အခန်း (၃၃)

ငါ၏ နိုင်ငံတော်သည် ရိုးသားသူများနှင့် ကြောင်သူတော် မဟုတ်သူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ ဟန်ဆောင်မှုကင်းမဲ့ပြီး ကြင်နာစိတ်ရှိသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာစေလော့။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သည့်အပြင် ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။ အချို့သော လူတို့သည် စဉ်းစားဉာဏ်မရှိကြချေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို နားလည်သဘောပေါက်ခြင်း မရှိကြချေ၊ သို့မဟုတ် ငါ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်း မရှိကြချေ။ ၎င်းတို့သည် ၎င်းတို့၏မိသားစုနှင့် ၎င်းတို့၏ဝန်းကျင်များ တည်ရှိသည့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသည့်အပြင် အမှုအရာများကို မစဉ်းမစား လုပ်ဆောင်ကြကာ ကျေးဇူးတော်ကို ရရှိဖို့ အခွင့်အရေးများစွာ ဆုံးရှုံးကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ရပ်များကို အကြိမ်ကြိမ် နောင်တရကြပြီး ကိစ္စတစ်ခုနှင့် ၎င်းတို့ ကြုံရသောအခါတွင် တစ်ဖန် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ တစ်ခါတစ်ရံ ၎င်းတို့သည် အောင်နိုင်ခြင်းကို ခက်ခက်ခဲခဲ ရယူရန် ဘုရားသခင်ကို အမှီပြုနိုင်ကြသော်လည်း နောက်ပိုင်းတွင် အလားတူ ကိစ္စရပ်မျိုးနှင့် ၎င်းတို့ ကြုံရသည့်အခါ ရောဂါဟောင်း ပြန်ထလာပြီး ငါ၏ရည်ရွယ်ချက်များကို ၎င်းတို့ သဘောကို မပေါက်နိုင်ကြပေ။ သို့သော် ငါသည် ဤအရာများကို မကြည့်သည့်အပြင် သင်တို့၏ အပြစ်များကို အမှတ်မရပေ။ ထိုအစား လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံသော ဤပြည်မှ သင်တို့ကို ငါကယ်တင်လိုပြီး သင့်ကို တစ်ဖန် အသက်ရှင်သန်ခွင့် ပေးလိုသည်။ ငါသည် သင်တို့ကို အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအချိန်သည် အလွန်အရေးပါဆုံးသော အဆင့် ဖြစ်သည်။ သင်တို့သည် နောက်ထပ် တွေဝေနေ၍ မဖြစ်သည့်အပြင် ထိုကဲ့သို့ သွားလိုက်၊ ရပ်လိုက်နည်းလမ်းဖြင့် ရှေ့ဆက်၍ မဖြစ်ပေ။ သင်တို့သည် ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်နိုင်လိမ့်မည်နည်း။ သင်တို့သည် ပန်းတိုင်သို့ မရပ်နားဘဲ ပြေးရန် အစွမ်းကုန် လုပ်ဆောင်ရမည် ဖြစ်သည်။ အလွန် အရေးပါဆုံးသော အချိန်တွင် လျှော့မချလိုက်နှင့်၊ ရဲရင့်စွာ ရှေ့ဆက် လှမ်းလော့၊ ပြီးလျှင် အလျှံပယ်သော စားပွဲတော်သည် သင်တို့၏ရှေ့တွင် ရှိ၏။ သင်တို့၏မင်္ဂလာဝတ်စုံများနှင့် ဖြောင့်မတ်ခြင်းဝတ်လုံတို့ကို အလျင်အမြန် ဝတ်ဆင်ပြီး ခရစ်တော်၏ မင်္ဂလာဆောင် ညစာစားပွဲကို တက်ရောက်လော့။ မိသားစုအတိသုခကို ထာဝရကာလပတ်လုံး ပျော်မွေ့ခံစားလော့။ သင်သည် ယခင်ကဲ့သို့ စိတ်ဓာတ်ကျ၊ ဝမ်းနည်းကာ သက်ပြင်းချတော့မည် မဟုတ်ပေ။ ထိုအချိန်ကာလနှင့်သက်ဆိုင်သည့် အရာရာတိုင်းသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်လိမ့်မည်ဖြစ်ပြီး ရှင်ပြန်ထမြောက်သော ခရစ်တော်၏ အသက်သည်သာ သင်၌ တန်ခိုးအာဏာ ရှိလိမ့်မည်။ သင့်အတွင်းတွင် သန့်ရှင်းစေခြင်းနှင့် ဆေးကြောခြင်းအားဖြင့် သန့်စင်ထားသည့် ဗိမာန်တော်ရှိမည်ဖြစ်ပြီး သင်ရရှိပြီးဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်း အသက်သည် သင်၌ အစဉ်ထာဝရ ကိန်းဝပ်လိမ့်မည်ဖြစ်သည်။

အရှေ့သို့- အခန်း (၃၂)

နောက်တစ်ခုသို့- အခန်း (၃၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။