ဘုရားသခင်၌ ယုံကြည်ခြင်း၏ ထိပ်တန်း ဦးစားပေးချက်
ဘုရား၏ အထံတော်ပါး၌ ရပ်လျက်
ဘုရားသခင် ပြုသောအရာကို နားလည်စေရန် အားထုတ်လေ၊
သူ၏နှုတ်ကပတ်တော်အားဖြင့် အမှုအရာများကို မြင်လေ။
ဤနည်းဖြင့် သင်၏အတွေးအမြင်များ မှန်ကန်လေမည်။
၁
သင် ပြုသမျှ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး
ရှိခြင်းဖြင့် နှိုင်းဆသင့်ပေသည်။
အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး သာမန် ဖြစ်၍
သင်၏ ရည်ရွယ်ချက်များ မှန်ကန်သော် လုပ်ဆောင်လေ။
ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး ထိန်းသိမ်းရန်၊
ဆုံးရှုံးမှုတစ်စုံတစ်ရာ ခံစားရမည်ကို သင် မစိုးရိမ်နိုင်ရာ။
ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးအဖို့ ကိုယ်တော်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းမှာ
ထိပ်တန်း ဦးစားပေးချက် ဖြစ်ရမည်။
ဤအရာကို အရေးကြီးဆုံးတာဝန်အဖြစ်၊
၎င်းတို့၏ဘဝ၌ အရေးကြီးဆုံးအရာအဖြစ် အယောက်တိုင်း သဘောထားသင့်ပေသည်။
၂
သင့်အထဲ၌ စာတန်ကို လွှမ်းမိုးစေရန်၊
သင့်ကို ချုပ်ကိုင်ထားစေရန်၊ လှောင်ပြောင်စရာ ဖြစ်စေရန် အခွင့်မပေးနိုင်ရာ။
ယင်းရည်ရွယ်ချက်မျိုးမှာ
ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး သာမန်ဖြစ်ကြောင်း လက္ခဏာပေတည်း။
၎င်းမှာ ဇာတိပကတိအလို့ငှါ မဟုတ်ဘဲ ဝိညာဉ်ငြိမ်သက်ဖို့ပေတည်း။
ဘုရားသခင်၏အလိုတော် ပြည့်စုံစေရန် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရခြင်းပေတည်း။
ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးအဖို့ ကိုယ်တော်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းမှာ
ထိပ်တန်း ဦးစားပေးချက် ဖြစ်ရမည်။
ဤအရာကို အရေးကြီးဆုံးတာဝန်အဖြစ်၊
၎င်းတို့၏ဘဝ၌ အရေးကြီးဆုံးအရာအဖြစ် အယောက်တိုင်း သဘောထားသင့်ပေသည်။
၃
မှန်သောအခြေအနေထဲ ဝင်ရောက်ဖို့ရန်၊
ဘုရားသခင်နှင့် ခိုင်ခံ့သောဆက်ဆံရေးကို သင် တည်ဆောက်ရမည်။
ဘုရားသခင်ကို ယုံကြည်ရာ၌ သင်၏အမြင်ကို မှန်ကန်စေလော့။
သင့်ကို ရရန်အကြောင်းမှာ၊
သင့်အထဲ၌ သူ၏နှုတ်ကပတ်တော် အသီးအပွင့်များကို ထုတ်ဖော်စေရန် အကြောင်းမှာ ဘုရားသခင်၏ အလုပ်ပေတည်း။
သင့်ကို ဘုရားသခင် ပို၍ အသိဉာဏ်ပွင့်လင်းစေခွင့်ပေးရန်။
ဤနည်းဖြင့် သင်သည် မှန်သောပုံစံထဲသို့ ဝင်ရောက်လေမည်။
ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးအဖို့ ကိုယ်တော်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းမှာ
ထိပ်တန်း ဦးစားပေးချက် ဖြစ်ရမည်။
ဤအရာကို အရေးကြီးဆုံးတာဝန်အဖြစ်၊
၎င်းတို့၏ဘဝ၌ အရေးကြီးဆုံးအရာအဖြစ် အယောက်တိုင်း သဘောထားသင့်ပေသည်။
၄
လက်ရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လျက်နေလော့။
သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၏ လက်ရှိ နည်းလမ်းထဲသို့ ဝင်ရောက်လော့။
ယနေ့ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူလော့၊
ရှေးက လက်တွေ့လုပ်ဆောင်ချက်များနှင့် နည်းလမ်းဟောင်းများနောက် မလိုက်လေနှင့်။
ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး သာမန်ဖြစ်လေမည်။
ထို့ပြင် သင်သည် ဘုရားသခင်ကို ယုံကြည်ရာ၌ လမ်းမှန်ပေါ်တွင် ရှိလိမ့်မည်။
ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးအဖို့ ကိုယ်တော်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းမှာ
ထိပ်တန်း ဦးစားပေးချက် ဖြစ်ရမည်။
ဤအရာကို အရေးကြီးဆုံးတာဝန်အဖြစ်၊
၎င်းတို့၏ဘဝ၌ အရေးကြီးဆုံးအရာအဖြစ် အယောက်တိုင်း သဘောထားသင့်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။