၆၈၆ ဘုရား၏ကယ်တင်ခြင်းကို ရရှိသူတို့သာ အသက်ရှင်သူများ ဖြစ်ကြ၏ကျူး

၁ အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သောသူအားလုံးသည် သေခြင်းတရား အလယ်တွင် အသက်ရှင်သောသူများ၊ စာတန်၏ ပိုင်ဆိုင်ခြင်း ခံရသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရဘဲ၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားကို မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပေ။ ဤ “လူသေများ” သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပေ။ ဘုရားသခင်သည် လူသေတို့၏ သက်သေခံခြင်းမဟုတ်ဘဲ၊ အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ သူ့အတွက် အလုပ်လုပ်ရန် လူသေတို့ကို မဟုတ်ဘဲ၊ အသက်ရှင်သူများကို စေခိုင်းပေသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။

၂ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၈၅ လူတို့ပြုမူရမည့်အရာကို မြဲမြံစွာခံယူပါ

နောက်တစ်ခုသို့- ၆၈၇ ကျရှုံးခြင်းသည် သင့်ကိုယ်သင် သိရှိဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။