၅၅၆ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သာ ဘုရားသခင်အားဖြင့် ကယ်တင်ခံရနိုင်သည်

၁ ယခု သင်တို့သည် မျှော်လင့်ခြင်း အနည်းငယ်မျှ ရှိကြသရွေ့၊ အတိတ်အဖြစ်အပျက်များကို ဘုရားသခင် အမှတ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဤစိတ်နေစိတ်ထားကို သင်တို့ ထိန်းသိမ်းသင့်သည်- “ကျွန်ုပ်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ရှာဖွေရမည်၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားရမည်၊ စာတန်အားဖြင့် ဘယ်သောအခါမှ တစ်ဖန် အရူးလုပ်ခံရမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေမည့် အရာတစ်ခုခုကို တစ်ဖန် ဘယ်သောအခါမျှ လုပ်ရမည်မဟုတ်။” သင်သည် ကယ်တင်ခံရနိုင်၊ မခံရနိုင်ဆိုသည်နှင့် သင့်အတွက် မျှော်လင့်ချက် ရှိ၊မရှိကို ဆုံးဖြတ်သည့် အဓိက ကဏ္ဍများမှာ၊ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်၊ သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် သင် ပြောင်းလဲနိုင်ခြင်း ရှိ မရှိဆိုသည့်တို့ ဖြစ်သည်။

၂ သင်သည် နောင်တကိုသာ ခံစားရလျှင်၊ သင့်အတွက် အရေးယူလုပ်ဆောင်ဖို့ အချိန်တွင် လမ်းဟောင်းကိုသာ သင် ဆက်တွေးနေပြီးနောက် လျော်ညီစွာ တစ်ဖန် လုပ်ဆောင်မိလျှင်၊ ထို့အပြင်၊ ဤကိစ္စရပ်ကို သင် လုံးဝနားမလည်ဘဲ၊ ယင်းအစား ဆိုးသထက် ဆိုးနေမိလျှင်၊ သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ပယ်ရှင်းခံရသင့်ပေသည်။ ဘုရားသခင်ကို သင် ပိုမိုသိနားလည်လေ၊ ထို့အပြင် သင့်ကိုယ်သင် ပိုမို သိနားလည်လေ၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိလေ ဖြစ်လိမ့်မည်။ သင်၏ ကိုယ်ပိုင် သဘာဝဗီဇနှင့်သက်ဆိုင်၍ ပိုမိုနှံ့စပ်သည့် သိနားလည်မှုတစ်ခု သင်၌ရှိလေ၊ သင်သည် မိမိကိုယ်ကိုယ် ပိုမို ထိန်းသိမ်းနိုင်လေ ဖြစ်လိမ့်မည်။ သင်၏ အတွေ့အကြုံကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်၊ ဤကိစ္စရပ်တွင် သင် ဘယ်သောအခါမျှ နောက်တစ်ဖန် ကျရှုံးလိမ့်မည် မဟုတ်။

၃ တကယ့်အမှန်တရားတွင်၊ အယောက်တိုင်းအပေါ်၌ ပြစ်ချက်များ ရှိပြီး၊ မာနထောင်လွှားခြင်း သို့မဟုတ် စိတ်ကြီးဝင်ခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ၎င်းတို့အားလုံး ထုတ်ဖော်ပြကြသည်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် အပြစ်ကျူးလွန်ခြင်းအချို့ဖြစ်စေ၊ အမှားအချို့ဖြစ်စေ၊ မှားယွင်းမှုများဖြစ်စေ လုပ်မိကြသည်၊ သို့မဟုတ် ၎င်းတို့ အနည်းငယ် ပုန်ကန်တတ်လေသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော မည်သည့်လူကမျှ ရှောင်ရှားမရနိုင်သည့်အရာများ ဖြစ်ကြသည်။ သို့သော်၊ သမ္မာတရားကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ၎င်းတို့ကို သင် ရှောင်ရှားသင့်ပြီး၊ ထို့နောက်တွင် အတိတ်က ဖြစ်ပျက်ခဲ့သည့် အရာများဖြင့် အမြဲစိတ်ဒုက္ခရောက်စရာ လိုလိမ့်မည်မဟုတ်တော့ပေ။ ယင်းအစား၊ နားလည်ပြီးသည့်နောက်တွင်ပင် သင် ပြောင်းလဲလိမ့်ဦးမည်မဟုတ်၊ အမှုအရာများကို မှားယွင်းကြောင်း သိသည့်အခါ၌ပင် သင် ဆက်လုပ်မိမည်မှာ ကြောက်စရာဖြစ်ပြီး မှားယွင်းကြောင်း ပြောပြခံရပြီးနောက်တွင်ပင် အချို့သော ပုံစံဖြင့် သင် ဆက်လက်ပြုမူမိမည်မှာ ကြောက်စရာဖြစ်သည်။ ထိုသို့သော လူတို့သည် ရွေးနုတ်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၅၅ အပြုသဘောဘက်သို့ တိုးတက်အောင် သင်ကြိုးစားသင့်၏ကျူး

နောက်တစ်ခုသို့- ၅၅၇ သင်၏ ကိုယ်ပိုင် သဘာဝကို သိသလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။