အခန်း ၃၈

သင်၏ယုံကြည်ခြင်းသည် ကောင်းမွန်သည်၊ သို့မဟုတ် သန့်စင်သည် မဟုတ်၊ သို့သော် ထိုထက် ငါ၏အမှုသည် အံ့ဩဖွယ်ဖြစ်ခြင်း ဖြစ်၏။ အရာရာတိုင်းသည် ငါ၏သနားကြင်နာခြင်းကြောင့် ဖြစ်သည်။ သင့်ထံတွင် တကိုယ်ကောင်းဆန်မှု သို့မဟုတ် မာနထောင်လွှားမှုတို့နှင့် သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်မျှ မရှိရ၊ သို့မဟုတ်ပါက ငါသည် သင့်အပေါ် အမှုပြုလိမ့်မည် မဟုတ်။ သင်သည် ရှင်းလင်းစွာ နားလည်ရမည်မှာ လူတို့သည် လဲကျသည်ဖြစ်စေ၊ ခိုင်ခိုင်မာမာရပ်သည်ဖြစ်စေ ယင်းတို့မှာ ၎င်းတို့ကြောင့်မဟုတ်၊ ငါ့ကြောင့်သာဖြစ်သည်။ ယနေ့တွင် သင်သည် ဤအဆင့်ကို ရှင်းရှင်းလင်းလင်း နားမလည်ပါက၊ သင်သည် နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် မအောင်မြင်မည်မှာ သေချာလိမ့်မည်။ ယနေ့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှု ဖြစ်သည်ကို သင်နားလည်ရမည်၊ ထိုအရာသည် လူသားနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ လူသား၏လုပ်ရပ်တို့သည် မည်သည့်အရေးပါမှုရှိသနည်း။ ၎င်းတို့ တကိုယ်ကောင်းမဆန်၊ မာနထောင်လွှားမှုမရှိ၊ ဂုဏ်မမောက်ချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို နှောင့်ယှက်နေ၍ ကိုယ်တော်၏ အကြံအစည်တို့ကို ဖျက်ဆီးနေလေသည်။ အိုဖောက်ပြန်ပျက်စီးသောသူတို့။ သင်တို့သည် ယနေ့တွင် ငါ့ကို အမှီပြုရန် လာရမည်၊ အကယ်၍ သင်တို့မလာလျှင်၊ သင်တို့သည် ဘယ်သောအခါမှ မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်ဟု ယနေ့ ငါဆိုသည်။ အားလုံးတို့သည် အချည်းနှီးသက်သက် ဖြစ်လိမ့်မည်ဖြစ်ပြီး သင်တာဝန်ယူနေသည့်အရာတို့မှာ တန်ဖိုးမဲ့ ဖြစ်ကြလိမ့်မည်။

အချိန်ဆွဲခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မပြုနှင့်၊ ယနေ့တွင် ငါ့ကိုချစ်သောသူ အယောက်စီတို့သည် ၎င်းတို့အပေါ်၌ ငါ၏အံ့ဖွယ်သောအမှု ဆောင်ရွက်စေခြင်းခံရမည်။ မိမိကိုယ်ကိုယ် မနှိမ့်ချသောသူတို့သည် ငါ့အတွက် အသုံးမဝင်ပေ၊ ထို့အပြင် ယနေ့တွင် ငါသည် လုံးလုံးလျားလျား နှိမ့်ချသူတို့ကိုသာလျှင် အသုံးပြုသည်။ ငါ့ကို စစ်မှန်သော စိတ်နှလုံးဖြင့် ချစ်သောသူတို့၊ အခြားသူတို့၏ အထင်အမြင်သေးခြင်းကို ခံရသောသူတို့နှင့် ငါ့ထံသို့ ၎င်းတို့ကိုယ်၎င်းတို့ အပြည့်အဝ ဖွင့်ဟနိုင်သောသူတို့ကိုသာလျှင် ငါသည် အပြည့်အဝ ဖွင့်ဟမည်။ ငါ၏ရည်ရွယ်ချက်တို့ကို သင့်အား နားလည်စေ၍ သင်သည် အချိန်တိုင်း ငါ၏ကောင်းချီးမင်္ဂလာတို့ကို ရရှိကာ ငါ၏ရှေ့တွင် ရှိလိမ့်မည်။ ယနေ့တွင် ငါ့အတွက် မိမိကိုယ်ကိုယ် အသုံးပြုသူ၊ ယနေ့တွင် ငါ့အတွက် မိမိကိုယ်ကိုယ် ဆက်ကပ်သူနှင့် ယနေ့တွင် ငါ့အတွက် ဝန်တို့ကိုထမ်းသူတို့ကို ငါသည် ဘယ်သောအခါမျှ မတရားစွာ ဆက်ဆံမည်မဟုတ်၊ ထိုသို့ဖြင့် ငါ၏ဖြောင့်မတ်ခြင်းကို ထုတ်ဖော်သည်။ ငါ့နှင့်ပတ်သက်၍ မညည်းညူကြနှင့်။ ငါ၏ ကျေးဇူးတော်သည် သင်တို့အဖို့ လုံလောက်ပေ၏။ နှိုင်းယှဉ်၍မရသော ချိုမြိန်ခြင်းအရသာကို သင်ခံစားရန် သင်လာ၍ယူလျှင် ကောင်းလိမ့်မည်။ ဤအရာသည် သင့်အတွင်း၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ဖန်တီးလိမ့်မည်သာမက သင်၏ ဤချစ်ခြင်းမေတ္တာကိုပါ လေးနက်စေလိမ့်မည်ဖြစ်သည်။

ငါ၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပြီး ထိုအမှုအရာသည် ဂရုမပြုခြင်း သို့မဟုတ် မရေရာခြင်း လုံး၀မရှိ။ ငါ့နောက်သို့လိုက်ရန်၊ သင်တို့သည်လည်း ဤနည်းလမ်းဖြင့် အမှုအရာတို့ကို ဆောင်ရွက်ရမည်။ ငါ၏ ကိုယ်နှုတ်အမူအရာကို ကြည့်ရှု၍ ငါ့ထံမှ သင်ယူလော့၊ ဤနည်းဖြင့်၊ ငါ၏ခြေလှမ်းများနောက် လိုက်လျှောက်ပါက၊ သင်တို့သည် နိုင်ငံတော်၏ သရုပ်သကန်အတွင်းသို့ ခေါ်ဆောင်ခြင်း ခံရလိမ့်မည်။ တစ်သံတည်းဖြင့် ကောင်းချီးဩဘာပေးလော့။ ငါ၏သားတို့။ ဘုရားသခင်၏အမှုကို သင်တို့လူစုအပေါ်သို့ ပြီးမြောက်စေလိမ့်မည်။ သင်တို့သည် ကောင်းချီးမင်္ဂလာခံစားရသည်ဟု မခံစားကြရသလော။

ဤအရာသည် နားလည်သဘောပေါက်ရန် အမှန်တကယ် ခက်ခဲလှသည်။ ငါ၏ အံ့ဖွယ်သောအမှုတို့ကို သင်တို့သည် မြင်နိုင်ရန် ငါသည် သင်တို့ကို ဤနေရာသို့ ယနေ့ ခေါ်ဆောင်ခဲ့လေပြီ။

အရှေ့သို့- အခန်း ၃၇

နောက်တစ်ခုသို့- အခန်း ၃၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။