၂၃၅ နောင်တရခြင်းနှင့် အသစ်စတင်မှုတစ်ခု ပြုလုပ်ခြင်း

၁ ကျွန်ုပ် အဘယ်ကြောင့် မနိုးထသနည်း။ အဆင့်အတန်းနှင့် နာမည်ကို ရှာဖွေရာတွင် အရာရာကိုသာ ကျွန်ုပ် စိုက်ထုတ်ပေ။ အလုပ်နှင့် တရားဟောခြင်းအပေါ်သို့သာ ကျွန်ုပ် အာရုံစိုက်ခဲ့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် လက်တွေ့မလုပ်ဆောင်ခဲ့သလို မတွေ့ကြုံခဲ့ပေ။ ကျွန်ုပ် အဘယ်ကြောင့် မနိုးထသနည်း။ ဆုလာဘ်များအတွက်သာ ကျွန်ုပ် အလုပ်ကြိုးစားခဲ့။ လွန်ကဲသော စိတ်ဆန္ဒများနှင့် တောင်းဆိုချက်များ အပြည့်ဖြင့်၊ ကျွန်ုပ် အလွန် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်စရာဖြစ်ခဲ့။ ကြိမ်ဖန်များစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အော်ခေါ်ခဲ့၊ ကျွန်ုပ်၏ စိတ်နှလုံးကို ခိုင်မာစေခဲ့ကာ မသိကျိုးကျွန်ပြုခဲ့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးက တစ်ကိုယ်ကောင်း ဆန္ဒများဖြင့် ပြည့်ခဲ့၊ ဘုရားသခင်၏ တိုက်တွန်းမှုများကို အဘယ်သို့ ကျွန်ုပ် သတိပြုနိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်၏ လုပ်ရပ်များက ကိုယ်တော်ကို အလွန် အကြီးအကျယ် နာကျင်စေပြီ။ ကိုယ်တော်၏ မျက်မှောက်တော်ထဲတွင် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ရင်း အသက်ရှင်ဖို့ ကျွန်ုပ် အလွန်ရှက်မိပေ။ အတိတ်ကအရာများအပေါ် ပြန်ကြည့်ဖို့ ကျွန်ုပ် မခံနိုင်၊ ယင်းတို့က ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှု သက်သက်ဖြစ်ပေ။ ကျွန်ုပ် မာနထောင်လွှားခဲ့၊ မိမိကိုယ်ကိုယ် အလွန်အရေးတယူပြု ကာ၊ အကြောင်းမဲ့သက်သကနှင့် မဆင်မခြင် ပြုခဲ့ပေ၊ ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထားကို ကျွန်ုပ် လွတ်လပ်စွာပြုမူခွင့်ပေးမိခဲ့။ ကျွန်ုပ်၏ ကျူးလွန်မှုများက ကျွန်ုပ်၏ အသိစိတ်ကို ခြောက်လှန့်သည်၊ ကျွန်ုပ်၏ ဝန်ချခြင်းများမှတဆင့် ကျွန်ုပ် ငိုကြွေးပေ၊ ကျွန်ုပ်၏ ဆုံးရှုံးခဲ့သော အချိန်အတွက် မည်သို့ ကျွန်ုပ် အစားထိုးပေးဆပ်နိုင်မည်နည်း။

၂ တရားစီရင်ခြင်းမှတဆင့်သာ ကျွန်ုပ် သူတော်ကောင်းယောင်ဆောင်သူတစ်ဦးဖြစ်ခဲ့သည်ကို မြင်နိုင်ခဲ့ပေသည်။ မပျောက်ပျက်သော ချစ်ခြင်းကို ကြိမ်ဖန်များစွာ ကျွန်ုပ် သစ္စာဆိုခဲ့သော်လည်း၊ စမ်းသပ်မှုတစ်ခု၏ စစ်ဆေးမှုကို ကျွန်ုပ် မခံရပ်နိုင်ခဲ့။ လူသစ်တစ်ဦး ကျွန်ုပ် ဖြစ်လာပြီဟု ကြွေးကြော်ရင်း၊ ကြိမ်ဖန်များစွာ ကျွန်ုပ် နောင်တရကာ ဆုတောင်းခဲ့သော်လည်း မုသားတစ်ခု ဖြစ်ခဲ့ပေ။ တရားစီရင်ခြင်းမှတဆင့်သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ နောက်ဆုံးတွင် ကျွန်ုပ် ဖော်ထုတ်ခံရမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ကျွန်ုပ် မြင်ခဲ့ရ။ ဒုက္ခခံစားရသည့် အတွေ့အကြုံများမှတဆင့် ကျွန်ုပ် နက်နက်ရှိုင်းရှိုင်း နောင်တရခဲ့၊ ကျွန်ုပ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းနှင့် လူ့သဘာဝ ကျွန်ုပ် ကင်းမဲ့သည်ကို ကျွန်ုပ် စက်ဆုပ်မုန်းတီးလာခဲ့ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် လဲကျသည်၊ နောင်တအပြည့်ဖြစ်ပေ၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်ုပ် မိမိကိုယ်ကိုယ် အသစ်ဖြစ်စေမည်။ အို ဘုရားသခင်။ ကျွန်ုပ်၏ လုပ်ရပ်များက ကိုယ်တော်ကို အလွန် အကြီးအကျယ် နာကျင်စေပြီ။ ကိုယ်တော်၏ မျက်မှောက်တော်ထဲတွင် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ရင်း အသက်ရှင်ဖို့ ကျွန်ုပ် အလွန်ရှက်မိပေ။ ကျွန်ုပ်၏တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းခြင်း၌ ကျွန်ုပ်၏ စိတ်နှလုံးကို ထားရှိဖို့သာ ကျွန်ုပ် ဆန္ဒရှိပေ။ ကျွန်ုပ် မိမိကိုယ်ကိုယ် ကိုယ်တော်၏ လက်တော်ထဲ ထားကာ၊ ကိုယ်တော်၏ စီစဉ်မှုများနှင့် အုပ်စိုးမှုတို့ကို နာခံဖို့ ဆန္ဒရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်၊ ရှေ့လမ်းတွင် အလှည့်အပြောင်းများ ရှိပါစေ၊ အဆုံးထိ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ပေ။

အရှေ့သို့- ၂၃၄ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ လူသစ်တစ်ဦး ဖြစ်လာခြင်း

နောက်တစ်ခုသို့- ၂၃၆ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်တစ်ခုအတိုင်း ကျွန်ုပ် အသက်ရှင်ပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။