ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

သင်တို့စွမ်းဆောင်ရရှိရန် ငါမျှော်လင့်ထားသည့်အရာများ မြောက်မြားစွာရှိ၏၊ သို့သော်လည်း သင်တို့၏လုပ်ရပ်များအားလုံးနှင့် သင်တို့၏အသက်တာနှင့်ဆိုင်သော အရာခပ်သိမ်းတို့သည် ငါတောင်းဆိုသောအရာကို ဖြည့်ဆည်းရန် တတ်စွမ်းနိုင်သည်ကား မဟုတ်ချေ၊ ထို့ကြောင့် ငါ့အနေဖြင့် လိုရင်းကို တဲ့တိုးပြောရန်နှင့် ငါ၏အလိုကို သင်တို့အား ရှင်းပြရန်သာ ရှိတော့သည်။ သင်တို့၏ ချင့်ချိန်နိုင်စွမ်းသည် နုံချာပြီး သင်တို့၏ သဘောပေါက်မှုသည်လည်း အလားတူပင် နုံချာသည်ကို ထောက်ရှုသော် သင်တို့အနေဖြင့် ငါ၏စိတ်နေသဘောထားနှင့် အနှစ်သာရတို့အကြောင်းကို လုံးဝနီးပါး မသိဘဲလျက် ရှိနေကြသောကြောင့် ၎င်းတို့အကြောင်းကို သင်တို့အား ငါအသိပေးရန်မှာ အလောသုံးဆယ်ကိစ္စတစ်ရပ်ပင် ဖြစ်တော့၏။ သင့်အနေဖြင့် ယခင်က မည်မျှပင် နားလည်ခဲ့သည်ဖြစ်စေ၊ ဤကိစ္စရပ်များကို နားလည်ရန် သင်၌ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အကြောင်းကို သင်တို့အား ငါသည် အသေးစိတ် ရှင်းပြရပေဦးမည်။ ဤကိစ္စရပ်များသည် သင်တို့အတွက် လုံးဝအစိမ်းသက်သက် ဖြစ်နေသည်ကား မဟုတ်ချေ၊ သို့သော်လည်း ၎င်းတို့အထဲတွင် ပါဝင်သော အဓိပ္ပာယ်နှင့်ပတ်သက်၍မူ သင်တို့၌ နားလည်မှုများစွာ၊ အကျွမ်းဝင်ခြင်း များစွာ ကင်းမဲ့နေသည်။ သင်တို့ထဲမှ လူအတော်များများ၌ ရေးရေး နားလည်မှုအချို့သာ ရှိကြပြီး ထိုနားလည်မှုမှာလည်း တစ်ဝက်တစ်ပျက် ဖြစ်ကာ မစုံလင်ပေ။ သင်တို့အနေဖြင့် သမ္မာတရားကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျင့်သုံးနိုင်ရန် အကူအညီဖြစ်စိမ့်သောငှာ ပထမဦးဆုံး ဤကိစ္စရပ်များကို သင်တို့သိမှဖြစ်မည်ဟု ငါထင်သည်။ သို့မဟုတ်ပါက သင်တို့၏ ယုံကြည်ခြင်းသည် မရေမရာ၊ အယောင်ဆောင်အဖြစ် ရှိနေဦးမည်ဖြစ်ပြီး ဘာသာတရား၏ အဆောင်ယောင်များနှင့် ပြည့်နေဦး မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာ အလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန် ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့် သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီး အပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ် လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေ သဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်း အရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။

ယနေ့ ငါသည် သာမန်စကားစမြည်ပြောခြင်းအဖြစ် သင်တို့နှင့် ပြောဆိုနေခြင်း မဟုတ်ပေ၊ ထို့ကြောင့် သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ချဉ်းကပ်ထိုက်သည့်အပြင် အလေးအနက် စဉ်းစားဆင်ခြင်ထိုက်ပေသည်။ ဤသို့ပြောရာ၌ သင်တို့သည် ငါပြောထားသော နှုတ်ကပတ်တော်များအပေါ် မဖြစ်စလောက် နည်းပါးလှသော လုံ့လကိုသာ စိုက်ထုတ်ခဲ့ကြောင်းကို ငါဆိုလိုသည်။ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ချင့်ချိန်တွေးဆရန် ပို၍ပင် မလိုလားပေ၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံ့လစိုက်ထုတ်သည့်သူ ရှိခဲလှသည်။ ဤအကြောင်းကြောင့် သင်တို့၏ ယုံကြည်ခြင်းသည် စကားကြီးစကားကျယ်ထက် ဘာမျှမပိုဟု ငါပြောခြင်းဖြစ်သည်။ ယခုတွင်ပင်လျှင် သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ သင်တို့၏ ပဓာနအကျဆုံးသော အားနည်းချက်အပေါ် လေးနက်သည့် လုံ့လစိုက်ထုတ်မှုကို မနှစ်မြှုပ်ထားကြသေးပေ။ သင်တို့အတွက် အပတ်တကုတ် ငါကြိုးပမ်းပြီးသည့်နောက်တွင် သင်တို့သည် ငါ့ကို စိတ်ပျက်စေကြလေပြီ။ သင်တို့ထံ၌ ဘုရားသခင်အပေါ် အလေးထားမှု မရှိဘဲ သင်တို့၏ အသက်တာများသည်လည်း သမ္မာတရားနှင့် ကင်းမဲ့နေကြသည်မှာ အံ့သြစရာမရှိပေ။ ထိုကဲ့သို့သော လူများကို မည်ကဲ့သို့လျှင် သန့်ရှင်းသူများဟု မှတ်ယူ၍ရနိုင်မည်နည်း။ မိုးကောင်းကင်တရားသည် ထိုသို့သောကိစ္စကို သည်းခံလိမ့်မည် မဟုတ်ပေ။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့၌ နားလည်မှု မဖြစ်စလောက် လေးသာ ရှိကြသောကြောင့် ငါ့အနေဖြင့် ပို၍လေကုန်ခံရန်သာ ရှိတော့သည်။

ဘုရားသခင်၏ စိတ်နေသဘောထားဟူသည်မှာ လူတိုင်းအတွက် အလွန်အမင်း စိတ်ကူးယဉ်ဆန်သည်ဟုထင်ရသည့် အကြောင်းအရာ တစ်ရပ်ဖြစ်သည့်အပြင် လက်ခံရန်မှာလည်း လူတိုင်းအတွက် လွယ်ကူလှသည့်အရာ မဟုတ်ပေ၊ အကြောင်းမှာ သူ၏ စိတ်နေသဘောထားသည် လူသားတစ်ဦး၏ ပင်ကိုစရိုက်နှင့် မတူသောကြောင့်ဖြစ်သည်။ ဘုရားသခင်၌လည်း ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုဟူသည့် သူ့ကိုယ်ပိုင် စိတ်ခံစားမှုများ ရှိသည်၊ သို့သော်လည်း ဤစိတ်ခံစားမှုများသည် လူသား၏ စိတ်ခံစားမှုများနှင့် ကွဲပြားသည်။ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့် ထုတ်ဖော်သမျှတို့သည် သူ၏အနှစ်သာရနှင့် သူ၏ကိုယ်ပိုင်လက္ခဏာတို့၏ ကိုယ်စားပြုခြင်းများဖြစ်သည်။ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပါအဝင် သူ၏အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့သည် မည်သည့်လူသားကမျှ အစားထိုး၍မရနိုင်သော အရာများဖြစ်သည်။ သူ၏စိတ်နေသဘောထား၌ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်း၊ လူသားမျိုးနွယ်ကို နှစ်သိမ့်ပေးမှု၊ လူသားမျိုးနွယ်အပေါ် မုန်းတီးမှု၊ ထိုမျှမက လူသားမျိုးနွယ်အပေါ် အစုံအစေ့ နားလည်မှုတို့ အကျုံးဝင်သည်။ သို့သော်လည်း လူသား၏ပင်ကိုစရိုက်မှာမူ အကောင်းမြင်ခြင်း၊ ထကြွလုံ့လရှိခြင်း၊ သို့မဟုတ် စာနာစိတ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားမှာ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို အုပ်စိုးသောသူနှင့် သက်ဆိုင်ပြီး ဖန်ဆင်းခြင်းခပ်သိမ်း၏ သခင်နှင့် သက်ဆိုင်သည်။ သူ၏ စိတ်နေသဘောထားသည် ဂုဏ်ပြုခြင်း၊ တန်ခိုး၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်းကို ကိုယ်စားပြုပြီး အရေးကြီးဆုံးမှာ သာလွန်ကြီးစိုးခြင်းကို ကိုယ်စားပြုသည်။ သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။ သူ၏စိတ်နေသဘောထားသည် အမြင့်ဆုံးသောတန်ခိုး၏ သင်္ကေတဖြစ်၏။ မည်သည့်လူကမျှ၊ သို့မဟုတ် မည်သည့်လူအများကမျှ သူ၏အမှု၊ သို့တည်းမဟုတ် သူ၏စိတ်နေသဘောထားကို မနှောင့်ယှက်နိုင်ပေ၊ သို့မဟုတ် နှောင့်ယှက်ခွင့်ရှိမည်လည်း မဟုတ်ပေ။ သို့သော် လူသား၏ ပင်ကိုစရိုက်မှာမူ သားရဲတိရစ္ဆာန်ထက် လူသားက အနည်းငယ် သာလွန်မှု၏ သင်္ကေတမျှသာဖြစ်သည်။ လူသားသည် သူကိုယ်၌က မည်သည့်သြဇာအာဏာမျှမရှိ၊ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိ၊ ထို့ပြင် မိမိကိုယ်ကို ကျော်လွန်နိုင်စွမ်းလည်း မရှိပေ၊ သို့သော်လည်း သူ၏အနှစ်သာရ၌မူ သူသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတို့၏ ပြုသမျှ နုရမည့် ကြောက်ဒူးတုန်နေသူဖြစ်သည်။ ဘုရားသခင်၏ ဝမ်းသာခြင်းသည် ဖြောင့်မတ်ခြင်းနှင့် အလင်းတို့၏ တည်ရှိမှုနှင့် ထွက်ပေါ်လာမှုတို့ကြောင့်ဖြစ်သည်၊ အမှောင်ထုနှင့် ဆိုးယုတ်မှုတို့၏ ပျက်စီးမှုကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အလင်းနှင့် ကောင်းမွန်သော အသက်တာကို ယူဆောင်လာပေးခြင်းအပေါ် သူဝမ်းမြောက်သည်၊ သူ၏ဝမ်းသာခြင်းသည် ဖြောင့်မှန်သော ဝမ်းသာခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံးတို့ တည်ရှိမှု၏ သင်္ကေတဖြစ်ကာ ထိုမျှမက မင်္ဂလာရှိခြင်း၏ သင်္ကေတလည်းဖြစ်၏။ ဘုရားသခင်၏ ဒေါသမှာ မတရားမှု၏ တည်ရှိခြင်းနှင့် နှောင့်ယှက်ခြင်းတို့က လူသားမျိုးနွယ်အပေါ် သင့်ရောက်စေသော အန္တရာယ်ကြောင့် ဖြစ်သည်၊ ဆိုးယုတ်မှုနှင့် အမှောင်ထုတို့၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ သမ္မာတရားကို နှင်ထုတ်သော အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်၊ ထိုမျှမက ကောင်းမွန်ပြီး လှပသောအရာများကို ဆန့်ကျင်သည့် အမှုအရာများ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူ၏ဒေါသသည် အပျက်သဘောဆောင်သော အရာများအားလုံး မတည်ရှိတော့ခြင်း၏ သင်္ကေတဖြစ်ပြီး ထိုထက်ပို၍ သူ့သန့်ရှင်းခြင်း၏ သင်္ကေတပင်ဖြစ်သည်။ သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် သူ၏ရန်သူများကို အနိုင်ရခြင်းနှင့် လူသား၏ စိတ်ရင်းကောင်းကို ရရှိခြင်းတို့မှ လာသည်မှာ မှန်ပေ၏။ ထိုမျှမက ထိုပျော်ရွှင်မှုသည် ရန်သူ့အင်အား အားလုံးတို့၏ နှင်ထုတ်ခံရခြင်းနှင့် ပျက်စီးခြင်းတို့မှ ပေါ်ပေါက်လာပြီး ကောင်းမွန်ပြီး ငြိမ်းအေးသော အသက်တာကို လူသားမျိုးနွယ်တို့ ရရှိခြင်းကြောင့် ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုသည် လူသား၏ ဝမ်းသာမှုနှင့် မတူပေ၊ စင်စစ်အားဖြင့် ထိုပျော်ရွှင်မှုသည် အသီးအပွင့်ကောင်းများကို စုဆောင်းရခြင်း၏ ခံစားချက်ဖြစ်ပြီး ဝမ်းသာမှုထက် ပို၍ကြီးမားသော စိတ်ခံစားချက် ဖြစ်သည်။ သူ၏ပျော်ရွှင်မှုသည် ဤအချိန်မှစ၍ ရှေ့လျှောက်တွင် လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်း၏ သင်္ကေတဖြစ်ပြီး အလင်းလောကသို့ လူသားမျိုးနွယ်ဝင်ရောက်ခြင်း၏ သင်္ကေတလည်း ဖြစ်၏။ သို့သော်ငြားလည်း လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာမူ သူ၏ကိုယ်ပိုင်အကျိုးအလို့ငှာသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖြောင့်မြတ်ခြင်း၊ အလင်း၊ သို့မဟုတ် လှပသောအရာအလို့ငှာ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ ယုတ်စွအဆုံး ကောင်းကင်ဘုံက ချပေးသနားသော ကျေးဇူးတော်အလို့ငှာ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။

ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့၌ ငါ့ကို ပြသရန် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် သင်တို့လုပ်ဆောင်ထားသော အရာများ ပိုရှိနေလိမ့်မည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။

ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ကင်းကွာနေခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။ ထိုသို့ဆိုပါက ငါ၏အမှုသည် အချည်းနှီးသက်သက် ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်တို့၏ ကိုယ်ပိုင်အပြုအမူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြရန်အပြင် သင်တို့လှမ်းသော ခြေလှမ်းများကိုပါ သတိထားကြရန် ယခုတိုင် ငါတောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အပေါ် ငါပြုသည့် ပို၍မြင့်မားသော တောင်းဆိုချက်ဖြစ်ပြီး သင်တို့အားလုံးသည် ထိုအရာကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြကာ အလွန်ထက်သန်သော အလေးထားမှု ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့၏လုပ်ရပ်များသည် ငါ့ကို ရှူးရှူးရှားရှား ဒေါသဖြစ်စေသည်အထိ စိတ်လာဆွသည့်နေ့ ရောက်လာပါက အကျိုးဆက်များမှာ သင်တို့ အတွက်သာလျှင် သုံးသပ်ဆင်ခြင်စရာ ဖြစ်လိမ့်မည်၊ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ပေးခြင်းကို ခံပေးမည့် အခြားမည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ။”

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ။”

အရှေ့သို့- လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

နောက်တစ်ခုသို့- မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။