အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၁၀၃)

စကြဝဠာ တစ်ခွင်လုံးကို လှုပ်ခါလျက်၊ တစ်ဖြောင်းဖြောင်း မြည်ဟည်းသော အသံတစ်သံ ပေါ်ထွက်၏။ ယင်းသည် အလွန်ကျယ်လောင်လွန်းသဖြင့် လူတို့သည် လမ်းကြောင်းမှ အချိန်မီ မရှောင်နိုင်အောင် ဖြစ်လေသည်။ အချို့သည် အသတ်ခံကြရသည်၊ အချို့သည် ဖျက်ဆီးခြင်းကို ခံကြရပြီး အချို့မှာ တရားစီရင်ခြင်းခံကြရလေသည်။ ယင်းသည် အမှန်တကယ် မည်သူမျှ မမြင်ဖူးသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သေချာစွာ နားထောင်လော့- မိုးခြိမ်းသံများနှင့်အတူ ငိုကြွေးသံများ လိုက်ပါလာပြီး ဤအသံသည် မရဏနိုင်ငံမှလာသည်၊ ငရဲမှ လာခြင်း ဖြစ်သည်။ ယင်းမှာ ငါ၏ တရားစီရင်ခြင်းကို ခံရသည့် ဆန့်ကျင်ပုန်ကန်သော ထိုသားများ၏ ခါးသီးသောအသံ ဖြစ်သည်။ ငါပြောသော အရာကို နားမထောင်သေးသော သူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သေးသော သူများသည် ပြင်းထန်စွာ တရားစီရင်ခြင်းကို ခံကြရပြီး ငါ၏အမျက်ဒေါသ၏ ကျိန်ခြင်းကို ခံကြရပြီးဖြစ်သည်။ ငါ၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်၊ မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ ငါမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။ ငါသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။ ငါ့အထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။ ငါ၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊ ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊ မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။ ငါသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။ အကြောင်းမူကား ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ငါသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။ ငါ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို ငါလွှင့်ပစ်မည်ဖြစ်ပြီး၊ အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။ ထိုနေရာတွင် ယင်းကို ငါ ထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ငါ၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

လူအများစုသည် စကားများက စကားများသာဖြစ်ပြီး အမှန်တရားများက အမှန်တရားများသာဖြစ်သည်ဟု တွေးထင်ရင်း၊ ငါ၏ မိန့်မြွက်ချက်များကို လျစ်လျူရှုကြ၏။ ၎င်းတို့သည် မျက်ကန်းများပေတည်း။ ငါသည် သစ္စာရှိသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ ငါ၏ နှုတ်ကပတ်တော်များနှင့် အမှန်တရားများသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ကြ၏။ ဤသည်မှာ စစ်မှန်သော ကိစ္စရပ်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တကယ်ပင် သဘောမပေါက်ကြဘဲ၊ ဉာဏ်အလင်းရပြီးသောသူများသာ စစ်မှန်စွာ နားလည်နိုင်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို လူတို့ မြင်သည်နှင့်တစ်ပြိုင်နက်၊ အလွန်အမင်း အထိတ်တလန့်ဖြစ်ကာ ပုန်းရှောင်ဖို့ နေရာအနှံ့ သုတ်သုတ်ပြာပြာပြေးကြ၏။ ဤသည်မှာ ငါ၏ တရားစီရင်ခြင်း ကျရောက်သည့်အခါ သာ၍ပင် ဖြစ်လေသည်။ အရာခပ်သိမ်းကို ငါဖန်ဆင်းခဲ့သည့် အချိန်၊ ကမ္ဘာလောကကို ငါဖျက်ဆီးသည့် အချိန်နှင့် သားဦးများကို ငါ စုံလင်စေသည့်အချိန်တွင်- ဤအရာအားလုံးသည် ငါ၏ နှုတ်မှ နှုတ်ကပတ်တော် တစ်လုံးတည်းအားဖြင့် ဖြစ်မြောက်ပေသည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်ကိုယ်၌က သြဇာအာဏာ ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်း ဖြစ်ပေသည်။ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်သည် တရားစီရင်ခြင်းနှင့် ဘုန်းအာနုဘော် ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခုဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ယင်းမှာ လူတို့အား ငါတရားစီရင်သည့် နည်းလမ်း တစ်ခုသာ ဖြစ်သည်။ ငါ၏ အမြင်တွင်၊ လူအားလုံး၊ အရေးကိစ္စများအားလုံးနှင့် အမှုအရာအားလုံး အပါအဝင် အရာရာတိုင်းသည် ငါ၏ လက်ထဲတွင်ရှိပြီး ငါ၏ တရားစီရင်မှုအောက်တွင် ရှိကြ၏။ မည်သူမျှ၊ မည်သည့်အရာမျှ ရိုင်းစိုင်းစွာ သို့မဟုတ် တမင်တကာ မပြုမူဝံ့သကဲ့သို့၊ အရာခပ်သိမ်းသည် ငါမိန့်မြွက်သော နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်မြောက်ရမည် ဖြစ်သည်။ လူသား၏ အယူအဆများ အတွင်းမှနေ၍၊ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်၏ နှုတ်ကပတ်တော်များကို အယောက်တိုင်း ယုံကြည်ကြသည်။ ငါ၏ဝိညာဉ်တော်က ဖွင့်ဟသည့်အခါ၊ အယောက်တိုင်းက သံသယရှိကြသည်။ လူတို့သည် ငါ၏အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြသကဲ့သို့၊ ငါ့ကို အပြစ်တင် စွပ်စွဲမှုများပင် ပြုကြ၏။ ယခု သင့်ကို ငါပြော၏၊ ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိပြီး ငါ၏ နှုတ်ကပတ်တော်များကို စော်ကားသော သူမည်သူမဆိုသည် ဖျက်ဆီးခံရမည့် သူများဖြစ်ကြသည်။ ၎င်းတို့သည် ထာဝရ ပြစ်ဒဏ်ခတ်ခြင်းကို ရာသက်ပန်ခံစားရမည့် သားများ ဖြစ်ကြသည်။ ဤသည်မှာ ငါ အမှုပြုသည့်ပုံဖြစ်သောကြောင့် သားဦးများ ဖြစ်ကြသူ အလွန်နည်းပါးသည်ကို ဤအရာမှ မြင်နိုင်ပေသည်။ ယခင်က ငါဆိုဖူးသည့်အတိုင်း၊ တစ်စက်မျှ အားမထုတ်ရဘဲ အရာရာကို ငါ ပြီးမြောက်စေ၏၊ ငါ၏ နှုတ်ကပတ်တော်များကိုသာ ငါအသုံးပြု၏။ ထို့နောက်၊ ဤသည်မှာ ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းတန်ခိုး တည်သောနေရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင်၊ မည်သူမျှ ငါပြောသည့်အရာ၏ အရင်းအမြစ်နှင့် ရည်ရွယ်ချက်ကို ရှာမတွေ့နိုင်ပေ။ လူတို့သည် ဤအရာကို စွမ်းဆောင်နိုင်ကြခြင်း မရှိကြဘဲ၊ ၎င်းတို့သည် ငါ၏ မိသားစုကို ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ရှိစေ၍၊ ထာဝရ အသက်ရှင်စေပြီး၊ ထာဝရ မြဲမြံစေကာ မဆုတ်မနစ်ဖြစ်စေလျက်၊ ၎င်းတို့သည် ငါ၏ ဦးဆောင်မှုနောက်လိုက်စဉ်သာ ပြုမူဆောင်ရွက်နိုင်ကြပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါ၏ အလိုနှင့်အညီသာ အရာရာကို လုပ်ဆောင်နိုင်ကြလေသည်။

ငါ၏ တရားစီရင်ခြင်းသည် အယောက်တိုင်းထံသို့ ရောက်လာသည်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် အယောက်တိုင်းကို တို့ထိပြီး ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဇာတိအဖြစ်တော်ကို အယောက်တိုင်းထံ ထုတ်ဖော်ပြထားသည်။ ဤသည်မှာ ငါ၏ ဝိညာဉ်တော်၏ ကြီးသောအမှု အတွက် အချိန်ဖြစ်သည် (ဤအချိန်တွင် ကောင်းချီးခံစားရမည့် သူများနှင့် ဘေးဥပဒ်ကြုံရမည့် သူများကို တစ်ဦးနှင့်တစ်ဦး ခွဲခြားထားပေသည်)။ ငါ၏ နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းချီး ခံစားရမည့် သူများနှင့် ဘေးဥပဒ် ကြုံရမည့်သူများကို ငါခွဲခြားပြီး ဖြစ်သည်။ ဤအရာသည် လုံးဝ ရှင်းလင်းပြတ်သားပြီး တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ငါမြင်နိုင်၏။ (ငါ၏ လူသားသဘာဝနှင့် စပ်လျဉ်း၍ ဤအရာကို ငါဆိုနေခြင်းဖြစ်သည်၊ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးကောက်ခြင်းတို့အား ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။) မသန့်ရှင်းသော နေရာများနှင့် အဓမ္မအမှုနှင့် ပြည့်သော တိုင်းပြည်များအားလုံး မတည်ရှိတော့ဘဲ ငါ၏ နှုတ်ကပတ်တော်များ၏ အကျိုးဆက်အဖြစ် ဗလာနတ္ထိအဖြစ်သို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရဖို့အလို့ငှာ၊ ငါသည် နေရာတိုင်းကို စောင့်ကြည့်ကာ သန့်ရှင်းစင်ကြယ်စေရင်း တောင်များ၊ မြစ်များနှင့် အရာအားလုံးကြား၊ စကြဝဠာ အာကာသဟင်းလင်းပြင်များအနှံ့ လှည့်လည်သွားလာ၏။ ငါ့အတွက်၊ အရာခပ်သိမ်းသည် လွယ်ကူ၏။ အကယ်၍ ယခုအချိန်သည် ကမ္ဘာမြေကြီး၏ ပျက်စီးခြင်းအတွက် ငါကြိုတင်စီရင် ထားသော အချိန်ဖြစ်ခဲ့ပါက၊ နှုတ်ကပတ်တော် တစ်လုံးကို မိန့်မြွက်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ငါဝါးမျိုနိုင်ပေသည်။ သို့ရာတွင်၊ ယခု အချိန်မကျသေးပေ။ ငါ၏ အစီအစဉ် အနှောင့်အယှက် မဖြစ်စေရန်နှင့် ငါ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက်မခံရဖို့အလို့ငှာ ဤအမှုကို ငါမပြုမီ အရာခပ်သိမ်းသည် အဆင့်သင့်ရှိရမည် ဖြစ်သည်။ ဤအရာကို မည်သို့ အကျိုးသင့် အကြောင်းသင့် ပြုရမည်ကို ငါသိသည်- ငါ၌ ငါ၏ ဉာဏ်ပညာ ရှိပြီး ငါ၌ ငါ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိ၏။ လူတို့သည် လက်ချောင်း တစ်ချောင်းကိုမျှ မရွှေ့ရ။ ငါ၏ လက်၌ အသေသတ်ခြင်းကို မခံရရန် သတိပြုလော့။ ဤအရာ၌ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည့်သွင်းစဉ်းစားနှင့်ပြီးဖြစ်သည်။ ဤအရာမှ၊ နှစ်ဖက်ရှိသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် ၎င်းတို့ နောက်ကွယ်ရှိ အခြေခံသဘောတရားများ၏ ပြင်းထန်မှုကို မြင်နိုင်ပေသည်- တစ်ဘက်တွင် ငါသည် ငါ၏ အလိုနှင့်မကိုက်ညီသောသူနှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို အသေသတ်သော်ငြားလည်း၊ အခြားတစ်ဘက်တွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို ငါ၏ အမျက်ဒေါသဖြင့် ကျိန်ဆဲပေသည်။ ဤရှုထောင့်နှစ်ခုသည် မရှိမဖြစ်ဖြစ်သကဲ့သို့၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ နောက်ကွယ်က စီရင်ဆုံးဖြတ်ခွင့် အာဏာရှိသော အခြေခံ သဘောတရားများ ဖြစ်သည်။ လူတစ်ဦး မည်မျှ သစ္စာရှိနိုင်သည်ကို ပဓာနမထားဘဲ၊ အယောက်တိုင်းသည် စိတ်ခံစားချက် မပါဘဲ ဤအခြေခံသဘောတရား နှစ်ခုအရ ကိုင်တွယ်ခြင်းခံရပေသည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ဘုန်းအာနုဘော်နှင့် မြေကြီးနှင့်သက်ဆိုင်သော အရာအားလုံး၊ လောကနှင့်သက်ဆိုင်သော အရာအားလုံးနှင့် ငါ၏ အလိုနှင့်မကိုက်ညီသော အရာအားလုံးကို မီးရှို့ဖျက်ဆီးမည့် ငါ၏ အမျက်ဒေါသတို့ကို ပြသရန်အတွက် လုံလောက်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဝှက်ထားလျက်ရှိနေသော နက်နဲမှုများရှိပြီး၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ပြထားသည့် နက်နဲမှုများလည်း ရှိ၏။ ထို့ကြောင့်၊ လူသား၏အယူအဆများအရနှင့် လူသားစိတ်ထဲတွင် ငါ၏ နှုတ်ကပတ်တော်များသည် အစဉ် နားမလည်နိုင်စရာဖြစ်ပြီး၊ ငါ၏ စိတ်နှလုံးသည် အစဉ် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားများကို ၎င်းတို့၏ အယူအဆများနှင့် အတွေးတို့မှ ငါ မောင်းထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည်။ ငါ၏ သားဦးများကို ရယူရန်နှင့် ငါ ပြုလိုသော အရာများကို ဖြစ်မြောက်စေရန် ဤနည်းဖြင့် ငါ လုပ်ဆောင်ရမည်။

ကမ္ဘာလောက၏ ဘေးဒုက္ခများသည် တစ်နေ့ထက် တစ်နေ့ တိုး၍ ကြီးမားလာပြီး ငါ၏အိမ်တွင်၊ ကြီးမားလှသော ဘေးဒုက္ခများသည် တိုး၍ အားကောင်းလာသည်။ လူတို့သည် ပုန်းရှောင်ရန်၊ မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် နေရာ မည်သည့်နေရာမျှ အမှန်တကယ် မရှိကြချေ။ အကူးအပြောင်းသည် ယခု ဖြစ်နေသောကြောင့် လူတို့သည် မိမိတို့၏ နောက်တစ်ဆင့်ကို မည်သည့်နေရာ၌ ဖြတ်သန်းရလိမ့်မည်ကို မသိကြပေ။ ငါ၏ တရားစီရင်ခြင်းပြီးသည့်နောက်တွင်သာ ဤအရာ သိသာထင်ရှား လာလိမ့်မည် ဖြစ်သည်။ သတိရလော့။ ဤအရာများသည် ငါ၏အမှု၏ အဆင့်များဖြစ်ပြီး၊ ငါ အမှုပြုသောနည်းလမ်း ဖြစ်သည်။ ငါသည် ငါ၏သားဦးများ အားလုံးကို တစ်ယောက်ပြီး တစ်ယောက် နှစ်သိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို တစ်ကြိမ်လျှင်တစ်ဆင့် ငါချီးမြှောက်မည်၊ အစေခံသူများအတွက်မူ၊ ငါသည် ၎င်းတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ပယ်ထုတ်ပြီး စွန့်ပစ်မည်။ ဤသည်မှာ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အစေခံသူများအားလုံးကို ထုတ်ဖော်ပြီးသည့်နောက်၊ ငါ၏ သားဦးများသည်လည်း ထုတ်ဖော်ပြခြင်း ခံရလိမ့်မည်။ (ငါ့အတွက်၊ ဤအရာသည် အလွန့်အလွန် လွယ်ကူ၏။ ငါ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ကြားပြီးသည့်နောက်တွင် အစေခံသူ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ခြိမ်းခြောက်မှုရှေ့တွင် တဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြမည် ဖြစ်ပြီး ငါ၏ သားဦးများသာ ကျန်ရစ်ကြလိမ့်မည်။ ဤသည်မှာ ဆန္ဒအလျောက် ဖြစ်သောအရာတစ်ခု မဟုတ်သကဲ့သို့၊ လူသား၏အလိုဆန္ဒက ပြောင်းလဲနိုင်သော အရာတစ်ခုလည်း မဟုတ်ပေ၊ ထို့ထက် ယင်းသည် ငါ၏ ဝိညာဉ်တော်က ကိုယ်တိုင်ကိုယ်ကျ အမှုပြုနေခြင်း ဖြစ်သည်။) ဤသည်မှာ အလှမ်းဝေးသော ဖြစ်ရပ်တစ်ခု မဟုတ်သကဲ့သို့၊ သင်သည် ငါ၏အမှုနှင့် ငါ၏ နှုတ်ကပတ်တော်များ၏ ဤအဆင့်အတွင်းမှ ယင်းကို အတိုင်းအတာတစ်ခုထိ သိမြင်နိုင်သင့်ပေသည်။ များစွာ ငါပြောဆိုရသည့် အကြောင်းရင်းနှင့် ငါ၏ မိန့်မြွက်ချက်များ၏ မခန့်မှန်းနိုင်သော သဘာဝတို့သည် လူတို့အဖို့ ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ (ဤလူတို့အား ငါ အမြဲတစေ ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို ငါကြိုတင်ပြဌာန်းထားသည့်အတွက် ၎င်းတို့ကို ငါစွန့်ခွာမည် မဟုတ်သောကြောင့်) ငါသည် ငါ၏ သားဦးများကို နှစ်သိမ့်ခြင်း၊ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာရှိသည့် လေသံများဖြင့် စကား ပြောဆိုသော်လည်း၊ ငါ၏ သားဦးများမှလွဲ၍ လူတို့ကို ပြင်းထန်သော တရားစီရင်ခြင်း၊ ကြိမ်းဝါးခြင်းများနှင့် ခြိမ်းခြောက်ခြင်းတို့ဖြင့်၊ ၎င်းတို့ အမြဲတစေ ထိတ်လန့်တုန်လှုပ်နေရသည့် အခြေအနေအထိ ၎င်းတို့ကို စဉ်ဆက်မပြတ် ကြောက်လန့်စေရင်းဖြင့် ငါ ဆက်ဆံ၏။ အတိုင်းအတာ တစ်ခုထိ အခြေအနေ တိုးတက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဤအခြေအနေမှ လွတ်မြောက်ကြလိမ့်မည် (ကမ္ဘာလောကကို ငါဖျက်ဆီးသည့်အချိန်တွင်၊ ဤလူများသည် အနက်ဆုံးသောတွင်းထဲတွင် ရှိကြလိမ့်မည်။) သို့သော် ၎င်းတို့သည် ငါ၏ တရားစီရင်ခြင်း လက်မှ မည်သည့်အခါမျှ လွတ်မြောက်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ဤအခြေအနေမှ မည်သည့်အခါမျှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဤသည်မှာ ၎င်းတို့၏ တရားစီရင်ခြင်း ဖြစ်သည်၊ ၎င်းတို့၏ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်။ တိုင်းတစ်ပါးသားများ ရောက်လာသော နေ့တွင် ငါသည် ဤလူတို့ကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်မည်။ ဤသည်တို့မှာ ငါ၏အမှုနှင့်ဆိုင်သော အဆင့်များ ဖြစ်သည်။ ငါ၏ ယခင်နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် မိန့်မြွက်ချက်များ နောက်ကွယ်က ရည်ရွယ်ချက်ကို သင်တို့ ယခုနားလည်ပြီလော။ ငါ၏ အယူအဆတွင်၊ မပြည့်ဝသော အရာတစ်ခုသည် ပြည့်ဝပြီးဖြစ်သော အရာတစ်ခု ဖြစ်သော်လည်း၊ ပြည့်ဝသော အရာတစ်ခုသည် ရရှိဖြစ်မြောက်ပြီးသော အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ငါ၌ လူသားတို့ အလွယ်တကူ နားမလည်နိုင်သည့် ငါ၏ဉာဏ်ပညာရှိပြီး ငါ၏ အမှုပြုသည့် နည်းလမ်း ရှိသောကြောင့် ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ ရလဒ်များကို ငါရရှိပြီးသည်နှင့်တစ်ပြိုင်နက် (ငါ့ကို အတိုက်အခံလုပ်သည့် ဆိုးယုတ်သော သူများအားလုံးကို ငါ ထုတ်ဖော်ပြီးသည့်အခါ) ငါသည် နောက်တစ်ဆင့်ကို အစပြုမည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အလိုသည် ကာဆီးမရသော အရာဖြစ်ပြီး ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သူမျှ မဟန့်တားဝံ့သကဲ့သို့ မည်သည့်အရာကမျှ အတားအဆီးတစ်ခုတစ်လေကိုမျှ ထားရှိရန်မဝံ့ပေ- ၎င်းတို့အားလုံး ငါ့ရှေ့မှ ထွက်သွားကြရမည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးများ၊ နားထောင်ကြလော့။ ငါ၏ သားဦးများကို ရယူရန်၊ သင်တို့၏ အဖကို အရှက်ရစေရန် (ဤနှုတ်ကပတ်တော်များမှာ အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များကို ရည်ရွယ်သည်)၊ ငါ၏ သားဦးများကို ထောက်မရန်နှင့် ငါ၏ သားဦးများအပေါ် ပြုခဲ့သောအမှားများကို အမှန်ပြင်ရန် ငါသည် ဇိအုန်မှ ကြွလာပြီး လောကထဲတွင် လူ့ဇာတိခံလာခဲ့၏။ ထို့ကြောင့် နောက်တဖန် ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြနှင့်။ ငါ၏ သားဦးများအား သင်တို့ကို ကိုင်တွယ်ဖြေရှင်းစေမည်။ အတိတ်တွင်၊ ငါ၏ သားများသည် အနိုင်ကျင့်ခြင်း နှင့် ဖိနှိပ်ခြင်းကို ခံခဲ့ကြရပြီး ခမည်းတော်သည် သားများအတွက် တန်ခိုးကို ကိုင်စွဲသည့်အတွက်၊ ငါ၏သားများသည် ငါ၏အမြတ်တနိုး ပွေ့ဖက်မှုထံသို့ ပြန်လာကြလိမ့်မည်ဖြစ်ကာ အနိုင်ကျင့်ခြင်းနှင့် ဖိနှိပ်ခြင်း ခံရတော့မည် မဟုတ်ပေ။ ငါသည် မတရားသောသူ မဟုတ်။ ဤအရာက ငါ၏ ဖြောင့်မတ်ခြင်းတရားကို ပြသပြီး၊ ယင်းသည် အမှန်တကယ် “ငါ ချစ်သော သူကို ချစ်ခြင်းနှင့် ငါ မုန်းသော သူကို မုန်းခြင်း” ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါ့ကို မတရားဟု ဆိုပါက၊ သင်တို့ မြန်မြန် ထွက်သွားသင့်သည်။ ငါ၏အိမ်တွင် အရှက်မဲ့ကာ ကပ်ပါးရပ်ပါး မလုပ်လေနှင့်။ သင့်ကို ငါနောက်ထပ်မမြင်ရတော့ရန်အလို့ငှာ သင်၏ အိမ်သို့ အလျင်အမြန် သင် ပြန်သွားသင့်သည်။ အနက်ဆုံးသောတွင်းသည် သင်တို့၏ ခရီးပန်းတိုင်ဖြစ်ပြီး ၎င်းသည် သင်တို့ နားခိုမည့် နေရာ ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါ၏ အိမ်၌ ရှိပါက သင်တို့သည် ဝန်တင်တိရစ္ဆာန်များ၊ ငါ အသုံးပြုသော တန်ဆာပလာများ ဖြစ်သောကြောင့် သင်တို့အတွက် နေရာရှိလိမ့်မည် မဟုတ်။ သင်တို့အား ငါ နောက်ထပ် အသုံးပြုစရာမရှိသည့်အခါတွင်၊ သင်တို့ကို မီးရှို့ဖျက်ဆီးဖို့ မီးထဲသို့ ငါပစ်ချမည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။ ဤနည်းလမ်းဖြင့် ငါ အမှုပြုရမည် ဖြစ်ပြီး၊ ဤသည်သာလျှင် ငါ အမှုပြုပုံကို ပြသကာ ငါ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တို့ကို ထုတ်ဖော် ပြပေသည်။ ပို၍ အရေးကြီးသည်မှာ၊ ဤ နည်းလမ်းအားဖြင့်သာ ငါ၏ သားဦးများအား တန်ခိုးအာဏာဖြင့် ငါနှင့်အတူ စိုးစံခွင့်ပြုမည်ဖြစ်သည်။

အရှေ့သို့- အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၈၈)

နောက်တစ်ခုသို့- စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။