုအချိန်မှသာ သူမည်သူဖြစ်ကြောင်း လူသိရှင်ကြား အသိပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်၊ သူသည် သူ၏တပည့်တော်များအား လူသားဖို့အလို့ငှာ ကားစင်တင်ခံရဖို့ ရှိနေကြောင်းနှင့် သုံးရက်ကြာပြီးနောက် ပြန်ပြီး ထမြောက်လာမည် ဖြစ်ကြောင်း၊ ရွေးနှုတ်ခြင်း အမှုကို ဆောင်ရွက်ပေးရန် သူလာခဲ့ရသည်ဖြစ်ပြီး သူသည် ကယ်တင်ရှင်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ နောက်ဆုံး ခြောက်လတာကာလအတွင်း၌သာ သူသည် သူမည်သူဖြစ်ကြောင်းနှင့် သူလုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမှုတော်ကို ထုတ်ဖေါ် ပြောကြားခဲ့သည်။ ယင်းသည် ဘုရားသခင်၏ အချိန်လည်းဖြစ်ခဲ့ပြီး၊ အမှုတော်ကို ယင်းကဲ့သို့ လုပ်ဆောင်ရန် ဖြစ်သည်။ ထိုစဉ်က ယေရှု၏အမှုတော်၏ တစ်စိတ်တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့်အညီ ဖြစ်ပြီး၊ ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြစ်ခဲ့သည်။ ယေရှုသည် ၎င်းတို့ အားလုံးကို သူ၏အမှုတော်ဆိုင်ရာ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့သည်။ သူသည် တရားစရပ်များ၌ လူများအား တရားဟောကြားခဲ့ပြီး သွန်သင်ပေးခဲ့ကာ သူ့အပေါ် ရန်လိုနေခဲ့ကြသည့် ဖာရိရှဲများကို ပြစ်တင်ရန် ဓမ္မဟောင်းကျမ်းမှ ပရောဖက်များ၏ ကြိုတင်ဟောကြေားချက်များကို အသုံးချခဲ့ပြီး၊ သူတို့၏ မနာခံမှုကို ထုတ်ဖော်ရန်နှင့် သူတို့ကို ရှုတ်ချရန် အတွက် ကျမ်းစာထဲက နှုတ်ကပတ်တော်များကို အသုံးချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည်ကို စက်ဆုပ်ခဲ့ကြသည့်အတွက်၊ အထူးသဖြင့်၊ ယေရှု၏အမှုတော် အများအပြားတို့မှာ သမ္မာကျမ်းထဲက ပညတ်တရားများ နှင့် အညီ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြဘဲ၊ ထို့အပြင် သူ သွန်သင်ခဲ့သည့်အရာက သူတို့၏ ကိုယ်ပိုင် စကားလုံးများထက် ပိုမြင့်မြတ်ခဲ့ပြီး သမ္မာကျမ်းထဲက ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များထက်ပင် ပိုမြင့်မားခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏ အမှုတော်မှာ လူသား၏ ရွေးနှုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်သာ ဖြစ်သည်၊ သို့ဖြစ်၍၊ လူသားတစ်ဦးဦးကို သိမ်းပိုက်ရန် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့ပေ။ လူသားကို သူသွန်သင်ပေးခဲ့သည့် အရာအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုတော်က သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်မှ၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုတော်မှာ နှုတ်ကပတ်တော်၏ အမှုတော် မဟုတ်ခဲ့ပေ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာလည်း မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ်သာ ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်၏ အရင်းအမြစ်အဖြစ် မပြုမူခဲ့ပေ။ လူသားကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တစ်ပါးအမျိုးသားများ၏ အလုပ်ကို သူမလုပ်ဆောင်ခဲ့ဘဲ ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့သော်လည်း၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်းအမှုတော်ကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့သည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှုနှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့်အတွက်နှင့် ၎င်းထဲတွင် သင်တို့ အပြစ်များ၏သမိုင်းဟူ၍ မရှိသည့်အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤအမှုသည် သမ္မာကျမ်းထဲတွင် စွဲကျန်နေဆဲဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် ဣသရေလအမျိုးသားများ၏ သမိုင်းအနည်းအကျဉ်းသာ မှတ်တမ်းတင်ပေးခဲ့ပြီး၊ ထိုသမိုင်းသည် သင်တို့ ဆိုးသည် သို့မဟုတ် ကောင်းသည်ကို ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ သင်တို့ကို စီရင်နိုင်စွမ်းလည်း မရှိပေ။ ငါသည် သင်တို့ကို ဣသရေလအမျိုးသားတို့၏ သမိုင်းကို အခြေခံပြီး စီရင်ရန်ဖြစ်သည်ဟု စိတ်ကူးကြည့်ကြလော့—သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့နောက် လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှခက်ခဲကြသည်ကို သင်တို့ သိကြသလော။ ဤအဆင့်၌ မည်သည့် နှုတ်ကပတ်တော်ကိုမျှ မပြောဆိုဘဲ နေပါက၊ သိမ်းပိုက်ခြင်းအမှုကို ပြီးမြောက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်တို့သိမ်းပိုက်ခြင်းခံရနိုင်ရန် ငါသည် သမ္မာကျမ်းစာနှင့် ကွဲပြားသည့် စကားလုံးများကို ပြောဆိုရမည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့သည်၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့် ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ “ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သို့ရာတွင် သူ၏အမှုတော်ထဲ၌ ဓမ္မဟောင်းကျမ်း၏ ဣသရေလအမျိုးသားများ လက်တွေ့ကျင့်သုံးခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်တော်များနှင့် ကွဲပြားမှုများ များပြားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ဘဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ကျသည့် အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပို၍လက်တွေ့ကျကာ ပို၍စစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ သာ၍ အသက်ရှင်ပြီး၊ စည်းကမ်းများကို မစဉ်းစား မဆင်ခြင်ဘဲ လိုက်နာခြင်းလည်း မဟုတ်ပေ။ ဣသရေလ အမျိုးသားများတို့က ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြသည် မဟုတ်လော။ ယေရှု ရောက်လာချိန်၌ သူသည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့ကို အစိုးရပြီး၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်လိမ့်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက် ကြွလာခြင်း ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးခဲ့သည့် အရာအားလုံးမှာ ပစ္စုပ္ပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းအတိုင်းအတာကို မကျော်လွန်ပေ။ ဥပမာ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရန်ဟူသည်တို့မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့ထံမှ တောင်းဆိုနေသည်များမှာ ပညတ်တော်ဆယ်ပါးသာ မကဘဲ၊ ယခင်က ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တော်များထက် ပို၍မြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်၏ အဆင့်တစ်ခုစီကို ယခင်ကအဆင့်၏ အခြေခံအုတ်မြစ်အပေါ်၌ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပေ။ ယဇ်ပူဇော်ရန်၊ မိဘများကို ရိုသေစွာပြုရန်၊ ရုပ်တုများကို မကိုးကွယ်ရန်၊ အခြားသူတို့အား မစော်ကားရန်၊ သူတစ်ပါးကို မတိုက်ခိုက်ရန် သို့မဟုတ် မကျိန်ဆဲရန်၊ သူများ သားမယားကို မပြစ်မှားရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရန်၊ သွေးကို မသောက်ရန် လူတို့အပေါ်သတ်မှတ်ထားခြင်းကဲ့သို့ ဣသရေလ၌ ထိုအချိန်က ယေဟောဝါ ပြုခဲ့သည့် အမှုအတွက်မူ - ယနေ့တွင်ပင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ် ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အတိတ်ကပညတ်ချက်များကို မဖော်ပြတော့ဘဲ သင့်အား တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း၊ ဤပညတ်ချက်များကို ပယ်ဖျက်ဖို့ ဝေးစွ၊ ယင်းအစား သာ၍ မြင့်ရာသို့ တိုးမြှင့်ခဲ့ပေသည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုလျှင် ယခင်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် ထာ၀ရ လိုက်နာရမည့် ပညတ်တော် အချို့ ရှိနေဆဲ ဖြစ်သည်။ အတိတ်က ပညတ်တော်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ထို့အပြင် “ဆေးလိပ် မသောက်ရ၊” “အရက်မသောက်ရ၊” စသဖြင့် ပညတ်တော်များကို အထူးအလေးပေးရန် မလိုတော့ပေ။ ဤအခြေခံအုတ်မြစ် အပေါ်၌၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်အသက်တာနှင့်အညီ၊ ယနေ့၏အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟု မဆိုလိုဘဲ၊ လူသား၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် လက်တွေ့နှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစ်သည်။ အကယ်၍၊ ယနေ့တွင် သင်တို့သည် ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ အမျိုးသားများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ခဲ့မည်၊ ထို့အပြင် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပင် သင်တို့အပေါ် သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာ မရှိနိုင်ပေ။ သင်တို့သည် ထိုကဲ့သို့သော ပညတ်ချက်အနည်းငယ်ကိုသာ စောင့်ထိန်းရန် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန်သာ သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့၏ စိတ်သဘောထားအဟောင်းသည် နက်ရှိုင်းစွာ နှစ်မြုပ်လျက် ရှိနေမည် ဖြစ်ပြီး ၎င်းကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့သည် အကျင့်စာရိတ္တ တိုး၍ ပျက်ပြားလာမည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံလာမည် မဟုတ်ပေ။ ယင်းမှာ ရိုးရှင်းသည့် ပညတ်တော် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်ချက်များသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သင်တို့ သိနားလည်အောင် လုပ်နိုင်စွမ်း မရှိဟု ဆိုလိုသည်။ သင်တို့သည် ဣသရေလအမျိုးသားများနှင့် မတူကြပေ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်တော်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ခဲ့ကြပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်နိုင်ခဲ့ကြသည်။ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပေ၊ ထို့အပြင် ဓမ္မဟောင်းခေတ်မှ အချို့ပညတ်တော်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင်တို့ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြဘဲ၊ ထိုသို့ပြုမည့်အစား သင်တို့ကို စည်းကမ်းလျော့ရဲလာစေပြီး သင်တို့ကို မရဏနိုင်ငံအတွင်းသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် စိတ်သဘောထားဟောင်းကို ချိန်ရွယ်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ ကြင်နာသည့် နှုတ်ကပတ်တော်များမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မီရန် များစွာ လိုပေသည်။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ်ပေါင်းထောင်ချီ၍ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော ‘ပါရဂူ’ များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်တော်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏စီရင်ချက်မှာ ပညတ်ချက်အဟောင်းများနှင့် စာလျှင် များစွာပို၍ အစွမ်းရှိပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ၊ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသားမျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက်သာ ဖြစ်သည်။ ယခု လူသားအနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပ္ပန်လူသား၏ အရည်အချင်းနှင့် လူသား၏ တကယ့် ဝိညာဉ်အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပေ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ စိတ်သဘောထားအဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ အယူအဆများကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။ ပညတ်တော်များသည် စည်းကမ်းများ ဖြစ်သည်ဟု သင်ထင်သလော။ ၎င်းတို့မှာ လူသားနှင့်သက်ဆိုင်သည့် ပုံမှန် သတ်မှတ်ချက်များဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင် လိုက်နာရမည့် စည်းကမ်းများ မဟုတ်ကြပေ။ ဆေးလိပ် မသောက်ရဆိုသည်ကို ဥပမာ အဖြစ် ကြည့်ကြစို့— ၎င်းမှာ စည်းကမ်းလော။ ၎င်းမှာ စည်းကမ်း မဟုတ်ပေ။ ၎င်းမှာ သာမန် လူသားက သတ်မှတ်ထားသည့်အရာဖြစ်သည်။ ၎င်းမှာ စည်းကမ်း မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ချမှတ်ထားသည့်အရာတစ်ခုဖြစ်သည်။ ယနေ့၊ ချမှတ်ထားကြသည့် တစ်ဒါဇင်ခန့်ရှိ ပညတ်တော်များသည်လည်း စည်းကမ်းများ မဟုတ်ကြဘဲ သာမန်လူသား ရရှိဖို့ရန် သတ်မှတ်ထားသည့်အရာ ဖြစ်သည်။ လူတို့သည် ယင်းကဲ့သို့သော အရာများကို အတိတ်က မပိုင်ဆိုင်ခဲ့၊ မသိရှိခဲ့ကြပေ၊ သို့ဖြစ်၍ လူတို့သည် ၎င်းတို့ကို ယနေ့ ရယူရန် လိုအပ်နေကြခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို စည်းကမ်းများဟု လက်ခံ၍မရပေ။ ပညတ်များသည် စည်းကမ်းများနှင့် မတူကြပေ။ ငါပြောဆိုနေသည့် စည်းကမ်းများမှာ အခမ်းအနားများ၊ လုပ်ရိုးလုပ်စဉ်များ သို့မဟုတ် လူသား၏ သွေဖယ်နေသော သို့မဟုတ် မှားယွင်းနေသော အလေ့အထများကို ရည်ညွှန်း၏၊ ၎င်းတို့မှာ လူသားအား အကူအညီမပေးသလို၊ သူ့ကိုအကျိုးမပေးသည့် စည်းကမ်းချက်များ ဖြစ်ကြ၏၊ မည်သို့မျှ အဓိပ္ပာယ် မရှိသည့် ဆောင်ရွက်ပုံနည်းလမ်း ဖြစ်သည်။ ဤသည်မှာ စည်းကမ်းများ၏ စံနမူနာ ဖြစ်ပြီး၊ ယင်းကဲ့သို့သော စည်းကမ်းများမှာ လူသားအား မည်သည့် အကျိုးမျှ မပေးသည့်အတွက် စွန့်ပစ်ကြရမည်။ လူသားကို အကျိုးပြုသည့်အရာများသည့် လက်တွေ့ ကျင့်သုံးရမည့် အရာဖြစ်သည်။

အရှေ့သို့- ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

နောက်တစ်ခုသို့- ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။