အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၆

ငါ့သားတို့၊ ငါ့နှုတ်ကပတ်တော်စကား များကို အလေးဂရုပြုကြလော့၊ ငါ့အသံကို ငြိမ်သက်စွာ နားထောင်လော့၊ ငါသည် သင့်ကို ဖော်ပြမည်။ ငါသည် သင်၏ ဘုရားသခင်၊ သင်တို့၏ တစ်ဦးတည်းသော ရွေးနုတ်သောအရှင် ဖြစ်သောကြောင့် ငါ့အထဲ၌ ငြိမ်သက်စွာ နေလော့။ သင်တို့၏ စိတ်နှလုံးများကို အမြဲတမ်း ငြိမ်သက်စွာထားရမည် ငါ့အထဲ၌ အသက်ရှင်ရမည်၊ ငါသည် သင်၏ကျောက်၊ သင့်ကိုထောက်ပံ့သူဖြစ်၏။ အခြားစိတ်များ မထားဘဲ ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ မှီခိုအားထားလော့၊ ငါသည် သင့်ထံ အသေအချာ ထင်ရှားဖော်ပြမည်။ ငါသည် သင်၏ ဘုရားသခင်ဖြစ်၏။ အို ထိုသံသယများသူတို့။ သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်မည်မဟုတ်သည်မှာ သေချာလှ၏၊ သူတို့သည် ဘာမျှရကြလိမ့်မည်မဟုတ်။ ယခု မည်သည့်အချိန်ဖြစ်သည်ကို သင်သိရမည်၊ အရေးပါလှသည့် အချိန်ပါတကား။ အရေးကြီးသည့် အခိုက်အတန့်ပါတကား။ အသုံးမဝင်သော အမှုကိစ္စများဖြင့် အလုပ်ရှုပ်မနေဘဲ ငါ့နားသို့ အမြန်လာလော့၊ ငါနှင့် မိတ်သဟာယဖွဲ့လော့။ ငါ၏ နက်နဲသော အမှုအရာ အလုံးစုံတို့ကို သင်တို့အား ငါဖွင့်ပြမည်။

သန့်ရှင်းသောဝိညာဉ်တော် သင်ကြားသည့် နှုတ်ကပတ်တော်များအားလုံးကို နားထောင်ရမည်။ ၎င်းတို့ကို လမ်းဘေး မကျစေနှင့်။ ငါ့နှုတ်ကပတ်တော်စကားတို့ကို ကြိမ်ဖန်များစွာ သင်ကြားဖူးကြပြီးသော်လည်း မေ့ထားခဲ့ကြသည်။ အို စာနာစိတ်ကင်းသူတို့။ သင်သည် ကောင်းကြီးမင်္ဂလာများစွာ ဆုံးရှုံးခဲ့ပြီးလေပြီ။ ယခု ငါ့နှုတ်ကပတ်တော်စကားများကို သေသေချာချာ နားထောင်ပြီး အလေးဂရုပြုလော့၊ ငါနှင့် မိတ်သဟာယ ပိုမိုဖွဲ့ပြီး ငါနှင့် ပိုမိုနီးကပ်စွာ နေလော့။ သင်နားမလည်သောအရာ မှန်သမျှကို သင့်ကို ငါသင်ပေးပြီး ရှေ့ခရီးလမ်းတွင် ဦးဆောင်သွားမည်။ ယခုအခါ ကျမ်းဟောင်းတရားများအယူဝါဒများကို ဟောပြောသူ အများအပြားရှိပြီး ငါ၏စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်သူ အနည်းငယ်သာ ရှိသည်နှင့်အညီ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းကို အာရုံများစွာ မပြုနှင့်။ သူတို့၏ မိတ်သဟာယဖွဲ့မှုကို နားထောင်ခြင်းက သင့်ကို စိတ်ရှုပ်ထွေးစေပြီး ထုံထိုင်းစေမည်။ တိုးတက်အောင် မည်သို့ ပြုလုပ်ရမည်ကိုလည်း သိစေမည်မဟုတ်။ သူတို့ပြောသည်ကို သင်နားထောင်လျှင်ပင် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်း အနည်းငယ် ပိုသိရခြင်းဖြင့်သာ အဆုံးသတ်မည်။ မိမိခြေလှမ်းကို သတိထားရမည်၊ သင်တို့၏ စိတ်နှလုံးကို စောင့်ရှောက်ပြီး ငါ့ရှေ့မှောက်တွင် အမဲအသက်ရှင်ရမည်၊ ငါနှင့် ဆက်သွယ်ပြီး နီးနီးကပ်ကပ်နေရမည်၊ ငါသည် သင်နားမလည်သောအရာကို နားလည်စေမည်။ မိမိပြောစကားကို သတိထားရမည်၊ သင့်စိတ်နှလုံးကို အမြဲတမ်း သေချာစွာ စောင့်ကြည့်ပြီး ငါလျှောက်သောလမ်းကို လျှောက်ရမည်။

ယခု ကြာလိမ့်မည်မဟုတ်၊ အချိန်အနည်းငယ် ကျန်သေးသည်။ ငါမှတစ်ပါး အခြားအရာများအားလုံးကို အမြန်စွန့်လွှတ်ပြီး ငါ့နောက်သို့ လိုက်လော့။ ငါသည် သင်တို့ကို နှိပ်စက်မည်မဟုတ်။ သင်တို့သည် ငါ့လုပ်ရပ်များကို ကြိမ်ဖန်များစွာ နားလည်မှု လွဲခဲ့ပြီ၊ သို့သော် သင်တို့အား ငါမည်မျှချစ်သည်ကို သိပါ၏လော။ ငါ့စိတ်နှလုံးကို နားမလည်ကြပါတကား။ ယခင်က သင်တို့သည် မည်ကဲ့သို့ သံသယရှိခဲ့သည်ဖြစ်စေ၊ ငါ့ထံ၌ မည်မျှကျေးဇူးကြွေးတင်နေသည်ဖြစ်စေ၊ ငါအမှတ်ထားမည်မဟုတ်။ သို့တိုင် သင်တို့သည် ရှေ့ဆက်သွားကာ ငါ့အလိုအတိုင်း ဆောင်ရွက်နိုင်ဖို့အလို့ငှာ ငါသည် သင်တို့ကို ရွေးချယ်ခဲ့၏။

ယခုအခါ အချိန်သည် စောင့်နေမည်မဟုတ်။ ယခုအချိန်မှစ၍ သင်၌ အခြားရည်ရွယ်ချက်များရှိပါက ငါ၏ တရားစီရင်ခြင်းသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။ ငါ့ကို တစ်ခဏမျှ စွန့်ခွာသွားပါက သင်သည် လောတ၏မယားကဲ့သို့ ဖြစ်လာလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်အမှုသည် အရှိန်အဟုန်မြင့်လာပြီး အလင်းသစ်ကို အမီမလိုက်နိုင်သူများသည် ဘေးအန္တရာယ်ထဲ ကျရောက်နေသည်။ သတိနှင့်မနေသူများသည် စွန့်ပစ်ခြင်း ခံရမည်။ သင်တို့သည် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ရမည်။ သင့်ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်သာဖြစ်ကြောင်း သင်သိသင့်၏၊ အားလုံးကို ငါစီစဉ်ထားရှိ၏။ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ့စိတ်နှလုံးအလိုကို ဖြည့်ဆည်းလော့။ မကြောက်နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။ ယနေ့ခေတ် လူများတွင် အယူအဆများ များစွာရှိပြီး ၎င်းသည် အခြားသူများ အထင်သေးသော အရာများအားဖြင့် ငါ့အလိုကို ဖော်ပြနိုင်ရန်သာ ဖြစ်စေသည်။ စိတ်ကြီးဝင်သူများနှင့် မိမိသာမှန်သည်ဟု ထင်သူများ၊ မာနထောင်လွှားပြီး အတ္တကြီးသူများ၊ ရည်မှန်းချက်ကြီးပြီး တင်စီးတတ်သောသူများတို့သည် အရှက်ရကြလိမ့်မည်။ သင်တို့သည် ငါ၏ဝန်ကို ရိုးသားစွာ အလေးဂရုမှု ပြသနေသမျှ ကာလပတ်လုံး ငါသည် သင်တို့အတွက် အလုံးစုံကို ပြင်ဆင်ပေးမည်။ ငါ့နောက်သို့သာ လိုက်လော့။

ယခင်က:အခန်း ၂၅

နောက်တစ်ခုသို့:အခန်း ၂၇

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ